ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ဘီလျံနာအီလွန်မာ့စ် ထရန့်အစိုးရအဖွဲ့ထဲမှနုတ်ထွက်ပြီ
အမေရိကန်သမ္မတဒေါ်နယ်ထရန့်၏ အစိုးရအဖွဲ့ထဲမှ ၎င်း၏တာဝန်ချိန် အ ဆုံးသတ်သွားပြီဖြစ်ကြောင်း အစိုးရစွမ်းဆောင်ရည်ဌာနကို ဦးဆောင်ရန် အထူးအစိုးရ၀န်ထမ်းအဆင့်တာဝန်ပေးအပ်ခြင်းခံထားရသော နည်းပညာလုပ်ငန်းရှင်ဘီလျံနာအီလွန်မာ့စ် က ဒေသစံတော်ချိန်ယမန်နေ့ညနေပိုင်းတွင် ပြောကြား လိုက်သည်။
အစိုးရစွမ်းဆောင်ရည်ဌာန(DOGE) ကို တာဝန်ယူစဉ်အတွင်းမာ့စ် သည် ဖက်ဒရယ်အသုံးစရိတ်ကိုလျှော့ချရေး ထရန့်အစိုးရအဖွဲ့၏ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအဖြစ် ဖက်ဒရယ်ဝန်ထမ်းအင်အားအဓိကလျှော့ချခြင်းကို ကြီးကြပ်ခဲ့သည်။
"အထူးအစိုးရဝန်ထမ်းတစ်ဦးအနေနဲ့ ကျွန်တော်ရဲ့အလုပ်အချိန်တွေ ကုန်ဆုံးသွားတာနဲ့အမျှ အလဟဿဖြစ်နေတဲ့အသုံးစရိတ်တွေကို လျှော့ချဖို့ အ ခွင့်အ ရေးပေးခဲ့တဲ့အတွက် သမ္မတ ဒေါ်နယ်ထရန့်ကို ကျေးဇူးတင်ပါတယ်။" ဟု မာ့စ် က၎င်း၏ X ဆိုရှယ်မီဒီယာ ပို့စ်တွင်ပြောကြားခဲ့သည်။
ထို့ပြင် DOGE ၏ဆောင်ရွက်ချက်များမှာ အစိုးရသက်တမ်းတစ်လျောက် အချိန်နှင့်အမျှ အားကောင်းလာမည်ဖြစ်ကြောင်း၎င်းကဆိုသည်?
သို့ရာတွင် မာ့စ်နောက်ပြန်ဆုတ်သွားသည့်တိုင် ဖက်ဒရယ်အေဂျင်စီများတွင်ထည့်သွင်းထားခဲ့သောဝန်ထမ်းများနှင့် အတူ DOGE သည် ၎င်း ၏ လုပ် ငန်းဆောင်တာများကိုလပေါင်းများစွာ သို့မဟုတ် နှစ်ပေါင်းများစွာ ဆက်လက်လုပ်ဆောင်ရန် အသင့်ရှိကြောင်း CNN အစောပိုင်းတွင်ဖော်ပြခဲ့သည်။
အထူးအစိုးရ၀န်ထမ်းအဖြစ် တစ်နှစ်လျှင် ရက်ပေါင်း ၁၃၀ အထိအကန့်အသတ်ဖြင့်တာဝန်ထမ်းဆောင်ခဲ့သည့် မာ့စ်သည် ဗုဒ္ဓဟူးနေ့ညတွင်ရာထူးမှနုတ်ထွက်ခြင်း လုပ်ငန်းစဉ်ကို စတင်မည်ဖြစ်ကြောင်း အိမ်ဖြူတော်အရာရှိတစ်ဦးက ပြောကြားသည်။
မကြာသေးမီရက်သီတင်းပတ်များအတွင်းထရန့် အစိုးရနှင့် မဟာမိတ်ဖြစ်မှုကြောင့် ရုန်းကန်နေရသော SpaceX နှင့် Tesla အပါအဝင် ၎င်း၏ကုမ္ပဏီများကို အာရုံစိုက်ရန် မာ့စ် ကအစိုးရအဖွဲ့အတွင်းအချိန်ပြည့်တာဝန်မှ စတင်ထွက်ခွာလာခဲ့သည်။
ထို့နောက်သမ္မတဒေါ်နယ်ထရန့် ၏ အခွန်ကောက်ခံမှုနှင့် အသုံးစရိတ် ဖြတ်တောက်မှု အစီအစဉ်နှင့် ပတ်သက်၍ ၎င်း၏ စိုးရိမ်မှုများမြင့်တက်လာကြောင်း၊ ယင်းမှာ ဘတ်ဂျက်လိုငွေပြမှုမြင့်လာခြင်းနှင့် DOGE ၏ ကြိုးပမ်းအားထုတ်မှုများကို လျှော့ချမည်ဟုယုံကြည်ရကြောင်း မာ့စ်က “CBS Sunday Morning” နှင့် အင်တာဗျူးတွင် ပြောကြားခဲ့ပြီး နောက်ရာထူးမှနုတ်ထွက်ကြောင်းပို့စ် ထွက်ပေါ်လာခြင်းဖြစ်သည်။
“ဘတ်ဂျက်လိုငွေပြမှုကို မြင့်တက်လာစေရုံတင်မကဘဲ DOGE အဖွဲ့က လုပ်ဆောင်နေတဲ့ အလုပ်တွေကို ပျက်ပြားစေမယ့် ကြီးမားတဲ့ ဖက်ဒရယ်အသုံးစရိတ်ဥပဒေကြမ်းကို တွေ့လိုက်ရလို့ စိတ်ပျက်မိပါတယ်။” ဟု ၎င်းကအင်တာဗျူးတွင် ပြောကြားခဲ့သည်။
သမ္မတထရန့်၏ ဥပဒေကြမ်း တွင် အခွန်ဖြတ်တောက်မှု ဒေါ်လာ ထရီလီယံပေါင်းများစွာ နှင့် အမေရိကန်စစ်တပ်နှင့် အမျိုးသားလုံခြုံရေးအသုံးစရိတ်အတွက် ကြီးမားသော ဘတ်ဂျက်တိုးမြင့်မှုလည်း ပါဝင်နေသည်။
နှစ်ဖက်ပါတီစွဲကင်းသော လွှတ်တော်ဘတ်ဂျက်ရုံးကအတည်ပြုလိုက်သည့် အဆိုပါဥပဒေကြမ်းအရဘတ်ဂျက် လိုငွေပြမှုတွင် နောက်ထပ်ဒေါ်လာ ၃ဒသမ၈ ထရီလီယံအထိ တိုးလာမည်ဟု ခန့်မှန်းထားသည်။
ထို့နောက်ဥပဒေကြမ်းတွင် လုံလောက်သောဖြတ်တောက်မှုများမပါဝင်ကြောင်း မာ့စ် ၏မှတ်ချက်များကို ထရန့် က ယမန်နေ့တွင်ပယ်ချခဲ့သည်။
သတင်း-လင်းခေတ်
ကိုးကား-CNN
ဂါဇာစစ်ပွဲ အဆုံးသတ်ရေး အမေရိကန်ရဲ့ နောက်ဆုံးအဆိုပြုချက် ဟားမတ်စ် ပယ်ချ
ဂါဇာစီးတီး၊ မေ-၃၀-၂၀၂၅
ဂါဇာစစ်ပွဲအဆုံးသတ်ရေးနဲ့ ဓါးစာခံတွေပြန်လွှတ်ရေး သဘောတူညီချက်သစ်အတွက် အမေရိကန်ရဲ့ နောက်ဆုံးအဆိုပြုချက်ကို ပယ်ချကြောင်း ဟားမတ်စ်ထိပ်တန်းတာဝန်ရှိသူက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
အမေရိကန်သံတမန် စတိဗ်ဝစ်အော့ဖ်ရဲ့ အပစ်ရပ်ရေးအစီအစဉ်ကို အစ္စရေးက လက်မှတ်ထိုး သဘောတူခဲ့ပြီး ဟားမတ်စ်ဘက်က တုံ့ပြန်မှုကို စောင့်ဆိုင်းနေတယ်လို့ အိမ်ဖြူတော်က ပြီးခဲ့တဲ့နေ့မှာ ပြောဆိုထားပါတယ်။
အဆိုပါပြုချက်မှာတော့ ရက်ပေါင်း ၆၀ ကြာ အပစ်အခတ်ရပ်စဲရေး၊ ပါလက်စတိုင်းအကျဉ်းသားတွေကို လွှတ်ပေးရေးအတွက် ဂါဇာမှာ ကျန်ရှိနေတဲ့ ဓါစားခံ ၁၈ ယောက်နဲ့ သေဆုံးဓါးစာခံ ၁၈ ယောက်တို့ကို အဆင့်နှစ်ဆင့်နဲ့ လွှဲပြောင်းပေးဖို့တွေ ပါဝင်တယ်လို့ အစ္စရေးသတင်းဌာနတွေက ဖော်ပြထားပါတယ်။
ဒီအဆိုပြုချက်ဟာ စစ်ပွဲအဆုံးသတ်ခြင်းအပါအဝင် အဓိကတောင်းချက်တွေနဲ့ မကိုက်ညီကြောင်းနဲ့ ဒါကို အချိန်မီတုံ့ပြန်သွားမယ်လို့ ဟားမတ်စ် တာဝန်ရှိသူက ပြောပါတယ်။ အစ္စရေးအစိုးရကတော့ ဒီကိစ္စကို မှတ်ချက်မပေးသေးပါဘူး။
အမေရိကန်၊ ကာတာနဲ့ အီဂျစ်တို့ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ရရှိခဲ့တဲ့ နှစ်လကြာအပစ်အခတ်ရပ်စဲရေး ပျက်ပြားသွားပြီးနာက် အစ္စရေးဟာ ဂါဇာကို အလုံးစုံပိတ်ဆို့ထားကာ ဟားမတ်စ်တို့အပေါ် ထိုးစစ်ဆင်မှုတွေကို မတ် ၁၈ ရက်မှာ ပြန်လည်စတင်ခဲ့ပါတယ်။
အစ္စရေးရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့် ပြီးခဲ့တဲ့ ၁၀ ပတ်အတွင်း ဂါဇာမှာ လူပေါင်း ၄၀၀၀ နီးပါးသေဆုံးခဲ့တယ်လို့ ဂါဇာတာဝန်ရှိသူတွေက ပြောပါတယ်။ အစ္စရေးရဲ့ စစ်ဆင်ရေးတွေကြောင့် လူခြောက်သိန်း ထပ်မံပြောင်းရွှေ့ခဲ့ရပြီး လာမယ့်လတွေအတွင်း လူရှစ်သိန်းလောက် အငတ်ဘေးဆိုက်နိုင်တယ်လို့ ကုလသမဂ္ဂက သတိပေးထားပါတယ်။
Ref:BBC