လူမှုကွန်ယက်မှာ မိန်းမလာတောင်းတယ်လို့ ယူဆရတဲ့ ဗီဒီယိုဖိုင်လွှင့်တင်ခဲ့တဲ့ တရုတ်နိုင်ငံသား၂ဦးနဲ့ စကားပြန်ကို လူကုန်ကူးမှုနဲ့ အရေးယူထား

ဖေဖော်ဝါရီ ၈

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်တွင် တရုတ်မယားအဖြစ် လက်ထပ်ထိမ်းမြားရန် မိန်းမလာတောင်းတယ်လို့ ယူဆရတဲ့ ဗီဒီယိုဖိုင်လွှင့်တင်ခဲ့တဲ့ တရုတ်နိုင်ငံသား၂ဦးနဲ့ စကားပြန်တွေကို လူကုန်ကူးမှုနဲ့အရေးယူထားကြောင်းလူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရပါတယ်။

ဒလမြို့နယ်၊ ကမာကဆစ်ရပ်ကွက်မှာနေ ထိုင်တဲ့ အသက်မပြည့်သေးတဲ့ ဆယ်ကျော်သက်အရွယ်မိန်းကလေးငယ် တဦးကို tik tokမှ တဆင့် တွေ့ရှိကာ နေအိမ်ကို လာရောက်ခဲ့တာဖြစ်ကြောင်းနဲ့လက်ထပ်ယူလိုကြောင်းကို တရုတ်နိုင်ငံသားက ဗီဒီယိုရိုက်ကူးကာ လူမှုကွန်ယက်ပေါ်မှာတင်ပြီးစည်းရုံးမှုတွေရှိခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ တရုတ်မယားအဖြစ် ရယူလိုတဲ့ ဗီဒီယိုဖိုင်ဟာ လူမှုကွန်ယက်သုံးစွဲသူတွေကြားမှာ လူပြောများလာခဲ့ကာ ဝေဖန်မှုတွေလည်းရှိလာသလို မြန်မာအမျိုးသမီးငယ်တွေအတွက် စိုးရိမ်မှုတွေမြင့်တက်နေကြောင်း ပြောဆိုသူတွေများလာပါတယ်။

"ဘယ်သူမှ အလကားသက်သက် ကို့အိတ်ထဲကပိုက်ဆံအကုန်မခံပါဘူး ဒီတရုတ်က သူလိုချင်နေတာရှိလို့ သူသဘောကျနေတာရှိနေလို့ ခလေးမလေးရဲ့မိသားစုကိုပိုက်ဆံတွေပေးပြီး လာစည်းရုံးနေတာပါ မိဘတွေ စဥ်းစားဆင်ခြင်သင့်ပါတယ် ကလေးမလေးတွေကအမျိုးကောင်းသမီးလေးတွေပါ ငယ်ငယ်ရွယ်ရွယ်လေးနဲ့ တရုတ်လက်ထဲမရောက်စေချင်ဘူး"လို့ လူမှုကွန်ယက်သုံးစွဲသူ တဦးက ဝေဖန်ရေးသားထားပါတယ်။

ထပ်မံပြီး လူမှုကွန်ယက် တွင် အွန်လိုင်းသုံးစွဲသူတဦးက "တရုတ် မယားရှာတာ မြန်မာပြည် ထဲထိမဟုတ်ဘူး ရပ်ထဲရွာထဲကနေ အိမ်ထဲထိ ရောက်လာကြပြီး အခုကိစ္စကို လဝကအက်နဲ့ လူကုန်တားပုဒ်မနဲ့ အရေးယူသင့်တယ် ပါဝင်ပက်သက်တဲ့ စကားပြန်ပေးသူကိုလည်း တာဝန်ရှိသူတွေ ဘယ်လိုအရေးယူမလဲ အရေးမယူဘဲ ဒီတိုင်းဘဲ ထားမှာလား သိချင်မိတယ်"လို့ အွန်လိုင်းကနေတဆင့် ဝေဖန်ရေးသားထားပါ‌သေးတယ်။

ဒါကြောင့် မိန်းကလေးငယ်ရဲ့ မိသားစုဘဝရပ်တည်ရန် ခက်ခဲတဲ့ အခြေအနေပေါ် အခွင့်ကောင်းယူကာငွေကြေးလက်ဆောင်များပေးပြီးတရုတ်မယားအဖြစ်စည်းရုံးခဲ့တဲ့ တရုတ်နိုင်ငံသား Mr.Luo Fei နှင့် အမည်မသိ တရုတ်နိုင်ငံသား တဦးအပါအဝင် စကားပြန်အဖြစ် ပူးပေါင်းပြင်ဆင်အားထုတ်ခဲ့တဲ့ မသီတာအောင်၊ အောင်ဇော်ဦး(ခ) ဟာမီဒူလာ တို့ကိုဥပဒေနဲ့အညီ အရေးယူပေးရန် တိုင်တန်းချက်အရ ဖေဖေါ်ဝါရီ ၆ ရက် ညနေပိုင်းက ဒလမြို့မရဲစခန်း (ပ)၂၀/၂၀၂၅၊ လူကုန်ကူးမှုတား ဆီးနှိမ်နင်းရေးဥပဒေပုဒ်မ-၃၅/၄၄ ဖြင့် အမှုဖွင့်လှစ်ခဲ့ကြောင်းသိရပါတယ်။

အမှုမှ တရားခံဖြစ်သူ တွေကို ဖမ်းမိရေးဆောင်ရွက်ရာမှာ တရုတ်နိုင်ငံသား Mr.Luo Fei ၊ နိုင်ငံကူးလက်မှတ် EN 0910723 အနေနဲ့ ဖေဖေါ်ဝါရီ ၆ ရက် ညနေ ၅ နာရီ ၄၅ မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိလေဆိပ်သို့ Thai Airway လေကြောင်းလိုင်း၊ ခရီးစဉ်အမှတ် (TG-.)ဖြင့် ထွက်ခွာရန် ရန်ကုန်လေဆိပ်၊ လူဝင်မှုကြီးကြပ်ရေး ကောင်တာကို ဝင်ရောက်လာခဲ့သဖြင့် အမှတ်(၁၉)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(ရန်ကုန်လေဆိပ်)မှ ဒုရဲမှူး ဇော်ထူးအောင်ဦးစီးအဖွဲ့က ပြည်ပထွက်ခွာခွင့်အား တားဆီးခဲ့ရာ ဆက်လက်ပြီး အမှတ်(၆) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(ရန်ကုန်)ကိုအကြောင်းကြားခဲ့ရာ ဒလမြို့မရဲစခန်းမှ (ပ) ၂၀/၂၀၂၅၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ-၃၅/၄၄အမှုမှ တရားခံ တရုတ်နိုင်ငံသား Mr.Luo Feiအား အမှုဖြင့် ဆက်လက် စစ်ဆေးနိုင်ရန် အမှတ်(၆)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(ရန်ကုန်)သို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရှိရပါတယ်။

Photo- Cj

Credit - VOM News Agwncy

#သတင်းဟင်းလေးအိုးကြီး

imageimage
32 ပတ် - ဘာသာပြန်ပါ။

သိဖို့ 🤪

#funny

image
32 ပတ် - ဘာသာပြန်ပါ။

အမေရိကရဲ့ အထီးကျန်ဆုံးလမ်းမကြီး
အမေရိကန် အဝေးပြေးလမ်းမကြီးတခုဖြစ်တဲ့ U.S. Route 50 ကိုတော့ အမေရိကရဲ့ အထီးကျန်ဆုံးလမ်း The Loneliest Road in America လို့ တင်စားခေါ်ဝေါ်ကြပါတယ်။
Maryland ပြည်နယ် Ocean City ကနေ ကယ်လီဖိုးနီးယားပြည်နယ် Sacramento အထိ မိုင် ၃,၀၀၀ ကျော် ရှည်လျားတဲ့ သမိုင်းဝင်အဝေးပြေးလမ်းမကြီး ဖြစ်ပါတယ်။
ဒီနာမည်ကို ၁၉၈၆ ခုနှစ်မှာ Life မဂ္ဂဇင်းက နီဗားဒါးပြည်နယ်ပိုင်းလမ်းပိုင်းကို ပေးခဲ့တာဖြစ်ပါတယ်။
ခရီးသွားတွေအနေနဲ့ မြို့တွေ၊ ဓာတ်ဆီဆိုင်တွေ၊ ဒါမှမဟုတ် လူသူနေထိုင်တဲ့နေရာတွေကို မတွေ့ရဘဲ မိုင်ပေါင်းများစွာ အထီးကျန်စွာ မောင်းနှင်ရတဲ့လမ်း ဖြစ်နေလို့ပါ။
U.S. Route 50 လမ်းပိုင်းအများစုဟာ ကျယ်ပြန့်တဲ့သဲကန္တာရတွေ၊ တောင်တန်းတွေနဲ့ လူသူနေထိုင်ခြင်းမရှိတဲ့ စွန့်ပစ်မြို့တွေကို ဖြတ်သန်းသွားပြီး အမေရိကန်အနောက်ပိုင်းရဲ့ ကြမ်းတမ်းတဲ့ သဘာယအလှတရားတွေကို မြင်ကြရမှာဖြစ်ပါတယ်။
နီဗားဒါးပြည်နယ်ပိုင်းအပြင်ဘက်မှာတော့ U.S. Route 50 ဟာ နိုင်ငံတဝှမ်းက မြို့ကြီးတွေ၊ မြို့သေးတွေနဲ့ ထင်ရှားတဲ့နေရာတွေကို ဆက်သွယ်ပေးပြီး ၁၉၂၆ ခုနှစ်ကတည်းက စတင်ခဲ့တာဖြစ်တာကြောင့် သမိုင်းဝင်လမ်းမကြီးလည်းဖြစ်ပါတယ်။
Appalachian တောင်တန်း၊ ဂရိတ်ပလိန်းလွင်ပြင်နဲ့ Sierra Nevada တောင်တန်းတွေကို ဖြတ်သန်းသွားပြီး အမေရိကန်နိုင်ငံရဲ့ မတူကွဲပြားတဲ့ ရှုခင်းတွေကို ပြသပေးပါတယ်။
အထီးကျန်လွန်းပေမယ့် တိတ်ဆိတ်မှုနဲ့ ထူးခြားတဲ့ခရီးသွားအတွေ့အကြုံကို ရှာဖွေနေတဲ့ ခရီးသွားတွေကတော့ ဒီလမ်းမကြီးကို နှစ်သက်ကြပါတယ်။

image
32 ပတ် - ဘာသာပြန်ပါ။

စွမ်းရည်မြင့် လူတူစက်ရုပ် ၁၀၀,၀၀၀ ထုတ်လုပ်မယ့် အမေရိကန် ကုမ္ပဏီ
=========================================
အမေရိကန် နဲ့ တရုတ် တို့ရဲ့ နည်းပညာ စစ်ပွဲဟာ စိတ်ဝင်စားစရာ ကောင်းနေပါပြီ။ တရုတ်က အဆင့်မြင့် လူတူစက်ရုပ်တွေကို မကြာခဏ ပြသနေပါတယ်။ အခုတော့ အမေရိကန် ကုမ္ပဏီ Figure က ထိပ်တန်း ကုမ္ပဏီ တစ်ခုအတွက် အဆင့်မြင့် လူတူစက်ရုပ် ၁၀၀,၀၀၀ ထုတ်လုပ်ပေးဖို့ သဘောတူညီလိုက်ပြီလို့ ကြေညာလိုက်ပါတယ်။ နောက် ၄ နှစ်အတွင်း အဲဒီ စက်ရုပ်တွေကို ထုတ်လုပ်ပေးမှာ ဖြစ်ပါတယ်။
Figure က ဝယ်ယူတဲ့ ကုမ္ပဏီ နာမည်ကိုတော့ မပြောပါဘူး။ ကမ္ဘာ့ ထိပ်တန်း ကုန်ပစ္စည်း အရောင်းဆိုင် သို့မဟုတ် နည်းပညာ ကုမ္ပဏီ ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
Figure ရဲ့ လူတူ စက်ရုပ်တွေဟာ ကုန်ပစ္စည်း သိုလှောင်ရုံ၊ အရောင်းဆိုင်နဲ့ လူသားတွေကို စောင့်ရှောက်တဲ့ အလုပ်တွေကို ပြုလုပ်ပေးနိုင်ပါတယ်။ အခု ထုတ်လုပ်မယ့် စက်ရုပ် ၁၀၀,၀၀၀ ဟာ စီးပွားရေးလုပ်ငန်းသုံးနဲ့ နေအိမ် သုံး စက်ရုပ်တွေ ဖြစ်ပါတယ်။
ကမ္ဘာ့ ထိပ်တန်း လူတူစက်ရုပ် ကုမ္ပဏီ Figure နဲ့ တရုတ် လူတူစက်ရုပ် ကုမ္ပဏီတွေရဲ့ အားပြိုင်ပွဲက စိတ်ဝင်စားစရာကောင်းနေပါပြီ။

image
32 ပတ် - ဘာသာပြန်ပါ။

မေမေ့ခိုင်နှင်းဝေကို လူကြီးလေးလိုပဲ အပီအပြင် ပြုစုပေးနေတဲ့ ခိုင်ဟေသာမေ😍

#celenews

image
32 ပတ် - ဘာသာပြန်ပါ။

လစာကုန်သွားလို့ ရှိတာလေးနဲ့ပဲ ser နေရတယ်

image
32 ပတ် - ဘာသာပြန်ပါ။

When we test our limit 🥲🤌

Gemini ♊️ , Leo ♌️, Sagittarius ♐️, Capricorn ♑️, Scorpio ♏️, Cancer ♋️

သတ္တိမရှိရင် မစမ်းစေချင်ဘူး🙄

#lunatarot

image
32 ပတ် - ဘာသာပြန်ပါ။

ရေနံချောင်း အလှ🍂🍁🍂

image
32 ပတ် - ဘာသာပြန်ပါ။

ရေနံချောင်း အလှ🍂🍁🍂

image
32 ပတ် - ဘာသာပြန်ပါ။

ရေနံချောင်း အလှ🍂🍁🍂

image