မိုဘိုင်းလ်ဖုန်းစွဲလမ်းလွန်တဲ့စိတ်ရောဂါ သင့်မှာရှိနေပြီလား
ဒီဘက်ခေတ်ကြီးထဲမှာ မိုဘိုင်းလ်ဖုန်းကို လူတိုင်းနီးပါး အသုံးပြုနေကြပါပြီ။ ဆက်သွယ်ဖို့၊ စကားပြောဆိုဖို့၊ ကိုယ်သိချင်တဲ့ အကြောင်းအရာတွေအတွက် အဖြေရှာဖို့၊ မိတ်ဆွေအသစ်တွေ ရှာဖွေဖို့ အရင်ကလို အချိန်ကုန်၊ လူပင်ပန်းခံစရာ မလိုပဲ အင်တာနက်ဖွင့်လိုက်ရုံနဲ့ အလွယ်တကူ လုပ်လို့ရနေပါပြီ။ ဒါဟာ မကောင်းတဲ့ ကိစ္စတော့ မဟုတ်ပေမယ့် တချို့လူတွေအတွက်တော့ လိုတာထက် ပိုပြီး စွဲလမ်းသွားတဲ့အခါ စိတ်ရောဂါအခြေအနေအပြင် ကျန်းမာရေးနဲ့ နေ့စဉ်ဘဝကိုပါ ထိခိုက်လာနိုင်ပါတယ်။
ကျား၊ မ မရွေး၊ လူငယ်တွေမှာ တွေ့ရတတ်တဲ့ ပြဿနာတစ်မျိုး ဖြစ်ပြီး ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်ပဲ ကြာလာတဲ့အခါ ကိုယ့်ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကိုပါ ထိခိုက်စေပါတယ်။ ပြင်းထန်တဲ့ စိတ်ရောဂါအခြေအနေမျိုး တစ်ခုမဟုတ်တာကြောင့် ဒီလို မိုဘိုင်းလ်ဖုန်း စွဲလမ်းတဲ့ စိတ်ရောဂါကို ကိုယ်တိုင်ဖြစ်စေ၊ နားလည်တတ်ကျွမ်းတဲ့ ပညာရှင်နဲ့ ဖြစ်စေ တိုင်ပင်ဆွေးနွေးပြီး ကုသပျောက်ကင်းနိုင်ပါတယ်။
မိုဘိုင်းလ်ဖုန်း စွဲလမ်းတဲ့ စိတ်ရောဂါလက္ခဏာတွေက ဘာတွေလဲ
၁။ အမြဲတမ်း ဖုန်းကို ဖွင့်ကြည့်ဖို့ စိတ်က တောင်းဆိုနေတာ၊ ပြင်းပြတဲ့ စိတ်ဆန္ဒတွေ ဖြစ်ပေါ်လာတာ
၂။ ဖုန်းကို အသုံးမပြုပဲ မနေနိုင်တာ၊ ဖုန်းသုံးချင်စိတ်ကို ဘယ်လိုမှ ထိန်းချုပ်လို့ မရတာ
၃။ ဖုန်းက ကိုယ့်အနားမှာ မရှိရင်၊ ဖုန်းမသုံးရရင် နေမထိ ထိုင်မသာဖြစ်တာ
၄။ စိတ်ပူပန်၊ စိတ်ညစ်၊ စိတ်ဓာတ်ကျတိုင်း ဖုန်းကို အမြဲဖွင့်ကြည့်ပြီး အသုံးပြုချင်စိတ် ဖြစ်လာတာ
၅။ ဖုန်းထဲမှာ စိတ်က အာရုံဝင်စားသွားပြီး အချိန်ကုန်လို့ ကုန်သွားမှန်းတောင် မသိတော့တာ
၆။ ဖုန်းမကြာခဏ အသုံးပြုတဲ့အတွက် အချစ်ရေး၊ အလုပ်အကိုင်၊ ကျောင်း၊ ပညာရေးမှာ ပြဿနာတွေ ကြုံလာတာ
၇။ ဖုန်းအသစ်ထွက်တိုင်း ဝယ်ချင်စိတ် ပြင်းပြလွန်းတာ
၈။ ဆက်သွယ်မှုဧရိယာပြင်ပ ရောက်နေတဲ့အခါ၊ အင်တာနက် လိုင်းမမိတဲ့အချိန်မှာ ဒေါသဖြစ်တာ၊ စိတ်ညစ်တာ၊ စိတ်ဓာတ်ကျတာ၊ အိပ်မပျော်နိုင်ဖြစ်တာ၊ စိတ်ထဲမှာ နေလို့ ထိုင်လို့ မကောင်းတာ တွေဟာ စွဲလမ်းစိတ်ရဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။
မိုဘိုင်းလ်ဖုန်း စွဲလမ်းမှုကြောင့် ဖြစ်လာနိုင်တဲ့ ကျန်းမာရေး ပြဿနာတွေ
ဖုန်းကို နေ့စဉ် နေ့တိုင်း လိုအပ်တာထက် ပိုပြီး အသုံးပြုတဲ့အခါ စိတ်ကိုသာမက ခန္ဓာကိုယ်ကိုပါ များစွာ ထိခိုက်လာစေနိုင်ပါတယ်။
၁။ မျက်စိကျန်းမာရေး
မျက်စိ ညောင်းကိုက်တာ၊ မျက်စိနာတာ၊ ပူစပ်ပြီး ယားယံတာ၊ မျက်စိအမြင်အာရုံ မှုန်လာတာ၊ မျက်စိညောင်းတာ၊ ခေါင်းမူးလာတာတွေဟာ ဖုန်းကို မျက်စိနဲ့ အမြဲ အားစိုက်ပြီး ကြည့်နေသူတွေမှာ မကြာခဏတွေ့ရတတ်တဲ့ ပြဿနာတွေ ဖြစ်ပါတယ်။
၂။ အရိုးအကြော
ခေါင်းကို အမြဲအောက်စိုက်ပြီး ဖုန်းကို ငုံ့ကြည့်နေရတာကြောင့် ဇက်ကြောတက်တာ၊ ပုခုံး၊ အရိုးအဆစ်တွေ နာကျင်ကိုက်ခဲတာ၊ ကျီးပေါင်းတက်တာ၊ အထိုင်များပြီး လှုပ်ရှားမှုနည်းတဲ့အတွက် အရိုးအဆစ်တွေ ပျော့ခွေလာတာမျိုးတွေ ဖြစ်နိုင်ပါတယ်။
၃။ ဖျားနာခြင်း
ဖုန်းရဲ့ စကရင် မျက်နှာပြင်မှာ သင်ထင်ထားတာထက်တောင် ပိုးပေါင်းများစွာ ကပ်ငြိနေနိုင်ပါတယ်။ ဖုန်းကို အသုံးပြုပြီး လက်မဆေးပဲ ပါးစပ်၊ မျက်လုံး၊ နှာခေါင်းကို ပွတ်သပ်ကိုင်တွယ်မိတဲ့အခါ ဒီပိုးတွေဟာ ကိုယ်ခန္ဓာထဲကို ဝင်ရောက်သွားပါတယ်။ ဖျားနာခြင်း၊ အော့အန်ခြင်း၊ ဝမ်းပျက်ဝမ်းလျှော ဖြစ်ခြင်း၊ အရေပြားပြဿနာတွေ၊ အနာထဲ ပိုးဝင်ပြီး အနာရင်းတာတွေ ဖြစ်စေနိုင်ပါတယ်။
၄။ ယာဉ်တိုက်မှုဖြစ်ခြင်း
ယာဉ်မောင်းတဲ့သူတွေ မကြာခဏ ဖြစ်တတ်တဲ့ မတော်တဆမှုတွေရဲ့ အကြောင်းရင်းထဲမှာ ဖုန်းအသုံးပြုခြင်းဟာလည်း တစ်ခုအပါအဝင်ပါပဲ။ ဖုန်းမျက်နှာပြင်ကို အာရုံစိုက်နေမိတဲ့အခါ ယာဉ်မောင်းကိုရော၊ တခြား လမ်းသွားလမ်းလာ ပြည်သူတွေကိုပါ ဒုက္ခရောက်စေနိုင်ပါတယ်။
၅။ ယောက်ျားလေးတွေ မျိုးအောင်နိုင်စွမ်းကို ထိခိုက်စေခြင်း
ဖုန်းကနေ ထွက်လာတဲ့ ဓာတ်ရောင်ခြည်လှိုင်းတွေဟာ အမျိုးသားတွေရဲ့ သုက်ကောင်ရေကို နည်းစေပြီး မျိုးအောင်နိုင်စွမ်းကို ထိခိုက်စေနိုင်တယ်။ သုက်ပိုးတွေကို အားနည်းစေပြီး မြုံသွားနိုင်သည်အထိ ဒုက္ခပေးနိုင်ပါတယ်။
၆။ ညအိပ်မပျော်ခြင်း
ဖုန်းကို အသုံးပြုနေရတာကြောင့်ရော၊ ညအမှောင်ထဲမှာ ဖုန်းအလင်းရောင်ကို အကြာကြီးကြည့်နေတဲ့အခါ မျက်စိကို ထိခိုက်စေတဲ့အပြင် အိပ်ချိန်မမှန်တာ၊ အိပ်ရေးမဝတာ၊ အိပ်စက်ဖို့ အချိန်ကြာမြင့်တာတွေ ဖြစ်နိုင်ပါတယ်။
၇။ တခြားသော စိတ်ကျန်းမာရေး
စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်ပူပန်လွန် စွဲလမ်းတတ်တဲ့ စိတ်ရောဂါတွေအပြင် အချစ်ရေး၊ မေတ္တာရေးမှာ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။
အကောင်းဆုံးကတော့ မိမိကိုယ်ကို ဖြစ်စေ၊ ကိုယ့်အနီးပတ်ဝန်းကျင်မှာ ဒီလို ဖုန်းအသုံးပြုဖို့ စွဲလမ်းစိတ် လက္ခဏာရှိတဲ့သူတွေကို နားလည်တတ်ကျွမ်းတဲ့ စိတ်ရောဂါ ကုထုံးပညာရှင်တွေနဲ့ သေချာတိုင်ပင်ပြသပြီး ကုသကြည့်လို့ ရပါတယ်။ တရားထိုင်တာ၊ ယောဂကျင့်တာ၊ ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာ၊ အားကစားလုပ်တာ၊ စာအုပ်ဖတ်တာ အစရှိသဖြင့် ကိုယ့်ရဲ့ စိတ်အာရုံကို လွှဲပေးနိုင်မယ့် အလုပ်တွေ ရွေးလုပ်ပေးလို့လည်း အဆင်ပြေစေပါတယ်။ ကိုယ့်ရဲ့ နေ့စဉ်ဘဝကို ထိခိုက်မှုမရှိသေးသမျှတော့ သိပ်ပြင်းထန်တဲ့ စိတ်ရောဂါအခြေအနေလို့ သတ်မှတ်လို့ မရသေးပါဘူး။

imageimage

အိပ်ချိန်များလွန်းခြင်းကလည်း အိပ်ချိန်နည်းလွန်းခြင်းလို အလားတူဆိုးကျိုးကိုဖြစ်စေ
ဒီတစ်ညတော့ မပြီးပြတ်သေးတဲ့ အလုပ်တွေကို ညလုံးပေါက်မအိပ်ဘဲ လတ်စသတ်မယ်။ နောက်ရက်မှ အားရပါးရပေါင်းအိပ်မယ်။ ဒီလိုမျိုးတွေးပြီး နောက်ရက်ကျတော့ တစ်နေကုန် မထတမ်း အိပ်ပစ်လိုက်တာမျိုးတွေ ရှိဖူးလား။ ဒီလိုအတွေးမျိုး လက်ကိုင်ထားပြီး ကျင့်သုံးနေတယ်ဆိုရင်တော့ ပြန်သုံးသပ်ဖို့လိုအပ်နေပါပြီ။
အိပ်ချိန် (၈) နာရီထက် နည်းပါးလွန်းတာက အဝလွန်ခြင်း၊ နှလုံးရောဂါ၊ စိတ်ဓာတ်ကျခြင်းနဲ့ စောစီးစွာသေဆုံးခြင်း စတာတွေနဲ့ ဆက်စပ်နေပါတယ်။ အိပ်ချိန်နည်းလွန်းသလိုပဲ အိပ်ချိန်များလွန်းတာကလည်း အလားတူ ရောဂါဆိုးတွေ ဖြစ်စေနိုင်ပါတယ်။
ထိုင်ဝမ်လူငယ် (၄) သိန်းနီးပါးရဲ့ အိပ်ချိန်အလေ့အထတွေကို (၇) နှစ်ကျော်ကြာ ကြိုးစားလေ့လာခဲ့ပြီး တစ်ညကို အိပ်ချိန် (၆) နာရီကနေ (၈) နာရီထိရှိသူတွေနဲ့ နှိုင်းယှဉ်လိုက်တဲ့အခါ အိပ်ချိန် (၄) နာရီတောင် ပြည့်ပြည့်ဝဝမရသူတွေက နှလုံးရောဂါကြောင့် သေဆုံးနိုင်ချေ (၃၄) ရာခိုင်နှုန်း ပိုများကြောင်း အပြည်ပြည်ဆိုင်ရာ နှလုံးရောဂါကုထုံးဂျာနယ်မှာ ဖော်ပြထားပါတယ်။ ထိုနည်းတူစွာပဲ အိပ်ချိန် (၈) နာရီထက် ကျော်လွန်သူတွေကတော့ သေဆုံးနိုင်ချေ (၃၅) ရာခိုင်နှုန်း ပိုများပါတယ်။
ဒါဆို နေမကောင်းဖြစ်လို့ အကိုက်အခဲပျောက်ဆေးတွေသောက်ပြီး အိပ်ချိန် (၈) နာရီထက် ကျော်သွားတာကရောလို့ မေးစရာရှိပါတယ်။ ဒီမေးခွန်းကတော့ အရမ်းကောင်းတဲ့မေးခွန်းတစ်ခုပါပဲ။ ၂၀၁၄ မှာ သုတေသနပညာရှင်တစ်ဖွဲ့က အမွှာလူငယ် (၉၀၀) နီးပါးရဲ့ အိပ်ချိန်ပေါ်အခြေခံတဲ့ ကျန်းမာရေးဆိုးကျိုးတွေက မျိုးရိုးလိုက်လားဆိုတာကို လေ့လာခဲ့ပါတယ်။ စိတ်ဓာတ်ကျခြင်းက မျိုးရိုးနဲ့ ဘယ်လောက်ထိဆိုင်လဲ၊ ပတ်ဝန်းကျင်ကြောင့် ဘယ်လောက်ထိသက်ရောက်လဲ ဆိုတာကို စစ်တမ်းတွေကောက်ပြီး သုံးသပ်ခဲ့ကြတာပါ။
ညစဉ် အိပ်ချိန် (၇) နာရီကနေ (၉) နာရီထိ ရှိသူတွေမှာ စိတ်ကျရောဂါလက္ခဏာ မျိုးရိုးလိုက်နှုန်းက (၂၇) ရာခိုင်နှုန်းဖြစ်ပြီး ခုနှစ်နာရီ ဒါမှမဟုတ် ကိုးနာရီထက် လျော့နည်းသူတွေမှာတော့ (၅၀) ရာခိုင်နှုန်းဝန်းကျင်မှာ ရပ်တန့်နေပါတယ်။ အိပ်ချိန်နည်းလွန်းခြင်း၊ များလွန်းခြင်းတွေက မျိုးရိုးဗီဇနဲ့ နည်းနည်းလေးတော့ ရောထွေးနေပါတယ်။ ဒါဆို အိပ်ချိန်ပမာဏအမှန်က ဘယ်လောက်ဖြစ်ရမှာလဲလို့ မေးစရာပေါ်လာပြန်ပါပြီ။
ဘယ်အချိန်ထိအိပ်ရင် နည်းလွန်းတယ်၊ များလွန်းတယ် ဆိုတာက အသက်အရွယ်ပေါ်လည်း မူတည်ပါသေးတယ်။ လူငယ်အချို့အတွက် (၇) နာရီကနေ (၉) နာရီထိ အိပ်ချိန် လိုအပ်တာရှိသလို တချို့လူငယ်တွေကျပြန်တော့ အိပ်ချိန်နည်းနည်းပဲအိပ်တာမျိုး၊ အိပ်ချိန်အများကြီးရမှ အဆင်ပြေတာမျိုးတွေ ဖြစ်တတ်ပါတယ်။
ယေဘုယျအားဖြင့်တော့ ခေါင်းအုံ ခေါင်းကိုက်ခြင်း၊ ကျောအောင့်ခြင်း၊ ဒယိမ်းဒယိုင်ဖြစ်ခြင်းတွေ လုံးဝမရှိဘဲ လန်းလန်းဆန်းဆန်းနိုးထလာတယ်ဆိုရင် အိပ်ချိန်နည်းခြင်း၊ များလွန်းခြင်းက ပြဿနာမရှိပါဘူး။ တကယ်လို့ စိတ်ထဲမှာ အိပ်ချိန်ပုံမှန်မရှိပါလားလို့ ယူဆနေတယ်ဆိုရင်တော့ စောစောအိပ်ရာဝင်ပြီး စောစောအိပ်ရာထတာ အကောင်းဆုံးပါပဲ။

image

2025 ကို ၅ လဖြ- ၊ တ်သ- န်းပြီးသကာလ

image
45 ပတ် - ဘာသာပြန်ပါ။

◾️Video Content Creator - Yangon
Company: NAING FAMILY CHERRY OO CO.,LTD.
Salary Range: Negotiation
https://www.joimyanmar.com/job/detail/23785

◾️Brand Supervisor - Yangon
Company: NAING FAMILY CHERRY OO CO.,LTD.
Salary Range: Negotiation
https://www.joimyanmar.com/job/detail/23784

◾️Senior Accountant - Yangon
Company: NAING FAMILY CHERRY OO CO.,LTD.
Salary Range: Negotiation
https://www.joimyanmar.com/job/detail/23783

image
45 ပတ် - ဘာသာပြန်ပါ။

◾Day Admin & Night Admin - Yangon
Company: Nutrihana diet food
Salary Range: MMK 300,000 - 400,000
https://joimyanmar.com/job/detail/23506

◾M&E Engineer - Yangon
Company: KBTC Group of Companies Limited
Salary Range: Negotiation
https://joimyanmar.com/job/detail/23765

◾Security (လုံခြုံရေးဝန်ထမ်း) - Yangon
Company: KBTC Group of Companies Limited
Salary Range: Negotiation
https://joimyanmar.com/job/detail/23756

image

Someone - အရမ်းလှတယ်နော်
Me -

image

Gf - နင်ငါပြောလိုက်ရင် နားမလ- ည်ဘူးဆိုတာချည်းပဲ...
သူ မ ပြောသောစကား -

image
45 ပတ် - ဘာသာပြန်ပါ။

◾YLE Teacher - Yangon
Company: KBTC Group of Companies Limited
Salary Range: Negotiation
https://joimyanmar.com/job/detail/23748

◾Junior Cashier - Yangon
Company: KBTC Group of Companies Limited
Salary Range: Negotiation
https://joimyanmar.com/job/detail/23739

◾Sales Associate (Education Services) - Yangon
Company: KBTC Group of Companies Limited
Salary Range: Negotiation
https://joimyanmar.com/job/detail/23603

image

ကျေးဇူးပါကွယ်

Bridge - Kha Kha*Minus*G fatt