31 ပတ် - ဘာသာပြန်ပါ။

အပန်းဖြေအနားယူရင်း အစားအသောက် သုံးဆောင်နိုင်ဖို့ Special Place လေးတစ်ခု ညွှန်းပေးပရစေနော်... 🤗🤗
🍃🎋🍀🌳🌺
စိမ်းလန်းစိုပြည်မှုတွေ ဝန်းရံနေတယ်
🎪🎪 ရိုးရာအနှစ်သာရအရ ဓနိလေးတွေဖုံးထားတဲ့ အဆောက်အဦးလေးတွေမှာ အပန်းဖြေရမယ်
အေးချမ်းတဲ့ ဒေသလေးမှာရှိတယ်
🍃🍃🌊🌫️🌧️ အပင်၊ ရေ၊ လေနဲ့ ရှုခင်း သဘာဝစုံလင်တယ်
အစားအသောက်နဲ့ နောက်ထပ်စိတ်ဝင်စားစရာဘာတွေရှိမယ်ဆိုတာကိုတော့ ကိုယ်တိုင် Explore လုပ်ရင်း သွားရောက်ဖို့ အကြံပြုပါတယ်ဗျ 😁😁
Welcome Back From 16 Restaurant & BBQ 🌊🌊🌊
လူကြီးမင်းတို့နဲ့အတူ လှပတဲ့နွေဦးနေ့ရက်များကို ပျော်ရွှင်စွာဖြတ်သန်းနိုင်ဖို့အတွက်
ယနေ့မှစပြီး ပိတ်ရက်မရှိ ပြန်လည် ဖွင့်လှစ်လိုက်ပြီတဲ့နော်..
🌊 နွေရာသီရဲ့ အပူဒဏ်ကို ရှောင်ရင်း
🌊 စားကောင်းသောက်ဖွယ်များကို စားသောက်ရင်း
🌊 ဒုဌဝတီမြစ်ဘေးက အပန်းဖြေစခန်းများမှာ သွားရောက်လည်ပတ်ရင်း
🐘 16 Restaurant &BBQ 🐘
Address -
ပြင်ဦးလွင်အတက်လမ်းဘေး
Oriental Highway Tour Gate အကျော်
(Tour Gate ညာဘက် ကပ်ရပ်လမ်းသို့ ကွေ့၀င်ပါရန်)
ကျောက်ချောကျေးရွာ
ph - 09-942000315 ,,09-5409418,
09-262000315, 09752310315

imageimage
+9
31 ပတ် - ဘာသာပြန်ပါ။

Once Upon A Time In Hollywood ကို နောက်ဆက်တွဲထုတ်တော့မှာလား
ဧပြီ ၇၊ ၂၀၂၅။
၂၀၁၉ က ထွက်ရှိခဲ့တဲ့ ဒါရိုက်တာ Quentin Tarantino ရဲ့ ရုပ်ရှင် Once Upon A Time In Hollywood ဟာ အောင်မြင်မှုများစွာရရှိခဲ့တဲ့အပြင် သရုပ်ဆောင် Brad Pitt ကိုလည်း အော်စကာဆုရယူပေးခဲ့တဲ့ရုပ်ရှင်လည်းဖြစ်ပါတယ်။
နောက်ဆုံးသိရှိရတဲ့သတင်းအရ Once Upon A Time In Hollywood ဟာ ပရိသတ်ဆီကို နောက်ဆက်တွဲရုပ်ရှင်ထွက်ရှိလာတော့မယ့်အနေအထားမှာရှိနေပါတယ်။ The Hollywood Reporter မဂ္ဂဇင်းရဲ့သတင်းတစ်ပုဒ်အရ Once Upon A Time In Hollywood ကို နောက်ဆက်တွဲထုတ်ဖို့စီစဥ်နေပြီး Netflix က over the top (OTT) စနစ်နဲ့ ဖြန့်ချိပြသဖို့ရှိကြောင်း၊ အဆိုပါ Once Upon A Time In Hollywood sequel ကို ဒါရိုက်တာ Quentin Tarantino ရေးသားပြီး Se7en နဲ့ Zodiac ဒါရိုက်တာ David Fincher က ဒါရိုက်တာနေရာကနေ တာဝန်ယူဖန်တီးနိုင်ကြောင်းသိရပါတယ်။
ရင်းမြစ်တချို့အရ Once Upon A Time In Hollywood sequel ဟာ သရုပ်ဆောင် Brad Pitt ရဲ့ ဇာတ်ကောင် စတန့်သမား Cliff Booth ရဲ့ ဘဝအခြေအနေတွေကို ဆက်လက်ပြသမှာဖြစ်ပြီး သရုပ်ဆောင် Brad Pitt က အဓိကပြန်လည်ပါဝင်သွားဖို့ရှိကြောင်းကိုလည်း သိရပါသေးတယ်။
သို့ပေမယ့် တရားဝင်အတည်ပြုချက်အပါအဝင် အသေးစိတ်ကို အတိအကျမသိရသေးပါဘူး။
Quentin Tarantino ရဲ့ Once Upon A Time In Hollywood ဟာ ဟောလိဝုဒ်က အနုပညာရှင်တွေရဲ့ဘဝဖြစ်စဥ်တွေအပြင် သရုပ်ဆောင် Sharon Tate သတ်ဖြတ်လုပ်ကြံခံရမှုကို ပြောင်းပြန်လှန်ကာရိုက်ကူးခဲ့တဲ့ရုပ်ရှင်ဖြစ်ပြီး Leonardo DiCaprio, Brad Pitt နဲ့ Margot Robbie တို့က အဓိကပါဝင်သရုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။
လက်ရှိ နာမည်ရသရုပ်ဆောင်တွေဖြစ်ကြတဲ့ Austin Butler, Mikey Madison, Margaret Qualley, Sydney Sweeny နဲ့ Maya Hawke တို့ဟာ Quentin Tarantino ရဲ့ ၂၀၁၉ ရုပ်ရှင် Once Upon A Time In Hollywood မှာ ပါဝင်ခဲ့ဖူးပါတယ်။

image
31 ပတ် - ဘာသာပြန်ပါ။

IT: WELCOME TO DERRY’ ရဲ့ Poster အသစ်ထွက်လာပါတယ်
ဒီနှစ်ထဲမကြာခင် HBO Max မှာပြသသွားမှာဖြစ်ပါတယ်။

image

ဗောက်ထတာက ဆံပင်ကျွတ်စေနိုင်လား
ကုတ်လိုက်တိုင်း ဗောက်တွေကဖွေးဖွေးလှုပ်။ ခေါင်းဖြီးလိုက်တိုင်း ဆံပင်တွေကျွတ်နဲ့ စိတ်ကိုညစ်နေတာပဲ။ ဘာလုပ်လို့လုပ်ရမလဲသိဘူးဆိုတဲ့သူတွေများရှိလား…. ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။
ဗောက်ဆိုတာ
[ဗောက်ပြဿနာကို ရင်ဆိုင်နေရတဲ့သူက ကမ္ဘာ့လူဦးရေ ၅၀ ရာခိုင်နှုန်းလောက်က ဗောက်ပြဿနာကိုခံစားနေရပါတယ်။ ဒါကြောင့် ဗောက်ပြဿနာခံစားနေရတာ သင်တစ်ယောက်တည်းလို့ မထင်စေချင်ပါဘူး။ ဗောက်ကဦးရေပြား ပြဿနာတစ်ခုပါ။ ဦးရေပြားခြောက်သွေ့မှုကနေဖြစ်ပေးလာတဲ့ အရေပြားပြဿနာတစ်ခုပေါ့။]
ဗောက်က ဘာတွေဖြစ်စေနိုင်လဲ…..ဗောက်ဖြစ်တဲ့အခါ
- ဦးရေပြားက ယားယံမယ်
- ခြောက်သွေ့မယ်
- နီမြန်းရောင်ရမ်းမယ်။
ဗောက်ဖြစ်စေတဲ့အကြောင်းအရင်း ..... ဗောက်ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းက တစ်ခုမကရှိနေပါတယ်။
[ဦးရေပြားက အဆီပြန်တာ/ခေါင်းသေချာမလျှော်တာ/မှိုပိုးကူးစက်ခံရတာ/အသားအရေခြောက်သွေ့တာ/ဆံသားသုံး ပစ္စည်းတွေနဲ့ မတည့်တာ/အရေပြားပြဿနာတစ်ခုခု ခံစားနေရတာ/အသက်အရွယ်ကြောင့်ဖြစ်တာ/အမျိုးသားဖြစ်နေတာရောဂါအခံတစ်ခုခုရှိနေတာကြောင့် ဗောက်ထနိုင်ပါတယ်။]
ဗောက်က ဆံပင်ကျွတ်စေနိုင်လား…….
ဗောက်က ဆံပင်ကျွတ်စေနိုင်လားဆိုတော့ ကျွတ်စေနိုင်ပါတယ်။ အကြောင်းကတော့ ဗောက်ဖြစ်တဲ့အခါ ဦးရေပြားကယားယံတယ်။ ယားယံတာကို သက်သာစေဖို့ လက်သည်းနဲ့ဖြစ်ဖြစ် ဘီးလိုမျိုးအရာတွေနဲ့ဖြစ်ဖြစ် ဦးရေပြားကို ကုတ်ခြစ်မိပါမယ်။ ဒီလိုကုတ်ခြစ်မိတာက ဦးရေပြားကို နီမြန်းရောင်ရမ်းစေနိုင်သလို ဆံသားတွေရဲ့ သန်စွမ်းမှုကို ထိခိုက်စေနိုင်ပြီး ဆံသားအမြစ်တွေရဲ့ ကျန်းမာမှုကို အားနည်းစေနိုင်ပါတယ်။ ဒါကြောင့် ဗောက်ထတာက ဆံပင်ကျွတ်စေပါတယ်။
ဗောက်က ဆံသားတွေကိုအာဟာရစုပ်ယူမှုကိုလည်း အဟန့်အတားဖြစ်စေနိုင်ပါတယ်။ နောက်တစ်ချက်က ဗောက်ထတဲ့အခါ ဗောက်သက်သာအောင်ဆိုပြီး ဗောက်ပျောက်တဲ့ ခေါင်းလျှော်ရည်ကို သုံးကြတယ်နော်။ ဒီခေါင်းလျှော်ရည်တွေက ခဏခဏသုံးတဲ့အခါ ဦးရေပြားကို ခြောက်သွေ့စေသလို ဆံသားကျန်းမာမှုကိုပါထိခိုက်စေလာနိုင်ပါတယ်။ ဒီတော့ ဗောက်ပြဿနာနဲ့ ဆံပင်ကျွတ်တဲ့ပြဿနာက သံသရာလည်နေတဲ့ ပြဿနာပေါ့။ ဒီတော့ အကောင်းဆုံးကာ့ ဗောက်ထလာပြီဆိုရင် ဦးရေပြားကို သံလွင်ဆီလူးပေးတာ၊ သံပရာရည်အသုံးပြုပေးတာ၊ စပါးလင်အဆီအသုံးပြုပေးတာမျိုးလုပ်ပေးပါ။ ခေါင်းကို တစ်ပတ် နှစ်ကြိမ်ပုံမှန်လျှော်ပေးတာ၊တွေလုပ်ပေးသင့်ပါတယ်။
ဗောက်ပျောက်စေဖို့ ဘာတွေလုပ်မလဲ……
စိတ်ဖိစီးမှုတွေကိုဖြေလျော့ပါ – စိတ်ဖိစီးမှုကြောင့် ဦးရေပြားမှာဗောက်ထနိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးစရာတွေကို ဖြေလျော့နိုင်မယ့် နည်းလမ်းလေးတွေရှာထားပါ။
မကြာခဏ ခေါင်းလျှော်ပေးပါ – ဦးရေပြားအဆီပြန်တတ်တဲ့သူတွေအနေနဲ့တော့ခေါင်းကိုပုံမှန်လေးလျှော်ပေးပါ။ခေါင်းလျှော်တဲ့အခါမှာလည်း တွေ့ကရာခေါင်းလျှော်ရည်နဲ့လျှော်တာမျိုးမလုပ်ဘဲဗောက်သက်သာတဲ့ခေါင်းလျှော်ရည်မျိုးနဲ့လျှော်ဖို့ပြောပါရစေ။ခေါင်းလျှော်ရည်ရွေးချယ်တဲ့အခါ ဆံသားနဲ့ကိုက်ညီမယ့် အမျိုးအစားကို သတိထားရွေးချယ်ဖို့က မမေ့သင့်ပါဘူး။ ဗောက်ထနေတာအတွက် ထုတ်ထားတဲ့ခေါင်းလျှော်ရည်တွေထဲမှာမှ အမျိုးသားသုံးနဲ့အမျိုးသမီးသုံးဆိုပြီးကွာပါသေးတယ်။ ဒါကြောင့်ခေါင်းလျှော်ရည်ကို ဂရုတစိုက်ရွေးချယ်ဖို့ လိုပါလိမ့်မယ်။
နေရောင်ခြည်နဲ့ထိတွေ့ပါ – ဦးရေပြားကိုနေရောင်ခြည်ထိတွေ့ပေးတာကလည်းဗောက်သက်သာစေတဲ့ နည်းလမ်းတွေထဲကတစ်ခုပါ။
လက်ဖက်ဆီ – လက်ဖက်ဆီကဗောက်ပျောက်အောင်လုပ်ဆောင်ပေးနိုင်ပါတယ်။ ဦးရေပြားကို လက်ဖက်ဆီလူးပြီးနှိပ်နယ်ပေးပါ။
ဒိန်ချဉ်နဲ့ သံပရိုသီး – ဒိန်ချဉ်ထဲကို သံပရိုသီးနည်းနည်းလောက်ညှစ်ထည့်ပြီး ဆံပင်ကိုပေါင်းတင်ပေးမယ်ဆိုရင်ဆောင်းရာသီအအေးဒဏ်ကြောင့်ဗောက်ထတာကိုရော ဆံပင်ကျွတ်တာကိုပါ သက်သာစေနိုင်ပါတယ်။
ဆီအပူပေးပြီး နှိပ်နယ်ပါ – သံလွင်ဆီ ဒါမှမဟုတ် အုန်းဆီကို အပူပေးပြီး ခဏအအေးခံလိုက်ပါ။ပြီးရင် ဦးရေပြားနဲ့ ဆံသားမှာလူးပြီး ညင်ညင်သာသာလေးနှိပ်နယ်ပေးပါ။ ဆံပင်ကို အရင်းကနေ အဖျားအထိ အာဟာရပြည့်ဝစေပြီးဆောင်းရာသီအအေးဒဏ်ကြောင့် ထိခိုက်ပျက်စီးတာကို သက်သာစေနိုင်ပါတယ်။
တမာရွက်နဲ့အုန်းဆီ – တမာရွက်က မှိုပိုးတွေကိုသေစေနိုင်ပြီး ဦးရေပြားယားယံတာကို သက်သာစေနိုင်ပါတယ်။ အုန်းဆီထဲကို တမာရွက်ထည့်စိမ်ပြီး လူးပေးလို့ရပါတယ်။
ဆံသားပျော့ဆေး (conditioner) – ဗောက်ကင်းစင်ပြီး ဆံသားလည်းတောက်ပြောင်နေဖို့ဆိုရင်ခေါင်းလျှော်ပြီးတိုင်း Conditioner (ဆံသားပျော့ဆေး)ကိုအသုံးပြုသင့်ပါတယ်။ ရေကိုတော့ စင်အောင်ဆေးပေးပါ။

image
31 ပတ် - ဘာသာပြန်ပါ။

"Game of Thrones" ထဲက ဒိုင်းယားဝံပုလွေတွေကို ပြန်လည်အသက်သွင်းလိုက်ပါပြီ။
ဧပြီလ ၈ ၊ ၂၀၂၅
ဇီဝနည်းပညာနဲ့ မျိုးရိုးဗီဇအင်ဂျင်နီယာကုမ္ပဏီ Colossal Biosciences က "Game of Thrones" ထဲမှာ လူသိများခဲ့တဲ့ ဒိုင်းယားဝံပုလွေကို ပြန်လည်အသက်သွင်းလိုက်ပြီလို့ ကြေညာခဲ့ပါတယ်။
ဒီအောင်မြင်မှုကို ကုမ္ပဏီက ဒီအန်အေ (၁၃,၀၀၀ နှစ်သက်တမ်းရှိ သွားတစ်ချောင်းနဲ့ ၇၂,၀၀၀ နှစ်သက်တမ်းရှိ ဦးခေါင်းခွံ) နဲ့ မီးခိုးရောင်ဝံပုလွေတစ်ကောင်ရဲ့ ပြင်ဆင်ထားတဲ့ မျိုးဗီဇကုဒ်ကို အသုံးပြုပြီး ရရှိခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။
CRISPR နည်းပညာ (clustered regularly interspaced short palindromic repeats) ကို အသုံးပြုပြီး ကုမ္ပဏီက အဖြူရောင်အမွေးရှိတဲ့ ဒိုင်းယားဝံပုလွေ သုံးကောင်ကို မွေးဖွားခဲ့ပါတယ်။ ဒါဟာ "Game of Thrones" ဇာတ်ကောင် Jon Snow ရဲ့ ဒိုင်းယားဝံပုလွေဖြစ်တဲ့ Ghost နဲ့ ဆင်တူပါတယ်။
"နည်းပညာတစ်ခု တိုးတက်လာတဲ့အခါ မှော်ပညာနဲ့ ခွဲခြားလို့မရအောင် ဖြစ်သွားတယ်" လို့ ကုမ္ပဏီရဲ့ ပူးတွဲတည်ထောင်သူနဲ့ အမှုဆောင်ချုပ် Ben Lamm က ထုတ်ပြန်ချက်တစ်ခုမှာ ပြောကြားခဲ့ပါတယ်။
ဝံပုလွေအထီး နှစ်ကောင်ကို ရောမမြို့ကို တည်ထောင်ခဲ့တယ်လို့ ဒဏ္ဍာရီမှာ ပြောထားတဲ့ Romulus နဲ့ Remus လို့ အမည်ပေးခဲ့ပါတယ်။ သူတို့ကို ဝံပုလွေမ တစ်ကောင်က ပြုစုပျိုးထောင်ခဲ့တယ်လို့ ဆိုပါတယ်။
တတိယမြောက် ဝံပုလွေက အမခွေးပေါက်လေးဖြစ်ပြီး သူ့ကို Khaleesi လို့ အမည်ပေးခဲ့ပါတယ်။ ဒါဟာ "Game of Thrones" ထဲက Daenerys Targaryen ကို ရည်ညွန်းတဲ့ နာမည်တစ်ခုပေးခဲ့တာဖြစ်ပါတယ်။
အခုလောလောဆယ် ဒီသုံးကောင်လုံးဟာ ဧက ၂,၀၀၀ ကျယ်ဝန်းတဲ့ လျှို့ဝှက်ထိန်းသိမ်းရေးနယ်မြေတစ်ခုမှာ နေထိုင်နေပြီး ဒီနယ်မြေကို အမေရိကန် တိရစ္ဆာန်ကာကွယ်ရေးအသင်းက အသိအမှတ်ပြုထားတယ်လို့ ဆိုပါတယ်။ သူတို့ဟာ အရွယ်ရောက်တဲ့အခါ အလေးချိန် ၆၀ ကီလိုဂရမ်ခန့် ရှိလာမယ်လို့ မျှော်လင့်ထားပါတယ်။ မီးခိုးရောင်ဝံပုလွေတစ်ကောင်ရဲ့ ပျမ်းမျှအလေးချိန်က ၉၀ ကီလိုဂရမ်အထိရှိပါတယ်။
"Game of Thrones" ဖန်တီးသူ George R.R. Martin ဒီပရောဂျက်မှာ ယဉ်ကျေးမှုအကြံပေးနဲ့ ရင်းနှီးမြှုပ်နှံသူအဖြစ် ပါဝင်ခဲ့ပြီး ထိန်းသိမ်းရေးနယ်မြေမှာ အထီး ဝံပုလွေ နှစ်ကောင်ကို သွားရောက်ကြည့်ရှုခဲ့ပြီးပါပြီ။
"လူအများက ဒိုင်းယားဝံပုလွေတွေကို စိတ်ကူးယဉ်ကမ္ဘာထဲမှာပဲ ရှိတဲ့ ဒဏ္ဍာရီဆန်ဆန် သတ္တဝါတွေလို့ မြင်ကြပေမယ့် တကယ်တမ်းမှာ သူတို့ဟာ အမေရိကန် ဂေဟစနစ်မှာ အထောက်အကူဖြစ်စေတဲ့ သမိုင်းကြောင်းရှည်လျားလှတဲ့သတ္တဝါတွေဖြစ်တယ်" လို့ စာရေးဆရာက သူ့ရဲ့ ထုတ်ပြန်ချက်မှာ ပြောကြားခဲ့ပါတယ်။

image
31 ပတ် - ဘာသာပြန်ပါ။

ဘဝဆိုတာ အချစ်အကြောင်းချည်းပဲ မဟုတ်ပါဘူး
တစ်ခါတစ်လေမှာ ငါတိုကို နားလည်ပေးနိုင်တဲ့
လူတစ်ယောက်ပဲ လိုအပ်တာပါ 🫶🏻

image
31 ပတ် - ဘာသာပြန်ပါ။

မှာချင်တာ မှာစာ: ပီးနောက် ဘေ ရှင်: သောအခါ...
me & my fri be like :

image
31 ပတ် - ဘာသာပြန်ပါ။

ထာဝရမပြောနဲ့ မနက်ဖြန်မှာတောင်
ဘာဖြစ်မလဲ ဘယ်သူမှ သေချာမသိဘူး။

ဒီတော့ လက်ရှိအချိန်လေးကိုသာ အာရုံစိုက်၊
မိသားစုတွေနဲ့ စကားများများပြော၊
သူငယ်ချင်းတွေနဲ့ အချိန်ပေးလျှောက်လည်၊
မေတ္တာရှိရသူကိုလည်း
တန်ဖိုးထားချစ်ရကြောင်းတွေ သိအောင်ထုတ်ပြ။

ဒီနေ့ဟာ နောက်‌ဆုံးဆိုရင်တောင်
မနက်ဖြန်မှာ နောင်တမကျန်ချင်ရင်
ကျွန်တော်တို ချစ်ရသူတွေကို
ရင်ထဲကအတိုင်း ပြုမူဆက်ဆံဖိုလိုပါတယ်။

image
31 ပတ် - ဘာသာပြန်ပါ။

အင်ဒိုနီးရှားနိုင်ငံအာ‌ချေပြည်နယ်တွင်ရစ်ခ်တာစ‌ကေး၅.၉ ငလျင်လှုပ်
ဂျာကာတာ၊ ဧပြီ ၈
အင်ဒိုနီးရှားနိုင်ငံ အနောက်ဘက် အာ‌ချေပြည်နယ်တွင် အင်္ဂါနေ့(ယနေ့မနက်)အစောပိုင်းက ရစ်ခ်တာစကေး ၅.၉ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ကြောင်း နိုင်ငံ၏ မိုးလေဝသ၊ ရာသီဥတုနှင့် ဘူမိရူပဗေဒ အေဂျင်စီက ပြောကြားခဲ့သည်။
ကနဦးတွင် အေဂျင်စီက ငလျင်၏ပြင်းအားကို ၆.၂ အဖြစ် ဖေါ်ပြခဲ့ပြီး ပြင်းအား ကို ပြန်လည်ပြင်ဆင်ကာ လျှော့ချခဲ့ခြင်းဖြစ်သည်။
ငလျင်သည် အင်္ဂါနေ့ နံနက် ၂ နာရီ ၄၈ မိနစ်တွင် ဂျကာတာစံတော်ချိန် (၁၉:၄၈ ဂရင်းနစ်စံတော်ချိန် တနင်္လာနေ့) တွင် ငလျင်ဗဟိုချက်ဖြစ်သော စီမီယူလူး ခရိုင် ရှိ စီနာဘန် မြို့ အရှေ့တောင်ဘက် ၆၂ ကီလိုမီတာအကွာတွင် ဗဟိုပြု၍ ပင်လယ်ကြမ်းပြင်အောက် အနက် ကီလိုမီတာ ၃၀ တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ငလျင်သည် ကြီးမားသော လှိုင်းလုံးများ ကို ဖြစ်ပေါ်‌စေမည်ဟု မထင်ရသဖြင့် ဆူနာမီသတိပေးချက် ကို မထုတ်ပြန်ခြင်း ဖြစ်သည်။
"ငလျင်ဒဏ်သင့်ဒေသများ အထူးသဖြင့် စီမီယူလူး ခရိုင် တွင် ပြင်းထန်သော ထိခိုက်ပျက်စီးမှု သို့မဟုတ် အသေအပျောက်မှု သတင်း မရရှိကြောင်း" ခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် လျော့ပါးရေးအေဂျင်စီမှ အကြီးတန်းအရာရှိ ဇိုပါန် အေ က ရှင်းဟွာသို့ ပြောကြားခဲ့သည်။
ကျွန်းစုနိုင်ငံတစ်ခုဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံသည် ငလျင်လှုပ်ခတ်မှုရှိသော ပစိဖိတ်မီးကွင်းပေါ်တွင်တည်ရှိနေ‌သောကြောင့် ငလျင်လှုပ်ခတ်နိုင်သည်။ အဆိုပါနိုင်ငံတွင် မီးတောင်ရှင် ၁၂၇ လုံးရှိပြီး မြေငလျင် လှုပ်ရှားမှုများလည်း မကြာခဏဖြစ်ပေါ်လေ့ ရှိသည်။
Ref: ရှင်းဟွာ

image
31 ပတ် - ဘာသာပြန်ပါ။

"ဝမ်းသာလို့ငိုမိသွားတယ်`😑🤣

image