26 w - Translate

😆

image
26 w - Translate

အသည်းကျော်ပဲလှော်

imageimage
+4
26 w - Translate

အလှူ😍

image

image
26 w - Translate

#dudu_bubu

image
M M
26 w - Translate

Finally I found a book that I need to read 😝

image
26 w - Translate

နော်... နော် 😝

image
26 w - Translate

😍😍😍

image

အမေရိကန်က TikTok သုံးခွင့်ပိတ်

ဇန်နဝါရီ ၁၉

အမေရိကန်ပြည်ထောင်စုတွင် ဇန်နဝါရီလ ၁၈ ရက်နေ့ ည ၁၁ နာရီမှစ၍ TikTok ဆိုရှယ်မီဒီယာသုံးလို့မရတော့ကြောင်း TikTok ဆိုရှယ်မီဒီယာမှ သတိပေးစာ ပေးပို့လာပါတယ်။

အလားတူ မြန်မာနိုင်ငံတွင်လည်း VPN ခံ၍ TikTok သုံးစွဲပါကလည်း မရတော့ကြောင်း၊ VPN မခံဘဲ TikTok သုံးမည်ဆိုလျှင်တော့ ရနေသေးကြောင်း သိရသည်။

#centralnewsnaypyitaw

image

အသက်ငါးနှစ်အရွယ် ကလေးငယ်တစ်ဦးကို အသက်လေးဆယ်ကျော်အမျိုးသားတစ်ဦးက ခိုးယူကာ ရန်ကုန်မြို့ပတ်ရထားလမ်းပေါ်က ဘူတာဆီ ခေါ်ယူသွားတာကို တာဝန်သိပြည်သူတွေက ရှာဖွေ ဖော်ထုတ် ဖမ်းဆီးခဲ့

ဇန်နဝါရီ ၁၉

အသက် ငါးနှစ်အရွယ်ကလေးငယ်ကို ဆေးတစ်မျိူးမျိုးအသုံးပြုကာ ခေါ်ယူသွားတယ်လို့ ယူဆရတဲ့ ကလေးသူခိုးတစ်ဦးကို ပျောက်ဆုံးကလေးငယ်နဲ့အတူ မြို့ပတ် ရထားလမ်းပေါ်က ဘူတာတစ်ခုရဲ့ မြောင်းထဲကနေ တာဝန်သိပြည်သူတွေက ပြန်လည်တွေ့ရှိဖမ်းမိခဲ့ကြောင်း MT News က စုံစမ်းသိရှိရပါတယ်။

ဖြစ်စဉ်က ဇန်နဝါရီ ၁၈ ရက် နေ့လယ်ခင်းနှစ်နာရီဝန်းကျင်မှာ ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် တောင်ပိုင်းရပ်ကွက်မှာ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ လိုက်လံစုံစမ်းရှာဖွေကြရင်း ကလေးကို အဲ့ဒီနေ့ ည ခုနစ်နာရီ အချိန်ခန့်မှာ ပြန်လည်တွေ့ရှိကြတာပါ။

ကလေးကိုဝိုင်းဝန်းရှာဖွေရာမှာ ပူးပေါင်းပါဝင်ပေးခဲ့သူ တာဝန်သိပြည်သူတစ်ဦးက "ကျွန်တော်သိတာက ညနေ ငါးနာရီကျော် ခြောက်နာရီလောက်က လက်ဖက်ရည်ဆိုင်ထိုင်နေရင်း သူငယ်ချင်းရဲဝန်‌ထမ်းဟောင်းတစ်ယောက်က သူတို့လမ်းထဲက မိတ်ဆွေရဲ့ ကလေးဒီလိုဖြစ်သွားတယ်။ CCTV မှတ်တမ်းတွေ လိုက်ကြည့်နေတယ် ပြောလို့ ဝိုင်းပြီး ကူညီကြရင်း မြန်မာ့ဂုဏ်ရည်လမ်းနဲ့ ဦးဖိုးကျားလမ်းထောင့်က CCTV မှာ အဲ့ဒီလူက ကလေးကို လက်ဆွဲပြီး ထွက်သွားတာ တွေ့လိုက်တယ်" လို့ ဆိုပါတယ်။

ကလေးငယ်က ယောက်ျားလေးဖြစ်ပြီး သူတို့နေထိုင်ရာ ဟောင်ကောင်တိုက်ပုံစံ နှစ်ထပ်တိုက်ရဲ့ အောက်ထပ်မှာ ဆော့ကစားနေစဉ် ‌ခေါ်ယူသွားခံရတာဖြစ်ကြောင်း၊ ကလေးရဲ့ အိမ်က ထမင်းဟင်းရောင်းကြောင်း ၊ မိခင်က အလုပ်ရှုပ်နေချိန် မျက်ခြည်ပြတ်သွားသလို ၊ ဖခင်ကလည်း ပြင်ပထွက်ကာ အလုပ်လုပ်နေသူဖြစ်ကြောင်း စသဖြင့်လည်း စုံစမ်းသိရှိရပါတယ်။

ကလေးခိုးယူသူရဲ့ အကြောင်းကို သိရှိရတဲ့အခါ တာဝန်သိပြည်သူတွေပါဝင်တဲ့ လူခုနစ်ဦးအဖွဲ့က အဖွဲ့ခွဲပြီး ဘူတာကြီးတစ်လျောက်ကနေ တောက်လျှောက်ရှာဖွေကြပေမယ့် တော်တော်နဲ့ မတွေ့ရတာကြောင့် သူကျင်လည်တတ်တယ်ဆိုတဲ့ ဘုရားလမ်းဘူတာမှာ လူစောင့်ထားခဲ့ပြီး ကျန်သူတွေ လူခွဲရှာဖွေကြကြောင်း ည ခုနစ်နာရီလောက်မှာ ကလေးခိုးသွားသူက ကလေးကို လက်ဆွဲကာ ဘူတာဘက် ပြန်လာတာကို စောင့်ကြည့်ဖို့ ကျန်နေခဲ့တဲ့ လူကတွေ့ရှိပြီး ကျန်တဲ့ လူစုခွဲ ရှာဖွေ‌နေသူတွေထံ ဖုန်းဆက်သွယ်အကြောင်းကြားခဲ့ကြောင်း လူပြန်စုမိတော့မှကလေးနဲ့ ကလေးသူခိုးရှိနေတဲ့ ရထားလမ်းဘေး မြောင်းထဲကို ဝင်ရောက်ဖမ်းဆီးကြတာလို့ သူတို့ရှာဖွေတွေ့ရှိ ဖမ်းဆီးရမိတဲ့ အတွေ့အကြုံကို ပြန်လည်ရှင်းပြပါတယ် ။

ပူးပေါင်းပါဝင်ခဲ့သူ တာဝန်သိပြည်သူတစ်ဦးက”ကလေးသူခိုးက ကျွန်တော့်အသက်လောက်ပဲ လေးဆယ်ကျော်ပေါ့။ ခန့်မှန်းရတာ။ ကလေးက ဘာဒဏ်ရာမှမရပေမယ့် အဖေနဲ့ အကိုကိုလည်း မမှတ်မိဘူး။ ငူငူငေါင်ငေါင်လေးနဲ့ တွေ့ရတာ။ ကျွန်တော်တို့က ကလေးသူခိုးကို ကားပေါ်တင်ခေါ်လာရင်း ‘မင်းဘာလို့ အခုလိုခိုးရတာလဲ အရင်ကလည်း လုပ်တယ်ဆို အဲ့ဒီကလေးတွေရောလို့ မေးတော့ ၊ သူက ကလေးတွေကို တောင်းရမ်းကျွေးနေရတာပါလို့ ပြန်ပြောလို့ ၊ သူ့မိဘလက်ထဲ မင်းထက်ကောင်းတာ၊ မင်းက တောင်းကျွေးစရာလားဆိုပြီး ကားပေါ်မှာ ဝိုင်းဆော်ပေးလိုက်တယ်။ ပြီးတော့ ရဲစခန်းလည်း မသွားချင်တာနဲ့ ကျွန်တော်တို့ရပ်ကွက်ထိပ်က ထီးတန်းဓမ္မာရုံမှာ ကြိုးတုပ်ထားပြီး ရပ်မိရပ်ဖ လက် အပ်လိုက်တယ် ။ ကျွန်တော်တို့ ဆက်မပါချင်တော့လို့ ” လို့ ပြောပြပါတယ် ။

အဆိုပါ ဖမ်းမိသူခိုးနဲ့အတူ တခြားကလေးတွေတော့ မတွေ့ရှိ မသိရပေမယ့် သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဖြစ်စဉ်ကို ဆက်လက်ကာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေကြောင်းလည်း စုံစမ်းသိရှိရပါတယ်။

Credit - MT News Agency

#သတင်းဟင်းလေးအိုးကြီး

imageimage