1 y - Translate

သားလေး သတိုးသီဟရဲ့ ရက် ၁၀၀ ပြည့်မွေးနေ့ပွဲကို တက်ရောက်ခဲ့တဲ့ နန်းစုရတီစိုး 🥰🥰🥰
သရုပ်ဆောင် နန်းစုရတီစိုးက သူငယ်ချင်းဖြစ်သူ စန္ဒီမြင့်လွင်ရဲ့သားငယ်လေး သတိုးသီဟလေးရဲ့ ရက် ၁၀၀ ပြည့်မွေးနေ့ပွဲကိုတက်ရောက်ခဲ့တာပါ။ သတိုးသီဟရဲ့ ရက် ၁၀၀ ပြည့်ပွဲကို ၈ မိုင်က မစိုးရိမ်ကျောင်းတိုက်မှာပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီပွဲကို အနုပညာညီအကိုမောင်နမတွေလည်း တက်ရောက်ခဲ့တာဖြစ်ပါတယ်။

#crd
#celenews

image
1 y - Translate

မသုံးဘဲ မနေနိုင်သလို
မတင်ဘဲ မနေနိုင်တဲ့ Suncream ကဘာလေး ဖြစ်
မလဲရှင်
Yoon Skin လေးပေါ့ရှင်
Hybrid Suncream အမျိုးအစား
လိမ်းပြီးတာနဲ့ Healthy Glow Look လေးရစေတယ်
Waterproof & Sweat proof
Essence type လေးဆိုတော့ လိမ်းရတာ အရမ်းလွယ်ပါတယ်ရှင်
YOON Skin Fit Me Sun Essence 50ml-32000k
Instock

image
1 y - Translate

#englisheverything

image
1 y - Translate

#englisheverything

image
1 y - Translate

#englisheverything

image
1 y - Translate

#englisheverything

image
1 y - Translate

#englisheverything

image
image
image
image
1 y - Translate

စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးအမည်ကို အသုံးပြုကာ လိမ်လည်မှုများရှိနေ
*******************
(ပြည်တွင်း) မတ်လ ၂၂
စင်ကာပူနိုင်ငံရှိ မြန်မာသံရုံးအမည်ကို အသုံးပြု၍ နိုင်ငံကူးလက်မှတ် သက်တမ်းတိုး ရက်ချိန်းယူရန် လိမ်လည်မှု များရှိနေကြောင်း စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သတိပေးထုတ်ပြန်ထားပါတယ်။

သံရုံးအနေနဲ့ အသုံးပြု၍ နိုင်ငံကူးလက်မှတ်သက်တမ်းတိုး ရက်ချိန်းယူရန် မည်သည့် လူပုဂ္ဂိုလ်၊ ဝန်ဆောင်မှု လုပ်ငန်းကိုမှ ဆောင်ရွက်ခွင့် မပြုထားကြောင်းလည်း သံရုံးက အသိပေးထားပါတယ်။ နိုင်ငံကူးလက်မှတ် သက်တမ်းတိုး သူများအနေဖြင့် What sApp ဖုန်းနံပါတ် (+6581748993) နှင့် (+65 82468581) သို့ Passport (First Page)၊ IC Card (Front and back page) များပေးပို့၍ Appointment ကြိုတင်ယူရန် လိုအပ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားရှိ ပါတယ်။

ကြေညာချက်ကို မသိရှိသေးတဲ့ မြန်မာနိုင်ငံသားများအပေါ် သံရုံးရက်ချိန်းယူပေးမည်ဟုဆိုကာ သံရုံးရဲ့ WhatsApp နံပါတ်များသို့ အချက်အလက်များပေးပို့ခိုင်းပြီး ငွေကြေးများရယူနေကြောင်း နစ်နာသူများထံမှ စုံစမ်းသိရှိ ရတယ်လို့ ဆိုပါတယ်။

ဒါကြောင့် နိုင်ငံကူးလက်မှတ်သက်တမ်းတိုး ရက်ချိန်းရယူရန် သံရုံး၏ WhatsApp နံပါတ်များသို့ ကာယကံရှင် ကိုယ်တိုင်ပေးပို့ကြရန်၊ မိသားစုဝင်ဖြစ်၍ ဖုန်းနံပါတ်တခု တည်းမှ ပေးပို့မည်ဆိုပါက မိသားစုဝင်ဖြစ်ကြောင်း အထောက်အထားတွဲ၍ပေးပို့ရန်၊ မြန်မာသံရုံး Whats App နံပါတ်များကို ပေးပို့ခြင်းများအတွက် အခကြေးငွေ တောင်းခံ မှုရှိပါက သံရုံး၏ ဖုန်းနံပါတ်ဖြစ်သော +6581748993 ကို အသိပေးကြရန် စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သတိပေးထုတ်ပြန်ထားပါတယ်။

image
1 y - Translate

ပျမ်းမျှပိုလျှံ သီးသန့်ငွေများရှိနေတဲ့ ဘဏ်များကို အတိုးနှုန်းတိုးမြှင့်ပေး
*******************
(ပြည်တွင်း) မတ်လ ၂၂
ဘဏ်များက မြန်မာကျပ်ငွေ (CA ဖြင့်ထားရှိရမည့် အနည်းဆုံးသီးသန့်ငွေ လိုအပ်ချက်ထက်ကျော်လွန်တဲ့ ပျမ်းမျှပိုလျှံသီးသန့်ငွေအပေါ်မှာပေးတဲ့ အတိုးနှုန်းကို ၃ ဒသမ ၈ ရာခိုင်နှုန်းမှ ၆ ရာခိုင်နှုန်းသို့ တိုးမြှင့်သတ်မှတ်ခဲ့ကြောင်း ဗဟိုဘဏ်မှ ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဘဏ်များရဲ့ ငွေကြေးလွယ်ကူမှုအား ပိုမိုအထောက်အကူပြုစေရန်နှင့် ဘဏ်များ အတိုးဝင်ငွေပိုမိုရရှိစေရန် ဘဏ်များက မြန်မာကျပ်ငွေ (CA ဖြင့် ထားရှိရမည့် အနည်းဆုံးသီးသန့်ငွေ လိုအပ်ချက်ထက် ကျော်လွန်တဲ့ ပျမ်းမျှပိုလျှံသီးသန့်ငွေအပေါ်ပေးတဲ့ အတိုးနှုန်းကို ၃ ဒသမ ၈ ရာခိုင်နှုန်းသို့ တိုးမြှင့်သတ်မှတ်ခြင်းအား ညွှန်ကြားချက်အမှတ် (၄/၂၀၂၄) နဲ့ ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။

ဗဟိုဘဏ်ပြင်ပရှိ လှည့်လည်သုံးစွဲငွေအားသွယ်ဝိုက်တဲ့နည်းလမ်းနဲ့ လျှော့ချနိုင်စေရန်၊ အတိုးနှုန်းတည်ဆောက်မှု ပုံစံ (Interest Rate Structure) မှန်ကန်မှုကို အထောက်အကူဖြစ်စေရန်နှင့် ဘဏ်များအတိုးဝင်ငွေ ပိုမိုရရှိခြင်းဖြင့် ဘဏ်လုပ်ငန်းကဏ္ဍတည်ငြိမ်မှုကို အထောက်အကူဖြစ်စေရန်ရည်ရွယ်ကာ ဘဏ်များက မြန်မာကျပ်ငွေ (CAနဲ့ ထားရှိ ရမည့် အနည်းဆုံးသီးသန့်ငွေ လိုအပ်ချက်ထက်ကျော်လွန်တဲ့ ပျမ်းမျှပိုလျှံသီးသန့်ငွေအပေါ်ပေးတဲ့ အတိုးနှုန်းကို ဖေဖော်ဝါရီလ ၂၈ ရက်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ငွေကြေးမူဝါဒကော်မတီအစည်းအဝေး (၁/၂၀၂၅) ဆုံးဖြတ်ချက်အရ ပြင်ဆင်သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

ယင်းတွင် ပျမ်းမျှပိုလျှံသီးသန့်ငွေ (Average Excess Reserve) အပေါ်အတိုးပေးရာမှာ ပျမ်းမျှပိုလျှံသီးသန့်ငွေ ပမာဏအနည်းဆုံးကျပ် ၇ ဘီလီယံနှင့် အထက်ရှိသော ဘဏ်များကိုသာ အတိုးပေးမည်ဖြစ်ပြီး အများဆုံးပိုလျှံသီး သန့်ငွေပမာဏကျပ် ၅၀ ဘီလီယံထိသာ ခွင့်ပြုမည်ဖြစ်ကာ ပျမ်းမျှပိုလျှံသီးသန့်ငွေအပေါ်ပေးမည့် အတိုးနှုန်းကို ၆ ရာခိုင်နှုန်းသို့ တိုးမြှင့်သတ်မှတ်လိုက်ခြင်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အတိုးပေးမည့် အနည်းဆုံးနှင့်အများဆုံး ပိုလျှံသီးသန့် ငွေပမာဏဘောင် သတ်မှတ်ချက်နှင့် ပျမ်းမျှပိုလျှံသီးသန့်ငွေအပေါ်ပေးမယ့် အတိုးနှုန်းကို အခါအားလျော်စွာသုံးသပ်၍ ဈေးကွက် လိုအပ်ချက်နှင့်ကိုက်ညီစေရန် ပြောင်းလဲပြင်ဆင်ခြင်း (တိုးခြင်း/လျော့ခြင်း) ပြုလုပ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

အတိုးငွေကိုတွက်ချက်ရာတွင် အနည်းဆုံးသီးသန့်ငွေလိုအပ်ချက် ထိန်းသိမ်းမှုကာလအလိုက် နောက်ဆုံးနေ့ရှိ ပျမ်းမျှပိုလျှံသီးသန့်ငွေအပေါ်မှာ တွက်ချက်မည်ဖြစ်ပြီး ထိန်းသိမ်းမှုကာလနောက်ဆုံးနေ့ရက်ရဲ့ T+2 နဲ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရှိ သက်ဆိုင်ရာဘဏ်ရဲ့စာရင်းသို့ အလိုအလျောက်ထည့်သွင်းပေးမှာ ဖြစ်ပါတယ်။

ပျမ်းမျှပိုလျှံသီးသန့်ငွေအပေါ်အတိုးပေးခြင်းကို (၂၀၂၅ ခုနှစ် မတ်လ ၂၆ ရက် မှ ၂၀၂၅ ခုနှစ် ဧပြီလ ၂၂ ရက်) ထိန်းသိမ်းမှုကာလမှ စတင်ကျင့်သုံးသွားမည်ဖြစ်ပြီး ပျမ်းမျှပိုလျှံသီးသန့်ငွေအပေါ်မှာ အတိုးပေးခြင်းကို မြန်မာကျပ်ငွေနဲ့ လက်လီဘဏ် လုပ်ငန်းဝန်ဆောင်မှုများ (Retail Banking) ခွင့်ပြုထားသည့် နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကဘဏ်များနှင့် နိုင်ငံခြားဘဏ် လက်အောက်ခံဘဏ်များအား တပြေးညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

image
1 y - Translate

#ပြည်တွင်းသတင်း
◼ယခုလ တတိယဆယ်ရက်ပတ်အတွင်း ရန်ကုန်တိုင်းအပါအ၀င် တိုင်း နှင့် ပြည်နယ်တချို့တွင် မိုးထစ်ချုန်းရွာမည်
ရန်ကုန်တိုင်းအပါအ၀င် တိုင်းနှင့် ပြည်နယ်တချို့တွင် ယခုလ ၂၁ ရက်မှ ၃၁ ရက်အထိ တတိယဆယ်ရက်ပတ်အတွင်း မိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်း မိုးလေ၀သ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ထုတ်ပြန်ချက်အရ သိရသည်။
မိုးရွာသွန်းမှုအခြေအနေမှာ ကချင်ပြည်နယ်တွင် ရွာသွန်းမြဲထက် ပိုနိုင်ပြီး၊ နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်း တိုင်း(အောက်ပိုင်း)၊ ဧရာဝတီတိုင်း၊ ကယားပြည်နယ်၊ ချင်းပြည်နယ် နှင့် ရခိုင်ပြည်နယ် တို့တွင် ရွာသွန်းမြဲအောက် လျော့နည်းနိုင်ကာ စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ် နှင့် ရှမ်းပြည်နယ်တို့တွင် မိုးထစ်ချုန်းရွာနိုင်ကြောင်း ခန့်မှန်းချက် ထုတ်ပြန်ထားသည်။
မိုးရွာသွန်းမှု ရက်များအနေဖြင့် တနင်္သာရီတိုင်း နှင့် ကချင်ပြည်နယ်တို့တွင် လေးရက် မှ ခြောက်ရက်ခန့်၊ စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ် နှင့် ရှမ်းပြည်နယ်တို့တွင် နှစ်ရက် မှ သုံးရက်ခန့် နှင့် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း(အရှေ့ပိုင်း)၊ ဧရာဝတီတိုင်း၊ ကယားပြည်နယ်၊ ချင်းပြည်နယ် နှင့် ရခိုင်ပြည်နယ်တို့တွင် တစ်ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်တွင်လည်း ယနေ့ မွန်းတည့်မှ နောက် ၂၄ နာရီအတွင်း နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဖြစ်ပြီး ရေပြင်လေသည် အရှေ့ (သို့) အရှေ့မြောက်တွင် တစ်နာရီလျှင် ပင်လယ်မိုင် ၁၀-၁၅ မိုင်၊ တစ်ခါတစ်ရံ မိုင် ၂၀ မှ ၂၅ ထိရှိနိုင်ကြောင်း၊ လှိုင်းအမြင့်မှာ လေးပေ မှ ခြောက်ပေခန့်ထိရှိကာလှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်ဖြစ်ကြောင်း မိုးဇလမှထုတ်ပြန်ထားသည်။
သတင်း- အင်ကြင်း
ဓာတ်ပုံ -CJ

image