ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
အဂ်လန်ပရီးမီးယားလိဂ်ကလပ်အသင်းကပ္ပတိန်နောက်ခံလူဗာဂျယ်လ်ဗန်ဒိုက်က အသင်းရဲ့အရှိန်အဟုန်ကိုဆက်လက်ထိန်းထားနိုင်ဖို့အတွက် အသင်းဖော်တွေကိုတိုက်တွန်းပြောဆိုလိုက်ပြီး အထူးသဖြင့် မန်ချက်စတာစီးတီးအသင်းကိုအနိုင်ရခဲ့တဲ့အဝေးကွင်းပွဲစဉ်အပြီးမှာဖြစ်ပါတယ်။
လက်ရှိကာလမှာတော့ ဗန်ဒိုက်ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲနောက်ဆုံးအချိန်အထိအန်ဖီးလ်ကွင်းကိုအနီရောင်နယ်မြေဖြစ်လာစေဖို့အသင်းဖော်တွေကိုတောင်းဆိုလိုက်ပါတယ်။သူတို့အသင်းရဲ့ပွဲအများစုမှာတော့မန်စီးတီးအသင်းကို ၂-၀ နဲ့အနိုင်ရခဲ့ပြီးနောက်ယှဉ်ကစားနိုင်စွမ်းရှိနေပြီး သူ့အနေနဲ့အသင်းရဲ့စံနှုန်းကိုဆက်ထိန်းထားဖို့မြင်နေပါတယ်။ဒီဟာကလည်း ချန်ပီယံဆုဆီသွားမဲ့လှေကားထစ်ဖြစ်တယ်လို့ မြင်နေပါတယ်။
နောက်ဆုံးပွဲစဉ်မှာတော့ ကြိုးကြာနီအသင်းအနေနဲ့ မန်စီးတီးအသင်းကိုအနိုင်ရခဲ့တာကြောင့်ဗန်ဒိုက်အနေနဲ့ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။၀ုဗ်အသင်းနဲ့ပွဲစဉ်ပြီးနောက်မှာတော့ ကျနော်ဒီကိစ္စကိုပြောလာခဲ့ပြီးပါပြီ။ဒီဟာကလူသားတွေအနေနဲ့စိုးရိမ်မှုတွေရှိလာနိုင်တယ်ဆိုတာပုံမှန်ကိစ္စဖြစ်ပါတယ်။
ဒီကိစ္စတွေကဖြစ်ပေါ်လာနိုင်ပေမဲ့ ဒီဟာကငါတို့ကိုအကူအညီဖြစ်စေလိမ့်မယ်လို့ကျနော်ထင်ပါတယ်။သူတို့အသင်းအတွက် အန်ဖီးလ်ကွင်းဟာ ဆိုးဝါးစေတဲ့နေရာဖြစ်အောင်လုပ်ဆောင်ရပါမယ်။ငါတို့ဒီအရာကိုပဲ့တောက်လျှောက်လုပ်လာခဲ့ပြီး ငါတို့အသင်းရဲ့ကစားပုံလမ်းကြောင်းကလည်း ဒီကိစ္စမှာအကူအညီဖြစ်စေပါလိမ့်မယ်။
နောက်ထပ်ပွဲဘယ်နှပွဲကျန်မလဲ ၁၁ ပွဲမှာ ၇ ပွဲကျန်ပါလိမ့်မယ်။ဒါကြောင့်ငါတို့ဒီ ၇ ပွဲကိုအကောင်းဆုံးကစားရမှာဖြ်စပြီး အတတ်နိုင်ဆုံးအားပေးရပါမယ်။ငါတို့အနေနဲ့ဒီကိစ္စကိုပြောစရာလိုလိမ့်မယ်လို့ကျနော်မထင်ပါဘူး။အန်ဖီးလ်ဟာဒီလိုမျိုးအမြဲဖြစ်နေပါတယ်လို့ ဗန်ဒိုက်ကပြောဆိုခဲ့ပါတယ်။
#ဘောလုံးသတင်းစုံ
ဒေါပုံမှာ အမျိုးသမီးတစ်ဦး အဝတ်လှန်းရင်း ခြေချော်ကာ အထပ်မြင့်တိုက် ငါးလွှာကနေ ပြုတ်ကျပြီး ပြင်းထန်ဒဏ်ရာရ
ဖေဖော်ဝါရီ ၂၇
အဝတ်ထွက်လှန်းရင်း အထပ်မြင့်တိုက် ငါးထပ်အမြင့်ကနေ အမျိုးသမီးတစ်ဦးပြုတ်ကျကာ ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့တဲ့ဖြစ်စဉ် ဖေဖော်ဝါရီ ၂၆ ရက်နေ့ ည ၇ နာရီခန့်အချိန်က ရန်ကုန်မြို့၊ ဒေါပုံမြို့နယ်မြို့မလမ်း၊ ယမုံနာ (၁)ရပ်ကွက်မှာ ဖြစ်ပွားခဲ့တယ်လို့ အောင်ရဲသူ လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
ပြုတ်ကျသူ အမျိုးသမီးမှာ အသက် ၃၂ အရွယ် ဖြစ်ပြီး တိုက်နောက်ဖေးလှေကားမှာ အဝတ်ထွက်လှမ်းရာက မတော်တဆ ခြေချော်ကာ အရှိန်လွန်ပြုတ်ကျတာဖြစ်ပြီး ပြုတ်ကျတဲ့အရှိန်ကြောင့် အောက်မေးရိုးကျိုး၊ အောက်သွားများကျိုးတဲ့ဒဏ်ရာ၊ ဝဲ ယာ နံရိုးကျိုးဒဏ်ရာ၊ ဦးခေါင်း အရေပြား မကွဲပေမယ့် ဦးခေါင်းခွံပျော့ပြီး ဖူးထွက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ် ။
ဖြစ်စဉ်နေရာကနေ သစ္စာမဏ္ဍိုင် လူမှုကူညီရေးအသင်းက ရန်ကုန်ဆေးရုံကြီးဆီ အချိန်နဲ့တစ်ပြေးညီ ပို့ဆောင်ပေးခဲ့ပြီး အဆိုပါ အသင်းတာဝန်ရှိသူက “နံရိုးကျိုးတာက နှလုံးကို ထိုးမိလား၊ အဆုတ်ထိလား စစ်ဆေးမှသိရပါမယ်။ အောက်သွားတွေ အတော်များများကျိုးတယ်၊ ဦးခေါင်းထဲ သွေးရောက်နေတယ်” လို့ ပြောပါတယ်။
#centralnewsnaypyitaw