ခေါနူးတုမ် ဝိတိုရိယတောင်

image

ခေါနူးတုမ် ဝိတိုရိယတောင်

image

ခေါနူးတုမ် ဝိတိုရိယတောင်

image

ခေါနူးတုမ် ဝိတိုရိယတောင်

image

ခေါနူးတုမ် ဝိတိုရိယတောင်

image
image
image
image
image
32 w - Translate

ဆယ်လီမုဆိုး ဇာတ်ကားသစ်

IMDb-8.5/10

ဆယ်လီတစ်ယောက်နာမည်ကြားရုံနဲ့ အရူးအမူးသည်းသည်းလှုပ်ပြီး
ဘာမဆိုလုပ်ပေးဖို့အဆင်သင့်ဖြစ်နေပြီး ဆယ်လီတွေကိုမှ‌
အရူးအမူးချစ်တတ်တဲ့ကောင်မလေးတွေကိုပဲ
ရွေးပြီးထောင်ချောင်ဆင်တတ်တဲ့ ဆယ်လီမုဆိုးယူဂန်ဒါ။

ဆယ်လီမုဆိုးမှာလည်း အတိတ်ကထရော်မာတစ်ခုရှိနေခဲ့တယ် ။
သိပ်လှတဲ့ဇနီးဖြစ်သူက သူ့အလှအပတွေက သူ့ထက်သာတဲ့
ဆယ်လီမင်းသားနာမည်ကြီးတွေနဲ့မှ ထိုက်တန်တယ်ဆိုပြီး
တက်သစ်စမင်းသားတစ်လက်နဲ့ဖောက်ပြန်သွားခဲ့တယ် ။

အတိတ်က မကောင်းတဲ့မိန်းမတစ်ယောက်ကြောင့် လက်ရှိမှာ မိန်းမပေါင်းများစွာ
ထောင်ချောက်ဆင်ဒုက္ခပေးနေတဲ့ ယူဂန်ဒါကို ပညာပေးဆုံးမသွား‌မဲ့သူကလည်း စောမြဆိုတဲ့ရဲမေလေးတစ်ယောက်။

စောမြဆိုတာက ရဲမေအလုပ်ကိုဝါသနာကြီးလွန်းလို့သာလုပ်နေပေမဲ့ မိသားစုပတ်ဝန်းကျင်ကလည်း
ဝေဖန်ပြစ်တင်ကြသလို စခန်းတွင်းမှာလည်း မကြိုဆိုကြဘဲ ရဲဋ္ဌာနကိုစဝင်တဲ့နေ့မှာပဲ
ဖိုင်အပုံလိုက်ကြားမှာ စာရွက်စာတမ်းတွေ ခွဲစီရတဲ့နေရာကိုတန်းရောက်သွားတယ်။

တခြားမိန်းကလေးတွေရဲ့ ပြဿနာထက် သူ့ကိုယ်ပိုင်ပြဿနာတွေက ပထမဆုံးအတားအဆီးဖြစ်နေတဲ့
စောမြတစ်ယောက် အချိန်တိုအတွင်း ဘယ်လိုဖြေရှင်းသွားမလဲ ယူဂန်ဒါဆိုတဲ့
ဆယ်လီမုဆိုးကရော အဲဒီလောက်ရိုးရှင်းပြီး ဖမ်းရလွယ်ကူနေပါ့မလား

ထရော်မာတစ်ခုကြောင့် တရားခံဖြစ်လာသူနဲ့
ကိုယ့်ဘဝကို ကိုယ်တိုင်ထုဆစ်လာတဲ့ရဲမေတို့ ဘယ်လိုဆုံတွေ့ အားပြိုင်ကြမလဲဆိုတာ ရှုစားကြည့်ပါဦး

အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ CM Bollywood Team မှဖြစ်ပါတယ်

#crd
#storymode

image
32 w - Translate

သဘာဝပြောင်ခေါင်းစိမ်း🍀🍀🍀
( Natural Peridot )

#gems

image
32 w - Translate

သဘာဝပြောင်ခေါင်းစိမ်း🍀🍀🍀
( Natural Peridot )

#gems

image
32 w - Translate

သဘာဝပြောင်ခေါင်းစိမ်း🍀🍀🍀
( Natural Peridot )

#gems

imageimage
Khine Su Zin shared a post  
32 w

32 w

(၇)ရက်သားသမီး ဟောစာတမ်းများ
တနင်္ဂနွေ သားသမီး
အလုပ်အဆင်မပြေ အထစ်အငေါ့များ ကြုံနေမည်။ငွေကြေး ရသင့်သည်များ မရပဲ ထစ်ငေါ့ကြန့်ကြာနေတတ်မည်။ကျန်းမာရေး အဆစ်ယောင်ခြင်း၊ဂေါက်(gout)ရောဂါ သတိပြုပါ။အချစ်ရေး ချစ်သူနှင့် အနေဝေးနေရတတ်မည်။အိမ်ထောင်ရေး အဆင်ပြေနေတတ်သော်လည်း အမြင်မတူမှုကြောင့် ပဋိပက္ဃကြုံနေရတတ်မည်။ပညာရေးထူးချွန်၍ နိုင်ငံခြားပညာသင်ယူခွင့်ကြုံရတတ်မည်။
ယတြာ-- တနင်္ဂနွေနေ့ မွန်းလွဲပိုင်းတွင် စေတီတစ်ဆူ၌ လျှပ်စစ်မီးပူဇော်ရန်အလှူငွေ ထည့်ပေးပါ။
----
တနင်္လာ သား/သမီး
လုပ်ငန်းပုံမှန်လည်ပတ်နေမည်။ငွေကြေးကံ သင့်တင့်စွာတိုးတက်မှုရှိမည်။ကျန်းမာရေး ဝမ်းခေါင်းတွင်း၊အစာအိမ်ရောဂါများ သတိပြုပါ။အချစ်ရေးတွင် စန်းပွင့်နေတတ်ပြီး လှေနံနှစ်ဖက်နင်းသကဲ့သို့ ဖြစ်ရတတ်ကာချစ်သူနှစ်ဦးကြား ဗျာများနေရတတ်မည်။အိမ်ထောင်ရေး အဆင်မပြေ၊လူမှုရေးအရှုပ်ကြောင့် ပြဿနာကြုံနေရတတ်မည်။ပညာရေး အခွင့်အလမ်းကောင်းကြုံ၍ အဆင့်မြင့်ပညာ သင်ယူခွင့်ကြုံမည်။
ယတြာ--- တနင်္လာနေ့ မွန်းမလွဲမီ ငါး(၂)ကောင် ဘေးမဲ့လွှတ်ပေးပါ။
----
အင်္ဂါ သား/သမီး
လုပ်ငန်းတိုးတက်မှုကြုံပြီး မိတ်သစ်များကြောင့်လည်း အကျိုးခံစားရတတ်မည်။ငွေကြေးကံပွင့်လမ်းကောင်းမွန်နေမည်။ကျန်းမာရေး ပြဿနာကြီးမရှိသောလည်းအာရုံကြောရောဂါ၊အ‌ ကြော တက်ခြင်း၊ခေါင်းကိုက်ခြင်း..စသောအသေးစားခံစားရမှုများဖြစ်ပေါ်ကြုံတွေ့ရတတ်မည်။အချစ်ရေး အဆင်ပြေ၍ ပျော်ရွှင်ကြေနပ်မှု ခံစားရမည်။
အိမ်ထောင်ရေး အဆင်မပြေ လမ်းခွဲရန်ထိ ကြုံရတတ်၍ သတိပြုပါ။ပညာရေး ကံကောင်းမွန်နေ၍ နည်းပညာ(It)နှင့်ပတ်သက်၍ သင်ယူခွင့်ကြုံမည်။
ယတြာ--- ဘုရားအင်္ဂါထောင့်တွင်မွန်းမလွဲမီ အလင်းတိုင် အနီရောင် (၈) တိုင် ထွန်းညှိပူဇော်ပေးပါ။
----
ဗုဒ္ဓဟူး သား/သမီး
လုပ်ငန်း အဆင်မပြေရပ်တံ့နေရသကဲ့သို့ ကြုံနေရတတ်မယ်။ငွေကြေးအခွင့်အလမ်း အားနည်း
နေတတ်မည်။ပေးဆပ်စရာများကြောင့် ခေါင်းခဲနေရတတ်မည်။ကျန်းမာရေးတွင် ရင်၊ဝမ်း၊အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါမျိုးထဲမှ ခံစားရတတ်မည်။အချစ်ရေးကံ ကောင်း၍ ချစ်သူ၏အလိုလိုက်အကြိုက်ဆောင်ခြင်း ကြုံရတတ်မည်။အိမ်ထောင်ရေးပြဿနာအထူးမရှိပါ။
ယတြာ-- ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းတွင် စေတီတစ်ဆူ၏ မွေးနံထောင့်၌ ရွက်လှ(၄)ညွန့် ကပ်လှူပေးပါ။
------
ကြာသပတေး သား/သမီး
လုပ်ငန်း မရေရာမှုများကြုံနေရ၍ လမ်းပျောက်သကဲ့သို့ ဖြစ်နေတတ်မည်။ငွေကြေး အဆင်မပြေမှုများ ကြုံနေရတတ်သော်လည်း၊မထင်မှတ်ထားသော အထောက်အကူတစ်ရပ် ရရှိတတ်မည်။ကျန်းမာရေး ကောင်းမွန်နေပါမည်။အချစ်ရေး
ချစ်သူ၏ သဝန်တို ချုပ်ချယ်မှုများကြောင့်
စိတ်ပျက်နေရတတ်မည်။အိမ်ထောငင်ရေး အဆင်ပြေနေမည်။ပညာရေး ထူးချွန်၍
ပညာသင်ထောက်ပံ့ကြေးဖြင့် ပညာသင်ယူခွင့် ရတတ်မည်။
ယတြာ-- ကြာသပတေးနေ့ နေ့လည် ၁၂ နာရီ မထိုးမီတွင် အိမ်ကဘုရားတွင်ပေါက်ပေါက်ဆုပ်(သို့)
ပဲမုန့် (၅) ခုကပ်လှူပေးပါ။
----
သောကြာ သား/သမီး
လုပ်ငန်းအဆင်ပြေ တိုးတက်မှုများကြုံနေမည်။လုပ်ငန်းတိုးချဲ့ရန်ပင် ကြုံလာတတ်မည်။ငွေကြေးကံ အထူးကောင်းမွန် တိုးတက်နေမည်။ကျန်းမာရေး အညံ့ရှိ၍ ဆီး၊ကျောက်ကပ်၊သွေးသားဆိုင်ရာ ရောဂါများထဲမှ သတိပြုရမည်။အချစ်ရေး အဆင်မပြေစကားများရ ရန်ဖြစ်ရတတ်မည်။အိမ်ထောင်ရေး ကံ သင့်တင့်စွာ ကောင်းမွန်နေမည်။ပညာရေး ပညာသင်လိုစိတ် ပျောက်ဆုံး၍ပညာရေး ရပ်တံ့သွားတတ်မည်။
ယတြာ-- သောကြာနေ့ နံနက်ပိုင်းတွင် ဘုရားသောကြာထောင့်၌ ရေသက်စေ့ သပ္ပာယ်ပေးပါ။
----
စနေ သား/သမီး
အလုပ်တွင် ရန်အတိုက်အခံများစွာ ကြုံနေရတတ်မည်။အလုပ်အကိုင်အခွင့်အလမ်းရရန် ပြင်းထန်စွာ ယှဥ်ပြိုင်ရတတ်မည်။ငွေကြေးကံ အားနည်း၍ အကြပ်အတည်း ကြုံရတန်မည်။ကျန်းမာရေး
တွင် နှလုံး၊သွေးတိုး၊အာရုံကြောရောဂါများထဲမှ သတိပြုပါ။အချစ်ရေးလောလောဆယ် ချစ်သူနှင့် ခေတ္တအဆက်အသွယ်မရ ဖြစ်နေတတ်မည်။အိမ်ထောင်ရေး ပြဿနာ အထူးမရှိနိုင်ပါ။ပညာရေး
ကြိုးစားသလောက် အရာမထင် ဖြစ်နေတတ်မည်။
ယတြာ-- စနေနေ့ မွန်းလွဲပြီးနောက် သံဃာတစ်ပါးအား ဖိနပ်လှူပေးပါ။

ဆရာဝင်းမင်း(B.Sc)