image
image
image
26 w - Translate

မီးလာနေပါသည်။

image
26 w - Translate

This Red-naped Sapsucker, patient number 25-9, is not even a year old and has already had an encounter with one of the dangers that humans have introduced into the environment: a free-roaming cat. Even though 25-9 only suffered a few small wounds that could hardly even be seen during an intake exam, we are very glad that the rescuer knew to call us and bring this young woodpecker to NMWC for medical treatment. Cats' mouths - and their paws too, after a good grooming session - contain bacteria that can quickly cause fatal infections when introduced into an animal's bloodstream with a bite or a scratch. The tiniest puncture wound from a cat claw can turn into a pocket of infection that could spiral out of control without medical care.

Red-naped Sapsucker 25-9 will need to stay in care at least long enough to receive a course of antibiotics and may need more time after that to recover from their small but painful injuries. If you have a feline friend in your family, you can help prevent injuries to wildlife and keep your cat safer by making them an indoor-only cat! Watching the outside world from a secure catio or exploring the outdoors on a harness and leash can also provide safe enrichment and exercise to your cat. If you do find a wild animal that has been in contact with a cat, call NMWC (505-753-9505) or your nearest licensed wildlife rehabilitator for assistance as soon as possible.

image

ရလဒ်ဆိုးတွေကနေ စပါးအသင်း ရုန်းထွက်နိုင်မှာလား

ဇန်နဝါရီ ၁၉

စပါးအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အာဆင်နယ်အသင်းကို အရေးနိမ့်ပြီးနောက် ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲစလုံး နိုင်ပွဲပျောက်ဆုံးနေခဲ့တာ ဖြစ်ပါတယ်။

စပါးအသင်းဟာ ပြီးခဲ့တဲ့ ကာရာဘောင်းဖလားနဲ့ FA ဖလားပြိုင်ပွဲမှာ နိုင်ပွဲရယူနိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ်မှာ ရလဒ်ကောင်းတွေ ပြန်ရယူနိုင်မယ်လို့ ထင်နေချိန်မှာ ရှုံးပွဲထပ်ပြီး ကြုံတွေ့ခဲ့တာပါ။

စပါးအသင်းဟာ ပရီးမီးယားလိဂ်မှာ နိုင်ပွဲတွေ ဆက်တိုက် ပျောက်နေတာကြောင့် အဆင့် ၄ အတွင်းကို ဝင်ရောက်ဖို့ထက် တန်းဆင်းဇုန်နဲ့တောင် ပိုပြီးနီးစပ်သွားခဲ့တယ်လို့ ပြောရမှာဖြစ်ပါတယ်။

ပုံ - စပါးအသင်းသားတွေကို တွေ့ရစဉ်

#ဘောလုံးသတင်းစုံ

image

နိုင်ဂျီးရီးယားမှာ လောင်စာကားတိမ်းမှောက် မီးလောင်မှုကြောင့် လူ ၇၇ ယောက်သေဆုံး

အဘူဂျာ၊ ဇန်နဝါရီ ၁၉

နိုင်ဂျီးရီးယားနိုင်ငံမှာ လောင်စာဆီကားတစီး တိမ်းမှောက်ပြီး မီးလောင်ပေါက်ကွဲမှုကြောင့် လူ ၇၇ ယောက်သေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေ့ ပြောပါတယ်။

သေဆုံးသူအများစုဟာ တိမ်းမှောက်နေတဲ့ ယာဉ်ကနေ ယိုဖိတ်နေတဲ့ လောင်စာတွေကို ရယူဖို့ ကြိုးပမ်းကြုသူတွေဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

အဲဒီလောင်စာဆီကားဟာ နိုင်ဂျာပြည်နယ် ဆူလီဂျာဒေသမှာ မနေ့က တိမ်းမှောက်ခဲ့တာဖြစ်ပြီး လောင်စာတွေယိုဖိတ်ပေါက်ကွဲကာ အချိန်အတော်ကြာ မီးလောင်ခဲ့ပြီး ကယ်ဆယ်ရေးသမားတွေအပါအဝင် အခြား ၂၅ ယောက်လည်း ဒဏ်ရာရရှိခဲ့ပါတယ်။

ပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူတွေကို အနီးနားက ဆေးရုံတွေမှာ ကုသပေးနေတယ်လို့ အရေးပေါ်စီမံခန့်ခွဲရေးဌာနက ပြောပါတယ်။ နိုင်ဂျီးရီးယားနိုင်ငံမှာ လမ်းတွေညံ့ဖျင်းမှုနဲ့ ယာဉ်ကြံ့ခိုင်မှုအားနည်းတာတွေကြောင့် လောင်စာဆီကားတွေ တိမ်းမှောက်မီးလောင်မှုတွေ မကြာခဏ ဆိုသလို ဖြစ်ပွားလေ့ရှိပါတယ်။

လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်ကလည်း လောင်စာကားတစီး တိမ်းမှောက်မှုကြောင့် လူငါးယောက်သေဆုံးခဲ့ပြီး အောက်တိုဘာလအတွင်းကလည်း လောင်စာကားတစီးကနေ ယိုဖိတ်နေတဲ့ ဓါတ်ဆီတွေ ရယူဖို့ ကြိုးပမ်းစဉ် မီးလောင်ပေါက်ကွဲမှုကြောင့် လူ ၁၅၀ ကျော်သေဆုံးခဲ့ပါတယ်။

နိုင်ဂျီးရီးယား သမ္မတ ဘိုလာတီနူဘူရဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှု မူဝါဒအရ နှစ်ရှည်လများ လောင်စာဆီထောက်ပံ့နေတဲ့ စနစ်ကို ဖယ်ရှားခဲ့ပြီး လောင်စာဆီစျေးနှုန်း ၄၀၀ ရာခှိုင်နှုန်းထိ မြင့်တက်လာခဲ့သည်။
ဒီအပြောင်းအလဲကြောင့် သန်းနဲ့ချီတဲ့ ပြည်သူတွေ အခက်အခဲတွေနဲ့ ကြုံနေရပြီး နိုင်ဂျီးရီးယားအစိုးရကတော့ ဒါဟာ စီးပွားရေးအားကောင်းစေဖို့ ရည်ရွယ်တယ်လို့ ကာကွယ်ပြောဆိုထားပါတယ်။

Ref:BBC
Photo:Reuters

#သတင်းဟင်းလေးအိုးကြီး

image

အသက် ၆၀ ကျော် အဘွားအို အဝတ်လှမ်းရင်း လေးလွှာတိုက်ခန်းမှ ပြုတ်ကျမှု တာမွေမြို့နယ်တွင် ဖြစ်ပွား

ဇန်နဝါရီ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်မြောင်းကြီးရပ်ကွက်၊ အောင်မင်္ဂလာလမ်းရှိ တိုက်တစ်ခုတွင် ဇန်နဝါရီလ ၁၈ ရက် မွန်းလွဲပိုင်းက အသက် ၆၀ ကျော်အရွယ် အဘွားအိုတစ်ဦး အဝတ်လှမ်းရင်း ၄ လွှာတိုက်မှ တိုက်အောက်သို့ ​ပြုတ်ကျမှုဖြစ်ပွားခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သည့် မြန်မာမွတ်စလင်မ်ပရဟိတအဖွဲ့ထံမှ သိရသည်။

တိုက် ၄ လွှာမှ မတော်တဆပြုတ်ကျခဲ့သော အဘွားအိုတွင် ဦးခေါင်းနှင့်ခန္ဓာကိုယ်တို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သဖြင့် မြေပြင်၌ ရှေးဦးသူနာပြုစုကုသပေးခဲ့ပြီး မြန်မာမွတ်စလင်မ်ပရဟိတအဖွဲ့ဝင်များက ရန်ကုန်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အလားတူ ဇန်နဝါရီလ ၁၂ ရက်နေ့ကလည်း တာမွေမြို့နယ် ကျောက်မြောင်းကြီးရပ်ကွက်၊ ကျောက်မြောင်းလမ်းတွင် အမျိုးသမီးတစ်ဦး ၇ လွှာတိုက်ခန်းမှ တိုက်အောက်သို့ မတော်တဆပြုတ်ကျမှုဖြစ်ပွားခဲ့ပြီး ပခုံးရိုးနှင့်​ခြေကျိုးခဲ့သဖြင့် ဒဏ်ရာရရှိသူအမျိုးသမီးကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း မြန်မာမွတ်စလင်မ်ပရဟိတအဖွဲ့ထံမှ သိရသည်။

Credit - MT News Agency

#centralnewsnaypyitaw

image
image
image
image
image

image

image

အသင်းတိုက်စစ်မှူးအဲရင်ဟာလန်းကို ၂၀၃၄ ခုနှစ်နွေရသီကာလအထိစာချုပ်သက်တမ်းတိုးချုပ်ဆိုနိုင်ခဲ့ကြောင်းမန်ချက်စတာစီးတီးအသင်းကကြေငြာလိုင်္ကပါတယ်။

အသက် ၂၄ နှစ်အရွယ်ကစားသမားဟာ ဒေ့ါမွန်အသင်းကနေ မန်စီးတီးအသင်းဆီ ၂၀၂၂ ခုနှစ်မှာပြောင်းရွှေ့လာခဲ့ပြီး အကောင်းမွန်ဆုံးစွမ်းဆောင်ရည်လုပ်ဆောင်ထားနိုင်ခဲ့ကာ ပထမဆုံးရာသီမှာကတည်းကဂိုးသွင်းအများဆုံးကစားသမားဖြစ်ခဲ့ပါတယ်။လက်ရှိရာသီကာလမှာတော့ ၂၈ ပွဲပါဝင်ကစားထားခဲ့ရာမှာ ၂၁ ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။

အဆိုပါနော်ဝေးတိုက်စစ်မှူးအနေနဲ့ ဒီတကြိမ်စာချုပ်သက်တမ်းတိုးတာနဲ့ပတ်သက်ပြီး ကျနော့်ရဲ့စာချုပ်သစ်လက်မှတ်ရေးထိုးနိုင်ခဲ့တဲ့အတွက်ကျနော်အမှန်တကယ်ဝမ်းသာပါတယ်။ဒီထက်မကကြီးကျယ်ခမ်းနားတဲ့ကလပ်အသင်းနဲ့လက်တွဲကစားဖို့အတွက်အချိန်တွေအများကြီးရှေ့ဆက်သွားဖို့ပါပဲ့။

မန်ချက်စတာစီးတီးအသင်းဟာ ထူးခြားတဲ့ကလပ်အသင်းဖြစ်ပါတယ်။မယုံကြည်နိုင်စရာကောင်းလောက်တဲ့ပရိသတ်တွေလူပုဂ္ဂိုလ်တွေနဲ့ပြည့်နှက်နေပါတယ်။သူတို့အနေနဲ့ထူးခြားတဲ့နေရာဖြစ်လာစေဖို့လုပ်ဆောင်ခဲ့ပြီးလက်ရှိမှာတော့ ကျနော်ဟာလည်းဘာတွေဖြစ်လာပါစေမန်ချက်စတာစီးတီးပါပဲ့။

ကျနော့်အနေနဲ့ဆက်ပြီးတော့တိုးတက်ချင်ပြီး စွမ်းဆောင်ရည်ပိုကောင်းလာဖို့အတွက်လုပ်ဆောင်ချင်ပါတယ်။ငါတို့အနေနဲ့အနာဂတ်မှာအောင်မြင်မှုကြုံတွေ့ရဖို့အတွက်အကူအညီဖြစ်စေဖို့ရာနှုန်းပြည့်ကြိုးစားသွားမှာပါလို့ ဟာလန်းကပြောဆိုခဲ့ပါတယ်။

#ဘောလုံးသတင်းစုံ

image

ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက်နက်ဖ်ဒေသသို့ ရန်ကုန်က ကုန်ပို့လာသော ကုန်သင်္ဘောသုံးစီးကို AA ဖမ်းဆီးထား

ဇန်နဝါရီ ၁၉

ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက်နက်ဖ်ဒေသ ဆိပ်ကမ်းကို ရန်ကုန်မြို့ကနေ ကုန်ပစ္စည်းတွေတင်ဆောင်ပြီး ခုတ်မောင်းလာတဲ့ ကုန်သင်္ဘောသုံးစီးကို မြန်မာနိုင်ငံမှ AA သောင်းကျန်းသူအဖွဲ့က လမ်းခရီးမှာ ရခိုင်ပြည်နယ်၊ နတ်မြစ်ဝကိုအရောက် ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

ကုန်သင်္ဘောတွေက ရန်ကုန်မြို့ကနေ ငါးခြောက်၊ ကွမ်းသီး၊ ကော်ဖီနဲ့ တခြားပစ္စည်းတွေပါဝင်တဲ့ ကုန်အိတ်ပေါင်း ၅၀,၀၀၀ ကို သယ်ဆောင်လာတာဖြစ်ပါတယ်။ ဇန်နဝါရီလ ၁၇ ရက်၊ ည ၁၀ နာရီခွဲအထိ AA တို့ဆီက သင်္ဘောသုံးစီးကို လွှတ်ပေးလိုက်တယ်လို့ သတင်းအချက်အလက်မရသေးဘူးလို့လည်း ဆိုပါတယ်။

ဒီလိုဖမ်းဆီးထားတာကို တက်နက်ဖ်ဒေသ ဆိပ်ကမ်းကို လည်ပတ်နေတဲ့ United Land Port Limited မှ အထွေထွေမန်နေဂျာဖြစ်တဲ့ မိုဟာမက် ဂျာဆင် အပ်ဒင် ချောင်ဒရီက ပြောကြားခဲ့ပါတယ်။ သူက AA အဖွဲ့က ကုန်တွေသယ်လာတဲ့ သင်္ဘောသုံးစီးကို တက်နက်ဖ်ကို လာနေတုန်း နတ်မြစ်ဝမှာဖမ်းထားတာ လွှတ်မပေးသေးဘူးလို့ ပြောခဲ့ပါတယ်။

AA က ရခိုင်ပြည်နယ်အတွင်း မောင်းတောဒေသကို ထိန်းချုပ်ထားပြီးကတည်းက မြန်မာနိုင်ငံဘက်က ကုန်သင်္ဘောတွေလည်း တက်နက်ဖ်ဒေသ ဆိပ်ကမ်းကို ရောက်မလာကြတော့ပါဘူး။ ဒီဇင်ဘာလ ၃ ရက်မှာ နောက်ဆုံးကုန်သင်္ဘောရောက်ခဲ့တယ်ဆိုပါတယ်။ တစ်လကျော်အကြာမှာတော့ ဒီ ကုန်သင်္ဘောသုံးစီးက ရန်ကုန်မှ တက်နက်ဖ်ကို ကုန်သွယ်မှုခရီးစဉ်ကို ပြန်စခဲ့ကြတာပါပဲ။

ကုန်သည်တွေကတော့ ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ မြန်မာအစိုးရနဲ့ နယ်စပ်ကုန်သွယ်ရေး ပြန်စနိုင်ဖို့ ညှိနှိုင်းတိုင်ပင်သင့်ပြီ။ ဒါမှမဟုတ်ရင်တော့ ကုန်သည်တွေက တက်နက်ဖ်ကိုစွန့်ခွာကြတော့မှာပေါ့လို့ ပြောခဲ့ကြပါတယ်။

တက်နက်ဖ်က နယ်ခြားစောင့်တပ်မှူး ဒုတိယဗိုလ်မှူးကြီးအရှီကာရာမန်က “ကုန်သင်္ဘောသုံးစီး တက်နက်ဖ်ကိုလာနေတုန်း မြန်မာ့ရေပြင်ထဲမှာ ဖမ်းဆီးခံရတာ သတင်းရပါတယ်။ ဒါပေမယ့် ဘယ်သူကမှ ဒီကိစ္စနဲ့ပတ်သက်လို့ ကျွန်တော်တို့ကိုတရားဝင် အကြောင်းကြားမှုမပြုကြဘူး။ ပြီးတော့ ဒီကိစ္စဖြစ်တာက မြန်မာရေပိုင်နက်ထဲမှာ ဖြစ်နေတယ်”လို့ ပြောခဲ့ပါတယ်။

Ref-Dhaka Tribune

#centralnewsnaypyitaw

image