48 ပတ် - ဘာသာပြန်ပါ။

Natural Spinal (Mogok)🍒🍒🍒

#gems

image
48 ပတ် - ဘာသာပြန်ပါ။

Natural Spinal (Mogok)🍒🍒🍒

#gems

image
48 ပတ် - ဘာသာပြန်ပါ။

Natural Spinal (Mogok)🍒🍒🍒

#gems

imageimage
48 ပတ် - ဘာသာပြန်ပါ။

The House GOP is considering significant cuts to Medicaid, potentially slashing billions.
Here's who could be affected:

Who could be impacted if GOP makes cuts to Medicaid funding? - ABC News
abcnews.go.com

Who could be impacted if GOP makes cuts to Medicaid funding? - ABC News

The House GOP is considering significant cuts to Medicaid, potentially slashing billions. Health policy experts say Medicaid provides vital services to many Americans
48 ပတ် - ဘာသာပြန်ပါ။

ကြက်သားကြေးအိုး
-------------------------------------
ကြေးအိုးကို လူကြီး၊ လူငယ်မရွေး နှစ်သက်ကြမယ်လို့ ထင်ပါတယ်။ အာဟာရလည်းဖြစ်သလို ပြုလုပ်ရလွယ်ကူပြီး ပေါ့ပေါ့ပါးပါးနဲ့ ညစာအဖြစ်လည်း သုံးဆောင်နိုင်ပါတယ်။ ချက်နည်းများ တစ်ယောက်နဲ့တစ်ယောက် မတူညီကွဲပြားမှုများ ရှိကြမှာဖြစ်ပြီး အဲဒီနည်းလေးကတော့ လွယ်ကူမြန်ဆန်တဲ့
နည်းလေးမို့ မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ (၁ ပွဲစာ)
ကြက်ရိုးပြုတ်ရည် - ၁ အိုး
ကြက်သားလုံး - ၅ လုံး
ဆန်ကြာဆံ (သို့) ဆန်ပြားခေါက်ဆွဲ - လက်တစ်ဆုပ်
မုန်ညင်းဖြူ (သို့) မုန်ညင်းစိမ်း - ၂ ပင်
ရွှေပဲသီး/ပန်းပွင့် - လက်တစ်ဆုပ်ခန့်
မုန်လာဥနီ - အနည်းငယ်
ငုံးဥ - ၃ လုံး
ငါးဖယ်လုံး - ၃ လုံး
ဆား - စားပွဲဇွန်း ၁/၂ ဇွန်း
ဟင်းခတ်မှုန့်/သကြား - အနည်းငယ်
ကြက်သွန်ဖြူဆီချက် - optional
ငရုတ်ကောင်းမှုန့်
တွဲဖက်စားရန် ဆော့စ်
ချင်း - အနည်းငယ်
ကော်မှုန့် - အနည်းငယ်

ပြုလုပ်နည်း
၁။ ကြေးအိုးပြုလုပ်ရန်အတွက် ဦးစွာ ကြက်ရိုးပြုတ်ရည်ကောင်းကောင်း လိုအပ်ပါတယ်။ ကြက်ရိုးပြုတ်ရည်ပြုလုပ်ရန် ကြက်ရိုးကို ရေဆေးသန့်စင်ထားပါ။အိုးတစ်အိုးမှာ ရေဆူအောင်တည်ပြီး ဆူပွက်လာပါက ကြက်ရိုးကို ထည့်၍ ၂ မိနစ်ခန့် တည်ပြီး အထက်အောက်မွှေ၍ အရိုးများကို ဆယ်ယူပါ။ နောက်အိုးတစ်အိုးထဲ ရေနွေးဖြောထားသော ကြက်ရိုးများထည့်ပြီး လိုအပ်သောရေပမာဏထည့်ပါ။ ချင်းအနည်းငယ်ထုထည့်ပါ။ မုန်လာဥဖြူရှိလျှင် ထည့်ပြီး ဆူပွက်အောင်တည်ပါ။ ဆူပွက်ပါက မီးကို အသေးဆုံးအထိ လျှော့ချပြီး မီးအေးအေးဖြင့် ၃ နာရီခန့် တည်ပါ။ အပေါ်ယံတက်လာသော အညစ် အကြေးများကို ခပ်ထုတ်ပါ။ မီးပြင်းပြင်းဖြင့် ဆူပွက်အောင် မတည်ရပါ။ ကြက်ပြုတ်ရည်များ ဖြူဖွေးပြီး နောက်သွားတတ်ပါတယ်။
၂။ ကြက်ရိုးပြုတ်ရည်အစား ကြက်သားတုံးများကို အသုံးပြုပြီး ကြက်ရိုးပြုတ်ရည်အဖြစ် သုံးနိုင်ပါတယ်။
၃။ ကြက်ပြုတ်ရည်တည်ထားစဉ် ကြေးအိုးပြုလုပ်ရန် လိုအပ်သော ပါဝင်ပစ္စည်းများကို ပြင်ဆင်ထားပါ။
၄။ ကြာဆံကို ၁ နာရီခန့် ရေစိမ်ထားပါ။ မုန်ညင်း၊ ရွှေပဲသီး၊ မုန်လာဥနီနှင့် ငါးဖယ်လုံး တို့ကို လှီးဖြတ်ထားပါ။ ငုံးဥပြုတ်ထားပါ။ ကြက်သားကို နုပ်နုပ်စဉ်း၍ ဆား၊ ဟင်းခတ်မှုန့်/ကော်မှုန့်ထည့်ပြီး သမအောင်မွှေ၍ အလုံးလေးများ လုပ်ထားပါ။
၅။ အားလုံးအဆင်သင့်ဖြစ်ပါက စားခါနီးမှသာ ကြေးအိုးချက်ပါ။ ကြေးအိုးချက်ရန် အိုးသေးသေးတစ်အိုးထဲ ကြက်ရိုးပြုတ်ရည်တစ်ပွဲစာ ထည့်ပါ။ ကြက်သား နှင့် ကြာဆံထည့်ပြီး ဆူပွက်အောင် တည်ပါ။ ဆား၊ သကြားနှင့် ဟင်းခတ်မှုန့်ထည့်ပါ။ ကြာဆံနူးပါက မုန်ညင်း၊ မုန်လာဥနီ၊ ရွှေပဲသီး၊ ငါးဖယ်လုံးနှင့် ငုံးဥပြုတ်တို့ကို ထည့်ပါ။ ဆန်ပြားခေါက်ဆွဲဖြင့် စားလိုပါက ဆန်ပြားကို ပန်းကန်ထဲမှာ ထည့်ထားပြီးမှသာ ချက်ပြီးသား ဟင်းချိုကို လောင်းထည့်ပါ။
၆။ အရသာအပေါ့အငန်မြည်း၍ ပန်းကန်ထဲမှာ တည်ခင်းပြီး ကြက်သွန်ဖြူဆီချက်နှင့် ငရုတ်ကောင်းမှုန့်ဖြူး၍ နှစ်သက်ရာဆော့စ်ဖြင့် တွဲဖက်သုံးဆောင် နိုင်ပါပြီ။
--------------------------------------------------
#crd

image

ဆီးသီးမှာ ပါတဲ့ ပိုတက်ဆီယမ်ဓာတ်က ဆီးသွားတဲ့အခါ ဆားဓာတ်တွေကို ဖယ်ရှားပေးတာနဲ့ သွေးကြောနံရံတွေ ရဲ့ တင်းအားတွေကို လျော့ကျစေတာကြောင့် သွေးဖိအားကို ထိန်းချုပ်ပေးနိုင်ပြီး သွေးပေါင် အတက်အကျဖြစ်စေတာကို ထိန်းပေးနိုင်တာ ဖြစ်ပါတယ်။

ဇီးသီးမှာ အမျှင်ဓာတ်တွေလည်းပါလို့ သွေးထဲက ဂလူးကို့စ်ဓာတ်ကို လျှော့ချပေးနိုင်ပါတယ်။ သွေးထဲ ဂလူးကို့စ်ဓာတ်များနေမယ်ဆိုရင် ရေငတ်တာ၊ မကြာခဏဆီးသွားတာ၊ မောပန်းနွမ်းနယ်တာ၊ မအီမသာဖြစ်တာ၊ ပျို့အန်တာ၊ အစာအိမ်အောင့်တာတွေကို ဖြစ်စေပါတယ်။ ဇီးသီးမှာပါတဲ့အမျှင်ဓာတ်တွေက ခန္ဓာကိုယ်ရဲ့ Adiponectin လို့ခေါ်တဲ့ ဟော်မုန်းထုတ်လုပ်မှုကို မြှင့်တင်ပေးပြီး အဲ့ဒီဟော်မုန်းက သွေးထဲရှိ ဂလူးကို့စ်ဓာတ် ပုံမှန်ဖြစ်နေစေဖို့ ကူညီလုပ်ဆောင်ပေးနိုင်တာဖြစ်ပါတယ်။

ဒါအပြင် အမျိူးသမီးများ အလှအပရေးရာအတွက်လည်း ကောင်းကျိုးတွေပေးပါတယ်။ အဲဒါတွေကတော့ –
• အသားအရေကို အစက်အပြောက်ကင်းစေနိုင်တယ်။
• ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝစွာပါဝင်နေတာကြောင့် အသားအရေကို နေရာင်ခြည်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်ကြောင့် အရေ ပြားနဲ့ ဆံသားကို ထိခိုက်တာမျိုးမဖြစ်အောင် ကာကွယ်ပေးပါတယ်။
• ဗီတာမင် C နဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝမှုက အသားအရေကို ကြည်လင်စေနိုင်သလို အရေပြားပေါ်က အမာရွတ်တွေကိုလည်း သက်သာစေနိုင်ပါတယ်။
• ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝမှု၊ ဗီတာမင် E ပါဝင်မှု၊ ဘီတာကယ်လ်ရိုတင်းပါဝင်မှုတွေက အရေပြားရောင်ရမ်းမှုကို သက်သာစေနိုင်သလို မျက်နှာပေါ်က အရေးအကြောင်းတွေကိုလည်း သက်သာစေနိုင်ပါတယ်။
• ဗီတာမင် C နဲ့ ဗီတာမင် A ပါဝင်တာကြောင့် အဆီပြန်တာကို သက်သာစေနိုင်ပြီ အဆီဖု၊ ဝက်ခြံ၊ ဆားဝက်ခြံတွေမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ အသားအရေကို တင်းရင်းစေနိုင်ပြီး အသားအရေမွဲခြောက်မှုကင်းစေနိုင်ပါတယ်။ အရေပြားပျက်စီးမှု မရှိအောင် ကာကွယ်ပေးသလို ဝက်ခြံမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ အရေပြားဓာတ်မတည့်မှုတွေကို သက်သာစေပြီး အသားအရေကို နူညံ့စေနိုင်သလို အရေပြားက အဆိပ်အတောက်တွေကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်ပါတယ်။
• ဆံသား ကျန်းမာစေနိုင်တယ်။
• မျက်လုံးအောက်မှာ မျက်အိတ်ဖောင်းတာတွေကို သက်သာစေနိုင်ပါတယ်။ ဇီးသီးက မျက် လုံးအောင်မှာ ရှိတဲ့ နူးညံ့တဲ့ အသားအရေကိုလည်း အကောင်းဆုံးကာကွယ်ပေးနိုင်ပါတယ်။ မျက်ကွင်းညိုသူတွေအတွက်လည်း အဆင်ပြေပါတယ်။

သတိပြုရန်

“တန်ဆေး၊လွန်ဘေး” ဆိုတဲ့အတိုင်း ကောင်း ကျိုးများတယ်ဆိုပြီး အများကြီးတော့ စားမပစ်ကြပါနဲ့။ သူက အလွန်အကျွံစားရင်တော့ ချောင်း ဆိုးစေတာ၊ ဝမ်းလျှောစေတာတွေကို ဖြစ်တတ်နိုင်လို့ တော်သင့်ရုံပဲ စားကြဖို့လိုပါတယ်။ ဇီးသီးကို စားသုံးရာမှာ ပိုမွှားများ ကပ်တွယ်နိုင်တာကြောင့် ရောဂါအန္တရာယ်ကင်းဝေးအောင် ရေစင်အောင်ဆေးကြောစားသုံးဖို့တော့ လိုပါတယ်။
#ပြီး

image

ရာသီစာ ဆီးသီး(ဇီးသီး)ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ
ဆီးသီး(ဇီးသီး)ကို ပထမဆုံးအနေနဲ့ တရုတ်နိုင်ငံမှာ ရှေးနှစ်ပေါင်းထောင်ချီတည်းက စိုက်ပျိုးခဲ့ကြ တယ်လို့ဆိုပါတယ်။ ယနေ့ခေတ်မှာဆိုရင်တော့ တစ်ကမ္ဘာလုံးအတိုင်းအတာအနေနဲ့ မျိုးပေါင်း ၂၀၀၀ကျော် စိုက်ပျိုးနေကြပြီလို့ သိရပါတယ်။ မြန်မာနိုင်ငံမှာတော့ ” ဇီးသီး ” အမျိူး ပေါင်း များစွာ ရှိပါတယ် ဇီးချိူသီး ဇီးချဉ်သီး ဇီးပဲလှော် ဇီးကြက်ဥ တောဇီးသီး ဟူ၍ အမျိူးအစားပေါင်း များစွာရှိကြသည်တွင် စလေနယ် တစ်ဝိုက်မှ ထွက်ရှိသော ဇီးသီးသည် စလေဇီးသီး ဟုနာမည် ကျော် လူကြိုက် များလှပါတယ်။

“ဇီးသီး “သည် ရေဓာတ်များ ပါဝင်ပြီး ချိူ အေး သည့် အရသာရှိ ပြီး လူအများ နှစ်သက်စွာ စားသုံးကြပါတယ်။ လူသားတို့၏ကျန်းမာရေးကို အကျိုးပြုစေသော ဗီတာမင် နှင့်သတ္တုဓာတ်များစွာ့ပါရှိပါတယ်။ ဘေးဥပါဒ် ဖြစ်စေသော ကိုလက်စထရောလုံးဝ မပါဝင်ပါ။ တစ်နှစ်တွင် တစ်ခါသာပေါ်လေ့ရှိတဲ့ ရာသီစာအသီးအနှံတစ်မျိူး ဖြစ်တဲ့အတွက် တစ်နှစ်ပတ်လုံး စားခွင့်မကြုံနိုင်ပါ။

“ဇီးသီး “သည် သဘာဝအရသာ အရသာချိုချိုလေးမို့ရေစင်အောင်ဆေးပြီး သွားရည်စာအဖြစ်စားကြသလို ဇီးသီးခြောက်ကို ထန်းလျက်ဖြင့် ကြို၍ ဇီးယိုဇီးတော်ဖီ ဇီးသီးအမှုန့်ယို ဟူ၍ အမျိူးမျိူး ပြုလုပ်ပြီးလည်း သောက်ကြပါတယ်။ ဇီးသီးဖျော်ရည် ကိုလည်း လူအများနှစ်သက်စွာ သောက်သုံးကြပါတယ်။

ကျန်းမာရေးအတွက် ဘာအကျိုးကျေးဇူးတွေ ရရှိသလဲ

ဇီးပင်၏ အခေါက်ထဲရှိ ဗီတာမင်အေက အရပ်ရှည် စေပြီးခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးဖို့အတွက် တွန်းအားပေးနိုင်ရုံသာမက မျိုးပွားအင်္ဂါ များ ခုခံအားစံနစ်လုပ်ဆောင်မှုတွေကိုလည်း ကောင်းမွန်တယ် လို့ဆိုပါတယ်။

“ဇီးသီး “တွင် လူတို့၏ ခန္ဓာကိုယ် အတွက် လိုအပ်သော ဗီတာမင်စီ ဗီတာမင်အေ ဗီတာမင်ကေ ဆိုဒီယမ် သံဓာတ်လိုင်ကိုဖင်းဓာတ် အမျှင်ဓာတ် များ ပါဝင် ပါတယ်။

“ဇီးသီး ” စားခြင်း ရဲ့ကျန်းမာရေး ကောင်းကျိူးများကတော ရင်သားကင်ဆာ အူမကြီးကင်ဆာ ကင်ဆာရောဂါဖြစ်ပွားမှုမှ ကာကွယ်စေခြင်းပဲ ဖြစ်ပါတယ်။

ဒါအပြင် အယ်လ်ဇိုင်းမားရောဂါ မဖြစ်အောင် ကာကွယ်စေခြင်း၊ နှလုံးရောဂါ သွေးတိုးရောဂါတို့မှကာကွယ် စေခြင်း၊ ခန္ဓာကိုယ်ထဲရှိ ဆံချည်မျှင်သွေးကြောများကို ကျန်းမာသန်စွမ်းစေခြင်း၊ဦးနှောက် ကိုကျန်းမာစေပြီး မှတ်ဉာဏ်စွမ်းအားလဲ တိုးတက်လာစေခြင်း စတဲ့ အကျိုးကျေးဇူးတွေလဲ ရရှိနိုင်ပါတယ်။

အမြင်အာရုံချို့တဲ့ခြင်းနှင့် မျက်လုံးကွယ်ခြင်းများမှ ကာကွယ်စေခြင်း၊ ကိုယ်ခံစွမ်း အားကို တိုးတက်မြင့်မားစေခြင်း၊ လေဖြတ်ခြင်းမှ ကာကွယ်ပေးခြင်း၊ ခန္ဓာကိုယ်တွင်း အပူရှိန်ကို လျော့ပါးသက်သာစေနိုင်ခြင်း၊ ဆီးရွှင်စေခြင်း၊ ကျောက်ကပ်ရောဂါ ဖြစ်ပွားမှု ကို ကာကွယ်ပေးခြင်း ၊အရိုးပွခြင်းမှ ကာကွယ်ပေးနိုင်ခြင်း ၊အအေးမိ နှာစေး ချောင်းဆိုး စသည့်ကူးစက် ရာသီ ဖျားများမှ ကာကွယ်ပေးခြင်းတို့ကို ရရှိနိုင်ပါတယ်။

ဆီးသီးစားတာဟာ စိတ်ငြိမ်စေတယ်ဆိုပြီး တော်တော်များများ သိထားကြပြီးဖြစ်မယ်ထင်ပါတယ်။ တကယ်လည်း ဆီးသီးကို တစ်နေ့တစ်လုံးပုံမှန်စားပေးမယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာစိုးရိမ်ကြောင့်ကြမှုတွေကို လျော့ကျစေပါတယ်။ အဓိကကတော့ ဆီးသီးမှာ ပေါပေါများများပါတဲ့ Antioxidant (အန်တီ အောက်ဆီးဒန့်)တွေရဲ့ အကျိုးကျေးဇူးကြောင့်ပါ။ အန်တီအောက်ဆီးဒင့်တွေက ခန္ဓာကိုယ်ရဲ့ ဆဲလ် နဲ့ တစ်ရှူးများပျက်စီးခြင်းကို ကာကွယ်ပေးပြီး Alzheimer’s ရောဂါလို့ခေါ်ကြတဲ့ ဉီးနှောက်မှတ်ဉာဏ် ချို့ယွင်းမှုဖြစ်စေတာကိုလည်း လျော့ကျစေနိုင်ပါတယ်။ ဒါ့အပြင် လမ်းလျှောက်ရာမှာ အခက်အခဲဖြစ်ခြင်း၊ ခြေထောက်များ တောင့်နေခြင်း ၊ တုန်နေခြင်း၊ ခန္ဓာကိုယ် ဟန်ချက်မထိန်းနိုင်ခြင်း စတဲ့ နောက်ဆက်တွဲ လက္ခဏာရပ်တွေပါဝင်တဲ့ Parkinson’s diseases ကိုလည်း လျော့စေနိုင်တယ်လို့ ဆိုပါတယ်။

#ဆက်ရန်

image
48 ပတ် - ဘာသာပြန်ပါ။

အဆင်ပြေခြင်း မပြေခြင်းဆိုတာထက်
ကိုယ်ဟာ တစ်ဖြည်းဖြည်းရင့်ကျက်လာခဲ့တယ်ထင်ပါရဲ့။
တိတ်ဆိတ်စွာဝမ်းနည်းပြီးရင်
ဘာမှမဖြစ်သလို ရှေ့ဆက်တတ်လာခဲ့ပါတယ်။

48 ပတ် - ဘာသာပြန်ပါ။

◾️Graphic Designer - Yangon
Company: Success Admissions Center
Salary Range: Negotiation
https://joimyanmar.com/job/detail/22920

◾️Sales Admin (Engineering Background Required) - Yangon
Company: Sunpak International Group Company
Salary Range: Negotiation
https://joimyanmar.com/job/detail/22531

◾️Chinese Translator - Yangon
Company: Sunpak International Group Company
Salary Range: Negotiation
https://joimyanmar.com/job/detail/22682

image
48 ပတ် - ဘာသာပြန်ပါ။

1h ·
ထောပတ်ဘိန်းမုန့် လုပ်နည်း(၆ခုစာ)
ကောက်ညှင်းဘိန်းမုန့်၊ ဆန်ဘိန်းမုန့်၊ ဂျုံဘိန်းမုန့် အစုံရှိတဲ့ အထဲမှာ ဆန်ဘိန်းမုန့်လုပ်နည်းလေးပါ။ ပိုမိုထူးခြားသွားအောင် မြေပဲအစား သီဟိုဌ်စေ့သုံးပေးထားတော့ ဘိန်းမုန့်က အရသာပိုစိမ့်ပြီ စားလို့ အရမ်းကောင်းပါတယ်။
ပါ၀င်ပစ္စည်းများ
* ဆန်မှုန့် – ၃ခွက်
* ရေ – ၁ခွက်ခွဲ
* ဆိုဒါ – လက်ဖက်ရည်ဇွန်း ၁ဇွန်း
* yeast – လက်ဖက်ရည်ဇွန်း ၁ဇွန်း
* ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်
* ထောပတ် – စားပွဲတင်ဇွန်း ၃ဇွန်း
* သီဟိုဌ်စေ့– စားပွဲတင်ဇွန်း ၂ဇွန်း (ထပ်ခြမ်းခြမ်းပေးပါ)
* ဘိန်းစေ့ – စားပွဲတင်ဇွန်း ၁ဇွန်း
* အုန်းနို့ – တခြမ်း (အုန်းသီးများကို ၁လက်မအရှည် အရွယ် ပါးပါး လှီးထားပါ)
* ထန်းလျက် – ၂၀၀ ဂရမ်
-----------------
ပြုလုပ်နည်း
၁။ အရင်ဆုံး ဇောက်ခွက်တစ်ခုထဲတွင် ဆန်မှုန့်၊ ဆိုဒါ၊ yeast၊ ဆား တို့ကို သမအောင် ရောနုယ်လိုက်ပါ။
၂။ ပြီမှ ရေ(၁ခွက်ခွဲ) ထည့်ကာ သမအောင် ရောမွှေပေးပြီ ဆန်နှစ်ရည်ကို အနည်းဆုံး ၄နာရီ (သို့) တညသိပ် ထားပါ။
၃။ ဆန်နှစ်ရည် ၄နာရ်ီခန့် သိပ်ပြီလျှင် ထန်းလျက်ကြိုပါမည်။ ထန်းလျက်(၂၀၀ ဂရမ်) ကို ရေ(၃၀၀ မီလီလီတာ)ဖြင့် ညော်စေးသည်အထိ ကြိုပေးပါ။
၄။ ထန်းလျက်များ ညော်စေးလာပြီဆိုလျှင် မီးပိတ်ပြီ ဇကာဖြင့် ပြန်စစ်ပေးပါ။ (ထန်းလျက်တွင် အမှုန့်များပါတတ်၍ ဖြစ်သည်)
၅။ ပြီနောက် ထန်းလျက်များကို ဆန်နှစ်ရည်ဖြင့် သမအောင် ရောမွှေလိုက်ပါ။
၆။ ဘိန်းမုန့် စလုပ်ပါမည်။ ဒယ်ပူလာလျှင် ထောပတ် ထည့်ပြီ မုန့်နှစ်(ယောက်ချို) တဇွန်းကို လောင်းထည့်လိုက်ပါ။
ရ။ မုန့်နှစ်အပေါ်မှ အမြုပ်လေးများ ထလာလျှင် အုန်းသီး၊ ဘိန်းစေ့၊ သီဟိုဌ်စေ့ အပေါ်မှ ဖြူးပေးပါ။
၈။ဘိန်းမုန့် အောက်ဖက်အညှိရောင်သန်းလာလျှင် နောက်တဖက်သို့ လှန်ပေးပါ။ ထောပတ် ထပ်ထည့်ပေးပါ။
၉။ ဆန် ဘိန်းမုန့်ပူပူလေးကို အုန်းသီးများဖြူး၍ သုံးဆောင်လို့ရပါပြီ…

image