#နိုင်ငံတကာသတင်း
◼အပစ်ရပ်မှုဆက်လက်တည်မြဲနေပြီး အိန္ဒိယနှင့်ပါကစ္စတန်အရာရှိများ ရှေ့လာမည့် အဆင့်များကို ဆက်ဆွေးနွေးမည်
နှစ်ပေါင်း ၃၀ နီးပါးကာလအတွင်း အပြင်းထန်ဆုံးသောတိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့ကာ အပစ်အခတ်ရပ်စဲမှုကြောင့် နယ်စပ်တွင် တည်ငြိမ်‌အေးချမ်းမှု ပြန်လည်ရရှိခဲ့ပြီးနောက် နျူကလီးယားပိုင်ဆိုင်သော အိမ်နီးချင်းနှစ်နိုင်ငံကြား ရှေ့ဆက်လုပ်ဆောင်မည့်အဆင့်များအတွက် အိန္ဒိယနှင့်ပါကစ္စတန်စစ်ဘက် အရာရှိများကြား ယနေ့ ဆွေးနွေးသွားကြမည်ဖြစ်ကြောင်း သိရသည်။
အပစ်အခတ်ရပ်စဲမှုအား ကနဦး ချိုးဖောက်မှုများရှိခဲ့ပြီးနောက် ယမန်နေ့ညက ပေါက်ကွဲမှုသို့မဟုတ် လက်နက်ကြီးပစ်ခတ်မှု သတင်းများမကြားရဘဲ မကြာသေးမီရက်များအတွင်း ပထမဆုံးငြိမ်သက်သောညတစ်ည ဖြစ်ခဲ့ကြောင်း အိန္ဒိယစစ်ဘက် ပြောကြားပြီး စာသင်ကျောင်းတချို့ကိုမူ ပိတ်ထားဆဲဖြစ်သည်။
လေးရက်ကြာကာလအတွင်း တစ်ဖက်နှင့်တစ်ဖက်စစ်စခန်းများကိုပါ ပစ်မှတ်ထားခဲ့သည့် ပြင်းထန်သော ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပေါ်ခဲ့ပြီး ဝါရှင်တန်ထံမှ သံတမန်ရေး နှင့် ဖိအားများရှိခဲ့ပြီးနောက် စနေနေ့က စတင်သည့် အပစ်ရပ်စဲမှုကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် က ကြေညာခဲ့သည်။
စနေနေ့က အပစ်ရပ်ချိုးဖောက်မှုများနှင့် ပတ်သက်၍ အိန္ဒိယစစ်ဘက် က ပါကစ္စတန်ထံသို့ သတင်းစကားတစ်ရပ် တိုက်ရိုက်ပေးပို့ခဲ့ကာ ချိုးဖောက်မှုများ ထပ်မံဖြစ်ပေါ်ခဲ့ပါက လက်တုံ့ပြန်မည့်အကြောင်းကို ပြောကြားခဲ့ကြောင်း အိန္ဒိယစစ်ဘက် အရာရှိကြီးတစ်ဦး က ပြောကြားသည်။
နှစ်ဖက်စလုံးမှ စစ်ဆင်ရေးဆိုင်ရာ ကွပ်ကဲရေးမှူးချုပ်နှစ်ဦး က ယနေ့ နေ့လယ် ၁၂ နာရီ၌ ဆက်သွယ်စကားပြောကြမည်ဖြစ်ကြောင်း စနေနေ့က ထုတ်ပြန်ချက်တစ်ရပ်တွင် အိန္ဒိယ နိုင်ငံခြား‌ရေးဝန်ကြီး ဌာနက ပြောကြားသည်။ ပါကစ္စတန်ဘက်ကမူ ယင်းအစီအစဉ်နှင့်ပတ်သက်၍ မှတ်ချက်ပေးခြင်းမရှိပေ။
ခရီးသွား ၂၆ ဦးသေဆုံးခဲ့သော တိုက်ခိုက်မှုအတွက် အိန္ဒိယက ပါကစ္စတန်အား အပြစ်တင်ခဲ့ပြီးနောက် နှစ်ဖက်ကြားဆက်ဆံရေးဆိုးရွားသွားခဲ့ပြီး မဟာပြိုင်ဘက်နှစ်ဦး က စစ်စခန်းများကိုပါ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြပြီး အရပ်သားများလည်း ဒါဇင်နှင့်ချီ၍ သေဆုံးခဲ့သည်။
အဆိုပါ စွပ်စွဲမှုများကို ပါကစ္စတန် က ငြင်းဆိုပြီး ဘက်မလိုက်သော စုံစမ်းစစ်ဆေးမှုလုပ်ရန် တောင်းဆိုခဲ့သည်။
ပါကစ္စတန်နှင့် ပါကစ္စတန်ပိုင်ကက်ရှ်မီးယားဒေသမှ အကြမ်းဖက် အခြေခံအဆောက်အဦးများအား တိုက်ခိုက်ခဲ့ကြောင်း အိန္ဒိယက ပြောကြားသော်လည်း ယင်းနေရာများမှာ အရပ်သားနေရာဌာနများဖြစ်ကြောင်း ပါကစ္စတန်အစိုးရ က ပြောကြားသည်။
အပစ်အခတ်ရပ်စဲမှုရရှိအောင် စွမ်းဆောင်ပေးခဲ့ခြင်းအတွက် ဝါရှင်တန်ကို ကျေးဇူးတင်ကြောင်း အစ္စလာမာဘတ် က ပြောပြီး အိန္ဒိယနှင့်ဖြစ်နေသည့် ကက်ရှ်မီးယားအငြင်းပွားမှုအား ကြားဝင်စေ့စပ်ပေးမည်ဟူသော ထရန့်၏ ကမ်းလှမ်းမှုကို ကြိုဆိုခဲ့သော်လည်း နယူးဒေလီက အမေရိကန်ပါဝင်ပတ်သက်မှုအကြောင်း သို့မဟုတ် ကြားခံနေရာတစ်ခု၌ဆွေးနွေးမည့်ကြောင်းကို ဖွင့်ဟ ပြောဆိုခြင်းမရှိကြောင်း ရိုက်တာသတင်းက ဖော်ပြသည်။
ပါကစ္စတန်နှင့် အငြင်းပွားမှုများကို နှစ်ဖက်ကြားတိုက်ရိုက်ဖြေရှင်းရမည် ဖြစ်ကြောင်း အိန္ဒိယ က ပြောကြား‌ကာ ကြားလူပါဝင်ပတ်သက်မှုများကို ပယ်ချခဲ့ကြောင်း သိရသည်။
သတင်း-ရဲမင်း

image

အသေးစိတ်

push-pull-leg ၁ရက်နား upper -lower

45 w - Translate

ကွန်ပျူတာသုံး ကိုယ်ပိုင် PC OS သစ် Huawei ချပြ
Huawei လည်း Apple လိုပဲ ကိုယ်ပိုင် ecosystem နဲ့ ဖြစ်လာပါပြီ။
မိုဘိုင်း OS ကို တောက်လျှောက်အဆင့်မြှင့်လာပြီးတဲ့နောက် အခု ကွန်ပျူတာသုံး PC OS ပါ ထုတ်နိုင်တာက Huawei အတွက် မှတ်တိုင်ပါပဲ။
ကွန်ပျူတာသုံး Operating System ဆိုရင် Microsoft က Windows နဲ့ Apple ရဲ့ macOS ပဲ ကြီးစိုးနေသလို နှစ်ခုလုံးက အမေရိကန်နည်းပညာတွေ ဖြစ်လို့ Huawei device တွေမှာ သုံးဖို့ အပိတ်ခံထားရတာပါ။
HarmonyOS PC က ပင်ရင်းနည်းပညာကို ကိုယ့်ခြေကိုယ့်လက် ရပ်တည်ချင်တဲ့ Huawei အတွက် အောင်မြင်မှုတစ်ခုလို့ ပြောနိုင်ပါတယ်။ ဒီ OS ထွက်ဖို့အတွက်လည်း Huawei က မူပိုင်ခွင့် ၂၇၀၀ ကျော် ဖန်တီးပြီး ၅ နှစ်လုံး အချိန်ပေးကြိုးစားခဲ့တာပါ။
HarmonyOS 5 ပေါ်မှာ run ထားတဲ့ ဒီ PC OS သစ်က AI စွမ်းဆောင်ရည်တွေပါ ပေါင်းစည်းထားတာဖြစ်လို့ AI features တွေနဲ့ တော်တော်ထူးခြားနေပါလိမ့်မယ်။ UI ကတော့ macOS ပုံစံ အောက်ခြေ homescreen အလယ်တည့်တည့်မှာ ‌apps dock တွေနဲ့ လာမှာပါ။
HarmonyOS PC က မေလ ၁၉ ရက်နေ့မှ တရားဝင် မိတ်ဆက်ပါလိမ့်မယ်။ အခုထိ HarmonyOS ecosystem ကို အသုံးပြုနေတဲ့ ထုတ်ကုန်ပေါင်း သန်း ၁ ထောင် နဲ့ မှတ်ပုံတင် developers ပေါင်း ၇.၂ သန်း ရှိနေပြီလို့လည်း သိရပါတယ်။

image
45 w - Translate

ရဲတွေနဲ့အတူ ကင်းလှည့်နေတဲ့ တရုတ်စက်ရုပ်
စက်ရုပ်နည်းပညာဖွံ့ဖြိုးတဲ့ နိုင်ငံတွေမှာတော့ စက်ရုပ်တွေကို နေရာစုံ သုံးလာတာပါပဲ။
တရုတ်မှာဆို multimodal AI ပါတဲ့ လူတူစက်ရုပ်တွေကို လမ်းကြောရှင်းတဲ့နေရာကနေ ကင်းလှည့်တဲ့နေရာအထိ သုံးနေပါပြီ။ ဒီ Humanoid တွေကို China Robot Cops တွေလို့ ခေါ်ပါတယ်။ တရုတ်စက်ရုပ်ရဲလို့ ခေါ်ရမယ် ထင်ပါတယ်။
မကြာသေးခင်ကပဲ ရှန်းကျန့်က ရဲတပ်ဖွဲ့ဟာ လူတစ်ယောက်လို ပြုမှုဆက်ဆံနိုင်တဲ့ PM01 လူတူစက်ရုပ်နဲ့ မြို့ထဲ ကင်းလှည့်ခဲ့လို့ လူထုစိတ်ဝင်စားမှု မြင့်တက်ခဲ့ပါတယ်။ ၁.၃၈ မီတာ မြင့်ပြီး အလေးချိန် ကီလို ၄၀ ရှိတဲ့ ရဲဝတ်စုံဝတ် PM01 က လူတွေနဲ့ စကားပြောနိုင် , လက်ဆွဲနှုတ်ဆက်နိုင်ပြီး ၃၂၀ ဒီဂရီ ခါးလှည့်နိုင်တဲ့ အဆင့်မြင့် စက်ရုပ်မျိုးပါ။
ဈေးကွက်ထဲမှာဆို ယွမ် ၈၈၀၀၀ တန်တဲ့ စက်ရုပ်ဖြစ်ပြီး သူ့မှာ လေဆာသုံး အနီးအဝေးထောက်လှမ်းတိုင်းတာမှုတွေ လုပ်နိုင်တဲ့ LiDAR system တပ်ထားပါတယ်။ PM01 က ရှန်းကျန့်မြို့က EngineAI ဆိုတဲ့ ကုမ္ပဏီထုတ် စက်ရုပ်ပါ။
AI စက်ရုပ်နည်းပညာ ထွန်းကားတဲ့ တရုတ်မှာ Humanoid အသုံးချမှုက တစ်နေ့ထက်တစ်နေ့ များပြားထူးခြားလာနေပါတယ်။ စီချွမ်ပြည်နယ် Mianyang မြို့တော်မှာဆို ရဲတွေက ယာဉ်ကြောကျပ်တဲ့ မနက် ၈ နာရီကနေ ညနေ ၅ နာရီအထိ လမ်းလုံခြုံရေးအတွက် စက်ရုပ်သုံးပြီး လမ်းရှင်းလာပါတယ်။
နောက်ပိုင်းမှာ စက်ရုပ်တွေဟာ နေ့စဉ်ဘဝထဲက မရှိမဖြစ်ပစ္စည်းတစ်ခုလို ဖြစ်လာနိုင်ပါတယ်။

image

လူတစ်ယောက်ရဲ့တန်ဖိုးဆိုတာ သူ့ရဲ့စိတ်နှလုံးအတွင်းမှာသာ တည်ရှိတာ ဖြစ်ပါတယ် ။ စိတ်ကောင်းရှိတာ သီလရှိတာ စေတနာထားတတ်တာ ကိုယ်ချင်းစာနာတတ်တာ အဆင့်အတန်း မခွဲခြားတတ်တာ မျှတတာ ချိုသာသိမ်မွေ့တာ ယဉ်ကျေးမှုရှိတာ အလိုက်သိတာ စတဲ့ အနှစ်သာရတွေကသာ လူတစ်ယောက်ရဲ့တန်ဖိုးကို ပိုင်းဖြတ်နိုင်တာဖြစ်ပါတယ် ။
ကိုယ့်ဘဝကို သူများရဲ့ဘဝနဲ့ နှိုင်းယှဉ်မိပြီး အပေါ်ယံအဆောင်အယောင်ကြောင့် တန်ဖိုးမရှိဘူးလို့ ခံစားမိတဲ့အခါ ကိုယ့်ရဲ့အတွင်းစိတ်ထဲမှာ ရှိနေတဲ့ အရည်အသွေးအနှစ်သာရတွေနဲ့ ပြန်သုံးသပ်ကြည့်ဖို့လိုပါတယ် ။ ကိုယ်ဟာ စိတ်ကောင်းရှိတယ် ။ သီလလုံတယ် ။ ဘာလေးပဲလုပ်လုပ် စေတနာလေးနဲ့ လုပ်ပေးတတ်တယ် ။ ကိုယ့်ထက်နိမ့်ကျသူ ဆင်းရဲဒုက္ခရောက်နေသူအပေါ် စာနာသနားစွာ ကူညီပေးတတ်တယ် ။ အဆင့်အတန်းမခွဲခြားတတ်ဘူး ။ သူများအပေါ် မလိုတမာစိတ်မထားဘူး ။ ကြမ်းတမ်းတဲ့ စကားမျိုးမပြောဘူး ။ အတင်းမပြောဘူး ။ ကုန်းမချောတတ်ဘူး စသဖြင့် ကိုယ့်မှာရှိနေတဲ့ အရည်အသွေးတွေကို ပြန်သုံးသပ်ဆင်ခြင်ပြီး ကိုယ့်ရဲ့တန်ဖိုးကို မြှင့်တင်ဖို့လိုပါတယ်
သူများရဲ့ မျက်ဝန်းအကြည့်နဲ့ ကိုယ့်တန်ဖိုးကို အဖြတ်ခံလိုက်ခြင်းဟာ သူတစ်ပါးလက်ထဲ ကိုယ့်ရဲ့တန်ဖိုးနဲ့ ပျော်ရွှင်မှုကို အပ်နှင်းလိုက်တာနဲ့ တူပါတယ် ။ ကိုယ့်ရဲ့တန်ဖိုးကို ကိုယ်တိုင်ပဲ သတ်မှတ်ရမှာ ဖြစ်ပါတယ် ။ ကိုယ့်ဘဝကို ဘယ်သူနဲ့မှ နှိုင်းယှဉ်နေစရာမလိုဘဲ ကိုယ့်တန်ဖိုးလေးတွေကို ကိုယ့်ဘာသာသိနေပြီး ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတတ်တဲ့သူကို ဘယ်သူကမှ ဆွဲနှိမ်ချလို့ မရပါဘူး ။ အထင်အမြင်သေးစွာ ဆက်ဆံလို့မရပါဘူး ။
ကိုယ့်တန်ဖိုးကိုသိပြီး ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတတ်လာတဲ့အခါ နှိုင်းယှဉ်ခြင်းတွေက အဓိပ္ပါယ်မရှိဘူးဆိုတာကို နာလည်စွာနဲ့ ကိုယ့်ကိုယ်ကိုယ် အကောင်းမြင်ချစ်ခင်တတ်လာပါတယ် ။
ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတတ်လာတဲ့အခါ သူများဘဝတွေကို လိုက်ပြီး နှိုင်းယှဉ်အားကျမနေတော့ဘဲ ကိုယ့်ဘဝကလေးကို သူများအားကျရလောက်အောင် ကျေနပ်ရောင့်ရဲစွာ နေတတ်လာပါတယ် ။
#လွန်းထားထား
#တန်ဖိုးထားတတ်လာတဲ့အခါ
#စိတ်စေတနာနဲ့တန်တဲ့ဘဝ

image
45 w - Translate

🔹(12.5.2025) ရက်နေ့က JOIM Website ပေါ်ကနေ ကုမ္ပဏီများက ခေါ်ယူခဲ့သော Urgent လိုအပ်နေသော Jobs Vacancies လေးများကို Photo တစ်ခုချင်းစီရဲ့ အောက်မှာဖော်ပြပေးထားပါတယ်..🔹
🔹ဘယ်လိုအလုပ် လျှောက်ရမလဲ . . . ❓
အောက်ပါ Link မှ တဆင့် Apply now နေရာတွင် လျှောက်ထားရမယ့် E-mail, Viber Contact တို ကို ကြည့်ရှုပြီး လျှောက်ထားနိုင်ပါသည်။
#company_direct_job_sharing

image
45 w - Translate

🔹(12.5.2025) ရက်နေ့က JOIM Website ပေါ်ကနေ ကုမ္ပဏီများက ခေါ်ယူခဲ့သော Urgent လိုအပ်နေသော Jobs Vacancies လေးများကို Photo တစ်ခုချင်းစီရဲ့ အောက်မှာဖော်ပြပေးထားပါတယ်..🔹
🔹ဘယ်လိုအလုပ် လျှောက်ရမလဲ . . . ❓
အောက်ပါ Link မှ တဆင့် Apply now နေရာတွင် လျှောက်ထားရမယ့် E-mail, Viber Contact တို ကို ကြည့်ရှုပြီး လျှောက်ထားနိုင်ပါသည်။
#company_direct_job_sharing

image
45 w - Translate

🔹(12.5.2025) ရက်နေ့က JOIM Website ပေါ်ကနေ ကုမ္ပဏီများက ခေါ်ယူခဲ့သော Urgent လိုအပ်နေသော Jobs Vacancies လေးများကို Photo တစ်ခုချင်းစီရဲ့ အောက်မှာဖော်ပြပေးထားပါတယ်..🔹
🔹ဘယ်လိုအလုပ် လျှောက်ရမလဲ . . . ❓
အောက်ပါ Link မှ တဆင့် Apply now နေရာတွင် လျှောက်ထားရမယ့် E-mail, Viber Contact တို ကို ကြည့်ရှုပြီး လျှောက်ထားနိုင်ပါသည်။
#company_direct_job_sharing

image
45 w - Translate

🔹(12.5.2025) ရက်နေ့က JOIM Website ပေါ်ကနေ ကုမ္ပဏီများက ခေါ်ယူခဲ့သော Urgent လိုအပ်နေသော Jobs Vacancies လေးများကို Photo တစ်ခုချင်းစီရဲ့ အောက်မှာဖော်ပြပေးထားပါတယ်..🔹
🔹ဘယ်လိုအလုပ် လျှောက်ရမလဲ . . . ❓
အောက်ပါ Link မှ တဆင့် Apply now နေရာတွင် လျှောက်ထားရမယ့် E-mail, Viber Contact တို ကို ကြည့်ရှုပြီး လျှောက်ထားနိုင်ပါသည်။
#company_direct_job_sharing

image