1 y - Translate

ဇေယျာသီရိမြိုနယ်တွင် ယာဥ်တိုက်မှုဖြစ်ပွားရာမှ ဆိုင်ကယ်စီးလာသူ သေဆုံး
********
(မှုခင်း) မတ် ၁၇
နေပြည်တော်၊ ဇေယျာသီရိမြိုနယ် ၊ရန်ကုန်မန္တလေးလမ်းဟောင်း ရေဆင်းတက္ကသိုလ် မီးပွိုင့်လမ်းဆုံအနီး မိုင်တိုင်အမှတ် ၂၂၇/၇ နှင့် ၂၂၈/၈ကြားတွင် ယမန်နေ့ည၇နာရီကျော်အချိန်က ယာဥ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။နေပြည်တော်၊ ဇေယျာသီရိမြိုနယ် ၊ရန်ကုန်မန္တလေးလမ်းဟောင်း ရေဆင်းတက္ကသိုလ် မီးပွိုင့်လမ်းဆုံအနီး မိုင်တိုင်အမှတ် ၂၂၇/၇ နှင့် ၂၂၈/၈ကြားတွင် ယမန်နေ့ည၇နာရီကျော်အချိန်က ယာဥ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။အဆိုပါ ယာဥ်တိုက်မှုကြောင့် သေဆုံးသူဦးပြည့်စုံ၏အလောင်းအား ပြည်စံအောင် ဂရုနာရှင် လူမှုကူညီရေးကားဖြင့် နေပြည်တော် ခုတင် (၁၀၀၀) ဆေးရုံသို့ ပိုဆောင်ပေးခဲ့ကြောင်း၊ ယာဥ်တိုက်မှုဖြစ်စဥ်အား သက်ဆိုင်ရာတာဝန်ရှိသူများမှ စုံစမ်း​စစ်ဆေးလျက်ရှိကြောင်း သိရသည်။

image

ဘယ်သူနဲ့မှ တူဖို့ မကြိုးစားပါနဲ့ ။
မိုးပေါ်ကနေ တဖွဲဖွဲကျလာတဲ့ နှင်းပွင့်နှင်းဖတ်ကလေး တွေဟာ ဘယ်လောက်ပဲများပါစေ တစ်ခု နဲ့ တစ်ခု ပုံစံ မတူကြပါဘူးတဲ့ ။ တစ်ခုချင်း တစ်ခုချင်းဟာ သူ့ပုံစံနဲ့သူ ထူးနေကြတယ်တဲ့ ။ အံ့ဩစရာနော် ။ အဲဒီ နှင်းပွင့်နှင်းဖတ်ကလေးတွေ တစ်ခု နဲ့ တစ်ခု မတူသလိုဘဲ ဒီကမ္ဘာကြီးမှာ လူတွေ ဘယ်လောက်များများ တစ်ယောက်နဲ့တစ်ယောက် ထပ်တူ မတူကြပါဘူး ။ ရုပ်ချင်းချွတ်စွပ်တူတဲ့ အမွှာဖြစ်ပါတယ်ဆိုရင်တောင် ထပ်တူ မဖြစ်တာတွေ အများကြီးပါနော် ။
ဆိုလိုတာက ဒီကမ္ဘာလောကကြီးမှာ ငါရယ်လို့ မွေးဖွားလာတဲ့ ဟောဒီငါဟာ သီးသီးသန့်သန့်ပဲ ။ ငါနဲ့ ထပ်တူတူတဲ့သူ ဒီကမ္ဘာလောကမှာ တစ်ယောက်မှ မရှိဘူး ။ ခု လည်း မရှိဘူး ။ နောင်လည်း မရှိဘူး ။ ဘယ်တုန်းကမှလည်း မရှိခဲ့ဘူး ။ ဘယ်လောက် ထူးလိုက်တဲ့ အဖြစ်လဲနော် ။ ကိုယ့်ရဲ့ ဒီထူးတဲ့ အဖြစ်ကို တန်ဖိုးထားရမယ် ။ မြတ်နိုးရမယ် ။ ဘယ်သူနဲ့မှ တူအောင် လိုက်မတုရဘူး ။ တစ်ယောက်ယေက်နဲ့ တူချင်နေပြီ တူအောင် လိုက်တုနေပြီဆိုရင် အဲဒါ ကိုယ့်ကိုယ်ကိုယ် ဖြေးဖြေးချင်း မျှင်းသတ်လိုက်တာပဲ ။ ကိုယ်ဟာ သေမှန်းမသိ သေသွားပြီ ။
ကိုယ့်ပင်ကို မွေးရာပါ ပါလာပြီးသား ရုပ်ရည်ကို ပိုကြည့်ကောင်းအောင်ပြင်မယ် ။ ကိုယ့်မှာ ပင်ကိုပါလာ ပြီးသား အရည်အချင်းကို ပိုကောင်းအောင် လုပ်မယ် ။ ဘယ်သူနဲ့မှ တူအောင် မလုပ်ဘူး ။ ဘယ်သူနဲ့တူရင် ကောင်းမှာပဲလို့လည်း မတွေးဘူး ။ ငါဟာငါပဲ ။ ငါဟာ သနားစရာကောင်းလောက်အောင် တစ်ယောက်ယောက်နဲ့တူဖို့ ကြိုးစားပမ်းစား လုပ်နေရတဲ့သူ မဟုတ်ဘူး ။ ငါ့အရည်အချင်း ငါမြှင့်မယ် ။ ငါ့စိတ်ဓာတ် ပိုကောင်းအောင် ငါ လုပ်မယ် ။ ငါ့ရဲ့စိတ်ဓာတ်ခွန်အားတွေ တိုးသထက်တိုးနေဖို့ ငါကြိုးစားမယ် ။ ငါ လုပ်ယူမယ် ။ ငါ ပြုစုပျိုးထောင်ထားတဲ့ စိတ်အင်အားတွေကို ငါသုံးပြီး ပိုကောင်းတဲ့ဘဝကို ငါနေမယ် ။ ငါ့နည်းငါ့ဟန်နဲ့ ငါ့ဘဝ ကို ငါနေမယ် ။ ငါ့နည်းငါ့ဟန်နဲ့ပဲ ငါ့ရုပ်ရည်ကို ပိုကြည့် ကောင်းအောင် ပြင်ဆင်မယ် ။ အကောင်းဆုံးဖြစ်ရမယ် ။ ငါ ဘယ်သူနဲ့မှ မတူစေရဘူး ။
ဘယ်တော့မှ သူများနဲ့တူဖို့ မကြိုးစားပါနဲ့ ။ ကိုယ့်ပင်ကိုထဲကပဲ အကောင်းဆုံးဖြစ်ဖို့ ကြိုးစားပါ ။ ဘယ်သူနဲ့မှ တူဖို့ မကြိုးစားတဲ့သူဟာ အသက်အဝင်ဆုံးသူ ၊ အစစ်မှန်ဆုံးသူ ၊ စိတ်လည်း အချမ်းသာဆုံးသူပါ ။
#နေ့တိုင်းပျော်ပါတယ် #ထက်ထက်ထွန်း

image
1 y - Translate

ဒါကတော့ ဒုတိယကမ္ဘာစစ်အတွင်းက နာဇီဂျာမနီ‌တို့အသုံးပြုခဲ့တဲ့ အလွန်ကြီးမားတဲ့ ရထားလမ်းပေါ်တင်ရွှေ့ပြောင်းရတဲ့ အမြောက်ကြီး Schwerer Gustav (Heavy Gustav) ရဲ့ ပစ်ခတ်နေတဲ့ပုံရိပ်ပဲဖြစ်ပါတယ်။

ဒီ Schwerer Gustav အမြောက်ကြီးဟာ ပြင်သစ်တို့ရဲ့ Maginot Line ခံတပ်ကြီးကို ထိုးဖောက်ဖို့အတွက် အထူးတီထွင်ခဲ့တာပါ။ အရွယ်အစားအားဖြင့်လည်း အလွန်ကြီးမားပြီး အလေးချိန် တန်ချိန် ၁၃၅၀ လောက်ရှိပါတယ်။

အမြောက်ပြောင်းချည်းပဲ အရှည် မီတာ ၃၀ ကျော်ရှိပြီး။ပစ်ခတ်နိုင်စွမ်းအ‌နေနဲ့ ၇ တန်လေးတဲ့ အမြောက်ဆံကို ကီလိုမီတာ ၄၀ ဝန်းကျင်အထိ ပစ်ခတ်နိုင်ပါတယ်။

#knowledge

image

“ကျွန်တော် အရမ်းတုံးခဲ့တယ် ကိုယ့်ကိုယ်ကို ကြော်ငြာသင့်ခဲ့တာ”
X men Character မဂ္ဂနီတိုနဲ့ လူသိများတဲ့ မင်းသား Michael Fassbender က James Bond လုပ်ဖို့ audition ဝင်ခဲ့ပေမယ့် သူကိုယ်တိုင်က ထုတ်လုပ်သူတွေကို Daniel Craig အား James Bond အနေနဲ့ ခန့်ဖို့ အကြံပြုပေးခဲ့ပါတယ်။
သူက “Happy Sad Confused” podcast မှာ ဒီလိုပြောခဲ့ပါတယ် -
“ကျွန်တော် Barbara Broccoli နဲ့ အမှတ်မထင် တွေ့ဖြစ်ခဲ့တယ်။ ပြီးတော့ Daniel Craig ကို မရွေးခင် audition လုပ်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော် James Bonds ဖြစ်ဖို့ တကယ်စဉ်းစားခံရမယ်လို့ မထင်ဘူး။
ဒါပေမယ့် ကျွန်တော် အဲ့ဒီအခန်းထဲဝင်ပြီး သူမနဲ့ Michael G. Wilson ကို တွေ့တုန်းက ‘Daniel Craig က…’ လို့ဆိုပြီး ‘Daniel Craig အကြောင်းကြီးပဲ ပြောခဲ့တာကို မှတ်မိတယ်။ ဘာလို့ သူ့ကို ကြော်ငြာနေခဲ့တာလဲ ကျွန်တော် မသိဘူး၊ ကျွန်တော် ကိုယ့်ကိုယ်ကို ကြော်ငြာသင့်တာ။ ကျွန်တော် audition တွေမှာ အရမ်းညံ့ခဲ့တယ်။ Daniel က အရမ်းကောင်းတဲ့ အလုပ်ကိုလက်ခံခဲ့ပြီး သမိုင်းမှာ အောင်မြင်ဆုံး Bond ဖြစ်လာခဲ့တယ်ပေါ့။ အဲ့ဒါပဲ၊ အဲ့ဒီနောက်ပိုင်း Bond နဲ့ပတ်သက်ပြီး ဘာစကားမှ မပြောဖြစ်တော့ဘူး။”

image
1 y - Translate

Monster High: The Movie (2022)

Monsterster တွေရဲ့ခံယူချက်နဲ့ သူတို့ကမ္ဘာလေးအကြောင်းကိုသေချာရိုက်ကူးထားတဲ့ Monster High ဇာတ်ကားမှာဆိုရင်…..
Main character က​လောဒင်းက လူသားတစ်ပိုင်းမွန်းစတားတစ်ပိုင်းဖြစ်နေတော့ လူသားတွေကြားမနေချင်တော့ပဲ သူနဲ့သက်ဆိုင်တဲ့ monster တွေကိုပဲလက်ခံတဲ့ အထက်တန်းကျောင်းကို သွားဖို့ဆုံးဖြတ်လိုက်ပါတယ်
တခါတလေ သူစိတ်လှုပ်ရှားတဲ့အချိန် ဝမ်းနည်းတဲ့အချိန်တွေမှာ လူသားပုံစံကိုခဏတာပြန်ရောက်သွားတာကို တခြားသူတွေသိသွားမှာစိုးရိမ်နေရင်း သူ့လိုပဲ half-monster တစ်ယောက်ဖြစ်ပီး သေဆုံးသွားတဲ့ Hyde ဖော်စပ်ထားတဲ့ဆေးက monster လုံးလုံးပြောင်းပေးနိုင်မယ်လို့ယူဆမိပီးလိုက်ရှာရင်း သူငယ်ချင်း Frenky နဲ့ Draculaura တို့ကပါကူညီပေးခဲ့ပါတယ် Frenky ကို နာမည်ကြီးပညာရှင်တွေရဲ့အစိတ်အပိုင်းတွေနဲ့ဖန်တီးထားတာဖြစ်ပီး Draculauraကတော့ မှော်ပညာကိုလေ့လာနေတဲ့သွေးစုပ်ဖုတ်ကောင်ပါ သူတို့ရဲ့အကူအညီတွေနဲ့
Clawdeen ဆေးရည်ကိုရှာတွေ့မလား ဆေးရည် ရှာရင်း ကျောင်းကိုဖျက်ဆီးမဲ့အကြံကိုဘယ်လိုဖော်ထုတ်နိုင်မလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ကြည့်ရမဲ့ ဇာတ်ကားကောင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်

ဇာတ်ကားလင့်
https://t.me/c/2186686827/169

Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl

image
1 y - Translate

The Exorcism of God (2022)
 
မကောင်းဆိုးဝါး ပူးကပ်ခံထားရတဲ့ကောင်မလေးကို ဘုန်းကြီးလေးက အပနှင်ဖို့ကြိုးစားပေမဲ့မကောင်းဆိုးဝါးရဲ့ စေ့ဆော်မှုကို မတွန်းလှန်နိုင်ဘဲ အပမှီနေတဲ့ ကောင်မလေးနဲ့ အိပ်မိသွားပါတယ်။မကောင်းဆိုးဝါးကတော့ ထွက်သွားပါတယ်၊အတွေ့အကြုံမရှိသေးတဲ့ ဘုန်းကြီးလေးက မကောင်းဆိုးရွားကို နှင်နိုင်ခဲ့လို့ သူတော်စင်လို့ နာမည်ကျော်လာပါတယ်။တကယ်ဖြစ်ပျက်သွားတဲ့ ကိစ္စကိုတော့သူပဲသိနိုင်တာပေါ့၊နတ်ဆိုးက နောက်ကွယ်မှာ ကြီးမားတဲ့ အစီအစဉ်တွေရှိနေတာကို နောက် ၁၈ နှစ်ကြာမှ သိလာရပါတယ်။

ဘုရားသခင်ရဲ့ အစီအစဉ်တွေကိုတင်မဟုတ်ဘဲ နတ်ဆိုးရဲ့အစီအစဉ်တွေကိုလည်း တွေ့ရမှာပါ။ဖာသာရဲ့ ယုံကြည်မှုကို နတ်ဆိုးက ကစားပြီး သူ့ဘက်ပါအောင် သိမ်းသွင်းတဲ့ ထူးထူးခြားခြား ဇာတ်အိမ်မျိုးပါ။

image
1 y - Translate

Rogue(2007)
ဒီကားကတော့ Australia ရဲ့ Northern Territory ကိုအခြေပြုပြီး ရိုက်ထားတဲ့ horror ကားတစ်ကားပါ။
မတူညီတဲ့နောက်ခံတွေ ဘ၀တွေရှိကြတဲ့ သာမန်မိသားစုတွေ၊ စုံတွဲတွေ၊ တစ်ယောက်ထဲ ကိုယ့်အကြောင်းနဲ့ကိုယ် လေ့လာရေးထွက်လာတဲ့ လူတွေဟာ… အလည်အပတ်ခရီးစဉ်အတွက် ဒီရေမြစ်တစ်လျှောက်က မိကျောင်းတွေကို ကြည့်ပြီးတောတွင်းသဘာ၀ကို ခံစားဖို လှေတစ်စီးထဲမှာ စီးလာကြရာကနေ…
တောရိုင်းသားရဲကောင်တွေရဲ့ သဘာ၀အတိုင်းပဲ.. ဘယ်အချိန်မှာ ထပြီး ကိုယ့်ကို အန္တရာယ် ပေးမယ်ဆိုတာ မသိနိုင်သလို… သူတို တိုက်ခိုက်လာတဲ့အခါမှာလည်း… ဘယ်သူတွေကရော မိကျောင်းပါးစပ်ထဲ ရောက်ကုန်ကြမှာလဲ၊ သူတိုအားလုံး အသက်ရှင်လျက် အိမ်ပြန်နိုင်ပါ့မလား ဆိုတာကိုတော့ ဒီကားလေးကိုကြည့်ပြီး အဖြေရှာကြည့်လိုက်ပါနော်…

image
1 y - Translate

မတ်လ (၁၇) ရက်နေ့ ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ +++++

image

ဂျာကင်အင်္ကျီ ခိုးခံခဲ့ရဖူးတဲ့ Dean
Supernatural ထဲမှာ Dean အမြဲဝတ်တဲ့ ဂျာကင်
အင်္ကျီ က သူ့အဖေ John စီက အမွေရထားတဲ့ အင်္ကျီဖြစ်ပါတယ်။ ဒီဂျာကင်အင်္ကျီကိုတော့ ပထမ Season 5 ခုအထိ Dean ဝတ်ပြီး Season 6 ကို Promo လုပ်တဲ့အချိန်မှာ အဝတ်စားဗီရိုတွေ အကူးအပြောင်းလုပ်တဲ့အချိန် ပျောက်ဆုံးသွားခဲ့ပါတယ်။
ဒီလို ဂျာကင်အင်္ကျီ ခိုးယူခံခဲ့ရကြောင်း သတင်းတွေထွက်ပေါ်လာပြီးနောက်မှာတော့ ထုတ်လုပ်ရေးကနေ Jensen Ackles အတွက် အဆင်ပြေစေမယ့် ဂျာကင်မျိုးတွေရှာဖွေခဲ့ပေမယ့် သင့်တော်တာ မတွေ့တဲ့အတွက် နောက်ဆုံး စစ်ဘက်အင်္ကျီတစ်ထည်နဲ့ အစားထိုးခဲ့ပါတယ်။
အစားထိုးထားတဲ့ ဂျာကင်အင်္ကျီကိုလည်း ထုတ်လုပ်ရေးအပိုင်းက မကြိုက်တဲ့အတွက် Season 7 မှာ Dean ကို ဂျာကင်အင်္ကျီတွေမဝတ်ခိုင်းတော့ပဲ သရုပ်ဆောင်ခိုင်းခဲ့ပါတယ်။
Dean ရဲ့ ဂျာကင်အင်္ကျီ မပါတဲ့အပေါ် ပရိတ်သတ်တွေကတော့ မေးခွန်တွေထုတ်ခဲ့ဖူးတာတွေလည်း ကြုံခဲ့ရဖူးပါတယ်။

image
1 y - Translate

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ နေရပ်ပြန်ရန် အခက်အခဲကြုံနေသည့် သင်္ဘောသားများအား MSF ကူညီမည်
အကြောင်းအမျိုးမျိုးကြောင့်မြန်မာနိုင်ငံသို့ပြန်လာရန်အခက်အခဲ ကြုံနေသည့်မြန်မာသင်္ဘောသားများအား မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ် (MSF) က ကူညီသွားမည်ဖြစ်ကြောင်း သိရသည်။
သင်္ဘောများပေါ်တွင် တာဝန်ထမ်းဆောင်ရင်း အကြောင်းအမျိုးမျိုးကြောင့် ထိန်းသိမ်းခံထားရသည့်သင်္ဘောသားများ၏ မိသားစုများအနေဖြင့် မည်သည့်နိုင်ငံ၊ မည်သည့်ဆိပ်ကမ်းတွင် ထိန်းသိမ်းခံထားရပြီး မိခင်မြန်မာနိုင်ငံသို့ ပြန်လာရန်အခက်အခဲကြုံတွေ့နေရခြင်း၊ လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရခြင်း စသည့်ဖြစ်စဉ်များကြောင့် ပြန်လာရန်အခက်အခဲရှိနေသူများအား အကြောင်းကြားရန် (MSF) က အသိပေးထားသည်။
မြန်မာနိုင်ငံသို့ ပြန်လာရန် အခက်အခဲကြုံတွေ့နေရသည့်မြန်မာ သင်္ဘောသားမိသားစုများအနေဖြင့် သင်္ဘောသားအမည်၊ CDC နံပါတ်၊ Passport နံပါတ်၊ သင်္ဘောအချက်အလက်၊ မြန်မာနိုင်ငံတွင်ရှိသည့် ဒေသခံကိုယ်စားလှယ်အမည်နှင့် ရုံးလိပ်စာ၊ နိုင်ငံခြားတွင်ရှိသည့် သင်္ဘောပိုင်ရှင်အမည်နှင့် ရုံးလိပ်စာတို့ကို MSF ထံ တင်ပြရမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် အထိန်းသိမ်းခံရသည့် အကြောင်းရင်းနှင့်နေရာ၊ ဒီလိုထိန်းသိမ်းခံရသည့်အပေါ် ဒေသခံကိုယ်စားလှယ်က ဆောင်ရွက်ထားခြင်းရှိမရှိ၊ ရှိခဲ့ပါက မည်သို့ဆောင်ရွက်ထားကြောင်း အချက်အလက်များကို အထောက်အထားနှင့်တကွ တင်ပြရမည်ဖြစ်ကြောင်း သိရသည်။

image