17 hrs - Translate

ဧရာဝတီမြစ်ရေ နောက် ၁၃ ရက်အတွင်း မြို ၁၇ မြိုတွင် လက်ရှိရေအမှတ်များအထက် မြင့်တက်လာနိုင်
*****************
(မိုး/ဇလ) ဧပြီ ၂၈
ဧရာဝတီမြစ်ရေဟာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဧပြီလ ၂၄ ရက်က ၁ ရက်အတွင်း ၇ ပေခွဲခန့်အထိ မြင့်တက်ခဲ့ပြီးနောက် နောက်ထပ် ၁၃ ရက်အတွင်း မြို့ ၁၇ မြို့မှာ လက်ရှိရေအမှတ်များအထက် မြင့်တက်လာနိုင် တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။

ဧရာဝတီမြစ်အထက်ပိုင်းမှာ မြင့်တက်ခဲ့တဲ့ အဆိုပါမြစ်ရေက နောက် ၁ ရက်မှ ၅ ရက်အတွင်း ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့နှင့် သပိတ်ကျင်းမြို့တို့မှာ ၅ ပေခွဲမှ ၆ ပေခွဲခန့်၊ နောက် ၅ ရက်မှ ၈ ရက်အတွင်း မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့နှင့် ညောင်ဦးမြို့တို့တွင် ၄ ပေခွဲမှ ၅ ပေခွဲခန့် တက်လာနိုင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် နောက်ထပ် ၈ ရက်မှ ၁၃ ရက်အတွင်း ချောက်၊ မင်းဘူး၊ မကွေး၊ အောင်လံ၊ ပြည်၊ ဆိပ်သာ၊ ဟင်္သာတနှင့် ဇလွန်မြို့တို့တွင် လက်ရှိရေအမှတ်များအထက် ၃ ပေခွဲမှ ၄ ပေခွဲခန့်အထိ မြင့်တက်လာနိုင်တယ်လို့ သိရပါတယ်။ အဆိုပါအခြေအနေကြောင့် မြစ်ကြောင်းများအတွင်း သွားလာနေကြသည့် ရေယာဉ်၊ လှေ၊ သင်္ဘောများ အနေနဲ့ ဂရုပြုသင့်ပါကြောင်းနှင့် သဲသောင်ခုံများတွင် စိုက်ပျိုးနေထိုင်ကြသူများအနေဖြင့် မြစ်ရေတိုးလာနိုင်မှုကို ဂရုပြုနေထိုင်သင့်ကြောင်း အကြုံပြုထုတ်ပြန်ထားပါတယ်။

image