#မဆလာလုပ်နည်း
နံနံစေ့-လက်ဖက်ရည်ဇွန်း ၃ ဇွန်း
ဇီယာစေ့ -လက်ဖက်ရည်ဇွန်း ၃ ဇွန်း
ပဲနံ့သာစေ့-လက်ဖက်ရည်ဇွန်း၁ဇွန်း
သစ်ဂျပိုးခေါက်-၁ခေါက်
ဖာလာစေ့-လက်ဖက်ရည်ဇွန်း ၁ ဇွန်း
နာနတ်ပွင့်-၁ ပွင့်
ကရဝေးရွက်-၂ ရွက်
လေးညှင်း-၂ ပွင့်
ငရုတ်ကောင်းစေ့ -၅ စေ့ တို့လိုပါသည်။
၁။💥အရင်ဆုံး မာတဲ့ သစ်ဂျပိုးခေါက်တို့ ဖာလာစေ့တို့ နာနတ်ပွင့်တို့ကို သက်သက်လှော်ပါမယ်၃ မိနစ်ခန့် မကပ်အောင်လှော်ပီးပေးပါ
၂။💥ပြီးရင်ကျန်တဲ့အစေ့တွေအားလုံးကိုလည်းလှော်ပါမယ် မတူးစေရန် ဆက်တိုက်မွှေပါ။
၃။💥၃မိနစ်လောက်မွှေပြီးရင် မီးဖိုကချပြီး ထောင်းပါမယ် မာတဲ့အခေါက်တွေအပွင့်တွေကို အရင်ထောင်ပါ သူတို့ညက်ပြီဆိုမှ ကျန်တဲ့အစေ့တွေ ထည့်ထောင်းပါ မှုန်မှုန်ညက်ညက်ကြိုက်ရင် ကြိတ်စက်နဲ့ ကြိတ်လည်း ရပါတယ်
#ငါးမျိုးစပ်မဆလာ
ဒီမဆလာကိုတော့ အသားကင်စားတဲ့အခါ ဒန်ပေါက်ချက်တဲ့အခါမျိုးမှာ သုံးပါတယ်
ဇာရိတ်ဖိုသီး တစ်လုံး
နာနတ်ပွင့် ၂ကျပ်သား
ဇာပွင့် ၂ ကျပ်သား
ဖာလာ ၂ ကျပ်သား
ဇီရာ ၅ ကျပ်သား တို့ကိုရေသေချာဆေးပြီး အခြောက်ခံပါသေချာရေဆေးပြီး ပူနေတဲ့ စလောင်းဖုံးပေါ်တင်ထားပြီး အခြောက်ခံအပူပေးပြီးရင် ကြိတ်စက်နဲ့ ကြိတ်လိုက်ရင်ရပါပြီ (သီးသန့်လှော်စရာမလိုပါ)

image