ထရမ့်က ဝန်ထမ်းလျှော့မည်၊ အီလွန်မာ့စ်က ဘတ်ဂျက်လျှော့ချမည်ဟု ပြော

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၈

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် ဖေဖော်ဝါရီ ၂၆ ရက်က ၎င်း၏ ပထမဆုံးအကြိမ် ပြုလုပ်သည့် အစိုးရအဖွဲ့ အစည်းအဝေးအတွင်း ဖက်ဒရယ်အေဂျင်စီများအနေဖြင့် ဝန်ထမ်းအင်အား အများအပြား ကို လျှော့ချကြရန် အမိန့်ပေးခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ထရမ့်သည် ထိုအစည်းအဝေးတွင် ၎င်း၏ မဟာမိတ်ဖြစ်သည့် အီလွန်မာ့စ် (Elon Musk) ကို ပွဲထုတ်ခဲ့သည်။

ထို့နောက် အီလွန်မာ့စ်သည် ထိုအစည်းအဝေးတွင် ဘတ်ဂျက်လျှော့ချမည့် ၎င်း၏ ရည်မှန်းချက်များကို ဆွေးနွေးခဲ့သည်။

ထရမ့်၏ ညွှန်ကြားချက် အသစ်အရ အစိုးရအေဂျင်စီများ အနေဖြင့် ဝန်ထမ်းအင်အား လျှော့ချမည့် အစီအစဉ်များ ကို မတ်လ ၁၃ ရက်တွင် တင်သွင်းကြရန် ဖော်ပြထားသည်။

အစိုးရအေဂျင်စီများသည် ယခင်ကတည်းက အီလွန်မာ့စ် ဦးဆောင်သည့် အစိုးရအကျိုးဆောင်ဌာန (DOGE) ၏ အစီအစီဖြင့် ဝန်ထမ်းများလျှော့ချခြင်း၊ အစီအစဉ်များကို ဖျက်သိမ်းခြင်းတို့ ပြုလုပ်ခဲ့ပြီးဖြစ်သည်။

ယခုညွှန်ကြားချက် အသစ်အရ အမေရိကန်အစိုးရ၏ ဝန်ထမ်းအင်အားကို အများအပြား လျှော့ချနေသည့် ထရမ့်နှင့် မာ့စ်တို့၏ အားထုတ်ကြိုးပမ်းမှုများသည် ပိုမိုအားမာန်ပါလာသော အရိပ်အခြေကို ပြသရာရောက်ခဲ့ သည်။

အစိုးရအဖွဲ့ အစည်းအဝေးတွင် ထရမ့်က သဘောဝပတ်ဝန်းကျင် ကာကွယ်ရေးအေဂျင်စီ၏ အုပ်ချုပ်ရေးမှူး လီ ဇယ်လ်ဒင် (Lee Zeldin) ကို ၎င်းအေဂျင်စီတွင်ရှိသည့် ဝန်ထမ်း စုစုပေါင်း ၁၅,၀၀၀ အနက် ၆၅ ရာခိုင်နှုန်းအထိ လျှော့ချရန် ပြောကြားခဲ့သည်။

ထရမ့်သည် ထိုအစည်းအဝေးတွင် အီလွန်မာ့စ်ကို အလွန်ထောက်ခံသည့် လက္ခဏာကိုပြသခဲ့ပြီး အစိုးရအဖွဲ့ထဲမှ အချို့အကြီးအကဲများသည် မာ့စ်၏ အစီအစဉ်အချို့အား သဘောမတူကြောင်း ပြောကြားခဲ့ဖူးသူများဖြစ်သည်။

မာ့စ်သည် အစိုးရအဆင့်ရှိသည့် အရာရှိတစ်ဦး မဟုတ်သော်လည်း DOGE ၏ အကြီးအကဲ တစ်ဦးအဖြစ် အစိုးရ အဖွဲ့ အစည်းအဝေးကို တက်ရောက်လာခဲ့ခြင်းဖြစ်သည်။

Tesla နှင့် SpaceX စီအီးအိုဖြစ်သည့် မာ့စ်ကမူ ၂၀၂၅ ခုနှစ်အတွင်း အစိုးရ အသုံးစရိတ်ကို ဒေါ်လာ ၆ ဒသမ ၇ ထရီလျံထဲမှ ၁ ထရီလျံ လျှော့ချသွားနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

ထို့ကြောင့် ဘတ်ဂျက် အများအပြား လျှော့ချခြင်းသည် အမေရိကန်အစိုးရ၏ အရေးကြီးသည့် အချို့ အစီအစဉ် များကို အဟန့်အတား ဖြစ်စေနိုင်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

Source: ရိုက်တာ

ပုံ - ထရမ့်အစိုးရအဖွဲ့ အစည်းအဝေးမှာ အီလွန်မာ့စ်ကို တွေ့ရစဉ်

#သတင်းဟင်းလေးအိုးကြီး

image
47 w - Translate

ပန်းတောင်းမြိုနယ်တွင် ငွေကျပ်သိန်းပေါင်း နှစ်သောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါး သယ်ဆောင်လာသူများ ဖမ်းမိ
**********************
(မှုခင်း) ဖေဖော်ဝါရီ ၂၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ငွေကျပ်သိန်းပေါင်း နှစ်သောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် သယ်ဆောင်လာသူ (၆)ဦးကို ဖမ်းဆီးရမိကြောင်း သိရသည်။

ယနေ့ ဖေဖော်ဝါရီလ (၂၈)ရက် နေ့ခင်း (၁)နာရီအချိန်က လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့၊ ရပ်သာအုပ်စု၊ ဘူးဘက်ကျေးရွာအဝင် ဘူးဘတ်ကျေးရွာ သုသာန်အနီး ပုသိမ်-မုံရွာ ကားလမ်း၊ မိုင်တိုင်အမှတ် ၂၁/၁ အနီး လမ်းမပေါ်တွင် ကင်းပုန်းဝပ်ဆောင်ရွက်နေစဉ် ဥသျှစ်ပင်မြို့ဘက်မှ မုံရွာမြို့ဘက်သို့ မောင်းနှင်လာသည့် အဖြူရောင် ယာဉ်နှစ်စီးကို ရပ်တန့်စစ်ဆေးခဲ့ကြောင်း သိရသည်။

ယင်းသို့ စစ်ဆေးရာတွင် ရှာဖွေစစ်ဆေးရာ BGO-11 2R2073 SOJEN အဖြူရောင်ယာဉ် နောက်ခန်းပေါ်မှ အဝါရောင် ပီနံအိတ်ဖြင့် ထည့်ထားသော စက္ကူဖာအတွင်းမှ အကြည်ရောင် မှိုင်းခံပလပ်စတစ်ဖြင့်ပတ်ထားပြီး စက္ကူဖြင့် ထုပ်ထားသော အပြာရောင် ပလပ်စတစ်ကပ်ခွာအိတ် (၁)အိတ်လျှင် R စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြားဟု ယူဆရသော (၂၀၀)ပြားစီပါ (၁၀)ထုပ်စီး (၅)စီး (ဆေးပြား-ဆေးပြား (၁၀၀၀၀) ပြားစီပါ အထုပ်ကြီး(၁၇)ထုပ်၊ စုစုပေါင်းဆေးပြား (၁၇၀၀၀၀)ပြားစီပါ စက္ကူဂျပ်ဖာ(၆)ဖာ အတွင်းမှ စုစုပေါင်း ဆေးပြား (၁၀၀၀၀)ပြားစီပါ အထုပ်ကြီး(၁၀၂)ထုပ်၊ စုစုပေါင်း ဆေးပြား(၁၀၂၀၀၀၀)ပြား အလေးချိန် (၁၀၂)ကီလိုဂရမ်၊ (၁)ပြားလျှင် (၂၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်းကာလတန်ဖိုး (၂၀၄၀၀၀၀၀၀၀ိ/-)စာဖြင့်) (သိန်းပေါင်းနှစ်သောင်းလေးရာ) အား ကုလားအုတ်တံဆိပ်ပါ ဂျုံခေါက်ဆွဲအထုပ်(၅၀)ပါ ကတ်ထူစက္ကူဖာ (၁)ဖာ၊ သရဖူတံဆိပ်ပါ ဆန်ကြာဇံအထုပ် သေး(၃၀)ထုပ်ပါ ပီနံအိတ်(၅)အိတ်၊ အလေးချိန်(၅၀) ကီလိုဂရမ်ပါ၊ သကြားအိတ်(၃)အိတ်၊ MSG စာတမ်းပါ၂၅ ကီလိုဂရမ်ခန့်ရှိ အချိုမှုန့်အိတ်(၃)အိတ်၊ အဖြူရောင် ပီနံအိတ်ဖြင့် ထည့်လျက် အလေးချိန်(၁၅)ပိဿာခန့်ရှိ ကွမ်းစားဆေးရွက်ကြီး(၃)အိတ်၊ အဝါရောင်ကတ်ထူဗူးတွင် ရွှေမင်းသား တံဆိပ်ပါ ရွှေဝါဆပ်ပြာတောင့်(၄၀)တောင့်၊ အဝါရောင် ပီနံအိတ်ဖြင့် ထုတ်ထားသော ကတ်ထူဖာ(၂၆)ဖာ အတွင်းမှ ပင်မတံဆိပ် ကွမ်းစားနှပ်ဆေးရည်ဗူးများပါ (၁၃)အိတ်တို့နှင့်အတူ ရောနှောသယ်ဆောင်လာသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

ယင်းနောက်တွင် သက်သေခံပစ္စည်းများနှင့်အတူ မကြည်ကြည်ခိုင်(ခ)မဟန်ကြည် ကိုင်ဆောင် အသုံးပြုသည့် Redmi Note 11 pro အမျိုးအစား အနက်ရောင်ဖုန်း(၁)လုံး၊ ကျော်ဆန်းမင်း ကိုင်ဆောင်သော HUAWEI အမျိုးအစား ခဲရောင်ဖုန်း(၁)လုံး၊ သန်းအောင်ဆွေ(ခ)ဦးဆွေ ကိုင်ဆောင်အသုံးပြုသည့် Redmi 10C အမျိုးအစား အနက်ရောင်ဖုန်း(၁)လုံး၊ ခင်မောင်မြင့်ရွှေ ကိုင်ဆောင်သည့် OPPO အမျိုးအစား အနက်ရောင်ဖုန်း(၁)လုံး၊ Redmi Note 13 အမျိုးအစား အနက်ရောင် ဖုန်း(၁)လုံးတို့အား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သက်သေများရှေ့ ရှာဖွေပုံစံဖြင့် ရေးသွင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသည့် သန်းအောင်ဆွေ(ခ)ဦးဆွေ၊ ခင်မောင်မြင့်ရွှေ၊ မကြည်ကြည်ခိုင် (ခ) မဟန်ကြည်၊ ကျော်ဝင်းထွန်း (ခ) ကပ်ပလီ၊ ကျော်ဇင်လတ်၊ ကျော်ဆန်းမင်းတို့ (၆)ဦးအား မူးယစ်ဆေးဝါး ဉပဒေများနှင့်အညီ အမှုဖွင့်လှစ်ကာ အရေးယူရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

image
U Hla Soe changed his profile picture
47 w

image
U Hla Soe changed his profile cover
47 w

image
47 w - Translate

"" လူဖြစ်ရှုံးကြသူများ ""
(1) လူတစ်ယောက်ရဲ့ အကြောင်းကို ကွယ်ရာမှာ အုပ်စုလိုက် အတင်းတုပ်ပြီး အပုပ်ချ
အကြောင်းမရှိ အကြောင်းရှာ နှိမ့်ချ ပြောတတ်သူ
(2) သူတစ်ပါး ပျက်ဆီးရာ ပျက်ဆီးကြောင်း မဟုတ်မမှန် သတင်းလွှင့် အတင်း အဖျင်းပြောတတ်သူ
(3) သူတပါးအပေါ်တွင် အမြဲ အနိုင်လိုချင်နေသူ သူတပါးမျက်ရည်စက်လက် အရှုံးကြီးရှုံးနှိမ့်မှုတွေကို
ဝမ်းသာ အားရ အောင်ပွဲခံနိုင်သူ
(4) ကိုယ့်လက်အောက် ငယ်သားအပေါ်တွင် ညှာတာမှုမရှိပဲ အမြဲလိုလို အကာအကွယ်မပေးပဲ
ကိုယ်လွတ်ရုန်း၍ ကိုယ့်အတွက်သာ ကြည့်တတ်သူ
(5) နေရာတကာ လူတတ်ကြီးလုပ်၍ မိမိသာလျှင် ပညာတွေပြည့်ဝနေသူ မိမိသာလျှင်
အသိဆုံး အတတ်ဆုံးဟု မာန်မာန ထောင်လွှား၍ မောက်မာတတ်သူ
(6) မိဘ စည်းစိမ်အပေါ်တွင် သာယာယစ်မူးနေပြီး ကိုယ်ကိုယ်တိုင် ကိုယ့်အရည်အချင်းနှင့်
တစ်ပြားတစ်ချမှ မရှာနိုင်ပဲ အထက်စီးမှ အမြဲနေချင်နေသူ
(7) ကားပေါ်ရောက်သည်နဲ့ လမ်းလျှောက်နေသူများ အကြောင်းမသိသူ ၊ လေယာဉ်ပေါ်ရောက်သည်နှင့်
မြေကြီးပေါ်က လူတွေအကြောင်း မသိသူ ၊ ချမ်းသာသွားသည်နှင့် ဆင်းရဲခြင်း ဒုက္ခများကိုမေ့သွားပြီး
အောက်ခြေလွတ်သူ
(😎 မြေနိမ့်ရာ လှံစိုက် ရေနစ်ရာ ဝါးကူထိုး အမြဲလုပ်တတ်သူ
(9) တစ်ခုခုဆိုလျှင် မှန်သည် မှားသည် မစဉ်းစားပဲ ငါလည်းဆွမ်းကြီးဝင်လောင်းလိုက်မယ်လို့တွေးပြီး
လူအများနှင့် ရောနှော လုပ်ဆောင်တတ်သူ
(1 ကိုယ်ကိုယ်တိုင်က မည်သည့်အရည်အချင်းမှမရှိပဲ သူတစ်ပါး အောင်မြင်မှုအား မုဒိတာ မပွားနိုင်သူ
မနာလို မရှုစိမ့်ဖြစ်ပြီး ဒေါသပွားနေသူ တို့ဖြစ်ကြပါသည်။ ။
#credit

image
47 w - Translate

"" လူဖြစ်ရှုံးကြသူများ ""
(1) လူတစ်ယောက်ရဲ့ အကြောင်းကို ကွယ်ရာမှာ အုပ်စုလိုက် အတင်းတုပ်ပြီး အပုပ်ချ
အကြောင်းမရှိ အကြောင်းရှာ နှိမ့်ချ ပြောတတ်သူ
(2) သူတစ်ပါး ပျက်ဆီးရာ ပျက်ဆီးကြောင်း မဟုတ်မမှန် သတင်းလွှင့် အတင်း အဖျင်းပြောတတ်သူ
(3) သူတပါးအပေါ်တွင် အမြဲ အနိုင်လိုချင်နေသူ သူတပါးမျက်ရည်စက်လက် အရှုံးကြီးရှုံးနှိမ့်မှုတွေကို
ဝမ်းသာ အားရ အောင်ပွဲခံနိုင်သူ
(4) ကိုယ့်လက်အောက် ငယ်သားအပေါ်တွင် ညှာတာမှုမရှိပဲ အမြဲလိုလို အကာအကွယ်မပေးပဲ
ကိုယ်လွတ်ရုန်း၍ ကိုယ့်အတွက်သာ ကြည့်တတ်သူ
(5) နေရာတကာ လူတတ်ကြီးလုပ်၍ မိမိသာလျှင် ပညာတွေပြည့်ဝနေသူ မိမိသာလျှင်
အသိဆုံး အတတ်ဆုံးဟု မာန်မာန ထောင်လွှား၍ မောက်မာတတ်သူ
(6) မိဘ စည်းစိမ်အပေါ်တွင် သာယာယစ်မူးနေပြီး ကိုယ်ကိုယ်တိုင် ကိုယ့်အရည်အချင်းနှင့်
တစ်ပြားတစ်ချမှ မရှာနိုင်ပဲ အထက်စီးမှ အမြဲနေချင်နေသူ
(7) ကားပေါ်ရောက်သည်နဲ့ လမ်းလျှောက်နေသူများ အကြောင်းမသိသူ ၊ လေယာဉ်ပေါ်ရောက်သည်နှင့်
မြေကြီးပေါ်က လူတွေအကြောင်း မသိသူ ၊ ချမ်းသာသွားသည်နှင့် ဆင်းရဲခြင်း ဒုက္ခများကိုမေ့သွားပြီး
အောက်ခြေလွတ်သူ
(😎 မြေနိမ့်ရာ လှံစိုက် ရေနစ်ရာ ဝါးကူထိုး အမြဲလုပ်တတ်သူ
(9) တစ်ခုခုဆိုလျှင် မှန်သည် မှားသည် မစဉ်းစားပဲ ငါလည်းဆွမ်းကြီးဝင်လောင်းလိုက်မယ်လို့တွေးပြီး
လူအများနှင့် ရောနှော လုပ်ဆောင်တတ်သူ
(1 ကိုယ်ကိုယ်တိုင်က မည်သည့်အရည်အချင်းမှမရှိပဲ သူတစ်ပါး အောင်မြင်မှုအား မုဒိတာ မပွားနိုင်သူ
မနာလို မရှုစိမ့်ဖြစ်ပြီး ဒေါသပွားနေသူ တို့ဖြစ်ကြပါသည်။ ။
#credit

image
47 w - Translate

#ပြည်တွင်းသတင်း
◼ဒေါပုံတွင်မီးရှို့တိုက်ခိုက်ခံရသည့်ရာအိမ်မှူး ဆေးကုသမှုခံယူနေစဉ်သေဆုံး
ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်၊ ကြည်စုရပ်ကွက်၌ ဓာတ်ဆီလောင်းမီးရှို့တိုက်ခိုက်ခံရသည့်ရာအိမ်မှူး ဆေးကုသမှုခံယူနေစဉ်သေဆုံးသွားကြောင်း ၎င်းနှင့်နီးစပ်သူများ ထံမှသိရသည်။
“ဖေဖော်ဝါရီ ၂၆ ရက်က မနက်ပိုင်းဆုံးသွားတာ ချက်ချင်းသင်္ဂြိုဟ်လိုက်ကြတာ” ဟု ကြည်စုရပ်ကွက် တွင်နေထိုင်သူတစ်ဦးကပြောသည်။
ယခုလဖေဖော်ဝါရီ ၁၂ ရက်တွင် ကြည်စုရပ်ကွက်၊ ဓမ္မရိပ်သာလမ်းသွယ်တွင် ရာအိမ်မှူး၊ ဆယ်အိမ်မှူးအမျိုးသမီးနှင့် အမျိုးသမီးတစ်ဦးတို့က သန်းခေါင်စာရင်းမိတ္တူများ လိုက်လံကောက်ယူစဉ် အိမ်ရှင်ဖြစ်သူက ဓာတ်ဆီဖြင့်ပက်၍ မီးရှို့တိုက်ခိုက်ခဲ့ရာ ရာအိမ်မှူးနှင့်ဆယ်အိမ်မှူးအမျိုးသမီးတို့မှာ ခန္ဓာကိုယ်တွင်မီးလောင်ဒဏ်ရာများရရှိခဲ့သည်။
အဆိုပါမီးလောင်ဒဏ်ရာများကြောင့် ရာအိမ်မှူးဖြစ်သူမှာ ရန်ကုန်ဆေးရုံကြီး၌ဆေးကုသမှုခံယူနေစဉ် အနာများပိုးဝင်ကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - နေသစ်ဦး
ဓာတ်ပုံ - CJ

image

ချင်းတောင်မှာ ပွင့်တဲ့
တောင်ကြာပန်း ( တွီးလီခေ )

image

ချင်းတောင်မှာ ပွင့်တဲ့
တောင်ကြာပန်း ( တွီးလီခေ )

image

ချင်းတောင်မှာ ပွင့်တဲ့
တောင်ကြာပန်း ( တွီးလီခေ )

image