အလုပ် ကအမြဲရှိတယ်
ဒါပေမယ့် အလုပ်ကအမြဲမဖြစ်ဘူး
အလုပ်ဖြစ်နေတဲ့အချိန်မှာ ပိုင်ပိုင်နိုင်နိုင်အလုပ်ကိုကြိုးစားလုပ်ပါ။
#စာတို
Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
အလုပ် ကအမြဲရှိတယ်
ဒါပေမယ့် အလုပ်ကအမြဲမဖြစ်ဘူး
အလုပ်ဖြစ်နေတဲ့အချိန်မှာ ပိုင်ပိုင်နိုင်နိုင်အလုပ်ကိုကြိုးစားလုပ်ပါ။
#စာတို
" Cracked " (2022)
ထင်မ် / ဝေါ်ရကွန် အဖြစ် Nichkorn
ရူဂျာ အဖြစ် Pat Chayanit
နာမည်ကြီး ထင်ရှားကျော်ကြားတဲ့ ပန်းချီအနုပညာရှင်တစ်ဦး မထင်မှတ်ထားဘဲ ကိုယ့်ကိုယ်ကို အဆုံးစီရင် သွားရာမှ စတင်လာခဲ့တဲ့ သည်းထိပ်ရင်ဖို ဇာတ်လမ်းတစ်ပုဒ်...
"ရူဂျာ"ဟာ ထိုပန်းချီအနုပညာရှင်ရဲ့ သမီးဖြစ်သူတစ်ဦးဖြစ်ပြီး နိုင်ငံရပ်ခြားကနေ ဖခင်သေဆုံးသတင်းကြောင့် ထိုင်းနိုင်ငံထဲကို သူမရဲ့သမီးလေးနဲ့ ပြန်လာခဲ့ပါတယ်။
ပြန်လာရတဲ့အကြောင်းအရင်းကတော့ သူမရဲ့သမီးဖြစ်သူ "ရေချယ်"လေးက မျက်လုံးအားနည်းပြီး ခွဲစိတ်ရမှာဖြစ်တာကြောင့် သူမရဲ့ ဖခင်ထားခဲ့တဲ့ နာမည်ကြီး ပန်ချီကားချပ်တွေကို ရောင်းချချင်တာ ဖြစ်ပါတယ်။
သို့ပင်မယ့် ပန်ချီကားချပ်တွေက ကြာပြီဖြစ်သလို ကွဲကြောင်းလေးတွေလည်းရှိတော့ မရောင်းခင် ပြန်လည်ပြုပြင်ဖို့အတွက် ဖခင်ဖြစ်သူရဲ့သူငယ်ချင်း... ဦးလေး 'ဝီချိုင်'ရဲ့ သားဖြစ်သူ " ထင်မ် " ကို ကူညီပေးဖို့ ခေါ်လိုက်ပါတော့တယ် ။
သို့သော် ထိုဆန်းကြယ်လှတဲ့ ပန်းချီကားချပ်တွေက သူမရဲ့ ဖခင်ဖြစ်သူ သေဆုံးရတဲ့ အကြောင်းအရင်း ဖြစ်နေသလို ။ မျက်ကွယ်ပြုထားခဲ့ကြတဲ့ တစ်ချိန်က ရက်စက်ယုတ်မာတဲ့ အမှန်တရား တစ်ခုလည်း ပန်ချီးကားချပ်ရဲ့ နောက်ကွယ်မှာ ရှိနေခဲ့ပါတယ် ။
တွမ်နဲ့ဂျယ်ရီ ပရိသတ်တွေအနေနဲ့ ဒီAnimationကို မသိသူ အတော်လေးရှားမှာပါ။
Fast & Furious theme ပုံစံမျိုးနဲ့ ရိုက်ကူးထားတဲ့ ဒီဇာတ်ကားဟာ ကျွန်တော်တို့ငယ်စဉ်က အတော်ကိုကြိုက်ခဲ့ရတဲ့ ဇာတ်လမ်းဖြစ်သလို
ဇာတ်ကွက် တွေကိုပါ အလွတ်ရတဲ့အထိ ထပ်ခါတလဲလဲကြည့်ခဲ့ဖူးတဲ့ animationပဲ ဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ အိမ်ပိုင်ရှင်ရဲ့နှင်ထုတ်ခြင်းကို ခံလိုက်ရတဲ့ တွမ်နဲ့ဂျယ်ရီတို့နှစ်ယောက်
ဇိမ်ခံစံအိမ်ကြီးကို ပထမဆုအနေနဲ့ ပေးမယ့် ဟောလိဝုဒ်က ကားပြိုင်ပွဲကြီးရဲ့ ကြော်ငြာကိုမြင်ပြီး ပြိုင်ဖို့ လုပ်ကြပါတော့တယ်။
ပြိုင်ပွဲကျင်းပတဲ့ စတူဒီယိုဘက်ကလည်း တွမ်ရဲ့ဉာဏ်နီဉာဏ်နက် များတဲ့ပုံစံနဲ့
ဉာဏ်ပြေးတဲ့ ဂျယ်ရီရဲ့ပုံစံကို သဘောကျပြီး ပြိုင်ပွဲမှာ ဝင်ပြိုင်ခွင့် ပေးလိုက်ပါတယ်။
သူတို့နှစ်ကောင် ကြောင့်ပဲ အဲဒီကားပြိုင်ပွဲ အစီအစဉ်က ကြည့်ရှုနှုန်းတွေ ထိုးတက်လာတဲ့နောက် စတူဒီယိုဘက်က လောဘတက်ပြီး
မူလပန်းတိုင်အစား ပန်းတိုင်တွေ တစ်ခုပြီးတစ်ခုပြောင်းပြီး ပြိုင်ပွဲရှည်အောင် လုပ်ပါvတော့တယ်။
အဲဒီလို ပြိုင်ဆိုင်မှု ပြင်းထန်ပြီး ကြမ်းတမ်းလှတဲ့ ပြိုင်ပွဲကြီးမှာ တွမ်နဲ့ဂျယ်ရီ နှစ်ကောင် လူတွေနဲ့ရင်ဘောင်တန်းပြီး
ဘယ်လိုမျိုး ကား အလန်းစားတွေနဲ့ ယှဉ်ပြိုင်သွားမှာလဲ၊
တခြားသူတွေကို အသာရအောင် ဘယ်လိုဉာဏ်များကြဦးမလဲ၊
ပြိုင်ပွဲကြီးမှာဘယ်သူအနိုင်ရပြီး စံအိမ်ကြီးကို ပိုင်ဆိုင်သွားမလဲဆိုတာ
အချိုးအကွေ့များစွာနဲ့ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။
Tom and Jerry: The Fast and the Furry (2005)
ဇာတ်ကားလင့်
https://t.me/c/2186686827/524
Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl
လီဗာပူးလ်အသင်းဟာ တကယ်လို့ထရန့်ဒ်အလက်ဇန်းဒါးအာနိုးအနေနဲ့ ၂၀၂၅ နွေရာသီကာလမှာအသင်းကနေပြောင်းရွှေ့သွားခဲ့မယ်ဆိုရင်တော့ ဘယ်နောက်ခံနေရာအတွက်ခေါ်ယူအားဖြည့်ရန်ဖီယင်နုအသင်းလူငယ်ညာနောက်ခံကစားသမား ဂီဗာအီရိုရက်ဒ်ကိုခေါ်ယူဖို့စောင့်ကြည့်မှုရှိတယ်လို့သတင်းတွေကဖော်ပြခဲ့ပါတယ်။
ထရန့်ဒ်အလက်ဇန်းဒါးအာနိုးအနေနဲ့ ဒီနွေရာသီကာလမှာလီဗာပူးလ်အသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးဖို့ရှိနေပြီး ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ချိတ်ဆက်နေတဲ့သတင်းတွေအတော်လေးထွက်ပေါ်နေတာကြောင့် ကြိုးကြာနီအသင်းအနေနဲ့ အသင်းဆီခေါ်ယူအာဖြည့်မဲ့ရွေးချယ်စရာကစားသမားအဖြစ် ဖီယင်နုအသင်းရဲ့ညာနောက်ခံကစားသမား ဂီဗာအီရိုရက်ဒ်ကိုစောင့်ကြည့်နေတယ်လို့ Liverpool Echoသတင်းကဖော်ပြခဲ့ပါတယ်။
အဆိုပါလူငယ်ညာနောက်ခံကစားသမား ဂီဗာအီရိုရက်ဒ်အနေနဲ့ ပြီးခဲ့တဲ့နှစ်တုန်းက ဖီယင်နုအသင်းကြီးနဲ့အတူပွဲထွက်ကစားလာခဲ့တာဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက်အသင်းကလည်း ဂီဗာအီရိုရက်ဒ်ကိုစိတ်ဝင်စားမှုရှိနေတဲ့နောက်ထပ်တသင်းဖြစ်ပြီး အဆိုပါဒတ်ချ်ကစားသမားရဲ့ကစားပုံကိုစောင့်ကြည့်နေတယ်လို့ The Sunday Mirror သတင်းကဖော်ပြခဲ့ပါတယ်။
အဆိုပါလူငယ်နောက်ခံကစားသမားကိုခေါ်ယူရာမှာမန်ချက်စတာယူနိုက်တက်အသင်းရဲ့မျှော်လင့်ချက်ရှိနေပြီး သတင်းတွေရဲ့ဖော်ပြချက်အရတော့ ဂီဗာအီရိုရက်ဒ်အနေနဲ့တကယ်လို့သူ့အနေနဲ့ပရီးမီးယားလိဂ်ပြောင်းရွှေ့ကစားရမယ်ဆိုရင်တော့ အန်ဖီးကွင်းဆီပြောင်းရွှေ့ကစားချင်နေတာဖြစ်ပါတယ်လို့ဆိုပါတယ်။
#ဘောလုံးသတင်းစုံ
ပုံနှိပ်တိုက်မှာ အချိန်ပိုင်းဝင်လုပ်ရင်း
အမေရိကမှာ အခြေချနေထိုင်နေတဲ့ စိုးမြတ်နန္ဒာ
#celebrity
Pamali (2022)
ဒီရုပ်ရှင်လေးကတော့ အင်ဒိုနီးရှား horror game “Pamali”ကို
ရုပ်ရှင်အဖြစ်ပြန်လည်ရိုက်ကူးထားတာပါ…
အင်ဒိုနီးရှားယုံတမ်းပုံပြင်တစ်ခုကို ပဟေဠိဆန်ဆန်ဗီဒီယိုဂိမ်းအဖြစ်
ထုတ်ဝေခဲ့တုန်းက လူကြိုက်များခဲ့သလို အခုတစ်ခါမှာတော့
ရုပ်ရှင်အဖြစ်မြင်တွေ့ရမှာပါ
“Pamali”ဆိုတာက ဘာသာရေး၊ ယုံကြည်မှုတို့အရ မလုပ်သင့်
မလုပ်အပ်သည်ကို ညွှန်းချင်တာပါ…။
ငယ်ငယ်တုန်းကဆိုကြားဖူးကြမှာပါ…
ညဘက်ကြီးလက်သည်းမညှပ်နဲ့၊ ညဘက်အိမ်ပြန်လာရင် ဖတ်၊ဖတ်၊ဖတ်
သုံးခါရွတ်တို့ ဘာတို့ပေါ့….။
မဟုတ်ရင် မကောင်းဆိုးဝါးကပ်တတ်တယ်ဘာညာပေါ့….။
ခုဇာတ်လမ်းလေးကလည်း ဒီလိုတားမြစ်ချက်တွေကို မလိုက်နာမိလို့
ကံကြမ္မာဆိုးဝင်ခဲ့ရတဲ့ မိသားစုအကြောင်းပုံပြင်လေးပါ…။
အင်ဒိုကားတွေက သိပ်ညွှန်းစရာမလိုအောင် သူ့ရသနဲ့သူရှိပြီးသားမို့
ကြည့်ဖြစ်အောင်ကြည့်လိုက်ပါဗျာ…
ချန်နယ် join ရန်လင့်
https://t.me/+ujdGdgeiEww1MGI1
ဇာတ်ကားလင့်
https://t.me/c/2235916902/381
#ပြည်တွင်းသတင်း
◾️အမြန်လမ်း၌ ၂၀၂၄ ခုနှစ်အတွင်း ယာဉ်မတော်တဆမှုပေါင်း ၁၀၄ မှုဖြစ်၊ ၅၁ ဦးသေဆုံး
ရန်ကုန်-မန္တလေးအမြန်လမ်း၌ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း ယာဉ်မတော်တဆမှုပေါင်း ၁၀၄ မှုဖြစ်ပွားကာ ၅၁ ဦးသေဆုံးပြီး ခရီးသည် ၃၀၀ နီးပါးထိခိုက်ဒဏ်ရာရခဲ့ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့ထံမှသိရသည်။
“ဖြစ်တဲ့နေရာကတော့ တသတ်မတ်တည်းမရှိဘူး။ နေရာတော်တော်များများပဲ။ အများစုကဘီးပေါက်ပြီး အရှိန်လွန်တာနဲ့ယာဉ်မောင်းအိပ်ငိုက်တာရယ်အဖြစ်များတာပါ။ နှစ်ချုပ်ဆိုတော့ ကျား/မ အရေအတွက် အသေးစိတ်မသိရဘူး။ သေတာတော့ ၅၁ ဦးပါ” ဟု အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ယခုနှစ်ဇန်နဝါရီလတွင်လည်း အမြန်လမ်း၌ယာဉ်မတော်တဆမှုကြောင့် လေးဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူ ၄၄ ဦးရှိကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့၏မှတ်တမ်းများအရသိရသည်။
ရန်ကုန်-မန္တလေးအမြန်လမ်းသည် မိုင်ပေါင်း ၃၅၈ မိုင်တစ်ဖာလုံခန့်ရှိပြီး လမ်းတစ်လျှောက်တွင် မီးသတ်စခန်းပေါင်း ၁၅ ခုခန့်ထားရှိကာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
လန်ချန်း-မဲခေါင် ယဉ်ကျေးမှုအစီအစဉ်ကို ပုဂံဒေသတွင် ပြုလုပ်မည်
လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုရန်ပုံငွေ ၂၀၂၄ အစီအစဉ်အရ လန်ချန်း-မဲခေါင် ယဉ်ကျေးမှု အစီအစဉ် ၂၀၂၄ ကို မန္တလေးတိုင်းဒေသကြီး၊ ပုဂံမြို့တွင် ဖေဖော်ဝါရီလ ၂၂ ရက်မှ ၂၈ ရက်အထိ ၇ ရက်ကြာ ကျင်းပ ပြုလုပ် သွားမည်ဖြစ်ကြောင်း သိရပါတယ်။
အဆိုပါ အခမ်းအနားကျင်းပနေစဉ်ကာလဖြစ်သော ဖေဖော်ဝါရီလ ၂၅ ရက်တွင် ပုဂံရှေးဟောင်းသုတေသန ပြတိုက်၌ ပန်းချီပြပွဲကို ထည့်သွင်းကျင်းပမှာဖြစ်သလို အနုပညာ ကူးလူးဖလှယ်မှု အစီအစဉ်များတွင် မြန်မာ၊ တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ် စသည့်နိုင်ငံများမှ အနုပညာရှင်များပါ ပါဝင်ကြဆင်နွှဲကြမှာဖြစ်ပါတယ်။
အဆိုပါပြပွဲ၌ မြန်မာနိုင်ငံမှ အနုပညာရှင် ၁၂ ဦးရဲ့ အနုပညာလက်ရာများ အပြင် တရုတ်၊ ကမ္ဘောဒီးယားနှင့် ထိုင်း စသည့်နိုင်ငံတို့မှ အနုပညာလက်ရာ လေးခုစီ၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံတို့မှ အနုပညာလက်ရာ နှစ်ခုစီ ပါဝင်ပြသမှာဖြစ်ပါတယ်။