Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
Laddaland [2011] မြန်မာစာတန်းထိုး
============================
(ထိုင်းနိုင်ငံဒုတိယဝင်ငွေအများဆုံး ထိုင်းသရဲကား)
Peemark သရဲကားပြီးရင် ထိုင်းနိုင်ငံဒုတိယဝင်ငွေအများဆုံး ထိုင်းသရဲကားဖြစ်ပါတယ်။
ဘေကုန်ရကျိုးလည်းနပ်ပါလိမ့်မယ်
Laddalandလိုပြောလိုက်တာနဲ့ ချက်ချင်းအမှတ်ရသွားစေမယ့် ကားမျိုးပါ Rating ကလည်း 6.4 လောက်ထိ ရထားတာမို ဆွဲဆောင်မှုရှိတာကတော့ အသေအချာပါဘဲ
လိပ်ပြာလွင့်လုမတတ်ကြောက်စရာကောင်းတဲ့အပြင် ရက်စက်ခြင်း ဝမ်းနည်းကြေကွဲခြင်း ချစ်ခြင်း မုန်းခြင်းနဲ့ မိသားစုသံယောဇဉ် မေတ္တာတရား စတဲ့ ရသမျိုးစုံကိုပေးစွမ်းနိုင်တဲ့ သရဲကားကောင်းလေးတစ်ကားဖြစ်တဲ့အတွက် ဒုတိယဝင်ငွေအများဆုံးအဖြစ် စံချိန်တင်နိုင်တာ ပြောစရာမလိုတော့ပါဘူး
အညွှန်းကတော့ ထွေထွေထူးထူးမညွှန်းတော့ပါဘူး ကိုယ်တိုင်ကြည့်ပြီးခံစားကြည့်ပါ မျက်ရည်လည်းကျစေရမယ်
အိမ်နီးနားချင်းမကောင်းရင် အန္တရာယ်ဆိုတာ ကိုယ့်အပေါ်လည်းကျရောက်လာတတ်တယ်။
ခုဇာတ်ကားလေးမှာလည်း အိမ်နီးနားချင်းမိသားစုရဲ့ မူမမှန်တဲ့ နေပုံထိုင်ပုံတွေကတစ်ဆင့် ကိုယ့်မိသားစုဆီကို အန္တရာယ်တွေဆိုက်ဆိုက်မြိုက်မြိုက်ကျရောက်လာတဲ့အခါ မိခင်နဲ့ဖခင်ကဖြစ်သူကဘယ်လိုကာကွယ်စွန့်စားကြမလဲ ဆိုတာ စိတ်ဝင်တစားကြည့်ရှုရမှာပါ