#အကြည့်ချင်းဆုံပါစေ
ကျွန်တော့်အနေဖြင့် ကိုယ်ဟန်အမူအရာနှင့် ပတ်သက်၍ မိမိ၏ကိုယ် ဟန်အမူအရာမှတစ်ပါး အခြားကိုယ်ဟန်အမူအရာများကို လိုက်၍မတုပေ။ ထို့ကြောင့် ထိုအကြောင်းအရာနှင့် ပတ်သက်၍ ပိုင်ပိုင်နိုင်နိုင်ရှိလှသည်ဟု ဟန်မဆောင်လိုပါ။ သို့သော် အောင်မြင်စွာ စကားပြောဆိုနိုင်ရန်အတွက် သင်လိုက်နာရမည့် ကိုယ်ဟန်အမူအရာတစ်ခုရှိသည်။ ထိုအမူအရာမှာ အကြည့်ချင်းဆုံခြင်းဖြစ်သည်။
အကြည့်ချင်းဆုံခြင်းသည် စကားပြောသည့် အစ၌သော်လည်း ကောင်း၊ စကားပြော၍ ဆုံးသည့်အခါ၌သော်လည်းကောင်း ဆောင်ရွက်ရမည့်ကိစ္စမဟုတ်ပေ။ ဘယ်နေရာရောက်ရောက်၊ ဘယ်အချိန်မှာဖြစ်ဖြစ်၊ ဘယ်သူ နှင့်ပင်ပြောပြော အောင်မြင်သည့် စကားပြောသူတစ်ယောက် ဖြစ်စေရန် အတွက် ကျင့်သုံးရမည့်ကိစ္စ ဖြစ်သည်။ ကျွန်တော်သည် စကားပြောဆိုနေ သည့် သူဘက်သို့ ခါးအနည်းငယ်ညွှတ်လေ့ရှိသည်။ ဤသို့ဖြင့် သူ့အပေါ် အာရုံစိုက်နေကြောင်းကို အလေးပေးရာရောက်သည်။
ကျွန်တော်ရှေ့၌ပြောခဲ့သည် အဓိကအချက်မှာ နားထောင်ခြင်းဖြစ် သည်။ ဘာပြောနေသည်ကို အမှန်တကယ် ကြိုးစားနားထောင်လျှင် ထိုသူ၏ မျက်နှာကို စိုက်ကြည့်ရန်ပိုလွယ်သည်။ သင့်အနေဖြင့် သေသေချာချာ နားထောင်လျှင် ထိုနားထောင်မှုနှင့် သင့်လျော်သည့် ကိုယ်ခန္ဓာအမူအရာ လည်း အလိုအလျောက် ဖြစ်သွားသည်။ အကြောင်းအရာကို လည်းကောင်း၊ ပြောဆိုသည့်သူကိုလည်းကောင်း စိတ်ပါဝင်စားကြောင်း ပြသရန်အနေဖြင့် ခေါင်းညိတ်သည့်အခါ ညိတ်မည်၊ ခေါင်းခါသည့်အခါခါမည်။ သို့သော် ညိတ်သင့်သည်ထင်မှ ညိတ်ပါ၊ ခါသင့်သည်ထင်မှ ခါပါ။ ဤစာအုပ်ထဲ၌ ခေါင်းညိတ်ပါ၊ ခေါင်းခါပါဟုဆိုသဖြင့် တစ်ချိန်လုံး ခေါင်းညိတ်လိုက်၊ ခါလိုက်မလုပ်ပါနှင့်။
ဤအကြောင်းအရာနှင့် ပတ်သက်၍ အခြားသတိပေးရန်တစ်ခုရှိသေး သည်။ စကားပြောဆိုနေစဉ် အကြည့်ချင်းဆုံရန်၊ မျက်စိချင်းစိုက်ကြည့်မိရန် လိုသော်လည်း အခြားသူတစ်ဦးယောက်၏ မျက်စိကို တစ်ချိန်လုံးစိုက်ကြည့် စရာမလို။ ထိုသို့ တစ်ချိန်လုံးစိုက်ကြည့်နေသည်ကို ခံရသည့်အခါ လူအများ က မသက်မသာဖြစ်ကြရသည်။ သင်လည်း မသက်မသာဖြစ်မည်မှာ အမှန် ပင်ဖြစ်သည်။ သင်က စကားပြောဆိုနေသည့်အခါတွင် မျက်စိကိုစိုက်ကြည့် ခြင်းပြုပါ။ သင် စကားပြောမနေသည့်အခါ သင်၏စကားပြောဖက်ထံမှ တစ်ခါတစ်ရံ မျက်စိကိုခွာနိုင်သည်။ သို့သော် မည်သူမျှမရှိသော ဟင်းလင်း ပြင်ကြီးကို စိုက်ကြည့်မနေပါနှင့်။ သင်သည် ပါတီတစ်ခု၌ ရောက်နေသည် ဆိုလျှင် သင်၏စကားပြောဖက်၏ ပခုံးပေါ်မှကျော်၍ ပို၍အရေးကြီးသည့် သူတစ်ယောက်ကို ရှာဖွေသည့်ပုံစံလည်း မလုပ်ပါနှင့်။
ဤအကြောင်းအရာနှင့် ပတ်သက်၍ ကျွန်တော်အခြေခံကျကျ အကြံ ပြုလိုသည်မှာ မည်သို့ကောင်းကောင်းပြောမည်ကိုသာ ဂရုစိုက်ပြီး ကိုယ်ဟန်အမူအရာကို သူ့အလိုလို ဖြစ်နေစေရန် လွှတ်ထားခြင်းသာဖြစ်သည်။
#ဆက်ရန်ရှိ
