DEMU ရထားနှင့် လေအိတ်ရထားများဖြင့်ပြေးဆွဲမည့် ရန်ကုန်- မန္တလေး ခရီးစဉ်အစအဆုံးအတွက် အချိန် ၁၁ နာရီသာ ကြာမြင့်မည်

ဖေဖော်ဝါရီ ၂၆

DEMU ရထားနှင့် လေအိတ်ရထားများဖြင့်ပြေးဆွဲမည့် ရန်ကုန်- မန္တလေး ခရီးစဉ်အစအဆုံးအတွက် အချိန် ၁၁ နာရီသာ ကြာမြင့်မည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

ရန်ကုန် - နေပြည်တော် ခရီးစဉ်အမှတ် (၇) အဆန်ရထားနှင့် နေပြည်တော် - ရန်ကုန် ခရီးစဉ်အမှတ် (၈) အစုန် လူစီးရထားများကို ဂျပန်နိုင်ငံမှ ဝယ်ယူရောက်ရှိလာသည့် လေအေးပေးစက်ပါရှိသော ခေတ်မီ DEMU ရထားတွဲဆိုင်း သစ်များဖြင့်လည်းကောင်း၊ မန္တလေး - နေပြည်တော် ခရီးစဉ်အမှတ် (၂၈) အစုန်နှင့် နေပြည်တော် - မန္တလေး ခရီးစဉ်အမှတ် (၂၇) အဆန် လူစီးရထားများအား လေအိတ်ရထားတွဲဆိုင်းဖြင့်လည်းကောင်း ဖေဖော်ဝါရီ ၂၈ ရက်မှ စတင်ကာ ချိတ်ဆက်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အမှတ် (၇) အဆန် လေအေးပေးစက်ပါရှိသော ခေတ်မီ DEMU ရထားသည် နံနက် ၆ နာရီတွင် ရန်ကုန်ဘူတာမှ စတင်ထွက်ခွာ၍ နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်ဘူတာသို့ ဆိုက်ရောက်မည်ဖြစ်ပြီး အမှတ် (၂၇) အဆန် လေအိတ်ရထားသည် နေ့လည် ၁၂ နာရီတွင် နေပြည်တော်ဘူတာမှ စတင်ထွက်ခွာ၍ မန္တလေးဘူတာသို့ ညနေ ၅ နာရီတွင် ဆိုက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
ထို့အတူ အမှတ် (၂၈) အစုန် လေအိတ်ရထားသည် နံနက် ၆ နာရီတွင် မန္တလေးဘူတာမှ စတင်ထွက်ခွာပြီး နံနက် ၁၁ နာရီတွင် နေပြည်တော်ဘူတာသို့ ဆိုက်ရောက်မည်ဖြစ်ကာ အမှတ် (၈) အစုန် လေအေးပေးစက်ပါရှိသော ခေတ်မီ DEMU ရထားသည် မွန်းတည့် ၁၂ နာရီတွင် နေပြည်တော်ဘူတာမှ စတင် ထွက်ခွာ၍ ညနေ ၅ နာရီခွဲတွင် ရန်ကုန်ဘူတာသို့ ဆိုက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

လက်မှတ်နှုန်းထားအနေဖြင့် ရန်ကုန် - နေပြည်တော်၊ နေပြည်တော် - ရန်ကုန် ခရီးစဉ်အတွက် DEMU ရထားတွင် ပထမတန်း ငွေကျပ် ၁၉၀၀၀၊ အထက်တန်းငွေကျပ် ၂၈၀၀၀နှင့် မန္တလေး - နေပြည်တော်၊ နေပြည်တော် - မန္တလေး ခရီးစဉ်အတွက် လေအိတ်ရထားတွင် ရိုးရိုးတန်းငွေကျပ် ၇၀၀၀၊ အထက်တန်း ငွေကျပ် ၁၁၀၀၀ ဖြစ်ကြောင်း သိရသည်။

ခရီးသည်များအနေဖြင့် ရန်ကုန် - မန္တလေးနှင့် မန္တလေး - ရန်ကုန် ခရီးစဉ်အစအဆုံး လက်မှတ်ဝယ်ယူနိုင်ပြီး ပထမတန်း / ရိုးရိုးတန်း ငွေကျပ် ၂၆၀၀၀၊ အထက်တန်းငွေကျပ် ၃၉၀၀၀ ဖြစ်ကာ လက်မှတ်များကို သုံးရက် ကြိုတင်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရီးသည်များအနေဖြင့် အဆိုပါ DEMU ရထားနှင့် လေအိတ်ရထားများအား နေပြည်တော်ဘူတာတွင် ပြောင်းလဲ စီးနင်းနိုင်ကာ ခရီးစဉ်တစ်လျှောက် ပဲခူး၊ ဖြူး၊ တောင်ငူ၊ နေပြည်တော်၊ သာစည်ဘူတာတို့၌ ရပ်တန့်ပေးသွား မည်ဖြစ်ကာ ခရီးစဉ်အစအဆုံး ဘူတာများတွင် ရပ်တန့်ချိန်အပါအဝင် ပြေးဆွဲချိန် ၁၁ နာရီသာ ကြာမြင့်မည်ဖြစ်ကြောင်းသိရသည်။

#သတင်းဟင်းလေးအိုးကြီး

image
49 w - Translate

အဆိုတော် အဲလက်စ်နဲ့အတူ San Francisco မှာ ဆုံတွေ့ခဲ့တဲ့ နီတာ 🥰
သူတို့တွေကတော့ နိုင်ငံရပ်ခြားမှာ အခြေချနေထိုင်နေကြတဲ့ အဆိုတော်ကြီးတွေပဲဖြစ်ပါတယ်။ တခေတ်တခါက သူတို့ရဲ့ သီချင်းတွေဟာ လူငယ်တွေပါးစပ်ဖျား ရေပန်းစားခဲ့ကြတာလည်းဖြစ်ပါတယ်။ အဆိုတော် နီတာကတော့ အဲလက်စ်နဲ့အတူ ဆုံတွေ့ခွင့်ရခဲ့တဲ့ ပုံလေးတွေကို အမှတ်တရမျှဝေလာတာပါ။ Sanfrancisco မှာ ကျင်းပတဲ့ Sunday Worship Service မှာ ပါဝင်ခဲ့ကြတာဖြစ်ပြီး သူတို့နှစ်ဦးတွေ့ဆုံခဲ့ကြတာပါ။

#celenews

image
49 w - Translate

အောက်ဆီဂျင် ပြတ်သွားမယ့် ကမ္ဘာကြီး
======================
Elon Musk က ကမ္ဘာကြီးဟာ အနာဂတ်မှာ ပျက်ဆီးသွားနိုင်တယ်လို့ ထင်မြင်ယူဆထားပါတယ်။ အဲဒီအတွက် သူဟာ လူသားတွေ အခြေချနေထိုင်နိုင်တဲ့ ဂြိုလ်တွေကို အာကာသမှာ ရှာဖွေနေပါတယ်။
သူ့ရဲ့ ထင်မြင်ချက်ဟာ မှန်ကန်နိုင်တယ်ဆိုတဲ့ ရပ်တည်ချက်ကို Toho တက္ကသိုလ်နဲ့ နာဆာမှ သိပ္ပံပညာရှင်တွေရဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။ ပညာရှင်တွေက အပူချိန် မြင့်မားလာမှုနဲ့ CO2 Level ကျဆင်းလာမှုကြောင့် နောက်နှစ်ပေါင်း ၁.၀၈ ဘီလီယမ်လောက်မှာ ကမ္ဘာကြီးရဲ့ အောက်ဆီဂျင် Level ဟာ အလွန်အမင်း ကျဆင်းလာမယ်လို့ ခန့်မှန်းထားပါတယ်။ နှစ်ပေါင်း ၁၀,၀၀၀ အတွင်း သစ်ပင်တွေ ‌ေ-သဆုံးသွားမှာ ဖြစ်ပြီး အောက်ဆီဂျင် မရတဲ့အတွက် သက်ရှိတွေ မျိုးတုန်းသွားမှာ ဖြစ်ပါတယ်။
“ ကမ္ဘာကြီးမှာ အောက်ဆီဂျင် ဟာ အလွန့် အလွန်ကို ကျဆင်းနေပါတယ်။ ဒီနေ့မှာ ရနေတဲ့ အောက်ဆီဂျင်ထက် အဆပေါင်း ၁ သန်းလောက် ကျဆင်းသွားမှာကို ဆိုလိုတာပါ။ “ လို့ ဂျော်ဂျီယာ နည်းပညာ တက္ကသိုလ်မှ ကမ္ဘာမြေ သိပ္ပံပညာရှင် Chris Reinhard က ပြောပါတယ်။
အရင်ကလည်း သိပ္ပံပညာရှင်တွေက နေရောင်ခြည် အဆမတန် ပြင်းထန်လာတာကြောင့် နှစ်ပေါင်း ၂ ဘီလီယမ်အတွင်း ပင်လယ်ရေတွေ ခမ်းခြောက်သွားမယ်လို့ ယူဆထားပါတယ်။ အဲဒီမတိုင်ခင် အောက်ဆီဂျင် အရင်ပြတ်သွားမယ်လို့ ဟောကိန်းထုတ်ထားခဲ့ဖူးပါတယ်။

image

အရမ်းချွဲတယ် ဒီကောင်ကတော့

Khine Su Zin shared a post  
49 w

49 w

ရှိပြီးမှ မရှိတော့တာထက်စာရင်
အစတည်းကမရှိတာက ပိုကောင်းပါတယ်။

လူဆိုတာအကျင့်ပါတတ်တယ်မဟုတ်လား..
နွေးထွေးမှုတွေကအစ ချစ်ခြင်းမေတ္တာအဆုံး..
ခဏလေးပဲရမှာဆိုရင်တော့ အစတည်းက မရတာကမှ
ပိုကောင်းသေးတယ်။

🍂🖤

image

Skincare step

49 w - Translate

Scooby-Doo on Zombie Island (1998)

2019 က ထွက်ခဲ့တဲ့ Return to Zombie Island ရဲ့ပထမပိုင်း 1998 က လက်ရာဟောင်းတစ်ခုပါ။ နောက်ပိုင်းလက်ရာထက်တော့ နည်းနည်းခေတ်ဟောင်းဆန်ပေမဲ့ ဒီအပိုင်းထဲက ဖုတ်ကောင်တွေက သူတို့အမြဲဖြေရှင်းခဲ့သလို မျက်နှာဖုံးစွပ်နဲ့ လူဆိုးတွေမဟုတ်ဘဲ တကယ့် ဖုတ်ကောင်အစစ်တွေပါ။ ဒီလောက်ဆို စိတ်၀င်စားစရာကောင်းနေပါပြီ။
~ ဇာတ်လမ်းအကျဉ်း ~
စကူဘီတို့ အဖွဲ့သားတွေဟာ လျှို့ဝှက်ဆန်းကြယ်မှုတွေ ‌ဖြေရှင်းတိုင်း နောက်ဆုံးမှာ လူတွေအယောင်ဆောင်တာပဲ ဖြစ်နေတဲ့အတွက် ငြီးငွေ့လာကြပြီး ကိုယ်စီ လမ်းခွဲလို့ အဆင်ပြေရာအလုပ်တွေ ခွဲလုပ်ကြပါတယ်။ ဒက်ဖနီက သူ့ကိုယ်ပိုင် တီဗီရှိုးမှာ ခြောက်လှန့်တတ်တဲ့နေရာတွေအကြောင်း ရိုက်ကူးတင်ဆက်ရာကနေ Season 2 အတွက် နေရာရှာတာက ဇာတ်လမ်းစပါတယ်။ ဒီတစ်ခါမှာတော့ တကယ်သရဲအစစ်ခြောက်တဲ့နေရာကို လိုချင်တာပါ။
ဒီလိုနဲ့ သရဲခြောက်တဲ့နေရာတွေ ရှိတယ်လို့နာမည်ကြီးတဲ့ လူဝီဆီယာနာကို သူ့အဖွဲ့သားတွေပါ ခေါ်ပြီး ခရီးထွက်ခဲ့ပါတယ်။ လမ်းမှာနားတုန်း လီနာဆိုတဲ့ မိန်းကလေးနဲ့ ဆုံပြီး သူအလုပ်လုပ်တဲ့အိမ်ကြီးမှာ တကယ့်သရဲတွေရှိတယ်ဆိုပြီး ဖိတ်ခေါ်တဲ့အတွက် စကူဘီဒူးတို့အဖွဲ့ လိုက်သွားပါတော့တယ်။
ရေကန်ကြီး တစ်ဖက်ခြမ်းက အိမ်ကြီးမှာ ဘယ်လိုအကြောင်းကြောင့် သရဲတွေရှိနေတာလဲ… နောက်ထပ် ဘယ်လိုဆန်းကြယ်မှုတွေ ရင်ဆိုင်ရဦးမလဲ… ဆိုတာ အားပေးလို့ရပါပြီ။

ဇာတ်ကားလင့်
https://t.me/c/2186686827/140

Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl

image
49 w - Translate

The Sadness (2021) (Uncut Version)

Virus​တွေ ကပ်​ရောဂါ​တွေနဲ့ Zombie movie​တွေဟာ ဒီဘက်​ခေတ်မှာ လူကြိုက်များ​နေသလို ကား​တွေလည်းအရိုက်များလာပါတယ်၊
ဒီရုပ်ရှင်က​ အသစ်ထွက်ရှိထားတဲ့ ထိုင်ဝမ် disasterရုပ်ရှင်ဖြစ်ပြီး IMDb rating6.6နဲ့ Rotten Tomatoes 95%ထိ Ratingခပ်မြင့်မြင့်ရရှိထားပါတယ်။

ကတ်နဲ့ ဂျင်က ထိုင်​ပေမြို့​တော်မှာ​နေထိုင်ကြတဲ့ အတူ​နေချစ်သူ​​တွေပါ၊ အများသူငါလို အလုပ်ကိုယ်စီနဲ့ ဘဝ​ခရီးလမ်းကို တူတူ ​လျှောက်လှမ်း​နေသူ​တွေ​ပေါ့၊

သူတို့​နေထိုင်ရာ ထိုင်​​ပေမြို့​ကြီးမှာ အဲဒီအချိန်က အယ်ဗင်ဗိုင်းရပ်ဆိုတဲ့ တုပ်​​ကွေးပိုးတစ်မျိုး ပျံ့နှံ့​နေတဲ့အချိန်​ပါ၊

အဆိုပါဗိုင်းရပ်ဟာ မျိုးဗီဇ​ပြောင်းနိုင်တယ်လို့ ကျန်းမာ​ရေးနယ်ပယ်က ပညာရှင်​တွေက သတိ​ပေးကြ​ပေမယ့် ထိုင်ဝမ်​ရွေး​ကောက်ပွဲရှိတာကြောင့် ​အစိုးရက ​လော့​ဒေါင်းချခွင့် မ​ပေးခဲ့ပါဘူး။

တစ်​နေ့မှာ ပညာရှင်​တွေစိုးရိမ်ခဲ့သလို ဗိုင်းရပ်ဟာ မျိုးဗီဇ​ပြောင်းသွားပြီး လူ​တွေကို ရူးနှမ်းသလိုဖြစ်သွား​စေပါတယ်၊

ဒီဗိုင်းရပ်က Zombieအဖြစ်​ ​ပြောင်းလဲပစ်တာမျိုးမဟုတ်ဘဲ လူ့ဦး​နှောက်ကိုတိုက်ခိုက်ပြီး ဟိရိဩတ္တပတရားမဲ့​အောင် လုပ်ပစ်လိုက်တာမျိုးပါ

ဆင်ခြင်တုံတရား မရှိ​​တော့တဲ့သူ​တွေက မ​​ကောင်းမှု​တွေလုပ်ရမှာ မရှက်​တော့ဘဲ လူသတ်ခြင်း၊ မုဒိန်းကျင့်ခြင်း၊ သတ်​​​​သေခြင်းလို ကိစ္စ​တွေ အကုန်လုပ်လာကြပါတယ်၊

ဒီလိုအသိစိတ်မဲ့​​နေတဲ့ လူထုကြီးရန်နဲ့ ကူးစက်မှုမြန်တဲ့ ဗိုင်းရပ်ပိုးရန်ကို ဂျင်နဲ့ကတ်တို့ ဘယ်လို ရင်ဆိုင်​ကျော်လွှားကြမလဲ၊

သူတို့လွတ်​မြောက်ပါ့မလားဆိုတာကိုအသည်းတယားယား ရင်တဖိုဖိုနဲ့ ကြည့်ရှုရမှာပါ။

သတိ​ပေးလိုတာက ဒီရုပ်ရှင်က ​​Uncut version ဖြစ်တာ​ကြောင့်သွေးထွက်သံယိုအခန်း​​တွေအရမ်းများသလို အ​တော်ပီပြင်ပါတယ်၊ ​

လိင်ပိုင်းဆိုင်ရာထိပါးကျူးလွန်တာ​တွေကို ရိုက်ပြတာလည်း အရမ်းကြမ်းတာ​​ကြောင့် ​မိသားစုနဲ့အတူ ကြည့်ရှုဖို့ မသင့်​တော်​သလို ​သွေး​ ကြောက်တတ်သူ​တွေအတွက် ကြည့်ရှူဖို့အဆင်မ​ပြေနိုင်မယ့် အခန်း​တွေအရမ်းများတာကို သတိချပ်​​စေချင်ပါတယ်။

ဇာတ်ကားလင့်
https://t.me/c/2222390798/84

Channel Join ရန်လင့်
https://t.me/+9s4zh8aLYU5iMDQ1

image
49 w - Translate

ဖေဖော်ဝါရီလ (၂၆) ရက်နေ့ ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ +++++

image