၁၉၉၄ ခုနှစ်ရဲ့ နွေရာသီမှာ Chunging Express ကိုရုံတင်ပြသခဲ့တယ်။ ပရိသတ်တွေ အံ့အားသင့်ရတဲ့ရုပ်ရှင်လည်းဖြစ်တယ်။ ဘာလို့လဲဆို ဝမ်ကာဝေရိုက်နေတယ်လို့ ပရိသတ်သိထားတာ ဒီရုပ်ရှင်မဟုတ်ဘူး။ Days of Being Wild ရုပ်ရှင်အပြီးမှာ ဘယ်ထုတ်လုပ်ရေးကမှ ဝမ်ကာဝေအတွက် ပိုက်ဆံထုတ်မပေးရဲတော့ ဝမ်ကာဝေက သူ့ကိုယ်ပိုင်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခု ထောင်လိုက်တယ်။ ပြီးတော့ သိုင်းရုပ်ရှင်ကြီး Ashes of Time ကို စရိုက်တော့တာပဲ။ ရိုက်တယ်။ ရိုက်တယ်။ ရိုက်တုန်းပဲ။ ရိုက်နေတုန်းပဲ။ တော်တော်နဲ့ကိုမပြီးပါဘူး။ ဝမ်ကာဝေက ဒီနေ့ရိုက်မယ့်ဇာတ်ဝင်ခန်းရဲ့ ဇာတ်ညွှန်းကို ရိုက်မယ့်မနက်မှ ပေးချင်ပေးတတ်တယ်။ တခါတလေ သူ့ဦးနှောက်က ဘာအကြံမှမထွက်ရင် ဘာမှမရိုက်ဖြစ်တဲ့အခါလည်းရှိတယ်။ ပိုဆိုးချင်တော့ ဝမ်ကာဝေ ခေါ်ထားတဲ့ ထုတ်လုပ်ရေးဒီဇိုင်းသမား (Production Designer) က သူ့လောက်နီးနီး ဇီဇာကြောင်တယ်။ ဇာတ်ဝင်ခန်းတိုင်း၊ ရိုက်ချက်တိုင်းကို လုံးဝ ခရေစေ့တွင်းကျ ပြီးပြည့်စုံချင်တဲ့လူမျိုး။ ဒီတော့ ဝမ်ကာဝေ ဇာတ်ညွှန်းမပြီးတာရယ်၊ အဲ့ဒီထုတ်လုပ်ရေးဒီဇိုင်းသမား စိတ်တိုင်းမကျတာရယ်ပေါင်းရင် ဇာတ်ဝင်ခန်းတစ်ခန်းက သတ်မှတ်ရက်ထက် လပေါင်းများစွာ နောက်ကျသွားပါရော။ ရိုက်တဲ့ရုပ်ရှင်ကလည်း သိုင်းရုပ်ရှင်ဆိုတော့ ပိုဆိုးတာပေါ့။ ရိုက်ကူးရေးရက်တွေကို လွန်မြောက်ပြီး တည်းဖြတ်ချိန်လည်းရောက်ရော ဝမ်ကာဝေတစ်ယောက် စိတ်ထွက်ပေါက်လိုအပ်လာတယ်။ နောက်ပြီး သူ့ထုတ်လုပ်ရေးကုမ္ပဏီ အရှုံးမပေါ်ဖို့ ရုပ်ရှင်နောက်တစ်ကားလိုအပ်နေတာလည်း သူသဘောပေါက်ထားတယ်။ အဲ့ဒီနောက်တစ်ကားကလည်း Ashes of Time နဲ့ မရှေးမနှောင်းထွက်မှရမယ်၊ ဘတ်ဂျက်လည်း ပိုသက်သာရမယ်။ ဒါနဲ့ပဲ Chungking Express ပေါ်လာတာပါပဲ။
ဝမ်ကာဝေက Chungking Express ရုပ်ရှင်ဖန်တီးတာဟာ ကျောင်းသားရုပ်ရှင်တစ်ကားရိုက်နေသလိုပဲလို့ ပြောဖူးတယ်။ Ashes of Time မထွက်ခင် လပိုင်းအလိုမှာ ရုံတင်နိုင်ခဲ့တယ်။ ဘယ်ပရိသတ်ကမှ ဒီရုပ်ရှင်အပေါ် မျှော်လင့်ထားတာမရှိခဲ့ဘူး။ ဒါပေမယ့် အဲ့ဒီအချက်ကပဲ Chungking Express ကို ပေါက်ကားဖြစ်သွားစေခဲ့တယ်။ ဒီရုပ်ရှင်က ဟောင်ကောင်ပြည်သူတွေစိတ်ထဲက ခံစားချက်ကို ဆွဲထုတ်ပြနိုင်ခဲ့တယ်ပြောရမယ်။ ဒီလိုငယ်ရွယ်နုပျိုတဲ့ခံစားချက်ရတဲ့ရုပ်ရှင်မျိုးက ဟောင်ကောင်ရုပ်ရှင်လောကမှာ သိပ်ရှားတာကြောင့်လည်းပါမယ်ထင်တယ်။ ပရိသတ်တွေက ဝက်ဝက်ကွဲအားပေးကြတယ်။ တရုတ်ပြည်မကြီးအထိ ခိုးကူးခွေတွေပျံ့သတဲ့။ နောက်ပြီး ရုပ်ရှင်ပွဲတော်တွေလည်း ပတ်ပြခွင့်ရသွားတယ်။ တိုရန်တိုရုပ်ရှင်ပွဲတော်မှာဆို ပရိသတ်တွေ အရူးအမူးကြိုက်ကြပါတယ်တဲ့။ ဘယ်လောက်တောင် အောင်မြင်သလဲဆို အဲ့ဒီခေတ်အချိန်ကာလက ရုပ်ရှင်သင်တန်းကျောင်းတက်နေတဲ့သူတွေဆိုရင် သူတို့ရဲ့ကျောင်းသားရုပ်ရှင်တွေမှာ Chungking Express အငွေ့အသက်ကို တနည်းမဟုတ်တနည်းမှီငြမ်းကြတဲ့အထိကိုပဲ။ ဘာလို့လဲဆိုတော့ Chungking Express ရိုက်ကူးထားပုံကိုက သာမန်လူတစ်ယောက် သူ့အတိုင်းလိုက်ရိုက်လို့ရတဲ့ခံစားချက်တစ်ခု ပေးနေတာကိုး။ ဒါတင်ပဲလားဆိုတော့မဟုတ်သေးဘူး။ Chungking Express မှာ ပြည်ပပရိသတ်တွေ နောက်ထပ်သတိထားမိသွားတာရှိပါသေးတယ်။ Faye Wong ပါ။
California Dreamin’ သီချင်းနောက်ခံထားပြီး သဘာဝကျကျ လှုပ်ရှားနေတဲ့ Faye Wong ကို အမေရိကန်က ပရိသတ်တွေ သိပ်သဘောကျကြတယ်။ အဲ့ဒီသီချင်းနဲ့ ကနေတဲ့ဇာတ်ဝင်ခန်းအပြီးမှာဆို လက်ခုပ်ပါထတီးကြတဲ့အထိပဲ။ Faye Wong ဘယ်သူလဲဆိုတာ လူတွေက သိချင်လာကြတယ်။ သူ့အကြောင်းကို စိတ်ဝင်စားလာကြတယ်။ Chungking Express ကျေးဇူးကြောင့် ဂျပန်မှာဆိုရင် Faye Wong ပရိသတ်အင်အား တော်တော်တောင့်တင်းလာခဲ့တယ်။ ဂျပန်ကို ရှိုးပွဲတွေသွားဆိုရတဲ့အပြင် ဂျပန်မှာ အအောင်မြင်ဆုံးဂိမ်း franchise တစ်ခုလို့ပြောလို့ရတဲ့ Final Fantasy ဂိမ်းအတွက် Eyes on Me ဆိုတဲ့ သီချင်းတစ်ပုဒ်တောင် ထုတ်ခဲ့သေးတယ်။ အဲ့ဒီလောက်အထိကို အောင်မြင်ခဲ့တယ်။ တဖက်မှာ Dreams သီချင်းရှင် Noel Hogan တို့တစ်သိုက်လည်း သူတို့သီချင်းက နိုင်ငံပေါင်းစုံမှာ ပြန်ပြီးရေပန်းစားလာတဲ့အကြောင်း သတင်းအစအနတွေကြားလာရတယ်။ ၁၉၉၆ ခုနှစ်မှာ The Cranberries အဖွဲ့ ဟောင်ကောင်ကို ကမ္ဘာပတ်ဖျော်ဖြေတဲ့အခါမှာတော့ Noel တို့ Dreams သီချင်း ဘယ်လောက်အထိ အောင်မြင်နေသလဲဆိုတာ မျက်ဝါးထင်ထင် သိလိုက်ရတယ်။ လက်ခုပ်တီးသံတွေဟာ ဟိန်းထနေတာမှ ရင်တောင်ထိတ်လောက်တဲ့အထိပဲ။ သူတို့ဖျော်ဖြေခဲ့တဲ့ ဟောင်ကောင် colosseum ဆိုတာ ပုံမှန်အားဖြင့် ဟောင်ကောင်ပေါ့ပ်စတားတွေသာ ဖျော်ဖြေခွင့်ရတဲ့နေရာလည်းဖြစ်တယ်။ တခြားနိုင်ငံတကာအဆိုတော်တွေ၊ band တွေ အနားတောင်ကပ်လို့မရတဲ့နေရာဆိုလည်းမမှားဘူး။ လာအားပေးတဲ့ပရိသတ်ပမာဏက သူတို့ထင်ထားတာထက်များတယ် ဆိုတဲ့စကားထက်တောင်မှ များပါသေးတယ်။ ဟောင်ကောင်တင်ပဲလားဆိုတော့ မဟုတ်။ တရုတ်သမ္မတကတော်ကို ဖုန်းခေါ်ရင် Dreams သီချင်းကိုအရင်ကြားရပါသတဲ့။ နောက်ပြီး တရုတ်အိုလံပစ်အသင်းကလည်း Dreams သီချင်းကို အိုလံပစ်အဖွင့်ပွဲမှာ ချီတက်ဖို့သီချင်းအဖြစ် သုံးဖူးပါသေးတယ်တဲ့။
Chungking Express ဟာ ဟောင်ကောင်ရဲ့နောက်ဆုံးနေ့ရက်များကို လွမ်းဆွတ်စရာရုပ်ရှင်ဆိုလည်းမှန်တယ်။ ဟောင်ကောင်ကြုံတွေ့ရမယ့်အပြောင်းအလဲအပေါ် အားပေးတဲ့ရုပ်ရှင်ဆိုလည်းမှန်တယ်။ Faye Wong ဆိုတဲ့ ပါရမီရှင်အမျိုးသမီးကို တစ်ကမ္ဘာလုံးသိအောင် မိတ်ဆက်ပေးလိုက်တဲ့ရုပ်ရှင်ဆိုလည်းမှန်တယ်။ The Cranberries ရဲ့ Dreams ကို ဆယ်စုနှစ်ပေါင်းများစွာ ဆက်ပြီးရှင်သန်နေအောင် တွန်းပို့ပေးတဲ့ရုပ်ရှင်ဆိုလည်းမှန်တယ်။ နောက်ပြီး Chungking Express ဟာ သက်တမ်းကုန်ဆုံးရက် မရှိသေးတဲ့ရုပ်ရှင်ဆိုလည်း မှန်ပါလိမ့်မယ်။ Faye Wong ရဲ့ Dreams သီချင်းဟောင်ကောင်ဗားရှင်းဟာလည်း ထိုနည်းလည်းကောင်းပါပဲ။

image

Chungking Express ဟာ ဇာတ်လမ်း ၂ ပုဒ်ပါတဲ့ရုပ်ရှင်ကားတစ်ကားဖြစ်တယ်။ ဒါတော့ အများသိပြီးသားပါပဲ။ ပထမတစ်ပုဒ်က ဟောင်ကောင်ရဲ့ကြမ်းတမ်းခက်ထန်တဲ့ဒေသတစ်ခုမှာ ဇာတ်လမ်းတည်ထားပြီး ညဖက်ကိုပြတယ်။ နောက်တစ်ပုဒ်က ဟောင်ကောင်ကျွန်းလို့ခေါ်တဲ့ မော်ဒန်ဆန်တဲ့ဒေသဖက်မှာဇာတ်လမ်းတည်ပြီး နေ့အလင်းရောင်ရှိချိန်တွေကို ပြတယ်။ ဟောင်ကောင်ကျွန်းကို ဝမ်ကာဝေက ငယ်ရွယ်နုပျိုတဲ့အငွေ့အသက်တွေပြည့်နှက်နေပြီး Soho နဲ့တူတယ်လို့ပြောဖူးတယ်။ (လန်ဒန်က Soho လား၊ မန်ဟက်တန်က Soho လားတော့ သေချာမသဲကွဲဘူး) အပေါ်မှာပြောခဲ့သလိုပဲ ဒီရုပ်ရှင်ကိုဖန်တီးနေတဲ့အချိန်ကာလမှာ ဟောင်ကောင်ပြည်သူတွေစိတ်ထဲမှာက သူတို့ကိုယ်သူတို့ စွန့်ပယ်ခံရတော့မယ်၊ တခြားလူဆီ အပ်ခံရတော့မယ်ဆိုတဲ့ ခံစားချက်ရှိနေခဲ့တယ်။ ဒီတော့ ဝမ်ကာဝေက အရာအားလုံးမပြောင်းလဲသွားခင် “အရင်ကဟောင်ကောင်” အငွေ့အသက်ကို ဖမ်းဆုပ်ပြချင်ခဲ့တယ်။ ဒါ့အပြင် “ပြောင်းလဲသွားခဲ့ရင်” ဆိုတဲ့အယူအဆကိုလည်း တင်ဆက်ပြချင်တယ်။ ဒီတော့ အချိန်ကုန်တော့မှာကို စိတ်ထဲစွဲလမ်းနေတဲ့ဟောင်ကောင်မြို့ကြီးလိုပဲ Chungking Express ဟာလည်း သက်တမ်းကုန်ဆုံးရက်အပေါ် စိတ်စွဲနေတဲ့ လူတစ်ယောက်နဲ့ ရုပ်ရှင်ကိုစဖွင့်ခဲ့တယ်။ ဧပရယ်လ်ဖူးနေ့မှာ ရည်းစားနဲ့ပြတ်သွားတဲ့ ရဲတစ်ယောက်။ တစ်လအကြာ မေ ၁ ရက်နေ့မှာတော့ သူပြန်လာမှာပဲလေလို့ မှတ်ယူပြီး အဲ့ဒီနေ့မှာ သက်တမ်းကုန်မယ့် နာနတ်သီးစည်သွပ်ဘူးတွေ နေ့တိုင်းဝယ်သိမ်းနေတဲ့လူပေါ့။ မေ ၁ ရက်နေ့မရောက်ခင် နောက်ဆုံးညမှာ သူက စကားတစ်ခွန်းကို ရေရွတ်ခဲ့တယ်။ “ဘူးမှာပတ်ထားတဲ့ ပလက်စတစ်တောင် သက်တမ်းကုန်သေးတာပဲ။ ဒီကမ္ဘာမှာ သက်တမ်းမကုန်ဆုံးတဲ့အရာရှိရဲ့လား” တဲ့။
အဲ့ဒီအချိန်မှာ ဟောင်ကောင်ပြည်သူအတော်များများက နေရပ်ကိုစွန့်ခွာပြီး အခြားနိုင်ငံတွေကို အပြီးပြောင်းသွားကြတယ်။ ကျန်ရစ်နေခဲ့သူတွေကလည်း နောက် ၃ နှစ်အကြာမှာ ဒီမြို့ကြီး ဘာတွေပြောင်းလဲသွားမလဲဆိုတာ တွေးပူပြီး စိုးရိမ်ကြောင့်ကြနေကြတာပေါ့။ ရဲသားအတွက် မေလ ၁ ရက်နေ့ဟာ သက်တမ်းကုန်ဆုံးရက်ဆိုရင် ဟောင်ကောင်မြို့ကြီးအတွက် ၁၉၉၇ ခုနှစ်ဟာ သက်တမ်းကုန်ဆုံးရက်ပဲ။ ဒါကို ဝမ်ကာဝေက မှောင်မိုက်နေတဲ့ညဖက်ခြမ်းနဲ့ ပုံဖော်ပြတယ်။ ရုပ်ရှင်တစ်ဝက်ရောက်တဲ့အခါမှာတော့ ဇာတ်လမ်းနောက်တစ်ပုဒ်ကို ကူးပြောင်းသွားပြီး နေ့အလင်းရောင်စတင်ဝင်ရောက်လာခဲ့တယ်။
စားသောက်ဆိုင်ဝန်ထမ်းမိန်းကလေးတစ်ယောက်။
နာမည်က Faye။
သရုပ်ဆောင်သူက အဆိုတော် Faye Wong။
ဒီဇာတ်လမ်းကတော့ ဟောင်ကောင်ကနေ အနောက်နိုင်ငံကိုထွက်ခွာမယ့်စိတ်ကူးတွေကို အခြေခံထားတယ်။ ဇာတ်ဝင်ခန်းအတော်များများမှာ The Mamas & the Papas ရဲ့ California Dreaming သီချင်းက လွှမ်းခြုံထားတယ်။ တကယ့်အပြင်က Faye Wong လိုပဲ ရုပ်ရှင်ထဲက Faye ကလည်း အနောက်နိုင်ငံကိုသွားဖြစ်ခဲ့တယ်။ အပြောင်းအလဲလုပ်ဖို့ရွေးချယ်ခဲ့တယ်ပေါ့။ ဟောင်ကောင်ပြန်အလည်ရောက်လာချိန်မှာ သူကြိတ်သဘောကျခဲ့ရတဲ့ Tony Leung ဇာတ်ကောင်နဲ့ဆုံတယ်။ Faye က “ရှင်ဘယ်သွားချင်လဲ” တဲ့။ Tony Leung က “မင်းခေါ်သွားချင်တဲ့နေရာကိုပေါ့” လို့ဖြေတယ်။ သူတို့ဘယ်ကိုသွားကြလဲ။ ဒါကို အဖြေပေးမယ့်အစား ဝမ်ကာဝေက ရုပ်ရှင်ကို ကန့်လန့်ကာချလိုက်ပြီး အိပ်မက်တွေ၊ စိတ်ကူးတွေအကြောင်း သီချင်းတစ်ပုဒ်ကို စဖွင့်ပေးလိုက်တယ်။ Faye Wong ပြန်ဆိုထားတဲ့ The Cranberries ရဲ့ Dreams သီချင်းပါ။
Faye Wong ရဲ့ဗားရှင်းမှာတော့ ဒီသီချင်းကို “Dream Lover” လို့ခေါ်တယ်။ “စိတ်ကူးယဥ်ရတာ/အိပ်မက်မက်ရတာကြိုက်သူ” ပေါ့။ ဒီသီချင်းမှာ သံစဥ်က ခပ်ဆင်ဆင်ပဲဆိုပေမယ့် စာသားကတော့ သူစိမ်းတစ်ယောက်ကို အကြာကြီးစောင့်မျှော်ခဲ့ရတဲ့အနမ်းခြွေဖို့ စိတ်ကူးယဥ်တွေးတောနေသူတစ်ယောက်အကြောင်းဖြစ်သွားတယ်။ ဒီသီချင်းဟာ သူစိမ်းဖြစ်သူ Tony Leung ကို Faye က ဆိုပြတဲ့သီချင်းသက်သက်မဟုတ်ခဲ့ဘူး။ မြို့ကြီးတစ်မြို့က သူနဲ့ပတ်သက်ရတော့မယ့် သူစိမ်းနိုင်ငံတစ်နိုင်ငံကို ဆိုပြနေတဲ့သီချင်းတစ်ပုဒ်လည်းဟုတ်တယ်။ အကောင်းဖက်ကို မျှော်လင့်ပြီး ဆိုပြနေတဲ့သီချင်းပေါ့လေ။ Chungking Express ရုပ်ရှင်မှာ အနာဂတ် ဟောင်ကောင်မြို့ကြီး ဘာဆက်ဖြစ်မယ်ဆိုတဲ့ တိတိကျကျအဖြေမရှိဘူး။ ဒါပေမယ့် “ဘာဆက်ဖြစ်မလဲ” ဆိုတဲ့မေးခွန်းအပေါ် အကောင်းဖက်ကနေမြင်တဲ့ခံစားချက်နဲ့ အဆုံးသတ်ထားတာကိုတော့ တွေ့ရတယ်။ Dream Lover သီချင်းက သက်သေပဲမဟုတ်လား။

image

Faye Wong က ဘယ်သူလဲ။
Faye Wong က အဆိုတော်ဘဝအစပိုင်းမှာ ပရိသတ်အလိုကျကရတဲ့ ရုပ်သေးရုပ်တစ်ရုပ်ဖြစ်ခဲ့တယ်။ တေးသံသွင်းတစ်ခုနဲ့ စာချုပ်ချုပ်ဖြစ်လို့ ဟောင်ကောင်ကိုရောက်လာတဲ့ တရုတ်ပြည်မကြီးက လူငယ်အဆိုတော်တစ်ယောက်။ ပြည်မကြီးကဖြစ်တော့ ဟောင်ကောင်ပရိသတ်တွေမကြိုက်မှာစိုးလို့ဆိုပြီး Faye Wong ကို ဟောင်ကောင်စတိုင်ဖြစ်အောင် ပုံသွင်းကြတယ်ပေါ့လေ။ ဟောင်ကောင်က ဗြိတိသျှကိုလိုနီထဲမှာရှိနေသေးတော့ အတော်လေးခေတ်ဆန်တယ်ပြောလို့ရတယ်။ အဲ့ဒီအချိန်တုန်းက ပြည်မကြီးကျ ကွန်မြူနစ်အယူအဆတွေနဲ့ ရှေးရိုးနည်းနည်းဆန်သေးတယ်။ ဒီတော့ Shelly Wong ဆိုတဲ့ ဘိုဆန်ဆန်နာမည်နဲ့ ပွဲထွက်ရပါရော။ Faye Wong က ဒီလိုလုပ်ရတာကို ကြိုက်လှတယ်တော့မဟုတ်။ သူမဟုတ်တဲ့ အခြားလူတစ်ယောက်ပုံစံ ဟန်ဆောင်နေရတယ်လို့ ခံစားရတယ်။ Shelly Wong နာမည်နဲ့ ပေါ့ပေါ့ပါးပါးအယ်လ်ဘမ် ၃ ချပ်ထွက်ခဲ့ပေမယ့် တစ်ချပ်ပြီးတစ်ချပ် ရောင်းအားနည်းသထက်နည်းလာခဲ့တယ်။ ဝမ်ကာဝေကတော့ ဒါတွေဂရုစိုက်ဟန်မပေါ်ဘူး။ သရုပ်ဆောင်ရွေးပွဲမှာ Faye Wong ကိုကြည့်ပြီး သူများနဲ့မတူတဲ့ခံစားချက်တစ်ခုကို သူရလိုက်တယ်ထင်တယ်။ ပြည်မကြီးကဖြစ်လေတော့ ဟောင်ကောင်ရှုထောင့်မှာ ထူးဆန်းတဲ့လူတစ်ယောက်လိုဖြစ်နေတာကြောင့်လည်း ပါမယ်ထင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ခေတ်ဆန်တယ်လို့ လက်ခံထားကြတဲ့ ဟောင်ကောင်သူတွေထက်တောင်မှ ထူးခြားခေတ်ဆန်နေသေးတဲ့ ပြည်မကြီးသူတစ်ယောက်ပေါ့လေ။ ဒီလိုနဲ့ Days of Being Wild ရုပ်ရှင် အပိုင်း (၂) မှာ Faye Wong ကိုထည့်ရိုက်မယ်လို့ ဆုံးဖြတ်ခဲ့တယ်။ ဒါပေမယ့် အပိုင်း (၂) က ရှိမလာခဲ့ပါဘူး။
တကယ်တော့ အပိုင်း (၂) အသာထား၊ Days of Being Wild ထွက်လာပြီးချိန်မှာ ဝမ်ကာဝေ ရုပ်ရှင်ထပ်ရိုက်ခွင့်ရရင်တောင် ကံကောင်း ဆိုတဲ့အခြေအနေအထိဖြစ်ခဲ့တာပါ။ ဟောင်ကောင်ပရိသတ်တွေက Days of Being Wild ကို ဂန်းစတားရုပ်ရှင်ဖြစ်မယ်လို့ ထင်ခဲ့ကြတယ်။ ဝမ်ကာဝေကို As Tears Go By နဲ့သိထားကြတာကြောင့်လည်းပါသလို နာမည်ကျော်မင်းသား၊ မင်းသမီးတွေအကုန်ပါတော့ ပရိသတ်တွေက ဟောင်ကောင်ရုပ်ရှင်လောကရဲ့ Godfather ရုပ်ရှင်ကြည့်ရတော့မယ်ပဲ ထင်ခဲ့ကြတာပေါ့။ ဖြစ်ချင်တော့ Days of Being Wild က ဂန်းစတားရုပ်ရှင်လည်းမဟုတ်၊ အက်ရှင်ခန်းလည်းတစ်ခန်းမှမပါ။ ပရိသတ်ရဲ့ မှန်းချက်နဲ့ နှမ်းထွက်က လုံးဝမကိုက်ခဲ့ဘူး။ ဒီကြားထဲ ဇာတ်သိမ်းကလည်း ထူးဆန်းနေသေးတယ်။ Days of Being Wild က ဟောင်ကောင်ရုပ်ရှင်စျေးကွက်မှာ ရုံဝင်ငွေကောင်းကောင်းမရခဲ့ဘူး။ ဒါပေမယ့် ဝမ်ကာဝေအတွက်တော့ ဒီအဖြစ်အပျက်ကနေ ကောင်းကျိုးတစ်ခုရခဲ့တယ်ပြောရမှာပါပဲ။ ဘာကြောင့်လဲဆိုတော့ ပရိသတ်တွေက သူ့ကို pretentious ဖြစ်တယ် (ဟိတ်ဟန်များတယ်) လို့ဝေဖန်ကြပြီး ရုပ်ရှင်ဝါသနာအိုးတွေ၊ ဝေဖန်ရေးဆရာတွေက သူ့လက်ရာကိုကြိုက်ကြတော့ တစ်ဖက်နဲ့တစ်ဖက် အငြင်းအခုံတွေဖြစ်ကြရင်းနဲ့ ဝမ်ကာဝေဆိုတဲ့နာမည်က လူပြောများလာကြပါရော။
ဝမ်ကာဝေ သက်ဆိုးရှည်ရတဲ့နောက်တစ်ချက်က ၁၉၉၀ အစပိုင်းက ဟောင်ကောင်ပြည်သူတွေရဲ့ခေါင်းထဲမှာ အမြဲဝင်နေတဲ့အကြောင်းအရာတစ်ခုကြောင့်လို့ပြောရမယ်။ ဘာလဲဆိုတော့ နောက်ထပ်ဆယ်စုနှစ်တစ်ခုမကြာခင် ၁၉၉၇ ခုနှစ်ရောက်ရင် ဟောင်ကောင်က ဗြိတိသျှလက်အောက်ခံအနေနဲ့ ဆက်ရှိတော့မှာမဟုတ်ဘဲ တရုတ်ပြည်မကြီးဆီ ပြန်လွှဲပြောင်းခံရတော့မယ်ဆိုတဲ့သတင်းပါပဲ။ ဒီတော့ ပရိသတ်တွေကလည်း ရိုးအီနေတဲ့ဂန်းစတားရုပ်ရှင်တွေကနေ ဟောင်ကောင်အနာဂတ်အကြောင်းကို ပြောပြမယ့်ရုပ်ရှင်တွေကို တဖြေးဖြေးပိုတောင့်တလာကြတယ်။ ဟောင်ကောင်ဆိုတဲ့ဒေသ ဘာဆက်ဖြစ်မလဲ၊ ဟောင်ကောင်ရုပ်ရှင်လောကက ဘာရုပ်ရှင်တွေဆက်ဖန်တီးမှာလဲဆိုတဲ့ မတင်မကျအတွေးတွေ ကိုယ်စီရှိနေကြတဲ့အချိန်ပေါ့လေ။ ဒီအချိန်မှာ ဟောင်ကောင်ပြည်သူတွေလိုအပ်ချက်နဲ့ အံဝင်ခွင်ကျဖြစ်တဲ့ ဝမ်ကာဝေလက်ရာ ရုပ်ရှင်ကားတစ်ကားထွက်လာခဲ့တယ်။
“Chungking Express” လို့ခေါ်ပါတယ်။
Chungking Express ဆီမရောက်လာခင်မှာ Days of Being Wild အပိုင်း (၂) မရှိတော့ဘူးဆိုတာ သဘောပေါက်သွားတဲ့ Faye Wong တစ်ယောက် သူ့ရဲ့ ပုံရိပ်တု Shelly Wong ကိုစွန့်ခွာပြီး နယူးယောက်ကို ခဏထွက်သွားခဲ့တယ်။ တကယ်တော့ အဲ့ဒီမှာ ဂီတကျောင်းတစ်ကျောင်းသွားတက်ဖို့ပဲ။ ဖြစ်ချင်တော့ ကျောင်းဝင်ခွင့်လျှောက်တာမမှီတော့ဘဲနဲ့ နယူးယောက်မှာ လနဲ့ချီပြီး ဒီအတိုင်းလေလွင့်နေခဲ့တယ်။ နယူးယောက်မှာ Faye Wong က ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိတဲ့လူတွေနဲ့ ဆုံခဲ့တယ်။ “တခြားလူတွေ ငါ့ကိုဘယ်လိုထင်မလဲ” ဆိုတာ လုံးဝဂရုမစိုက်တဲ့လူတွေပေါ့။ Faye Wong ပြန်လာတော့ သူဟာ အရင်နဲ့မတူတော့ဘူး။ မတူတော့တာမှ တစ်ခုမှကိုမတူတော့တာ။ ပေါ့ပ်သီချင်း ပေါ့ပေါ့ပါးပါးလေးတွေပဲ ထုတ်ခဲ့ဖူးပေမယ့် ပြန်လာချိန် ပထမဆုံးထုတ်တဲ့အယ်လ်ဘမ်မှာ R&B အငွေ့အသက်တွေ စတင်ပါဝင်လာခဲ့တယ်။ Tears on the Wind ဆိုတဲ့ အင်္ဂလိပ်သီချင်းတစ်ပုဒ်တောင် ပါလိုက်သေး။ ပြီးတော့ သူ့ရဲ့မန်ဒရင်နာမည်ရင်းဖြစ်တဲ့ Faye Wong ကို ပထမဆုံးဖော်ပြတဲ့အယ်လ်ဘမ်လည်းဖြစ်လာတယ်။ ဝတ်ပုံစားပုံကလည်း ဟောင်ကောင်ပေါ့ပ်စတားတစ်ယောက်နဲ့ လုံးဝမတူဘူး။ ပုံမှန်အားဖြင့် ဟောင်ကောင်ပေါ့ပ်စတားတွေက အရောင်တောက်တောက်ပြောင်ပြောင်တွေ ဝတ်တယ်။ စင်ပေါ်မှာ စည်းချက်ကျကျ ကပြတတ်တယ်။ Faye Wong ကတော့ ဖျော်ဖြေတဲ့အခါ ဝတ်စားပုံက အူကြောင်ကြောင်နိုင်တဲ့အပြင် ကလည်းမကဘူး။ သူမကဘဲနေနေတာကို သူ့ကိုယ်သူသတိမထားမိအောင် အင်္ကျီလက်ရှည်တွေဝတ်ပြီး လက်ကိုဖုံးထားတတ်သေးတယ်။ ပေါ့ပ်စတားအတော်များများက သူတို့ကိုယ်တိုင် ပရိသတ်ပါလာအောင် ဆွဲခေါ်ပြီးဖျော်ဖြေပေမယ့် Faye Wong နဲ့ဆိုရင်တော့ ပရိသတ်က ပြန်ဦးဆောင်ရတယ်။ တနည်းအားဖြင့် ဟောင်ကောင်ဟာ ဝမ်ကာဝေ ကြိုမြင်ခဲ့တဲ့ Faye Wong ကို မျက်ဝါးထင်ထင်စမြင်ရတာပဲ။ ခေတ်ဆန်ပါတယ်ဆိုတဲ့ ဟောင်ကောင်ရှုထောင့်မှာတောင် အများထက် တမူပိုထူးခြားနေတဲ့ ပြည်မသူလေးတစ်ယောက်ပေါ့။ အခုလိုပြောင်းလဲလာတဲ့ Faye Wong ဟာ Chungking Express လို မော်ဒန်ခေတ်ဟောင်ကောင်ကိုပြတဲ့ရုပ်ရှင်အတွက် အံဝင်ခွင်ကျဖြစ်စေခဲ့တယ်။ ဒီရုပ်ရှင်ထွက်လာချိန်မှာ ဟောင်ကောင်ဟာ တရုတ်ပြည်မကြီးဆီပြန်ရောက်ဖို့ ၃ နှစ်သာလိုတော့တယ်။
ဆက်ရန်

image

၁၉၈၉ ခုနှစ်၊ ဆယ်ကျော်သက်ဂစ်တာသမားတစ်ယောက်ဖြစ်တဲ့ Noel Hogan ရဲ့ အခန်းကျဥ်းလေးထဲမှာ The Cranberries ဆိုတဲ့ နာမည်ကျော် band တစ်ခု စတင်မွေးဖွားလာခဲ့တယ်။ စစချင်းတော့ band ရဲ့ပင်တိုင်အဆိုတော်ပေးထားတဲ့ Cranberries Saw Us ဆိုတဲ့ အူကြောင်ကြားနာမည်နဲ့ပဲ။ သူက band ထောင်ပြီးမကြာခင်မှာတင် နှုတ်ထွက်သွားခဲ့တယ်။ ဒီတော့ သီချင်းဖန်တီးဖို့က Noel တစ်ယောက်တည်းရဲ့တာဝန်ဖြစ်လာရော။ ဖြစ်ချင်တော့ Cranberries Saw Us ရဲ့ နောက်ထပ်ပင်တိုင်အဆိုတော်ဖြစ်လာမယ့် မိန်းကလေး Dolores ဆီမှာ အချစ်ဦးရဲ့ပျော်ရွှင်ရတဲ့အခိုက်အတန့်တွေအကြောင်း ရေးထားတဲ့ သီချင်းစာသားအကြမ်းတစ်ပုဒ်ပါလာတယ်။ နှစ်ပေါင်း ၃၀ ကျော်အကြာမှာ တစ်ကမ္ဘာလုံးသိလာမယ့် Dreams သီချင်းရဲ့စာသားတွေပေါ့။ ၁၉၉၂ ခုနှစ်မှာ The Cranberries ရဲ့ Dreams သီချင်းဟာ သူတို့ရဲ့ပထမဆုံးပေါက်သီချင်းဖြစ်လာခဲ့ပြီး နောက်ထပ် ၂ နှစ်အကြာမှာတော့ ကမ္ဘာကျော်ရုပ်ရှင်ဒါရိုက်တာတစ်ယောက်ကျေးဇူးကြောင့် Dreams သီချင်းဟာ သမ္မတကတော်တစ်ယောက်ရဲ့ အကြိုက်ဆုံးသီချင်းဖြစ်လာခဲ့တယ်။ တရုတ်ပြည့်သူသမ္မတနိုင်ငံရဲ့ သမ္မတကတော်ပါ။
အာရှမှာတော့ Dreams အောင်မြင်လာရခြင်းဟာ ဟောင်ကောင်ဒါရိုက်တာဝမ်ကာဝေရဲ့ Chungking Express ရုပ်ရှင်ကျေးဇူးမကင်းဘူးလို့ ဆိုကြတယ်။ ဝမ်ကာဝေကို ၁၉၅၈ ခုနှစ်က တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့မှာ မွေးခဲ့တယ်။ ဒါပေမယ့် သူ့အသက် ၅ နှစ်အရွယ်မှာပဲ (အဲ့ဒီအချိန်က) ဗြိတိသျှကိုလိုနီလက်အောက်ခံ ဟောင်ကောင်ကို မိသားစုနဲ့အတူ ရွှေ့ပြောင်းခဲ့ရတယ်။ ဝမ်ကာဝေကြီးပြင်းလာတဲ့နေရာက သီချင်းခွေဆိုင်တွေ သိပ်ပေါတယ်။ ပေါတာမှ ပြည်တွင်းကသီချင်းတွေပဲမဟုတ်ဘူး။ ဆိပ်ကမ်းမြို့ဖြစ်တဲ့အပြင် သင်္ဘောသားတွေအလာများတဲ့ရပ်ကွက်ဖြစ်လေတော့ ဝမ်ကာဝေတစ်ယောက် ကမ္ဘာအနှံ့ကသီချင်းတွေကို နားထောင်ခွင့်ရခဲ့တယ်။ ပြောရရင် အိမ်ပြင်ထွက်လမ်းလျှောက်လိုက်တိုင်း သီချင်းသံက သူ့ဘဝကို စိုးမိုးနေခဲ့တာပေါ့။ ဒါကြောင့်လည်း သူ့ရဲ့ရုပ်ရှင်တွေမှာ သီချင်းတွေရဲ့ လွှမ်းမိုးမှုကို ခံစားမိကြတာနေပါလိမ့်မယ်။ သူ့ရဲ့ပထမဆုံးရုပ်ရှင်လို့ပြောရမယ့် As Tears Go By မှာ တော်တော့်ကိုရှည်တဲ့ဇာတ်ဝင်ခန်းတစ်ခန်းပါတယ်။ အဲ့ဒီဇာတ်ဝင်ခန်းမှာဆို Berlin ရဲ့ Take My Breath Away သီချင်းကို ဟောင်ကောင်ဗားရှင်းနဲ့ကြားရတယ်။ သီချင်းသံက လေတိုးသံသဲ့သဲ့လိုပဲ ရုတ်တရက်တိုးသွားလိုက် ကျယ်လာလိုက်နဲ့ ဝမ်ကာဝေတစ်ယောက် အခွေဆိုင်တွေကြားမှာ လမ်းလျှောက်နေခဲ့တုန်းကလိုမျိုးပေါ့။
သီချင်းတွေကိုရူးသွပ်တဲ့ ဝမ်ကာဝေအဖို့ ၁၉၈၀ ခုနှစ်နှောင်းပိုင်း ၉၀ ခုနှစ်ထဲစတင်ဝင်ရောက်ခါစကာလက ရုပ်ရှင်တွေဖန်တီးဖို့ အကောင်းဆုံးအချိန်ဖြစ်ခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီအချိန်က ရုပ်ရှင်လောကနဲ့ ပေါ့ပ်သီချင်းလောကကြားက မျဥ်းက စတင်ပါးလှပ်လာတဲ့အချိန်ဖြစ်လို့ပဲ။ ရုပ်ရှင်ဖန်တီးသူတွေကလည်း ဖန်တီးခွင့်ဘောင်ကျယ်တော့ ကိုယ်လုပ်ချင်တာကို လက်တည့်စမ်းပြီးလုပ်နေကြသလို ဟောင်ကောင်ရုပ်ရှင်လောကမှာ ရုံလူဝင်စေလောက်တဲ့ မင်းသား၊ မင်းသမီးတွေ လက်တစ်ဆုပ်စာအပြင်ပိုမရှိလို့ ပရိသတ်တွေကို သွေးတိုးစမ်းကြည့်တဲ့အနေနဲ့ အဆိုတော်တွေ၊ မော်ဒယ်တွေကို ရုပ်ရှင်ထဲထည့်ရိုက်ကြည့်ကြတာပေါ့။ ဝမ်ကာဝေမှာက အဲ့ဒီအပိုင်းနဲ့ပတ်သက်ရင် အမြင်ရှိတယ်လို့ ပြောရမယ်။ သူများမမြင်တဲ့ရှုထောင့်တွေကို သူမြင်နိုင်တယ်။ ၁၉၉၀ ခုနှစ်မှာ သူ့ရဲ့ အပိုင်း ၂ ပိုင်းဆက်ရုပ်ရှင် Days of Being Wild အတွက် သရုပ်ဆောင်ရွေးတော့ အဆိုတော် Faye Wong ဆီမှာ သူလိုချင်တဲ့ရှုထောင့်တစ်ခုကို သွားတွေ့တာပဲ။

ဆက်ရန်

image
40 w - Translate

လူတိုင်းအမြဲတမ်းစိတ်ဓာတ်တက်ကြွနေတယ်ဆိုတာမရှိပါဘူး ဘာလို့လဲဆိုလူသားတွေဖြစ်နေလို့ပါပဲ လူတိုင်းဟာပြိုလဲရမယ် ကျရှုံးဖူးရမယ် လောကဒဏ်ကနေ ထိုးနှက်ခံရမယ် ဒီလိုအရာတွေကနေပြန်ထရမယ် ဒါမှလူ့ဘဝပါ။အသက်မသေသေးသ၍ပြန်လည်ကြိုးစားခွင့်ရှိတယ်ဆိုတာမမေ့ပါနဲ့။
မိမိကိုယ်ကို လက်ခံပြီး ယုံကြည်မှုတည်ဆောက်ဖို့ဆိုတာ လူတိုင်းအတွက် အရေးကြီးတဲ့ ဘဝအတတ်ပညာတစ်ရပ်ပါ။ ဒီလိုစွမ်းရည်မျိုး ရှိလာဖို့ဆိုရင် ကိုယ့်ကိုယ်ကိုယ် နားလည်သဘောပေါက်ဖို့နဲ့ ချစ်မြတ်နိုးတတ်ဖို့ အရေးကြီးပါတယ်။

အဓီကအနေနဲ့ ကိုယ့်ရဲ့အားသာချက်တွေကို အသိအမှတ်ပြုဖို့ လိုပါတယ်။ လူတိုင်းမှာ ထူးချွန်တဲ့အရည်အချင်းတစ်ခုခုရှိကြပါတယ်။ ကိုယ်ဘာတွေမှာ တော်လဲ၊ ဘာတွေကို ကောင်းကောင်းလုပ်နိုင်လဲဆိုတာ ဆန်းစစ်ကြည့်ပါ။ ဒီလိုအားသာချက်တွေကို သတိထားမိလာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတိုးလာပါလိမ့်မယ်။တကယ်လို့မတွေ့သေးဘူးဆိုရင်လဲအားမလျှော့လိုက်ပါနဲ့ မှတ်ထားပါ လူဆိုတာ တစ်ခုခုကိုကြိုးစားနေသ၍ အမြဲတမ်းအခွင့်အရေးရှိပါတယ်။ရပ်တန့်လိုက်မှသာရှုံးတာပါ။

နောက်တစ်ချက်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် အပြုသဘောဆောင်တဲ့စကားတွေပြောဖို့ လိုပါတယ်။ "ငါမတတ်နိုင်ဘူး"၊ "ငါမလုပ်နိုင်ဘူး" ဆိုတဲ့ စကားတွေအစား "ငါကြိုးစားမယ်"၊ "ငါလုပ်နိုင်တယ်" ဆိုတဲ့ အားပေးစကားတွေကို ပြောဖို့လိုပါတယ်။ ဒီလိုစကားတွေက ကိုယ့်စိတ်ကို အားတက်စေတဲ့အပြင် ကိုယ်ကိုကိုယ် ယုံကြည်မှုလဲတိုးစေပါတယ်။ကိုယ့်ရဲ့စိတ်ကိုထိန်းချုပ်နိုင်ရင်တော့အကောင်းဆုံးပါပဲ။
အခြားသူတွေနဲ့လဲ မနှိုင်းယှဉ်ဖို့က အရေးကြီးပါတယ်။ လူတိုင်းမှာ သူ့ရဲ့အောင်မြင်မှုနဲ့ သူ့ရဲ့စိန်ခေါ်မှုတွေ ရှိကြပါတယ်။လူတိုင်းကကိုယ့်ဘဝနဲ့ကိုယ်ပါ။ကိုယ်သွားနေတဲ့လမ်းကြောင်း ကိုယ့်ရဲ့တိုးတက်မှုကိုသာ အာရုံစိုက်ပါ။ ကိုယ့်ရဲ့အောင်မြင်မှုသေးသေးလေးတွေကိုတောင် ဂုဏ်ယူတတ်ဖို့လိုပါတယ်။ ကိုယ်ဝါသနာပါတဲ့အရာတွေကို လုပ်ရတဲ့အခါ စိတ်ပျော်ရွှင်ပြီး ကိုယ့်ကိုယ်ကိုယ် ပိုပြီးလက်ခံလာစေနိုင်ပါတယ်။ ဥပမာ ဂီတ၊ အားကစား၊ စာဖတ်ခြင်းစတဲ့ အရာတွေပါ။ပြီးတော့ ကိုယ်လက်လှုပ်ရှားမှုလုပ်ဖို့ လိုပါတယ်။အမြဲတမ်းအိပ်ရာထဲမှာခွေနေတာ၊ လေးလံထိုင်းမိုင်းနေတာတွေက ခန္ဓာကိုယ်အတွက် မကောင်းသလို စိတ်ကျန်းမာရေးလဲမကောင်းစေပါဘူး လေ့ကျင့်ခန်းလုပ်တာ၊ လမ်းလျှောက်တာ၊ ယောဂကျင့်တာတွေက စိတ်ဖိစီးမှုကိုလျော့ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတိုးစေနိုင်ပါတယ်။ကိုယ့်အတွက် အနုတ်လက္ခဏာဆောင်တဲ့သူတွေနဲ့ အတူမနေဖို့ လဲလိုပါတယ်။ ကိုယ့်ကို အားပေးတဲ့၊ အားတက်စေတဲ့သူတွေနဲ့သာ အချိန်ကုန်ဆုံးပါ။Negative vibe ပေးတဲ့လူတွေနဲ့ ကိုယ့်ကိုမကောင်းမြင်တဲ့လူတွေနဲ့ဆို ကြာကြာမနေပဲလှည့်ထွက်လာလိုက်ပါ။

အဆုံးသတ်အနေနဲ့ ပြောရမယ်ဆိုရင် မိမိကိုယ်ကို လက်ခံပြီး ယုံကြည်မှုရှိဖို့ဆိုတာ တစ်ညတည်းနဲ့ ဖြစ်မလာနိုင်ပါဘူး။ ဒါပေမယ့် နေ့တိုင်းနည်းနည်းချင်း ကိုယ့်ကိုယ်ကိုယ် အားပေးပြီး ကြိုးစားမယ်ဆိုရင် တဖြည်းဖြည်း ပိုပြီးယုံကြည်မှုရှိလာပါလိမ့်မယ်။ ကိုယ့်ရဲ့တန်ဖိုးကို သိပြီး ကိုယ့်ကိုယ်ကိုယ် ချစ်တတ်ဖို့သာ အရေးကြီးပါတယ်။

image
40 w - Translate

Defense attorneys for alleged CEO killer Luigi Mangione said Thursday in a new court filing that the murder indictment a state grand jury returned against him should be dismissed due to double jeopardy and other alleged violations.

https://abcnews.go.com/US/luig....i-mangione-attorneys

image
40 w - Translate

Researchers have solved the mystery of why a South American "zombie" volcano has displayed possible signs of an eruption for decades.

https://abcnews.go.com/Interna....tional/scientists-so

image
40 w - Translate

Rangasthalam  [2018]

ဇာတ်လမ်းလေးကတော့၁၉၈၀ခုနှစ်တွေက ရန်ဂက်(စ်)တလန်ဆိုတဲ့ ကျေးရွာလေးက ဇာတ်လမ်းတပုဒ်ပဲ ဖြစ်ပါတယ်။

ရွာထဲမှာ လယ်တွေကိုရေသွင်းတဲ့အလုပ်ကိုလုပ်တဲ့ ချစ်တီးဘာဘူဟာ မွေးရာပါနားလေးတဲ့ ချိုယွင်းချက်ရှိပြီး မဟုတ်မခံ လူစားမျိုးပါ၊ သူ့အရှေ့မှာ မတရားတာတွေ့ရင် ဝင်ချဖို နှစ်ခါမစဉ်းစားတတ်ပါဘူးရွာထဲမှာ အဖွဲအစည်းဆိုတဲ့နာမည်နဲ့ ရွာသားတွေကို ချေးငွေတွေထုတ်ချေးထားပြီး အမြတ်ကြီးစား ခေါင်းပုံဖြတ်နေတဲ့ အဖွဲတဖွဲလည်းရှိပါတယ်။

ဒီအဖွဲကို အဓိကချုပ်ကိုင်ထားတာက နှစ် (၃၀) ဆ က်တိုက် သူကြီးဖြစ်နေတဲ့ ရွာသူကြီးပါလူတွေက သူ့ကို ကြောက်ရွံကြသလို၊ ရင်မဆိုင်ရဲကြပါဘူးသူနဲ့ထိပ်တိုက်တွေ့တဲ့သူမှန်သမျှ မရှုမလှသေပွဲဝင်ကြရစမြဲပါ။

ဒီလို ဂုတ်သွေးဆုပ်အမြတ်ထုတ်နေတဲ့ အဖွဲကို ရင်ဆိုင်ပြီး သူကြီးနေရာက ဝင်ပြိုင်မယ်လို စိန်ခေါ်လိုက်တဲ့သူ တစ်ယောက်ရှိပါတယ်။

Channel အရင်joinရန်link ⤵️⤵️
https://t.me/+Vwhh2aSR7fFkMGFl

Movie link ⤵️⤵️
https://t.me/c/2305138625/636

image
40 w - Translate

2026 မှာထွက်ရှိမယ့် Link Click Season 3

image
40 w - Translate

အိန္ဒိယကားကောင်းကောင်းလေးတွေ တောင်းတနေတဲ့ ပရိသတ်တွေအတွက်အလန်းစား တောင်ပိုင်းကားတစ်ကား တင်ဆက်ပေးလိုက်ပါတယ်

ငယ်ငယ်ကတည်းက မိခင်ဆုံးပါးသွားလို အဖေတစ်ယောက်တည်းရဲ့ အုပ်ထိန်းမှုဖြင့်ကြီးပင်းခဲ့တဲ့ ဗီဂျေး အသက်ရွယ် ၂၅ နှစ်အရွယ်လူပျိုတစ်ယောက်

မိန်းကလေးတွေနဲ့ပတ်သတ်ရင် ဘာအတွေ့အကြုံမှမရှိဘဲ ရည်းစားရဖိုနေနေသာသာမိန်းကလေးတစ်ယောက်ကိုတောင် မပိုးမပမ်းတတ်သူ

တခြားသူတွေနဲ့မတူဘဲ အိမ်ထောင်ရေးနဲ့ပတ်သတ်လိုအချစ်ရေးနဲ့ပတ်သတ်လိုဇနီးမယားဆိုတဲ့အရာနဲ့ပတ်သတ်လို စိတ်ကူးယာဉ်ဆန်လွန်းသူ

ငါသာ ရည်းစားထားရင် ဘယ်မိန်းကလေးမျိုးနဲ့မှအိမ်ထောင်ပြုရင် ဘယ်လိုမိန်းကလေးကိုပဲ အိမ်ထောင်ပြုမှာ စဖြင့်

ရှေးဆန်တဲ့အတွေးအခေါ်တွေ တပြုံတပိုက်နဲ့ဘယ်လောက်ထိ မိန်းကလေးတွေနဲ့ပတ်သတ်ပြီး အတွေ့ကြုံနည်းလဲဆိုရင်

စိတ်ဝင်စားလို ၆ လလောက်ပတ်လိုက်ခဲ့တဲ့ မိန်းကလေးက အိမ်ထောင်သည်ဖြစ်နေမှန်း မသိရှာဘူး

Channel အရင်joinရန်link ⤵️⤵️
https://t.me/+Vwhh2aSR7fFkMGFl

Movie link ⤵️⤵️
https://t.me/c/2305138625/628

image