1 y - Translate

Gr.....ave Tor.....ture (2024) ဇာတ်ကားသစ်

Horror ကားတွေနဲ့မတူဘဲ တစ်မူကွဲထွက်နေတဲ့ အင်ဒိုနီးရှားဇာတ်ကား
လေးပဲဖြစ်ပါတယ်။ဇာတ်ကားနာမည်ကတော့ Siksa Kubur
(Grave Torture) ဖြစ်ပြီး IMDb Rating 7.1 အထိ ထိုက်ထိုက်တန်တန်
ရရှိထားပါတယ်။
အစ္စလာမ်တွေမှာအရင်တုန်းက ဇာတ်ကားနာမည်အတိုင်းအုတ်ဂူ
နှိပ်စက်ခြင်းဆိုတဲ့ အယူအဆတစ်ခုရှိခဲ့ပြီး လက်ရှိယုံကြည်နေတဲ့
ဘာသာဝင်တွေလည်း ရှိပါသေးတယ်။
အုတ်ဂူနှိပ်စက်ခြင်းကဘာလဲလို့ဆိုရင်တော့ အသက်ရှင်စဉ်မှာအပြစ်တွေ
အများကြီးလုပ်ခဲ့တဲ့ အပြစ်သားတစ်ယောက်က သေဆုံးသွားရင်
မင်းဘာဘုရားကိုကိုးကွယ်လဲလို့မေးတဲ့အခါ ယုံကြည်ခြင်းမရှိလို့
အလ္လာလို့မဖြေနိုင်တဲ့အခါ ကြီးမားတဲ့နှိပ်စက်ခြင်းတွေကိုအုတ်ဂူထဲမှာတင်
ခံစားရတယ်ဆိုတဲ့ အယူအဆဖြစ်ပါတယ်။

အဲ့ဒီအယူအဆအပေါ်မှာအခြေခံပြီး ဒီဇာတ်ကားကိုရိုက်ကူးထားတာ
ဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းလေးကတော့
ဆီတာနဲ့အာဒေးလ်ဆိုတဲ့ မောင်နှမ ၂ ယောက်က မိဘဖြစ်သူတွေနဲ့
မုန့်ဖုတ်ဆိုင်လေးဖွင့်ပြီး ပျော်ပျော်ရွှင်ရွှင်နေနေကြတဲ့ မိသားစုဖြစ်ပါတယ်။
စီးပွားရေးတွေ ကျဆင်းနေပေမဲ့ ပျော်ပျော်နေတတ်တဲ့ မိသားစုလေး
အပေါ်မှာ တစ်နေ့မှာတော့ကြမ္မာငင်လာခဲ့ပါတော့တယ်။အဲ့ဒါကတော့
အထက်မှာပြောခဲ့တဲ့ အုတ်ဂူနှိပ်စက်ခြင်းကိုယုံကြည်ပြီး ကြောက်ရွံ့နေတဲ့
လူတစ်ယောက်ရဲ့အသေခံဗုံးခွဲမှုကြောင့် သူတို့ရဲ့မိဘနှစ်ပါးဆုံးပါးသွားခဲ့
ရတာပဲဖြစ်ပါတယ်။ဒီလိုနဲ့ဆီတာနဲ့အာဒေးလ်လည်း မိဘမဲ့တွေဖြစ်လာကြပြီး
အစ္စလာမ်ဘော်ဒါကျောင်းတစ်ခုမှာ နေခဲ့ရပါတော့တယ်။ဒါပေမယ့် ဆီတာ့
စိတ်ထဲမှာတော့ အဲ့ဒီအုတ်ဂူနှိပ်စက်ခြင်းဆိုတာကြီးကိုမုန်းတီးနေခဲ့ပြီး
တကယ်မရှိကြောင်းသက်သေပြဖို့ ကြိုးစားရင်းနဲ့ အသက်ကြီးလာတဲ့
အခါမှာတော့ အဲ့ဒီအရာကြီးတကယ်မရှိဘူးဆိုတာကိုသက်သေပြနိုင်ပါ့
မလားဆိုတာကို စိတ်ဝင်စားစရာကောင်းစွာနဲ့ကြည့်ရှုရမဲ့ ကြည့်သင့်တဲ့
Horror ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။
 

image
1 y - Translate

ကမ္ဘာကြီးဆီကို ဝင်တိုက်မယ့် အာကသ ကျောက်တုံးကြီးလာနေပေမယ့် နိုင်ငံ့အကြီးအကဲတွေက အရေးတယူမလုပ်ကြတဲ့အခါ

Don't Look Up
2021 ‧ Comedy/Sci-fi ‧ 2h 25m

ဇာတ်လမ်းက အရမ်းကောင်းတယ်ဗျာ။
သရုပ်ဆောင်ကတော့ All Stars လို ပြောရမှာပဲ။
လီယိုနာဒို၊ ဂျနီဖာလောရန့်၊ မရဲ စထရိ၊ ကိတ် ဘလန့်ချက်၊
တင်မိုးသီး၊ မာ့ရိုင်လန့်၊ အာရီရာနာ ဂရန်ဒေ၊ ဘန်နီဒစ် ဒရက်စ် စသဖြင့် အများကြီးပဲ။
ဇာတ်လမ်းအကျဉ်း။
ပါမောက္ခ မင်ဒီ နဲ့ ပါရဂူကျောင်းသူ ကိတ်တို မတော်တဆ ဥက္ကာခဲကြီးတစ်ခုကို တွေ့သွားတယ်။
အရွယ်အစားက ၁၀ ကီလိုမီတာလောက်ရှိပြီး ကမ္ဘာကြီးဆီကို တည့်တည့်ကြီး ပျံလာနေတာ။
ဝင်တိုက်မိရင် ကမ္ဘာပျက်ပြီ။
အဲဒါကို နာဆာကိုအကြောင်းကြား သမ္မတကိုလည်း သွားတွေ့တယ်။
ခက်တာက သမ္မတက စောင်ပေါ။
နာဆာညွှန်ချုပ်က သမ္မတရဲ့ စပွန်ဆာ မေ့ဆေးဆရာဝန်ဆိုတော့ ဘာမှနားမလည်ဘူး။
သမ္မတ လက်ထောက်က သမ္မတရဲ့ သားကို ပြန်ခန့်ထားတာ။
အဲဒီမှာ သူပြောတာကို မယုံကြတော့ ဒေါက်တာ မင်ဒီလည်း မီဒီယာတွေကနေ ကမ္ဘာပျက်တော့မယ်ဆိုတာ ယုံအောင်ကြိုးစားရတော့တာပေါ့။
ဆိုရှယ်မီဒီယာ အကြောင်းတွေ နိုင်ငံရေးအကြောင်းတွေကို ထိုင်လှောင်ထားတာ။
အူနာနေအောင်ကို ရယ်ရမယ့် ဟာသကားမျိုးပဲ။
ကြည့်လိုက်ကြပါ။

image
1 y - Translate

That Time I Got Reincarnated as a Slime the Movie: Scarlet Bond (2022)

Genres: Isekai, Action, Adventure, Comedy, Fantasy

🌱🍀 ဇာတ်ကားကြည့်ရန် ချန်နယ် အရင်Joinပါ 👇

https://t.me/+nqhhs6tGKeRjZjA1

🍀🌱 ဇာတ်ကားကြည့်ရန်နှိပ်ပါ 👇

https://t.me/c/2088510221/1787

image
1 y - Translate

#tattooideas

image
1 y - Translate

#tattooideas

image
1 y - Translate

#tattooideas

image
1 y - Translate

#tattooideas

image
1 y - Translate

#tattooideas

image
image
image
image
1 y - Translate

အမရပူရမှာ ပြန်လည်ထူထောင်ရေးအတွက် သိန်းထောင်ချီထောက်ပံ့လျှူဒါန်းပေးမယ့်အကြောင်း ပြောပြခဲ့တဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်🙏🙏🙏

image

ဝု လို Post ပေးတတ်လား