ဟောလိဝုဒ်ရဲ့လူငယ်အကျော်အမော် Tom Holland တစ်ယောက် သူ့ရဲ့ဘဝနေထိုင်မှုပုံစံကို ပြောင်းလဲခဲ့တာကြာပါပြီ..အရင်တုန်းကဆိုရင် အလုပ်နားတဲ့ စနေ၊ တနင်္ဂနွေတိုင်းမှာ ဘီယာလေးတမြမြနဲ့ အချိန်ဖြုန်းတတ်ခဲ့ဖူးပါတယ်..နောက်ပိုင်းမှာ ဒီအလေ့အထဟာ သူ့အတွက်မကောင်းတော့သလို အလုပ်အပေါ်ပါထိခိုက်တာတွေရှိလာတော့ ပြောင်းလဲဖို့စတင်လေ့ကျင့်ခဲ့ရတယ်..ဘီယာလေးနဲ့နှစ်ပါးသွားနေတုန်းကဆိုရင် Tom Holland တစ်ယောက် အလုပ်ချိန်နောက်ကျတာမျိုးတွေ၊ အိပ်ယာထဲပဲလှဲချင်နေတာမျိုးတွေထိဖြစ်ခဲ့ပါတယ်..ဒါကြောင့် အရက်ကိုလုံးဝဖြတ်ပစ်လိုက်တယ်၊ အလုပ်နားရက်တွေမှာ ဂေါက်လိုက်ရိုက်ဖြစ်တယ်၊ နောက်ပိုင်း BERO အမည်နဲ့ Premium Non-Alcoholic Beer ကိုထုတ်လုပ်ပြီး စီးပွါးရေးဘက်ခြေဆန့်လာခဲ့ပါတယ်။

အရက်ဘီယာကိုအကျင့်လုပ်သောက်တတ်တဲ့သူတွေဆိုသိမှာပါ၊ ဒီလိုအလေ့အကျင့်ဟာဖြတ်ရခက်တယ်၊ ဖြတ်ပြီးသွားရင်လည်း ပြန်သောက်တဲ့အခါ ပိုပြီးထိခိုက်နိုင်တယ်..ဒါကြောင့်ပဲ အရက်ဖြတ်ထားတဲ့ Tom Holland အနေနဲ့ သူပွဲတွေတက်ရောက်ရတဲ့အခါ ယဉ်ကျေးမှုအရသောက်စားဖို့ရှိလာတဲ့အချိန် အစားထိုးနိုင်ရန်ရည်ရွယ်ချက်နဲ့ BERO ဆိုတဲ့ Non-Alcoholic Beer ကို ထုတ်လုပ်ခဲ့ပါတယ်..ဒါကလည်း သူတစ်ဦးထဲမှမဟုတ်၊ အရက်ဖြတ်ထားတဲ့လူတိုင်းအတွက်ရည်ရွယ်ပါတယ်တဲ့။

ဆိုတော့ BERO အတွက် Tom Holland လည်း ပရိုမိုးရှင်းတွေဆင်းရပါတယ်..အခုဆိုရင် သူ့ရဲ့ဘီယာဟာ US ထိဖြန့်ဖြူးလာပြီဖြစ်တာကြောင့် Target ကိုရောက်ရှိနေတဲ့ BERO အတွက် Promotional Video တွေလိုက်ရိုက်ရင်း Beer Hunting လိုက်လုပ်တာကို Instagram က Story မှာ ဝေမျှကာ ပရိုမိုရှင်းဆင်းတာပေါ့ဗျာ..သူ့အနေနဲ့ US ကိုရောက်ရှိနေတာကြာပြီဆိုတော့ ဘီယာလိုက်ဝယ်တဲ့အခါလည်း Target မှာသာလိုက်ရှာရတာပေါ့..ကံမကောင်းချင်တော့ ပထမ Target ၂ ဆိုင်ကိုရောက်ပေမဲ့ ပစ္စည်းကပျက်သွားပြီ..တတိယမြောက် Target ကိုရောက်တော့မှ BERO တွေကိုတွေ့တာနဲ့ ဝမ်းသာအားမြောက်စွာ ဝယ်ယူလိုက်ပေမဲ့ ကောင်တာအရောက် အရောင်းဝန်ထမ်းကပေးမဝယ်ပါဘူး။

အကြောင်းအရင်းကတော့ Tom Holland ကို အသက်မပြည့်သေးဘူးထင်တာကြောင့် ပေးမဝယ်တာဖြစ်ပြီး မှတ်ပုံတင်ပြခိုင်းတဲ့အခါ ထုတ်ပေးလိုက်ပေမဲ့ ဗြိတိန်မှတ်ပုံတင်ဖြစ်နေတာကြောင့် ရောင်းဖို့မဖြစ်နိုင်ဘူးဟူ၍ စည်းမျဉ်းအရဝယ်ယူခွင့်မရခဲ့ပါဘူး..ဒါပေမဲ့လည်း ဝန်ထမ်းတွေက Tom Holland မှန်းသိသွားတာမို့ သူတို့မှတ်ပုံတင်နဲ့ စကန်ပေးလိုက်တာကြောင့်တော့ အဆင်ပြေသွားခဲ့ပါတယ်။

Tom Holland ဟာ အသက် ၂၈ နှစ်ရှိပြီဖြစ်ပေမဲ့ သူ့ရဲ့အရပ်အမောင်း၊ ရုပ်ရည်နဲ့ အသံတို့ကြောင့် ကလေးသာသာလို့သာထင်ရသလို အခုထိ ဆယ်ကျော်သက်အရွယ် စပိုက်တာမန်းလို့ထင်နေသူတွေ ရှိနေတုန်းပါပဲ..ဘယ်လိုပဲဖြစ်ဖြစ် ဒါဟာ အရပ်ပုတဲ့ Short King တွေရဲ့ အားသာချက်တစ်ခုပဲပေါ့လေ။

တစ်ခုထပ်သတိထားမိလားတော့မသိပေမဲ့ Non-Alcoholic Beer ကိုတောင်မှ ဒီလိုစနစ်တကျရောင်းချပေးတာဟာ အတော်လေးသဘောကျစရာကောင်းတဲ့ စနစ်တစ်ခုပါပဲ။

image
41 w - Translate

သားလေးမွေးပြီးမှ အကယ်ဒမီဆုတွေဆက်တိုက်ရလို့ ကံကောင်းခြင်းတွေသယ်လာတဲ့ သားလေးလို့ဆိုလိုက်တဲ့ ဝါဝါဝင်းရွှေ 🥰
သားဖြစ်သူရဲ့ မွေးနေ့ကို ဆုတောင်းပေးရင်းသားအကြောင်းတွေကိုပြောပြလိုက်တာပါ။ သူမအတွက်တော့ ကံကောင်းခြင်းတွေပဲရရှိခဲ့တဲ့ သားလေးဖြစ်တယ်လို့ဆိုပါတယ်။ သားလေးကိုမွေးပြီး ၁ ပတ်အကြာမှာ တတိယမြောက် အကယ်ဒမီရွှေစင်ရုပ်တုကို လွန်ခဲ့တဲ့ နှစ် ၄၀ ခန့်က ရရှိခဲ့တယ်လို့ဆိုပါတယ်။ အခုလည်း တစ်သက်တာရုပ်ရှင်ထူးချွန်ဆုကို သားရဲ့မွေးနေ့မတိုင်ခင်မှာ ရရှိခဲ့တာကြောင့် သူမအတွက် ကံကောင်းခြင်းတွေကို သယ်ဆောင်လာပေးတဲ့ လပ်ကီးလေးလို့ သတ်မှတ်ထားကြောင်း ဝါဝါဝင်းရွှေကဆိုပါတယ်။ ဝါဝါဝင်းရွှေဟာ ယခုရရှိတဲ့ အကယ်ဒမီဆုနဲ့ဆို စုစုပေါင်း အကယ်ဒမီ ၄ ဆုရရှိထားတဲ့ အနုပညာရှင်ကြီးဖြစ်ပါတယ်။

image
41 w - Translate

#tattooideas

image
41 w - Translate

#tattooideas

image
41 w - Translate

#tattooideas

image
41 w - Translate

#tattooideas

image
41 w - Translate

#tattooideas

image
41 w - Translate

#tattooideas

image
image
image
image
image

I Am Legend (2007) နဲ့ Hancock (2008) တို့ရဲ့ အဆက်ရုပ်ရှင်များ စတင်ပြုလုပ်နေကြောင်း အဆိုပါရုပ်ရှင်တို့ရဲ့သရုပ်ဆောင် Will Smith ကိုယ်တိုင်အတည်ပြုလာခဲ့ပါတယ်..Will Smith အနေနဲ့ I Am Legend 2, Hancock 2 တို့အကြောင်းကို xQc ရဲ့ Twitch Live Stream မှာ ပြောပြသွားခဲ့တာဖြစ်ပြီး ဘယ်သရုပ်ဆောင်တွေပါဝင်လာနိုင်ချေရှိသလဲ၊ ဘယ်အခြေအနေအထိရောက်နေပြီလဲဆိုတာတွေပါ ပြောပြသွားခဲ့တာဖြစ်ပါတယ်။
ကမ္ဘာပျက်ကိန်းရုပ်ရှင်တစ်ခုဖြစ်တဲ့ I Am Legend ရဲ့ အဆက်ရုပ်ရှင်အတွက် Will Smith ဟာ Creed, Black Panther နဲ့ Sinners တို့ရဲ့သရုပ်ဆောင် Michael B. Jordan နဲ့ တစ်ပတ်လောက်အတူထိုင်ပြီး ဆွေးနွေးထားပြီဖြစ်သလို ဇာတ်ကောင်အကြောင်းနဲ့အကြောင်းတချို့ပါဝင်ပါတယ်တဲ့..Avika Goldsman ဟာ ဇာတ်ညွှန်းရေးသားနေပြီး တကယ်ထွက်လာမှာဖြစ်တယ်လို့လည်း ပြောပြခဲ့တာပါ။
ပရိတ်သတ်တွေရဲ့ ငယ်စဉ်အခါက စူပါဟီးရိုးတွေနဲ့ထိတွေ့ရစဉ် Will Smith ရဲ့ Hancock ကလည်း အပါအဝင်ဖြစ်ခဲ့ပါလိမ့်မယ်..စူပါဟီးရိုးပေမဲ့ လမ်းဘေးမှာ အမြဲတမ်းမူးရူးပြီး နေချင်သလိုနေတတ်တဲ့သူပေါ့..အခုဆိုရင် Hancock 2 အတွက်လည်း အကြံကောင်းရထားပြီးပြီ ၊ သို့သော် ရုပ်ရှင်နဲ့ပတ်သက်ပြီး စကားသေချာမပြောရသေးတာမို့ Zendaya ကို မျက်စိကျနေကြောင်းသာပြောရင်း Tease သွားခဲ့ပါတယ်။
I Am Legend ဟာ ၁၈ နှစ်အကြာ၊ Hancock ဟာ ၁၇ နှစ်အကြာမှာ ပြန်လည်အကောင်အထည်ပေါ်လာခဲ့ပြီဖြစ်သလို အဆက်ကြည့်ချင်နေတဲ့ပရိတ်သတ်တွေအတွက်ကတော့ သတင်းကောင်းတစ်ခုပါပဲ..အဆိုပါရုပ်ရှင် ၂ ကားစလုံးမှာ Will Smith အနေနဲ့ ဘယ်လိုပြန်ပါလာမလဲမသိရသေးသလို Michael B. Jordan နဲ့ Zendaya တို့ရဲ့ နေရာတွေကိုလည်း အတိအကျမဖော်ပြသွားသေးတာမို့ အသေးစိပ်ကိုတော့ ဆက်လက်စောင့်မျှော်ရပါလိမ့်မယ်။

image
41 w - Translate

အသက် ၁၅ ကနေ၂၅ ဆိုတာက..
မာန်တွေ တက်တဲ့အရွယ်...
ငါကြိုးစားရင် ဘာမဆိုဖြစ်ရမည်..
ကောင်းကင်တမှတ် ကြယ်ကိုဆွတ်မည်..
ဘာညာ ဘာညာ...။.
*^*၂၅ ကနေ ၃၅လောက်ကျ...
စွန်း ဆရာလုပ်တဲ့အရွယ်..
ဒီမှာ ငါ့ညီ..ဒါကဒီလိုရှိတယ်..
ဒီမယ် ညီလေး.....လောကကြီးမှာလေ...
အာဘာ ယာဘာ
ဘလာ..ဘလာ..။
လူတွေချီးကျူးတာလည်း သိပ်သာယာ
*^*အသက်၃၅ကျော် အသက် ၄၀ ၀န်းကျင်
ရောက်လာတော့ ဘဝမှာ နေတတ်ဖို့
ဥပေက္ခာ ပြုတတ်ဖို့ သိလာတယ်။
*^*၄၀ ကနေ ၅၀လောက်ထိက..
လောကထဲက အဖြစ်အပျက် တွေကို
ထိုင်ရီနေတဲ့ ဂုရုကြီးဖြစ်သွားပြီ...
*^*၂၅..တွေ..၃၀ တွေ..
မာန်တက်နေတာကို ပြုံးပြီး
မိန့်မိန့်ကြီး ကြည့်နေတတ်တဲ့အရွယ်..
မင်း တွေ့လာဦးမှာပါကွာ..
ငါ တွေ့တွေက စာတွေ့ထက်
ပိုရသမြောက်တာ..ဆိုပြီး...။
အထင်ကြီးခံရ အထင်သေးခံရခြင်းတွေလည်း
မသာယာ မတုန်လှုပ်တော့ဘူး။
*^*၅၀ လည်း ကျော်ရော.. ဘယ်သူ့မှ ဂရုကိုမစိုက်တာ..
အဖက်ကို လုပ်မနေဘူး..
ကိုယ်လုပ်ချင်တာ..
အေးဆေးလုပ်နေတာပဲ...။
*^*၆၀ လည်း ကျာ်ရော...
စကားပြောဖို့ အဖော်လေး စ မင်လာပြီ..
သားသမီး မြေးတွေ လာအဖော်ပြုပေးရင်
သိပ်ပျော်တာ..
*^*အရာရာ ကြင်နာစိတ်နဲ့မြင်တာ တပိုင်း..
ဝမ်းနည်းအားငယ်စိတ်လေး နည်းနည်း
စွက်လာတာ တပိုင်း..။
ငါ လုပ်နိုင်သေးတယ်ဆိုပြီး အလုပ်တွေ
ကျုံးလုပ်နေတတ်တာလဲ တပိုင်း။
*^*၇၀ ကျော်တော့ လောကကို ငြီးငွေ့လာတော့တာပါပဲ..
ငြိမ်းငြိမ်းချမ်းချမ်း ဝေဒနာမခံစား ရဖို့ပဲ
မျှော်လင့်တော့တယ်။
*^*လူ့ဘဝဆိုတာ အဲ့လိုပါပဲ..။
အသက်တွေ ကြီးလာဦးမှာ..
အတွေးအခေါ်လဲ ပြောင်းလာဦးမှာ..
ဘယ်အရာမှ တသမတ်တည်း မရှိဘူး..
ဒါကြောင့်.. ပျော်အောင်နေ..
မာန်မတက်မိအောင် နေ..
*^*လောကကြီးကို ထမ်းပိုးမထားပဲ..
တနေ့စာကို တာဝန်ကျေအောင်
အကောင်းဆုံးရှင်သန်..
ရယ်စရာရှိတာ ရယ်..
ကူစရာရှိတာ ကူ..
ပေးစရာရှိ ပေး..
*^*ချစ်ရင် ချစ်တယ် ပြောပစ်လိုက်..
အမုန်းတွေတော့ သယ်မနေနဲ့
လေးတယ်..ထားပစ်ခဲ့..
သူနဲ့ကိုယ် အမြင်မတူလည်း...
ငြိမ်းငြိမ်းချမ်းချမ်း ကွဲလွဲလိုက်..
ပေးဆပ်တယ်ဆိုတဲ့ စကားလုံးကြီးနဲ့
မွန်းကျပ်မနေနဲ့..
*^*အရာရာ အကြောင်းရှိလို့ အကျိုးရှိတာ
အကြွေးရှိလို့ဆပ်ရတာ..
စိတ်တွေကို ဘောင်ထဲမှာ ထောင်ချမထားနဲ့..
*^*သူများ အထင်ကြီးအောင်လဲ
ဟန်ဆောင်စရာ မလိုဘူး
မရှိဘူး မတတ်ဘူး လို့လဲ
အထင်သေးစရာမလိုဘူး..
*^*တနေ့ မြေကြီးထဲ သွားရမှာ အတူတူ..။

image