Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
    	
 အမျိုးသမီးစစ်မှုထမ်းများကို ဆင့်ခေါ်ရန် အစီအစဉ်မရှိသေးကြောင်းနှင့် စစ်မှုထမ်းရန်အကျုံးဝင်သည့် အမျိုးသမီးအသက်များ ဖော်ပြထားမှုကို အခွင့်ကောင်းယူကာ ခြိမ်းခြောက်နေမှုများသာဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြား 
 
ဖေဖော်ဝါရီ ၈ 
 
အမျိုးသမီးစစ်မှုထမ်းများကို ဆင့်ခေါ်ရန် အစီအစဉ်မရှိသေးကြောင်းနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် နည်းဥပဒေတို့တွင် စစ်မှုထမ်းရန် အကျုံးဝင်သည့် အမျိုးသမီးများ၏အသက် ဖော်ပြထားမှုအပေါ် အခွင့်ကောင်းယူပြီး ခြိမ်းခြောက်နေမှုများသာဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)၏ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။ 
 
“ပြည်သူ့စစ်မှုထမ်းဥပဒေမှာရော နည်းဥပဒေမှာရော အမျိုးသမီး အသက်ဘယ်လောက်၊ အမျိုးသားအသက်ဘယ်လောက်ဆိုတာ ပြောခဲ့ပြီးဖြစ်ပါတယ်။ ဒါကိုမူတည် ပြီးတော့ အမျိုးသမီးများကို ခြိမ်းခြောက်နေတာမျိုးတွေရှိကြောင်းလည်း တွေ့ရှိရပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော့်အနေနဲ့ အတိအလင်းပြောကြားလိုတာကတော့ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေမှာ အမျိုးသမီးများ စစ်မှုထမ်းရန်အတွက် အကျုံးဝင်သော်လည်း အမျိုးသမီးပြည်သူ့ စစ်မှုထမ်းများကို ဆင့်ခေါ်ရန်အစီအစဉ် မရှိသေးကြောင်း ကျွန်တော့်အနေနဲ့ပြောကြားလိုပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။ 
 
ထို့ပြင် ယင်းအခြေအများအပေါ် ပြည်ဖျက်မီဒီယာများ၊ အကြမ်းဖက်လှုဆော်သူများအနေဖြင့် ပြည်သူလူထုကို ထင်ယောင်ထင်မှားဖြစ်အောင်၊ ကြောက်လန့်အောင် လုပ်ဆောင်လျက်ရှိကြောင်းကိုလည်း တွေ့ရှိရကြောင်း၊ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေနှင့်ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ဖတ်ရှုလေ့လာနိုင်စေရေး ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။ 
 
ပြည်သူ့စစ်မှုထမ်းနည်းဥပဒေနှင့်ပတ်သက်ပြီး ကာကွယ်ရေဝန်ကြီး၊ ဥပဒေရေးရာဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် Myawaddy Webportal၊ Myanmar National Portal တို့တွင် ဖတ်ရှု့လေ့လာနိုင်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။ 
 
“ဒါ့အပြင် ပြည်သူ့စစ်မှုထမ်း ကိစ္စတွေနဲ့ပတ်သက်ပြီး ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဆိုင်ရာ ကိစ္စတွေနဲ့စပ်လျဉ်းပြီး စုံစမ်းမေးမြန်းတာတွေ မသမာမှုများနဲ့ပတ်သက်ပြီး တိုင်ကြားခြင်းတွေကို တိကျစွာဆက်သွယ် သတင်းပေးပို့ နိုင်ကြောင်းနှင့် မမှန်မကန်သတင်းပို့ခြင်း၊ တိုင်းကြားခြင်းများပြုလုပ်ပါက ဖော်ထုတ်ပြီး တည်ဆဲဥပဒေများနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း အသိပေးထားတာကို ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့က ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။ ထိုနေရာမှာလည်း Update ပြုလုပ်ပေးထားတဲ့ ဖုန်းနံပါတ်များကို ဖော်ပြထားပြီးဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။ 
 
Credit - Myanmar Transparency News Agency 
 
#သတင်းဟင်းလေးအိုးကြီး
        
    	
 " မျိုသိပ်စရာတွေများလွန်းလို 
ဆွံအသွားတယ်ထင်ပါတယ် 
 
ဒီကာလတွေမှာ  
ပျော်အောင်မနေဖြစ်တာကြာပြီ " 
 
#စာတို
    	
 ဆယ်ကျော်သက်ကျောင်းသူနှစ်ဦးကို တရုတ်မယားအဖြစ် လက်ထပ်ထိမ်းမြားစေရေး ဆွဲဆောင်စည်းရုံးနေသည့် ရုပ်သံပေါ်ထွက်ရာ ဒလဖြစ်စဥ်မှ တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းမိ 
 
ဖေဖော်ဝါရီ ၈ 
 
လူမှုကွန်ရက်ပေါ်တွင် တင်ထားသည့် လူပြောများနေသောရုပ်သံတွင် တရုတ်မယားအဖြစ် လက်ထပ်ထိမ်းမြားစေရေး ကိစ္စ ပါနေသည့် အတွက် အမှုဖွင့်ကာ တရုတ်နိုင်ငံသားတစ်ဦးကို ကနဦးဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူ တစ်ဦးထံမှ သိရသည်။ 
 
ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၊ ကမာကဆစ်ရပ်ကွက်နေ မ…….နှင့် မ……တို့ မိသားစု၏ ဘဝရပ်တည်ရန် ခက်ခဲသည့် အခြေအနေပေါ် အခွင့်ကောင်းယူ၍ ငွေကြေးလက်ဆောင်များပေးကာ တရုတ်မယားအဖြစ် လက်ထပ် ထိမ်းမြားစေရန် Video ရိုက်ကူး၍ Online လူမှုကွန်ရက်ပေါ်တွင် လွှင့်တင်ပြီး ရရှိသော ငွေကြေးအကျိုး အမြတ်များကို ခေါင်းပုံဖြတ်ရန်အတွက် ပူးပေါင်းပြင်ဆင်အားထုတ်ခဲ့သူများ ဖြစ်ကြသော မသီတာအောင်၊ အောင်ဇော်ဦး(ခ)ဟာမီဒူလာ၊ တရုတ်နိုင်ငံသား Mr.Luo Fei နှင့် အမည်မသိတရုတ်နိုင်ငံသားတစ်ဦးတို့အား ဥပဒေနှင့်အညီအရေးယူ ပေးရန် ဒလမြို့မရဲစခန်းတွင် (ပ)၂၀/၂၀၂၅၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေ ပုဒ်မ -၃၅/၄၄ ဖြင့် အမှုဖွင့်ရာမှ အထက်ပါအတိုင်း ဖမ်းဆီးမိခြင်း ဖြစ်ကြောင်း သိရသည်။ 
 
အဆိုပါ တရုတ်နိုင်ငံသား Mr.Luo Fei ၊ နိုင်ငံကူးလက်မှတ် EN 0910723 သည် ဖေဖော်ဝါရီလ ၆ ရက် ညနေ ၅ နာရီ ၄၅ မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိလေဆိပ်သို့ Thai Airway လေကြောင်းလိုင်း၊ ခရီးစဉ်အမှတ် (TG)ဖြင့် ထွက်ခွာရန် ရန်ကုန်လေဆိပ်၊ လူဝင်မှုကြီးကြပ်ရေး ကောင်တာသို့ ဝင်ရောက်လာခဲ့သဖြင့် အမှတ်(၁၉)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(ရန်ကုန်လေဆိပ်)မှ ဒုရဲမှူး ဇော်ထူးအောင်ဦးစီးအဖွဲ့က ပြည်ပထွက်ခွာခွင့်တားဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ 
 
ယင်းနောက် အမှတ်(၆) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (ရန်ကုန်)သို့ အကြောင်း ကြားခဲ့ကာ လွှဲပြောင်းပေးခဲ့ကြောင်းနှင့် ဆက်လက် စစ်ဆေးမှုများ ပြုလုပ်နေကြောင်းနှင့်အခြားအမှုဖွင့်ခံရသူများကိုလည်း ထပ်မံ စုံစမ်းမှူများပြုလုပ်နေကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူ တစ်ဦးထံမှ သိရသည်။ 
 
#centralnewsnaypyitaw



    	
 ကမ္ဘာ့ရွှေဈေးနှုန်း (Spot Gold) ဟာ တစ်အောင်စ အမေရိကန်ဒေါ်လာ ၂၈၆၁ ဈေးရှိချိန် ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေးကော်မတီက သိပ်သည်းဆ ၁၉.၂၅ ဂရမ်/ကုဗစင်တီမီတာ အထက်ရှိတဲ့ စံချိန်မီရွှေတစ်ကျပ်သားဈေး ၅,၄၈၀,၀၀၀ ကျပ် သတ်မှတ်ထုတ်ပြန်ပါတယ်။ 
 
ငွေလဲနှုန်း ၃၅၉၃ ကျပ်နဲ့ အမေရိကန်ဒေါ်လာ ၂၃ သန်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဖေဖော်ဝါရီလ (၇) ရက်နေ့မှာ ထုတ်ရောင်းခဲ့ပါတယ်။ ဒါ့အပြင် ငွေလဲနှုန်း ၅၄၂ ကျပ် တရုတ်ယွမ် ၆ သိန်းကိုလည်း ရောင်းပေးခဲ့ပါတယ်။  
ထိုနေ့ တစ်ရက်တည်းမှာ AD လိုင်စင်ရဘဏ်တွေနဲ့ လုပ်ငန်းရှင်တွေအကြား အမေရိကန်ဒေါ်လာ ၃၈.၈၇၄ သန်း၊ တရုတ်ယွမ် ၁.၂၃၂ သန်းနဲ့ ထိုင်းဘတ် ၉၆.၀၈၇ သန်း အလွှဲအပြောင်းရှိခဲ့ပါတယ်။