ရုရှားသမ္မတ ပူတင်၏ ဖိတ်ကြားချက်အရ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားသို့ နိုင်ငံတော်အဆင့်တရားဝင်ချစ်ကြည်ရေးခရီးစဉ် သွားရောက်မည်

 ဖေဖော်ဝါရီ ၂၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင် ၏ ဖိတ်ကြားချက်အရ မကြာမီရက်ပိုင်းအတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးသွားရောက်မည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့ ဖေဖေါ်ဝါရီ ၂၈ ရက်တွင် သတင်းထုတ်ပြန်လာခဲ့သည်။

အဆိုပါ ချစ်ကြည်ရေးခရီးစဉ်အတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာ ပူတင်နှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဝန်ကြီးချုပ်နှင့်တွေ့ဆုံခြင်း၊ ရုရှားနိုင်ငံဒူးမားလွှတ်တော်ဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေးခြင်းများ ဆွေးနွေးခြင်းများအပါအဝင် ရုရှားအစိုးရအဖွဲ့မှတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခြင်းများကို ဆောင်ရွက် သွားမည်ဟု ဆိုထားသည်။

ထို့ပြင် ချစ်ကြည်ရေးခရီးစဉ်အတွင်း နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာများနှင့် ကဏ္ဍပေါင်းစုံတွင် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ ပိုမိုတိုးတက်ခိုင်မာအောင် ဆွေးနွေး ဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါချစ်ကြည်ရေးခရီးစဉ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများလည်း လိုက်ပါသွားမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။ 

#centralnewsnaypyitaw

image

မြီးရှည် (၉ ပွဲ)
မြို့အစွဲမရှိတဲ့ မြီးရှည်

လုပ်ရတာ အမယ်များပြီး လျှာရှည်လွန်းလို့ မြီးရှည်လို့ အမည်ရထားတယ်လို့ ထင်ပါတယ်ရှင်. 😀 ဒါပေမယ့်လည်း လုပ်ပြီးတဲ့နောက် စားရတဲ့အချိန်မှာ ကောင်းလွန်းလို့ နောက်တစ်ကြိမ်ပြန်ပြီးလုပ်စားဖို့ တက်ကြွစေတဲ့ မြီးရှည်လေးပါ။ မြီးရှည်ကို မြို့ပေါင်းစုံ၊ နယ်ပေါင်းစုံမှာ နည်းလေးတွေ အနည်းငယ်ကွဲပြီး မြို့နာမည်လေးတွေတပ်ပြီး စားသုံးကြပါတယ်။

မြို့အစွဲမရှိတဲ့ မြီးရှည် (သို့) မြို့မပါတဲ့ မြီးရှည် တစ်ပွဲစာ အတွက် လိုအပ်တာလေးတွေ

နန်းလတ်မုန့်တီဖတ် 1 cup (250 ml)ခန့်
ရိုးရိုးလေး ရှမ်းမုန်ညင်းချဉ် ထမင်းစားဇွန်း ၂ ဇွန်းခန့်
ရေနွေးဖျောထားသော ပဲပင်ပေါက် ထမင်းစားဇွန်း ၂ ဇွန်းခန့်
ကော်ရည် ထမင်းစားဇွန်း ၂ ဇွန်းခန့်
နူးအိနေအောင် ပြုတ်ထားသော ဝက်သုံးထပ်သား ထမင်းစားဇွန်း ၄ ဇွန်းခန့် (များများထည့်ရင် ပိုကောင်းပါတယ်။)
ဆီတိုဟူးကြော် လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲခန့်
ပဲငပိ လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲခန့်
အရသာမှုန့် (chicken powder) လက်ဖက်ရည်ဇွန်း ၃ ပုံ ၁ ပုံ (ပဲငပိ နှင့် ဆီတိုဟူးကြော်၏ အပေါ့၊အငံပေါ်မူတည်ပြီး လိုအပ်မှ ထည့်ပါ။)
ငရုတ်သီးကြော် နှင့် ငရုတ်သီးကြော်၏ ဆီ ချင့်ချိန်ထည့်ပေးပါ
ပဲငံပြာရည် အကျဲ (thin soy sauce) ထမင်းစားဇွန်း တစ်ဝက်ခန့်
ပဲငံပြာရည် အပျစ် (sweet soy sauce) ထမင်းစားဇွန်း တစ်ဝက်ခန့်
နံနံပင်၊ ကြက်သွန်ဖြူ အချဉ်ရည် ထမင်းစားဇွန်း ၁ ဇွန်း
နှမ်း နှင့် ချောက်ကော၊ ပါးကော ဆီချက် ထမင်းစားဇွန်း တစ်ဝက်ခန့် (ဆီ နှင့် နှမ်းများသာ ထည့်ရမည်)
ပါးပါးလှီးထားသော ကြက်သွန်ပင် ထမင်းစားဇွန်း တစ်ဝက်ခန့်
ဝက်သားပြုတ်ရည် ထမင်းစားဇွန်း တစ်ဝက်ခန့်

လိုအပ်သည့် အမယ်များအားလုံးကို အောက်တွင်ဖေါ်ပြထားသော နည်းများအတိုင်းလုပ်ကာ မြီးရှည် တစ်ပွဲအတွက် အထက်တွင်ရေးထားသော နံပါတ်စဉ်လေးများ အတိုင်း အစီအစဉ်တကျထည့်ပြီး လှလှပပလေး နှင့် အရသာရှိစွာ သုံးဆောင်နိူင်ပါပြီ။

မြို့အစွဲမရှိတဲ့ မြီးရှည် (သို့) မြို့မပါတဲ့ မြီးရှည် အတွက် လိုအပ်တာလေးတွေကို အောက်ပါနည်းများအတိုင်း လုပ်ကြရအောင်.

ရိုးရိုးလေးရှမ်းမုန်ညင်းချဉ်ကို ဝယ်၍ မရပါက ဒီ link ထဲက အတိုင်း ၅ ရက်ခန့် စောပြီး ကြိုတင်လုပ်ထားပါ။

ဆီတိုဟူးကြော် အတွက် ဆီတိုဟူး (preserved chilli beancurd 130 g) နှင့် ဆီ (ထမင်းစားဇွန်း ၃ ဇွန်း) ကို ဖိချေမွှေကာ low heat ဖြင့် ကြော်ပေးပါ။ လိုအပ်လျှင် ရေအနည်းငယ်ထည့်ကြော်ပေးပါ။ ((ကျွန်မ သုံးသည့် ဆီတိုဟူးဗူးမှာတော့ ရေအတော်လေးပါ၍ ကျွန်မက ရေထပ်မထည့်ပဲ ကြော်ပါတယ်။)

နှမ်း နှင့် ချောက်ကော၊ ပါးကော ဆီချက် အတွက် အတော်လေးပူသော ဆီ 3/4 cup (180 ml) ထဲ ချောက်ကော (အမည်းရောင် ဖာလာစေ့ (black cardamom)) ၅ ခု၊ ပါးကော (နာနတ်ပွင့် (star anise)) ၅ ပွင့်၊ နှမ်းဖြူ အစိမ်း ထမင်းစားဇွန်း ၅ ဇွန်း ကို ထည့်ကာ စက္ကန့်အနည်းငယ် မွှေကြော်ပြီး နှမ်းများ ရွှေဝါရောင် စပြောင်းလာသည်နှင့် မီးဖိုမှချကာ အကျက်မလွန်အောင် ဆက်မွှေပေးပါ။

နံနံပင်၊ ကြက်သွန်ဖြူ အချဉ်ရည် အတွက် ထောင်းထားသော ကြက်သွန်ဖြူ ( ထမင်းစားဇွန်း ၂ ဇွန်း)၊ နှုတ်နှုတ်စင်းထားသော နံနံပင် (ထမင်းစားဇွန်း ၂ ဇွန်း)၊ ရေ (ထမင်းစားဇွန်း ၃ ဇွန်း)၊ ရှာလကာရည် (ထမင်းစားဇွန်း ၃ ဇွန်း) ကို ရောဖျော်ပေးပါ။ (တစ်ရက်ခန့်ကြိုတင်ပြီးလုပ်ကာ ရေခဲသေတ္တာထဲသိမ်းပြီးမှ သုံးလျှင် ပိုကောင်းပါတယ်။)

ပွက်ပွက်ဆူနေသော ရေထဲ ထည့်ကာ နူးအိပြဲနေအောင်ပြုတ်ထားသော ဝက်သုံးထပ်သား ၅၀ ကျပ်သား (769 g ) ခန့် ကို ကြိုက်နှစ်သက်သလို လှီးထားပါ။ ဝက်ပြုတ်ရည်ကို မြီးရှည်ထဲထည့်စားရန် နှင့် ကြက်သွန်ပင်၊ အရသာမှုန့်အနည်းငယ်ထည့်ကာ ဟင်းရည်အဖြစ်သောက်ရန် ထားပါ။

ကော်ရည်အတွက် tapioca flour (ထမင်းစားဇွန်း ၃ ဇွန်း) ကို ရေ (375 ml ) ဖြင့် ကြေအောင်ဖျော်ပြီး အရောင်အားလုံးကြည်သွားအောင် low heat ဖြင့် ကျိုပြီးလျှင် မီးဖိုမှချထားပါ။

ငရုတ်သီးအကြမ်းမှုန့်ကြော် အတွက် အတော်လေးပူနေသော ဆီ (1/4 cup(60 ml)) ထဲ ငရုတ်သီးအကြမ်းမှုန့် (ထမင်းစားဇွန်း ၂ ဇွန်း) ထည့်ကာ အနည်းငယ်မွှေပေးပြီး မီးဖိုမှချပါ။
ပွက်ပွက်ဆူနေသော ရေထဲ ၁ မိနစ်ခန့်စိမ်ထားသော ပဲပင်ပေါက်ကို ဆယ်ထုတ်ကာ ရေအေးထဲ ပြန်စိမ်ပြီး ရေစစ်ထားပါ။
ကြက်သွန်ပင် ပါးပါးလှီးထားပါ။
နန်းလတ်ဖတ်ကို အထုတ်ပါ အညွှန်းအတိုင်းပြုတ်ထားပါ။

ဘာမှလုပ်ထားရန် မလိုသော ပဲငပိ (soy bean paste) ကို ဒီအတိုင်း သုံးပါ။

အားလုံး ပြင်ဆင်ပြီးနောက် အရသာရှိစွာ သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။

Crd.

image

နံရိုးပေါင်း ကော်ရည်ခေါက်ဆွဲ

ခေါက်ဆွဲခွေ ၅၀သား
နံရိုး ၃၀သား
ကြက်ရိုး ၃၀သား
ကြက်ဥ ၁လုံး
ကော်မှုန့် ၁၀သား(ရေဖျော်ထားပါ)
ပဲပင်ပေါက် ။
ကိုက်လန် ၁စည်း(ရေဆေးပြီး ခြွေထားပါ)
ကန်စွန်းရွက် ၁စည်း( ။ )
ကြက်သွန်မိတ် ၅ပင်(ရေဆေးပြီး လှီးထားပါ)
ကြက်သွန်ဖြူ ၃လုံး
ဂျင်း လက် ၁ဆစ်
နာနတ်ပွင့် ၁ပွင့်
ငရုတ်ကောင်းစေ့ ၅စေ့
။ မှုန့် အနည်းငယ်
ရှီတာကီ မိူ ၆ပွင့်(ရေစိမ် ပါးပါးလှီးပါ)
တရုတ်မဆလာ အနည်းငယ်
ပဲငံပြာရည်အပျစ် ၁ဇွန်းခွဲ
ဆား/သကြား အနည်းငယ်
(အချိုမှုန့်/ကြက်သားမှုန့် အနည်းငယ်)သုံးလျှင်ထည့်ပါ။

-နံရိုးပေါင်းရန် နံရိုးကို ကြက်သွန်ဖြူ ဂျင်းထောင်းရည် ဆား ပဲအပျစ် ငရုတ်ကောင်းနှင့်နယ်၍ ခဏနှပ်ထားပါ။ဆီ၁ဇွန်း
ထည့်ပါ။ပူလာလျှင် သကြား ၁ဇွန်းထည့် ရဲလာလျှင် နံရိုးထည့်
ကြော်ပါ၊နံရိုးပါ ရေခမ်းလျှင် pressure cookerထဲသို့
ပြောင်း၍ ရေ နို့ဆီဘူး ၁ဘူးခွဲထည့် ကြက်သွန်ဖြူ ၄မွှာ ထောင်းထည့်ပြီး မိနစ်၂၀ခန့်တည်ပါ။ရေခန်းဆီပြန်လျှင်ရပါပြီ။
-ခေါက်ဆွဲ ပဲပင်ပေါက် ကိုက်လံ ကန်စွန်းရွက်တို့ကို ရေဆူဆူ
မှာ ထည့်ပြုတ်ပြီး ရေအေးမှာစိမ်၍ ရေစစ်ထားပါ။
-ကြက်သွန်ဖြူကိုကြော်ထားပါ။
-ကြက်ရိုးများကို ကြက်သွန်ဖြူ၄မွှာ ဂျင်း နာနတ်ပွင့် ငရုတ်
ကောင်းစေ့ထည့်၍ကြာကြာပြုတ်ထားပါ။မိူထည့်ပါ။ဆူတာ
ကြာလျှင်တရုတ်မဆလာ၊ပဲငံပြာရည်အပျစ်ထည့်ပါ။ကြက်ဥခ
လောက်၍ထည့်မွှေပါ။၅မိနစ်ခန့်ကြာလျှင်အရသာအပေါ့အငန်
ပြင်၍ကော်ရည်ထည့်မွှေပါ။ခဏကြာလျှင် ရပါပြီရှင်။
-ပန်းကန်ထဲသို့ ခေါက်ဆွဲ အရွက် နံရိုးထည့်ပါ။အရည်ထည့်၍
ကြက်သွန်ကြော် ကြက်သွန်မိတ်ငရုတ်ကောင်းမှုန့် ဖြူး၍ရပါပြီ
ရှင်။

## ငပိထောင်း

မျှင်ငပိ ကွမ်းသီးလုံးခန့် (မီးကင်ထားပါ)
ပုစွန်ခြောက် ၁ဇွန်း (ညက်အောင်ထောင်းထားပါ)
ကြက်သွန်ဖြူ ၁လုံး (မီးကင်ပြီး နွှာထားပါ)
ငရုတ်စိမ်း ၈တောင့်( မီးကင်ထားပါ )
အချိုမှုန့် အနည်းငယ်
သံပုရာသီး

-ကြက်သွန်ဖြူ ငရုတ်သီးစိမ်းကို ထောင်းထားပါ။ပုစွန်ခြောက်
ငပိ ထည့်ပါ။အချိုမှုန့်သုံးလျှင်ထည့်ပါ။ခဏရောထောင်းပြီး
လျှင် ရပါပြီ။သံပုရာသီးကြိုက်ရင် ညှစ်ထည့်ပါ။
Crd

image
50 w - Translate

#tattooideas

image
50 w - Translate

#tattooideas

image
50 w - Translate

#tattooideas

image
50 w - Translate

#tattooideas

image
50 w - Translate

#tattooideas

image
50 w - Translate

#tattooideas

image
50 w - Translate

#tattooideas

imageimage
+4