32 w - Translate

2007 ခုနှစ် က ဆွစ်ဇာလန် အမျိုးသမီးတစ်ဦး ဟာ Adermatoglyphia လို့ အမည်ရတဲ့ ရှားပါးမျိုးဗီဇ
ရောဂါကြောင့် လက်ဗွေရာမရှိဘဲဖြစ်ကာ အမေရိကန်နိုင်ငံ သို့ ဝင်ရောက်ခွင့်မရရှိခဲ့ပါဘူး ဒီ လက်ဗွေရာ မရှိတဲ့
ဖြစ်ရပ်ဟာ ကမ္ဘာတစ်ဝှမ်းက မိသားစု ငါးစု မှာသာ
ဖြစ်ပွါးကြောင်းတွေ့ရှိရပါတယ်
#knowledge

image

မင်္ဂလာဒုံမြို့နယ်တွင် လင်မယားနှစ်ဦး စကားများရန်ဖြစ်၍ မီးခြစ်လုမီးရှို့ရာမှ ဇနီးဖြစ်သူ မီးလောင်သေဆုံး

ဖေဖော်ဝါရီ ၇

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြိုနယ်တွင် အမျိုးသားဖြစ်သူ အရက်သောက်သည်ကို မကြိုက်၍ စကားများ ရန်ဖြစ်ပြီး မီးခြစ်လု မီးရှို့ရာမှ ဇနီးဖြစ်သူမီးလောင်သေဆုံး၍ အမျိုးသားမှာ မီးလောင်ဒဏ်ရာအပြင်းအထန် ရရှိခဲ့ ကြောင်း မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းထံမှ သိရသည်။
အဆိုပါဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၆ ရက်၊ နံနက် ၁ နာရီအချိန်ခန့်က မင်္ဂလာဒုံမြို့နယ်၊ ဧကရာဇ်ရပ်ကွက်၊ ရန်ကုန်-ပဲခူး လမ်းမကြီးဘေးရှိ လယ်တဲတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အမျိုးသားဖြစ်သူက အရက်သောက်လို့ မိန်းမက မကြိုက်ရာကနေ စကားများရန်ဖြစ်ကြတာ။ အဲဒီကနေ နင်ရှို့ မယ် ငါရှို့မယ်နဲ့ မီးခြစ်ကို လုတယ်။ အဲဒီတော့ ယောက်ျားက မူးပြီးတော့ မီးခြစ်ကိုပေးလိုက်တယ်။ ပေးလိုက်တဲ့ အချိန်မှာ မိန်းမက တစ်အိမ်လုံးကို ဓာတ်ဆီနဲ့ဖြစ်ဖြစ်၊ ဒီဇယ်တွေနဲ့ဖြစ်ဖြစ် ပက်ထားတယ်ပေါ့နော်။ ဓာတ်ဆီပုံးတွေ နဲ့လျှောက်ဖြန်းတော့ အောက်တွေကို၊ မြေကြီးတွေပေါ် ကိုလည်း အစက်တွေကျတယ်။ ဟိုလိုဒီလိုတွေနဲ့ ဆီနဲ့ လိုက်ပက်တာ။ မိန်းမက တကယ် ရှို့ချလိုက်တယ်။ ရှို့လိုက်တဲ့အချိန်မှာ ဝုန်းဆိုပြီး ထလောင်တယ်။ ထလောင် တော့ သူ့(မိန်းမ)ကိုလည်း လောင်တယ်။ အဲဒီမှာ ယောက်ျားကလည်း ထွက်ပြေးတော့ လွတ်တယ်။ မိန်းမက သူကိုယ်တိုင်ရှို့ပြီး မီးလောင်ပြီး သေသွားတယ်” ဟု မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ မီးလောင်သွားသောတဲမှာ ဆယ်ပေပတ်လည်ရှိ လယ်တဲမျိုးဖြစ်ပြီး အမျိုးသမီးမှာ မီးလောင်ဒဏ်ရာများဖြင့် ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရသည်။

“သူတို့နေတဲ့တဲက ဆယ်ပေပတ်လည် တဲမျိုးလေးတော့ ရှိတယ်။ လယ်ကွင်းထဲမှာ။ လူသူလည်း နည်းနည်းတော့ ဝေးတယ်။ ဖြစ်တာလည်း မြန်ဆန်တယ်။ လယ်ကွင်းထဲဆိုတော့ လေတိုက်အားလည်း အရမ်းကောင်းတယ်” ဟု အခြားမီးသတ်ဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

မီးလောင်သေဆုံးသူအမျိုးသမီးမှာ အသက်(၄၇)နှစ်အရွယ်ရှိပြီး အသက် (၄၀)အရွယ်ရှိ ၎င်း၏ အမျိုးသားမှာလည်း မီးလောင်ဒဏ်ရာများ ပြင်းထန်စွာရရှိခဲ့ကြောင်း သိရသည်။

၎င်းတို့မှာ အဆိုပါတဲသို့ လယ်ထွန်ရန် ရောက်ရှိနေခြင်းဖြစ်ပြီး သေဆုံးသူရုပ်အလောင်းနှင့် ဒဏ်ရာရရှိသူတို့ကို အင်းစိန်ပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးထားကြောင်း မင်္ဂလာဒုံမီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက ဆက်လက်ပြောသည်။

#centralnewsnaypyitaw

image
32 w - Translate

မနက်ဖြန် (၈-၂-၂၀၂၅) ရန်ကုန် (၆) မြို့နယ် မီးပြတ်မည် (မလာတဲ့ မီးကို ပြတ်မယ်ဆိုပြီး ကြိုပြောနေတဲ့ အဖြစ်)
၈-၂-၂၀၂၅ ရက်နေ့ စနေနေ့မှာ ကျိုက္ကဆံ (၂) ဓာတ်အားလိုင်သစ်အတွက် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ရှင်းလင်းမှာ ဖြစ်တာကြောင့် ရန်ကုန် (၆) မြို့နယ် မီးပြတ်မယ်လို့ သိရပါတယ်။ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာ၊ ရန်ကင်း၊ တာမွေ၊ မင်္ဂလာတောင်ညွှန့်၊ ဗဟန်း မြို့နယ် (၆) မြို့နယ်မှာ မနက်ဖြန် မနက် (၁၀) နာရီကနေ နေ့လည် (၂) နာရီအထိ မီးပြတ်မှာ ဖြစ်ပါတယ်။
လတ်တလောမှာ ရန်ကုန်အနောက်ပိုင်းခရိုင်တခုပဲ (၄) နာရီခြား မီးပြတ်နေပြီး တခြားမြို့နယ်တွေမှာတော့ (၄) နာရီလာ (၈) နာရီပြတ်အချိန်ဇယားနဲ့ပဲ ရှိပါသေးတယ်။ လျှပ်စစ်မီး ရရှိမှု မညီမျှရတဲ့အထဲ ယခုလို သီးသန့် ဖြတ်တောက်မှုတွေကြောင့် အဆိုပါမြို့နယ်တွေမှာရှိတဲ့ ပြည်သူတွေအနေနဲ့ တနေ့မှာ ၄ နာရီပြည့်အောင် မီးမရဘူးလို့ သိရပါတယ်။
လက်ရှိအချိန်ဟာ ဆောင်းရာသီဖြစ်တာကြောင့် ရန်ကုန်မှာရှိတဲ့ အဲကွန်း အများစုကို ပိတ်ထားကြတာပဲ ဖြစ်ပါတယ်။ မကြာခင်မှာ နွေဦးရာသီရောက်လာတော့မှာ ဖြစ်ပြီး အပူချိန် မြင့်တက်လာမှုနဲ့အတူ လျှပ်စစ်အသုံးများလာချိန်မှာတော့ ရန်ကုန်မြို့ကြီးဟာ တနေ့ ၂ နာရီခန့်တောင် မီးလာပါ့မလားဆိုတာကို ပြည်သူတွေက စိုးရိမ်နေကြပါတယ်။

image

ICC ကို အရေးယူပိတ်ဆို့မှု ချမှတ်ကြောင်း အမေရိကန်ကြေညာ

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၇

နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) ဟာ တရားမဝင် အခြေအမြစ်မရှိတာတွေ လုပ်ဆောင်နေတယ်ဆိုကာ အရေးယူပိတ်ဆို့မှုတွေ ချမှတ်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အမိန့်ထုတ်ပြန်လိုက်ပါတယ်။

အမေရိကန်နဲ့ မဟာမိတ်အစ္စရေးအပေါ် ပစ်မှတ်ထားပြီး တရားမဝင် လုပ်ရပ်တွေလုပ်ဆောင်နေတယ်လို့ ထရန့်က ပြောဆိုထားပြီး အမေရိကန်နိုင်ငံသားတွေနဲ့ မဟာမိတ်များအပေါ် အိုင်စီစီရဲ့ စုံစမ်းစစ်ဆေးမှုမှာ ကူညီဆောင်ရွက်ပေးနေတဲ့ လူပုဂ္ဂိုလ်တွေနဲ့ မိသားစုတွေကိုပါဘဏ္ဍာရေးနဲ့ ခရီးသွားကန့်သတ်ချက်တွေ ချမှတ်လိုက်ပါတယ်။

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု ဝါရှင်တန်ကို ရောက်ရှိနေချိန်မှာ ICC နဲ့ပတ်သက်ပြီး အရေးယူပိတ်ဆို့မှုများကို ဒေါ်နယ်ထရန့်က လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။ ဂါဇာကမ်းမြှောင်ဒေသမှာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်သည်ဆိုကာ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကို အိုင်စီစီက နိုဝင်ဘာလမှာ ဖမ်း၀ရမ်းထုတ်ခဲ့ပါတယ်။

အစ္စရေးကတော့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။ အိုင်စီစီဟာ ဟားမတ်စ်ထိပ်တန်းတပ်မှူးကိုလည်း ဖမ်း၀ရမ်းထုတ်ပြန်ခဲ့ပါတယ်။ ကျင့်ဝတ်နဲ့ လုပ်ရပ်အရ မတူညီတဲ့အခြေအနေမှာ ဟားမတ်စ်နဲ့ အစ္စရေးကို တန်းတူထားတဲသဘော သက်ရောက်တယ်လို့ ထရန့်ကပြောပါတယ်။

အမေရိကန်နဲ့ အစ္စရေးတို့ဟာ စစ်ဥပဒေတွေကို တင်းတင်းကြပ်ကြပ် လိုက်နာဆောင်ရွက်နေတဲ့ ဒီမိုကရေစီနို်ငငံတွေဖြစ်တယ်လို့ သူကဆိုပါတယ်။ အမေရိကန်ဟာ အိုင်စီစီအဖွဲ့ဝင်နိုင်ငံမဟုတ်တဲ့အပြင် အမေရိကန်နိုင်ငံသားတွေကို တရားစီရင်ပိုင်ခွင့်ကိုလည်း အကြိမ်ကြိမ် ပယ်ချခဲ့ပါတယ်။

ဒေါ်နယ်ထရန့်ရဲ့ ပထမကြိမ် သမ္မတသက်တမ်းအတွင်း အာဖဂန်မှာ အမေရိကန်တပ်ဖွဲ့ဝင်တွေ စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းရှိမရှိ စုံစမ်းစစ်ဆေးနေတဲ့ အိုင်စီစီအရာရှိတွေ အရေးယူပိတ်ဆို့မှုများချမှတ်ခဲ့ပြီး သမ္မတဂျိုးဘိုင်ဒင်လက်ထက်မှာတော့ အရေးယူပိတ်ဆို့မှုတွေကို ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။

Ref:BBC
Photo:Reuters

#သတင်းဟင်းလေးအိုးကြီး

image

ဂန်းနားအသင်းအနေနဲ့ နယူးကာဆယ်အသင်းကို ၂-၀ နဲ့ရှုံးနိမ့်ခဲ့တာကြောင့်၂ကျော့ပေါင်း ၄-၀ ဆိုတဲ့၇လဒ်နဲ့ရှုံးနိမ့်ခဲ့ပါတယ်။နောက်ဆုံးပွဲစဉ်မှာလည်းသူတို့အနေနဲ့ ၁၁ ကြိမ်အထိအခွင့်အရေးရှာနိုင်ခဲ့ပေမဲ့ ဂိုးပေါက် ၃ ကြိမ်သာတည့်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ ဒဏ်ရာရကစားသမားပြသနာတွေကြုံတွေ့နေရပြီးအထူးသဖြင့် တိုက်စစ်ပိုင်းကစားသမားတွေဖြစ်တဲ့ ဂါဘရီရယ်ဂျီးဆပ်စ်နဲ့ဘူခါယိုဆာကာတို့ဖြစ်ပါတယ်။ဒါပေမဲ့လည်းသူတို့အသင်းအနေနဲ့ ပြီးခဲ့တဲ့ဇန်နဝါရီကာလစျေးကွက်မှာအသင်းဆီကစားသမားတဦးတယောက်မှခေါ်ယူအားဖြည့်နိုင်ခြင်းမရှိခဲ့ဘဲစပိန်နည်းပြကြီးကိုယ်တိုင်ကလည်း ဒီတကြိမ်အပြောင်းအရွှေ့စျေးကွက်နဲ့ပတ်သက်ပြီးစိတ်ပျက်ကြောင်းဝန်ခံပြောဆိုထားခဲ့ပါတယ်။

သူတို့ဂိုးရခဲ့ပြီးနောက်မှာတော့ အရှိန်အဟုန်ဟာပြောင်းလဲသွားခဲ့ပါတယ်။ဒုတိယပိုင်းအစပိုင်းမှာငါတို့ဂိုးလိုချင်ခဲ့ပြီး ငါတို့မလုပ်ဆောင်နိုင်ခဲ့ပါဘူး။
သူတို့အသင်းဟာပယ်နယ်တီဧရိယာထဲထိုးဖောက်ရာမှာငါတို့အသင်းထက်ပိုပြီးအရည်အသွေးရှိပြီး ဒီဟာကကွာခြားမှုရှိပါတယ်။မင်းအနေနဲ့အရည်အသွေးရှိရှိကစားရမှာဖြစ်ပြီး ဒီဟာကမင်းအနေနဲ့ချန်ပီယံဆုရယူရာမှာနီးစပ်မှုရှိစေတဲ့အရာဖြစ်ပေမဲ့ဒီဟာကိုငါတို့မလုပ်ဆောင်နိုင်ခဲ့ဘူးလို့ အာတီတာကပြောဆိုခဲ့ပါတယ်။

#ဘောလုံးသတင်းစုံ

image
32 w - Translate

The Orphanage(2007)

***
IMDb...7.4,,,,Rotten 87%

Simon ဆိုတဲ့ ၇နှစ်အရွယ်ကောင်လေးကို သူ့မိဘတွေက ကမ်းခြေတစ်ခုနားမှာ ရှိတဲ့

အိမ်ကြီးတစ်အိမ်ကို ခေါ်လာပြီး မကြာခင် တခြားကလေးတွေကို မွေးစားဖိုလည်း စီစဉ်နေကြပါတယ်..

Laura သားလေးက Simon အဖော်မဲ့နေလို စိတ်ကူးယဉ်သူငယ်ချင်းတွေအကြောင်း
ပြောပြီး အမြဲကစားနေတာကြောင့် စိတ်ပူနေပါတယ်

ဒါမဲ့ မွေးစားကလေးတွေရောက်လာရင် အဆင်ပြေမှာပါလို တွေးထားရင်း

သူတိုတကယ်ရောက်လာတဲ့နေ့မှာပဲ Simon က အိမ်ထဲမှာပဲပျောက်သွားပါတယ်...

ဒါနဲ့ Laura နဲ့သူ့ယောက်ျားတို လိုက်ရှာပေမဲ့ဘယ်လိုမှမတွေ့ပါဘူး..
ကလေးလေးဘယ်လိုပျောက်သွားလဲ..သူတို

ဘယ်လိုပြန်ခေါ်ကြမလဲ..
Horror ကားကောင်းကြိုက်သူတို လက်မလွှတ်သင့်ပါကြောင်း...

image
32 w - Translate

ယခုလအတွင်း စက်သုံးဆီတင်သင်္ဘော ၂၉ စင်း ဝင်ရောက်ရန်ရှိ
ရန်ကုန်၊ ဖေဖော်ဝါရီ ၇
ယခုလအတွင်း မြန်မာနိုင်ငံကို ပြည်ပကနေ စက်သုံးဆီတင်သင်္ဘော ၂၉ စင်း ဝင်ရောက်ဆိုက်ကပ်ဖို့ရှိကြောင်း စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီကနေ သိရပါတယ်။
ပြည်ပကနေ စက်သုံးဆီတင်သင်္ဘောတွေ ကြိုတင်စီမံထားတဲ့အတိုင်း စဉ်ဆက်မပြတ် ဝင်ရောက်နေတာကြောင့် ပြည်တွင်းသုံးစွဲမှု လုံလောက်တဲ့အပြင် အရန်ဆီတွေ သိုလှောင်ထားလို့ ရောင်းဈေးနှုန်းတွေလည်း အရင်ကထက် ကျဆင်းလျက်ရှိတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ သီလဝါဆိပ်ကမ်းနယ်မြေက ဆီချဆိပ်ကမ်းတွေမှာ စက်သုံးဆီတင်သင်္ဘော ၆ စင်းနဲ့ ပင်လယ်ဝမှာ သင်္ဘော ၃ စင်း ရောက်ရှိနေပြီလို့ သိရပါတယ်။
လမ်းခရီးမှာ စက်သုံးဆီတင်သင်္ဘော ၁ စင်းနဲ့ ပြည်ပနိုင်ငံမှာ စက်သုံးဆီတင်ဆောင်နေတဲ့ သင်္ဘော ၁၀ စင်း အသင့်ဖြစ်နေတာကြောင့် ဖေဖော်ဝါရီလအတွင်း သင်္ဘော ၂၉ စင်း စဉ်ဆက်မပြတ် တင်သွင်းဖို့ ကြိုတင်စီမံဆောင်ရွက်ထားကြောင်း ကော်မတီက ပြောပါတယ်။
ဒါ့အပြင် ပြည်တွင်းစားသုံးဆီ ဖူလုံမှုရှိစေဖို့ နေ့စဉ်သုံးစွဲမှုပမာဏအပြင် အရန်ဆီအနေနဲ့ တစ်လစာခန့် တင်သွင်းသိုလှောင်ထားရှိကာ သီလဝါကနေ နိုင်ငံအဝှမ်းကို ဆီတင်ယာဉ်တွေနဲ့ ဖြန့်ဖြူးရောင်းချပေးနေကြောင်း သိရပါတယ်။
ကော်မတီရဲ့ ထုတ်ပြန်ချက်အရ ဒီနေ့မှာ ရန်ကုန်အထိုင် စက်သုံးဆီဈေးနှုန်းတွေ အနည်းငယ် ကျရိပ်ပြလာတာကို တွေ့ရပါတယ်။
ဓာတ်ဆီ 92 Ron က တစ်လီတာ (၂၀) ကျပ်၊ 95 Ron က တစ်လီတာ (၄၀) ကျပ်၊ ရိုးရိုးဒီဇယ်က တစ်လီတာ (၈၅) ကျပ်၊ ပရီမီယံဒီဇယ်က တစ်လီတာ (၁၁၅) ကျပ် အသီးသီး ကျဆင်းသွားပါတယ်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကလည်း နိုင်ငံခြားငွေကြေးဈေးကွက်မှာ စက်သုံးဆီလုပ်ငန်းရှင်တွေကို အမေရိကန်ဒေါ်လာ ၂၃ သန်း ရောင်းချပေးမယ်လို့ ဖေဖော်ဝါရီ ၅ ရက်နေ့မှာ ကြေညာထားပါတယ်။

image
32 w - Translate

407 Dark Flight (2012)
လွန်ခဲ့တဲ့ ၁၀ နှစ်က သဘာဝလွန်ဖြစ်ရပ်ဆန်းတွေကြောင့် လေယာဉ်ပေါ်လိုက်ပါသူအားလုံး 6သဆုံးခဲ့တဲ့ ဖြစ်ရပ်တွေ ကြုံတွေ့ခဲ့ရတဲ့SA-407 လေယာဉ်ကြီးနောက်ကွယ်က အကြောင်းအရာကိုမဖော်ထုတ်ခဲ့နိုင်ခဲ့ပေမယ့် လေကြောင်းလိုင်းအနေနဲ့ထိုလေယာဉ်ကြီးကို ပြန်လည်ပြင်ဆင်ဆေးမှုတ်ပြီး ပျံသန်းနိုင်ဖို့ ကြိုးစားခဲ့ပါတယ်.... အောက်စီဂျင်ပြတ်လပ်မှုကြောင့် ခရီးသည်တွေ ထင်ယောင်ထင်မှားဖြစ်ပြီး ထူးဆန်းတာတွေ မြင်တွေ့ခဲ့ရတယ်လို့ ယူဆပြီးယခုတစ်ကြိမ်မှာ ဘယ်လိုဖြစ်ရပ်ဆိုးမှ ပေါ်ပေါက်လာနိုင်စရာအကြောင်းမရှိဘူးလို့ ယုံကြည်နေခဲ့ကြပါတယ်....ဒါပေမဲ့ လွန်ခဲ့တဲ့ ၁၀ နှစ်က ဖြစ်ရပ်မှာ အသက်ရှင်ကျန်ခဲ့တဲ့ လေယာဉ်မယ်ဖြစ်သူ နယူးအတွက်တော့ဒီလေယာဉ်ကြီးပေါ်ကို ပြန်ရောက်ခဲ့ပြီး ကံကြမ္မာလှည်းဘီး တစ်ပတ်ပြန်လည်ဖို့ ဖြစ်လာခဲ့ပါတယ် လေယာဉ်ကို အပြီးသတ်ပြင်ဆင်ပေးနေတဲ့ နယူးရဲ့ချစ်သူ ဘန့်ခ်တစ်ယောက်ကုန်သိုလှောင်ခန်းထဲမှာ စစ်ဆေးနေတုန်း အပြင်ထွက်မရဘဲ လေယာဉ်ပေါ်မှာ ပါလာခဲ့ပါတယ်
လေယာဉ်မောင်းနှင်ပြီး မကြာခင်မှာပဲ လေယာဉ်တွင်းအောက်ဆီဂျင် ထိုးကျလာပြီးတော့ခရီးသည်တွေအတွက် 6သရေးရှင်ရေး အခြေအနေဖြစ်လာခဲ့ပါတယ် လေယာဉ်မှူးအခန်းကိုလည်း ဆက်သွယ်မရ ဝင်မရဖြစ်နေတာကြောင့် ခရီးသည်တွေကို ကယ်တင်ပေးဖို့တာဝန်ကလေယာဉ်မယ်ခေါင်းဆောင်ဖြစ်တဲ့ နယူးနဲ့ ဘန့်ခ်တို့ ပခုံးပေါ် ကျရောက်လာခဲ့ပါတယ်.....
ခြောက်ခြားစရာတွေကို တစ်ယောက်စ နှစ်ယောက်စ ကြုံတွေ့လာခဲ့ရတာကနေစပြီးခရီးသည်တွေကို သရဲစတင်ပူးကပ်လာရာကနေတစ်ဆင့် အချင်းချင်းထင်ယောင်ထင်မှားနဲ့တစ်ယောက်ကိုတစ်ယောက် မယုံကြည်ရဲတဲ့အခြေအနေတွေ ဖြစ်လာခဲ့ပါတယ်.....

image

အငယ်ဆုံးသမီးလေးမို့ပါ

မိုင်းဆတ်မှာ တလကျော်က သတ်ခံရတဲ့ ထွေအုပ်စာရေးရဲ့ ကျန်ရစ်တဲ့ မိသားစုပါ ယနေ့ထိ ပျောက်ဆုံးနေ

ဖေဖော်ဝါရီ ၇

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်မှာ ပြီးခဲ့တဲ့ တလကျော်ကြာက ပစ်ခတ်ခံခဲ့ရတဲ့ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရေးဖြစ်သူရဲ့ ကျန်ရစ်သူ မိသားစုဝင် ၃ယောက်ဟာ ဒီကနေ့ အချိန်ထိ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူတွေထံကနေ သိရပါတယ်။

မိုင်းဆတ်မြို့နယ် အုပ်ချုပ်ရေးမှူးရဲ့ ထွေအုပ်စာရေး ဖြစ်သူ ဦးငွေစိုးသန်းနဲ့ မိသားစုဝင်တွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၆ရက်က နားကောင်းမူးကျေးရွာအုပ်စုဖက်ကို သွားလည်ရာကနေ အရပ်ဝတ် လက်နက်ကိုင်တပ်ဖွဲ့တခုက ဖမ်းဆီးသွားတာဖြစ်ပြီး ဒီဇင်ဘာလ ၂၈ရက်မှာတော့ ဦးငွေစိုးသန်းရဲ့ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

“သေနတ်နဲ့ ပစ်ခတ်ပြီး လမ်းမှာ လာပစ်သွားတာ၊ သူ့မိန်းမနဲ့ ကလေး ၂ယောက်ကတော့ အခုချိန်ထိ အဆက်အသွယ်မရသေးဘူး။ သေသလား၊ ရှင်သလားလည်း မသိရဘူး။ နားကောင်းမူးကနေ အပြန်မှာ ဖမ်းသွားတာ။ အရပ်ဝတ်တွေနဲ့ ကားနဲ့ ဖမ်းခေါ်သွားတာ။ စစ်တပ်ကတော့ မဟုတ်ဘူး”လို့ နီးစပ်သူတယောက်က ပြောပါတယ်။

ပစ်ခတ်ခံထားရတဲ့ ထွေအုပ်စာရေးရဲ့ ရုပ်အလောင်းပို မိုင်းကျွတ်မြို့ အသွား လမ်းတနေရာမှာ ပစ်ထားခံခဲ့ရတာဖြစ်ပြီး ကျန်ရစ်သူမိသားစုဝင်တွေကိုတော့ ယနေ့ချိန်ထိ လိုက်လံရှာဖွေနေပေမယ့် သတင်းအစအန မရရှိသေးဘူးလို့ သူက ဆက်ပြောပါတယ်။

မိုင်းဆတ်မြို့နယ်အပါအဝင် ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ စစ်တပ်နဲ့ ရဲသာမက ဒေသတွင်းတိုင်းရင်းသား လက်နက်ကိုင်အများအပြားရှိနေသလို အရပ်ဝတ်လက်နက်ကိုင်တွေကလည်း လုယက်မှု၊ ဓားပြတိုက်မှု၊ ပြန်ပေးဆွဲမှု၊ ပစ်ခတ်သတ်ဖြတ်မှုတွေက မကြာခဏကျူးလွန်လေ့ရှိပြီး မနေ့ ဖေဖော်ဝါရီလ ၆ရက်ကလည်း တာချီလိတ်မြို့နယ်၊ ဝမ်ပုံကျေးရွာဖက်မှာ အမျိုးသမီးတယောက်ကို အရပ်ဝတ်လက်နက်ကိုင်တွေကို ပစ်သတ်မှုဖြစ်ပွားခဲ့တယ်လို့လည်း သိရပါတယ်။

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

image