26 w - Translate

အမေရိကန် တရားရုံးချုပ်က TikTok ပိတ်ပင်မှုဥပဒေကို အတည်ပြု
+++++++++++
အမေရိကန်ပြည်ထောင်စုမှာ TikTok အသုံးပြုမှုကို တားမြစ်သည့် ဥပဒေကို အမေရိကန်တရားရုံးချုပ်က အတည်ပြုချမှတ်လိုက်ပါတယ်။
ဒီဥပဒေဟာ အရင်နှစ် ဧပြီလက အတည်ပြုခဲ့တာပါ။
TikTok ဟာ အမေရိကန်က အသုံးပြုသူ သန်း ၁၇၀ ကျော်အတွက် လွတ်လပ်စွာပြောဆိုထုတ်ဖေါ်ခွင့်ကိုချိုးဖေါက်တယ်လို့ပြောဆိုနေကြတာပါ။ တနင်္လာနေ့မှာ အိမ်ဖြူတော်‌ ရောက်မယ့် သမ္မတဒေါ်နယ်ထရမ့်အနေနဲ့ ဒီ ဥပဒေကို ပြဋ္ဌာန်းလိမ့်မယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။ TikTok ကတော့ ပေကျင်းနဲ့ အချက်အလက်တွေကို မျှဝေခြင်းမရှိဘူးလို့ ငြင်းဆိုထားပါတယ်။
တနင်္လာနေ့မှာ ပြုလုပ်မယ့် ထရမ့်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို အခြားနာမည်ကျော် ဧည့်သည်တွေနဲ့အတူတက်ရောက်ဖို့မျှော်လင့်ထားတဲ့ TikTok စီအီးအို ရှိုးဇီချူ ကတော့ အက်ပလီကေးရှင်းနဲ့ လုပ်ဆောင်ဖို့ ကတိကဝတ်ပြုထားပြီး အမေရိကန်မှာ ဆက်လက်ထားရှိပေးထားတဲ့အတွက် တက်လာမယ့် သမ္မတကို ကျေးဇူးတင်တယ်လို့ပြောပါတယ်။
ဗုဒ္ဓဟူးနေ့က အထက်လွှတ်တော်မှာ TikTok ကို ရက်ပေါင်း ၂၇၀မှာ ဖျက်သိမ်းမယ့် နောက်ဆုံးရက်ကို သက်တမ်းတိုးဖို့ကိုတညီတညွတ်တည်း သဘောတူခဲ့ကြပေမယ့် ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် တွန်ကော်တွန် ကတော့ အဆိုပါ အဆိုပြုချက်ကို ကန့်ကွက်တားမြစ်ခဲ့ပါတယ်။"ကျွန်တော်တို့ မှောင်သွားပါပြီ။ အဓိကကတော့ ပလက်ဖောင်း ပိတ်သွားလို့ပါလို့ TikTok ရှေ့နေ နိုအယ်ဖရန်စစ်စကိုက အရင်တစ်ပတ်ကလုပ်တဲ့တရားခွင်မှာပြောကြားခဲ့ပါတယ်။

image

ကျားဖြန့်ကို တိုက်ဖျက်ရန် တရုတ်က အာဆီယံကို တိုက်တွန်း

ဘေကျင်း၊ ဇန်နဝါရီ ၁၈

အာဆီယံနိုင်ငံများအနေဖြင့် အွန်လိုင်းလောင်းကစား လုပ်ငန်းများနှင့် အွန်လိုင်းငွေလိမ်ဂိုဏ်းများကို တိုက်ဖျက်ရန် ခိုင်မာသည့် စီမံချက်များ ချမှတ်လုပ်ဆောင်ရန် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) က ဇန်ဝါရီ ၁၆ ရက် တွင် ပြောကြားခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

ထိုရာဇဝတ်လုပ်ငန်းများကို တိုက်ဖျက်ရာတွင် သက်ဆိုင်ရာနိုင်ငံများ အနေဖြင့် တာဝန်နှင့် ဝတ္တရားများအား မျှဝေ ထမ်းဆောင်ကြရန်လည်း ဝမ်က တိုက်တွန်းခဲ့သည်။

ထိုင်း-မြန်မာနယ်စပ်တွင် အွန်လိုင်းလောင်းကစား လုပ်ငန်းများနှင့် ကျားဖြန့်စင်တာများ၏ လူမှောင်ခိုကူးမှု ဖြစ်စဉ်များသည် တရုတ်နှင့် အခြားနိုင်ငံများ၏ နိုင်ငံသားများကို ထိခိုက်နစ်နာစေခဲ့ကြောင်း ဝမ်က ပြောသည်။

ဝမ်သည် ဒေသတွင်း သံတမန်များနှင့် ကြုံတောင့်ကြုံခဲ ပြုလုပ်သည့် အစည်းအဝေးအတွင်း တရုတ်အနေဖြင့် တရားဥပဒေစိုးမိုးရေး၊ နိုင်ငံအားလုံးမှ ပြည်သူများ လုံခြုံစွာ ခရီးသွားလာနိုင်ရေးတို့အတွက် အာဆီယံနိုင်ငံများနှင့် အတူ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်လိုကြောင်း ပြောကြားခဲ့သည်။

အရှေ့တောင်အာရှတွင် ကျားဖြန့်လုပ်ငန်းများနှင့် လူမှောင်ခိုကူးမှုအပေါ် တရုတ်က အလွန်စိုးရိမ်နေကြောင်းကို ဝမ်၏ မှတ်ချက်စကားများက ပြသရာရောက်ခဲ့သည်။

ထို့ပြင် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများကို တိုက်ဖျက်ရန် ထိုင်းနှင့် မြန်မာ ပါဝင်သည့် အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံနှင့် တရုတ်အကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် အရေးတကြီး လိုအပ်နေသည့် အခြေအနေကိုလည်း ထင်ရှားစေခဲ့သည်။

တရုတ်ခရီးသွားများသည် Covid-19 ကပ်ရောဂါ မတိုင်ခင်က ဒေသတွင်း ဒေါ်လာ ဘီလျံချီ သုံးစွဲခဲ့ကြသဖြင့် အာဆီယံနိုင်ငံများအတွက် အဓိကဝင်ငွေ အရင်းအမြစ်တစ်ခုဖြစ်ခဲ့သည်။

သို့သော် တရုတ်၏ လူမှုမီဒီယာများတွင် ကျားဖြန့်လုပ်ငန်းများနှင့် လူမှောင်ခိုကူးသည့် သတင်းများက ပျံ့နှံ့နေ သဖြင့် တရုတ်ခရီးသွားများသည် အာဆီယံနိုင်ငံများကို ခရီးသွားရန် စိုးရိမ်လျက်ရှိသည်။

မကြာသေးခင်က ဟိုးလေးတကျော် ဖြစ်သွားခဲ့သည့် ဖြစ်စဉ်တစ်ခုမှာ တရုတ်သရုပ်ဆောင် ဝမ်ရှင်း (Wang Xing) သည် ယခုလအစောပိုင်းက ထိုင်း-မြန်မာနယ်စပ်အနီးတွင် ပျောက်ဆုံးသွားခဲ့ပြီး ရက်ပိုင်းအကြာမှာပင် မြန်မာနိုင်ငံ အတွင်း၌ ပြန်လည်တွေ့ရှိခဲ့သည့် ဖြစ်စဉ်ဖြစ်သည်။

ဝမ်သည် လူမှောင်ခို ကူးခံခဲ့ရသည်ဟု ယူဆရကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြီးခဲ့သည့် သီတင်းပတ်အတွင်း ပြောကြား ခဲ့သည်။

Source: ဘန်ကောက်ပို့စ်

ပုံ - ဝမ်ယိကို တွေ့ရစဉ်

#centralnewsnaypyitaw

image

မြန်မာနိုင်ငံရှိပိုင်ဆိုင်မှုများကို ရောင်းချပြီး ထိုင်းနိုင်ငံတွင် နေထိုင်ရန် တရားမဝင် ဝင်ရောက်လာသူ မြန်မာနိုင်ငံသား ၁၄ ဦးကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီး

ဇန်နဝါရီ ၁၉

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များနှင့် ရဲတပ်ဖွဲ့သည် ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသော မြန်မာနိုင်ငံသားတစ်ဦးနှင့်အတူအခြား မြန်မာနိုင်ငံသား ၁၃ ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

အမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၇ ဦးပါဝင်သော မြန်မာနိုင်ငံသားအုပ်စုသည် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်ရန် ကြိုးပမ်းလာခဲ့သူများဖြစ်ပြီး ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသော မြန်မာနိုင်ငံသားတစ်ဦးနှင့်အတူ အခြား မြန်မာနိုင်ငံသား ၁၃ ဦးကို ချင်းမိုင်းမြို့ရထားဘူတာတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းတို့သည် ဘန်ကောက်မြို့ Krungthep Aphiwat ဘူတာရုံသို့သွားရောက်ရန် စီစဉ်ထားခြင်းဖြစ်ရာ ချင်းမိုင် မီးရထားဘူတာရုံတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း၊ အဆိုပါမြန်မာနိုင်ငံသားများသည် မိသားစုဝင်များဖြစ်ပြီး မြန်မာနိုင်ငံသား ၁၃ ဦးက ထိုင်းနိုင်ငံတွင် ရှင်သန်နေထိုင် အလုပ် လုပ်ကိုင်ရန်အတွက် မြန်မာနိုင်ငံရှိပိုင်ဆိုင်မှုများကို ရောင်းချပြီး ထိုင်းနိုင်ငံသို့ လာရောက်ခြင်းဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့၏ စစ်တမ်းများတွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသူများကို တွေ့မြင်ခဲ့ကြောင်း သတင်းပေးချက်ကို လက်ခံရရှိခဲ့ပြီးနောက် ချင်းမိုင်မြို့ ရဲမှူးကြီး Suthirathep Phothinarimit ဦးဆောင်သောအဖွဲ့က သွားရောက်စစ်ဆေးဖမ်းဆီးခဲ့ခြင်းမျိုးဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသား ၁၃ ဦးက ၎င်းတို့သည် တာချီလိတ်မြို့မှ ထိုင်းနိုင်ငံသို့ တောလမ်းမှတစ်ဆင့် တရားမဝင် ဝင်ရောက်ခဲ့ကြောင်း၊ ချင်းမိုင်မြို့သို့ ထပ်မံသွားရောက်ရန်အတွက် ပစ်ကပ်ကားဖြင့် ညအချိန်တွင် ခရီးထွက်လာခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။ ချင်းမိုင်မြို့သို့ ရောက်ရှိလာချိန်တွင် အိမ်တစ်လုံး၌ နေထိုင်ခဲ့ရပြီး တည်နေရာကို သိရှိမည် စိုးရိမ်သည့်အတွက် ဖုန်းများ သိမ်းယူခံရကြောင်း၊ ချင်းမိုင်မြို့မှတစ်ဆင့် လေးဘီးကားဖြင့် ချင်းမိုင်ဘူတာရုံသို့ ထပ်မံသွားရောက်ခဲ့ရကြောင်း၊ ဘန်ကောက်မြို့တွင် အလုပ်လုပ်ရန်အတွက် ပွဲစားခအဖြစ် ထိုင်းဘတ် ၉၅၀၀ ပေးခဲ့ရကြောင်း ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားတစ်ဦးက ပြောသည်။

ချင်းမိုင်ရဲစခန်းသည် မြန်မာနိုင်ငံသား ၁၄ ဦးကို စုံစမ်းစစ်ဆေးပြီးနောက် ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကာ မိခင်နိုင်ငံသို့ ပြန်ပို့မည်ဖြစ်ကြောင်း သိရသည်။

Ref Thailandnews

Credit - Myanmar Transparency News Agency

#သတင်းဟင်းလေးအိုးကြီး

imageimage

စနေနေ့ ညပိုင်းနှင့် တနင်္ဂနွေမနက်ပိုင်း ဘောလုံးပွဲရလဒ်များ

#ဘောလုံးသတင်းစုံ

image
image
image

ဇန်နဝါရီ ၁၉ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#centralnewsnaypyitaw

image

ဇန်နဝါရီ ၁၉ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#သတင်းဟင်း​လေးအိုးကြီး

image
26 w - Translate

နိုင်ငံတကာသတင်းတိုများ

၁။ထရမ့်၏သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲသိုသမ္မတ​ဟောင်းများဖြစ်သည့်အိုဘားမား၊ဘီလ်ကလင်တန်နှင့်​ဂျောချ့်ဘုရှ်တိုမတက်​ရောက်ဟုNBCသတင်းဌာနက​ကြေညာသည်။

၂။ထရမ့်၏ကျမ်းသစ္စာကျိန်ဆိုပွဲသိုရုရှားကအ​မေရိကန်နိုင်ငံဆိုင်ရာရုရှားသံအမတ်ကြီးအပါအဝင်မည်သူမှတက်​ရောက်မည်မဟုတ်ဟု​ကြေ ညာသည်။

၃။ထရမ့်သည်တနင်္လာနေ့တွင်သမ္မတကျမ်းသစ္စာကျိန်ဆိုပြီး​နောက်အင်္ဂါ​နေ့မှစပြီးတရားမဝင်​နေထိုင်သူများကိုအစုလိုက် အပြုံလိုက်နှင်ထုတ်မည်ဖြစ်​ကြောင်းနယူး​ယောက်ပိုစ်သတင်းစာက​ဖော်ပြလိုက်သည်။

၄။ယူကရိန်းကဝင်​ရောက်သိမ်းပိုက်ထား​သောရုရှားပိုင်နက်ကာ့စ်ခ်​ဒေသ၏၆၃.၂%ကိုပြန်လည်သိမ်းယူပြီးဖြစ်​ကြောင်းရုရှားက​ကြေညာသည်။

၅။၁၉၈၄ခုနှစ်က၁.၆ထရီလီယံသာ​ကြွေးတင်​နေ​သောအ​မေရိကန်သည်ယခု၃၆ထရီလီယံအထိ​အကြွေးများတက်လာသဖြင့်​ဒေဝါလီခံရမည့်အ​ရေးရင်ဆိုင်​နေရ​ကြောင်းနည်းပညာသူ​ဌေးကြီးအီလွန်မတ်စ်ခ်ကသတိ​ပေးလိုက်သည်။

NOM

26 w - Translate

တစ်ရွာလုံးနီးပါး သစ်သားတွေနဲ့ပဲတည်ဆောက်ထားတဲ့ `ပအိုဝ်း´ ရိုးရာနေအိမ်လေးတွေ🏠

ဟိုပုံးမြို့နယ်၊ မဲနယ်တောင်တန်းဒေသ၊ ကျောက္ကချားရွာ

အနမ်းဝိုင်ရုပ်ရှင်ရို၊က်ခဲ့တဲ့
ရွာလေးပေါ့

အခုနှစ်ပိုင်းမှသာတိုက်အိမ်လေးတွေဆောက်လာကြတာကိုတွေ့ရတယ်🏡

🏞️ကျောက္ကချား ကျေးရွာကတော့
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွာအုပ်စု အတွင်း တည်ရှိပါတယ်

ဒီရွာကိုရောက်ဖူးကြလား😍

image
26 w - Translate

တစ်ရွာလုံးနီးပါး သစ်သားတွေနဲ့ပဲတည်ဆောက်ထားတဲ့ `ပအိုဝ်း´ ရိုးရာနေအိမ်လေးတွေ🏠

ဟိုပုံးမြို့နယ်၊ မဲနယ်တောင်တန်းဒေသ၊ ကျောက္ကချားရွာ

အနမ်းဝိုင်ရုပ်ရှင်ရို၊က်ခဲ့တဲ့
ရွာလေးပေါ့

အခုနှစ်ပိုင်းမှသာတိုက်အိမ်လေးတွေဆောက်လာကြတာကိုတွေ့ရတယ်🏡

🏞️ကျောက္ကချား ကျေးရွာကတော့
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွာအုပ်စု အတွင်း တည်ရှိပါတယ်

ဒီရွာကိုရောက်ဖူးကြလား😍

image
26 w - Translate

တစ်ရွာလုံးနီးပါး သစ်သားတွေနဲ့ပဲတည်ဆောက်ထားတဲ့ `ပအိုဝ်း´ ရိုးရာနေအိမ်လေးတွေ🏠

ဟိုပုံးမြို့နယ်၊ မဲနယ်တောင်တန်းဒေသ၊ ကျောက္ကချားရွာ

အနမ်းဝိုင်ရုပ်ရှင်ရို၊က်ခဲ့တဲ့
ရွာလေးပေါ့

အခုနှစ်ပိုင်းမှသာတိုက်အိမ်လေးတွေဆောက်လာကြတာကိုတွေ့ရတယ်🏡

🏞️ကျောက္ကချား ကျေးရွာကတော့
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွာအုပ်စု အတွင်း တည်ရှိပါတယ်

ဒီရွာကိုရောက်ဖူးကြလား😍

image