ဘားအံမှာ သဘာဝတောတောင်အလှအပများနဲ့ ထန်းပင်တောကြားက အပန်းဖြေလို့ကောင်းတဲ့ နေရာလေးတစ်ခု ...🫶🏻🥰
အစားအသောက်လေးတွေလဲ စားလို့ကောင်း
Hotel Karen Valley အနီး GTC ကျောင်းရှေ့နား 🫶🏻🥰
လမ်းဘေးမှာ သူ့ဆိုင်ရဲ့ ဆိုင်းဘုတ်လေးရှိပါတယ်နော်
#သွားမယ်&တည်းမယ်

image

imageimage
+12
Apu Lay shared a post  
32 w

32 w

Part-1
မြောက်ဦးခေတ် ဘဏ္ဍာရေး စနစ် နှင့် ကုန်သွယ်ရေး(အပိုင်း-၁)

မြောက်ဦးခေတ် (၁၅)ရာစုမှ (၁၇) ရာစုအတွင်း ရခိုင်ပြည်သည် ဘင်္ဂလားပင်လယ်အော်တစ်လျောက်၌ တင့်တင်းသော ရေတပ်တော်ရှိခဲ့သည့် နိုင်ငံတစ်ခုဖြစ်ခဲ့သလို ဓနဥစ္စာကြွယ်ဝသောတိုင်းပြည်လည်းဖြစ်ခဲ့သည်။ ယင်းအပြင် သွင်းကုန်ထုတ်ကုန် သယံဇာတပစ္စည်းပေါများသော တိုင်းပြည်တစ်ခုလည်း ဖြစ်ခဲ့သည်ကို ယင်းခေတ်ယင်းအခါ ရောက်ခဲ့ကြသော နိုင်ငံရေး၊ ကုန်သွယ်ရေ၊ စစ်ရေး၊ သာသနာကိစ္စများနှင့် ရောက် လာခဲ့ကြသည့် နိုင်ငံခြားသား မှတ်တမ်းများက ဖော်ပြနေကြသည်။
မြောက်ဦးခေတ်တွင် ရခိုင်ပြည်မှ ဆန်စပါး၊ ဆေးရွက်၊ဝါဂွမ်း၊ လဘက်၊ ကြက်သွန်၊ ငရုပ်၊ မဲနယ်၊ ရှားစေး၊ ကွမ်းသီးတို့နှင့် သက်ရှိတိရစ္ဆာန် တို့ကို ဘုရင်များက စနစ်တကျ အကွက်ချ စိုက်ပျိုးထုတ်လုပ် ရောင်းချကြသည်။ ပုလဲလုပ်ငန်းကိုလည်း အထူးလုပ်ငန်းတစ်ရပ်အဖြစ် လုပ်ကိုင်ကြသည်။ ခရစ်နှစ် ၁၆-၁၇ ရာစုတွင် မြောက်ဦးမြို့တော်သို့ ပေါ်တူဂီ နှင့် ဒတ်(ခ်ျ) တို့ ရောက်ရှိလာသည့်အခါ ဆန်၊စပါးနှင့် လယ်ယာ ထွက်ကုန်လုပ်ငန်းမှာ ယခင်ကထက် အဆများစွာ တိုးတက်ခဲ့သည်။
အခြားသော လယ်ယာထွက်ကုန် သီးနှံများကိုလည်း ၀ယ်ယူကာတင်ပို့ရောင်းချကြသည်။
ပေါ်တူဂီ နှင့် ဒတ်(ခ်ျ) လူမျိုး ကုန်သည်များသည် ရခိုင်ပြည်မှ ရသမျှ ဆန်စပါးများကို၀ယ်ယူ၍ ယခု အင်ဒိုနီးရှားနိုင်ငံ ဂျာဗာ၊ ဂျာကာတာ (ဘတ်တေးဗီးယား) ဒေသများသို့ တင်ပို့ခဲ့ကြသည်။ ယင်းအပြင် ပေါ်တူဂီ နှင့် ဒတ်(ခ်ျ) လူမျိုး ကုန်သည်များသည် ပဲခူး ဟံသာ၀တီပြည်မှ ဆန်စပါးများကိုလည်း ၀ယ်ယူတင်ပို့ကြလေသည်။
ပေါ်တူဂီ နှင့် ဒတ်(ခ်ျ)တို့ ၀င်ရောက် ကုန်သွယ်ရန် ရောက်လာခဲ့စဉ် ရခိုင်ပြည်မှ ထုတ်ကုန်များအဖြစ် ယင်း ကုန်များကို (Export) ကုန်များအဖြစ် တင်ပို့ရောင်းချခဲ့လေသည်။ ကျွန်စျေးကွက်လည်း ရှိခဲ့သည်။
၀ါဂွမ်း၊ လဘက်၊ မဲနယ်၊ ဆေးရွက်တို့ကို ရမ်းဗြဲကျွန်း၊ သံတွဲ၊ တောင်ကုတ်၊ မာန်အောင်၊ အမ်း၊ ဂွ၊ မြောက်ဦး၊ကျောက်တော်၊ မင်းပြား၊ပလက်ဝြမို့များတွင် စီးပွားဖြစ် စိုက်ခင်းကြီးများ စိုက်ပျိုးကြလေသည်။ စပါး စိုက်ပျိုးခြင်းကိုမူ ရခိုင်တစ်ပြည်လုံးတွင် စိုက်ပျိုးကြသည်။ ပြည်တွင်းလိုအပ်ချက်မှ ပိုလျှံသည်များ ကိုသာ ပြည်ပထုတ်ကုန်(Export) အဖြစ် ရောင်းချကြရလေသည်။ ရံဖန်ရံခါ ဘုရင်၏အထူးအမိန့်တော်ဖြင့် သတ်မှတ်ထားသော ထုတ်ကုန်များကို ရောင်း၀ယ်ဖောက်ကားခွင့် ပြုလေသည်။ ပုလဲလုပ်လုပ်ငန်းကိုမူ ဘုရင်နှင့်တကွ မှူးကြီးမတ်ရာများက အထူး အလေးပေး ထိန်းချုပ်လုပ်ကိုင်ကြသည်။
မြောက်ဦးခေတ်အစောပိုင်းတွင် ဆန်စပါးပေါများသည့်အတွက် စပါးတောင်း (၁၀၀)ကို ရခိုင်ငွေဒင်္ဂါး (၂ ) ပြားဖြင့် အရောင်းအ၀ယ်ရှိကြောင်း မှတ်တမ်း တစ်ချို့များ၌ ဖော်ပြကြသည်။ ရခိုင်တွင် တစ်တောင်း၏ အခြင်အတွယ်သည် မြန်မာတွင် (၆)ပြည်နှင့် ညီမျှသည်ကို ဆိုလိုသည်။ ယင်းခေတ်ယင်း အချိန်က တစ်နှစ်လျှင် ကျွဲနွားတိရစ္ဆာန် တစ်ခုတည်း၏ တင်ပို့ရောင်းချမှုမှာ ငွေ (တစ်သန်း)ခန့်ရှိသည်ဟု ဖော်ပြကြသည်။
မြောက်ဦးခေတ်တွင် ပြည်ပတိုင်းနိုင်ငံများသို့ ကုန်သွယ်မှုပြုကြရာတွင် တစ်ချိုသော တိုင်းနိုင်ငံများမှ အသုံးပြုသော ငွေကြေးများကို ဘုရင်၏ ခွင့်ပြုချက်ဖြင့် လက်ခံပေးရလေ့ရှိသလို ၊ ရခိုင်ပြည်သုံး ရွှေဒင်္ဂါး၊ ငွေဒင်္ဂါးများကိုလည်း ပြည်ပတိုင်းနိုင်ငံများက လက်ခံခဲ့ကြရသည်။
ရခိုင်တွင် ဒင်္ဂါးသုံးစွဲမှုကို ခရစ်နှစ်အစပိုင်း အေဒီ ၁ ရာစု လောက်ကပင် ရွှေဒင်္ဂါး ငွေဒင်္ဂါးများ သုံးစွဲနေကြပြီဖြစ်ကြောင်း အထောက်အထားများ တွေ့ရှိထားပြီးဖြစ်သည်။ ဝေသာလီခေတ်ဒင်္ဂါးများအကြောင်းကို အလျဉ်းသင့်သည့်အခါ ဖော်ပြသွားပါမည်။
မြောက်ဦးခေတ်တွင် နိုင်ငံတော်၏ အရပ်ရပ်၀င်ငွေများကို အပိုင်း (၃)ပိုင်း ခွဲ၍ သတ်မှတ်ထားကြောင်း တွေ့ရသည်။ ယင်းတို့မှာ-

၁။ ဘုရင်ဘဏ္ဍာတော်တိုက်ငွေ။
၂။ အများပြည်သူဆိုင်ရာ ဘဏ္ဍာတော်တိုက်ငွေ၊
၃။ သာသနာတော်ဆိုင်ရာ ဘဏ္ဍာတော်တိုက်ငွေ တို့ဖြစ်ကြသည်။

ဤနေရာ၌ ရခိုင်ပြည်သူပြည်သားသည် ဗုဒ္ဓဝါဒ ကိုလက်ခံကျင့်သုံးသော တိုင်းနိုင်ငံဖြစ်သည်နှင်အညီ သာသနာတော်စည်ပင်ပြန့်ပွားထွန်းကားရန် သာသနာတော်ဆိုင်ရာ ဘဏ္ဍာငွေကို ဥပဒေတစ်ရပ်အနေဖြင့် သီးသန့်ထားရှိမှုမှာ ဗုဒ္ဓဘာသာ၀င် ရခိုင်ပြည်သူများအဖို့ ဂုဏ်ယူစရာကောင်းလှပေသည်။

#rakhineculture

image
32 w - Translate

အသက် ၃၀ နှစ်အောက် ဘွဲ့ရများအတွက်
ကုသရေးဦစီးဌာနက အငယ်တန်းစာရေး
(၅၃၉) နေရာ အလုပ်ခေါ်စာ

#govjob

imageimage

ဖာဘရီဂတ်စ်ကို နည်းပြအဖြစ်ခန့်အပ်ဖို့ စတုဂတ်ပစ်မှတ်ထား

ဖေဖော်ဝါရီ ၈

ဘွန်ဒက်လီဂါကလပ် စတုဂတ်အသင်းဟာ နည်းပြဖြစ်သူ ဟိုးနက်စ်အသင်းကနေ ထွက်ခွာဖို့ ချိတ်ဆက်မှုတွေ ရှိနေတာကြောင့် ကိုမိုအသင်းကို ကိုင်တွယ်နေတဲ့ ဖာဘရီဂတ်စ်ကို နည်းပြအဖြစ် ခန့်အပ်ဖို့ ပစ်မှတ်ထားနေပါ တယ်။

အသက် ၄၂ နှစ်အရွယ်ရှိ ဟိုးနက်စ်ဟာ စတုဂတ်အသင်းကို ရလဒ်ကောင်းတွေ ရယူပေးထားပေမယ့် နွေရာသီမှာ ထွက်ခွာဖွယ်ရှိတဲ့ အလားအလာအတွက် ဂျာမနီကလပ်က နည်းပြသစ်ရှာဖွေဖို့ပြင်ဆင်နေတာပါ။

စတုဂတ်အသင်းဟာ ဒီရာသီ ဘွန်ဒက်လီဂါပြိုင်ပွဲမှာ အမှတ်ပေးဇယား အဆင့် ၅ နေရာ ရပ်တည်နေပြီး ချန်ပီယံလိဂ် ဝင်ခွင့်နေရာအတွက် ၁ မှတ်သာ ကွာဟနေတာ ဖြစ်ပါတယ်။

ဒေါ့မွန်၊လေဗာကူဆင်နဲ့ လိုက်ပ်ဇစ်အသင်းတို့ဟာ ဟိုးနက်စ်ကို နည်းပြအဖြစ် ခန့်အပ်ဖို့ စိတ်ဝင်စားနေကြတာပါ။

ဒါပေမယ့် ဒေါ့မွန်အသင်းဟာ မကြာသေးခင်က ကိုဗက်ကို နည်းပြသစ်အဖြစ် ခန့်အပ်ထားတာကြောင့် ဟိုးနက်စ် ကို စိတ်ဝင်စားတဲ့ အသင်းတစ်သင်း လျော့သွားခဲ့တာ ဖြစ်ပါတယ်။

ဂျာမန်သတင်းစာ BILD က စတုဂတ်အသင်းဟာ နွေရာသီမှာ နည်းပြဟိုးနက်စ် ထွက်ခွာသွားခဲ့ရင် သူ့ရဲ့နေရာမှာ အစားထိုးဖို့အတွက် နည်းပြစာရင်းတွေကို ပြုစုထားတယ်လို့ ဖော်ပြထားတာပါ။

စတုဂတ်အသင်းရဲ့ နည်းပြစာရင်းထဲမှာ ကိုမိုအသင်းကို ကိုင်တွယ်နေတဲ့ ဖာဘရီဂတ်စ်က ထိပ်ဆုံးနေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

ဖာဘရီဂတ်စ်ဟာ စီးရီးအေ တန်းတက် ကိုမိုအသင်းကို ကိုင်တွယ်နေတဲ့ ပထမဆုံးရာသီမှာ အမှတ်ပေးဇယား အဆင့် ၁၅ နေရာ ရပ်တည်အောင် ကိုင်တွယ်ပေးနေတာပါ။

ဖာဘရီဂတ်စ်ဟာ ပရီးမီးယားလိဂ် ကစားသမားဟောင်း ဒယ်လီအလီကို ကိုမိုအသင်းအတွက် ခေါ်ယူထားတာ ဖြစ်ပါတယ်။

ဖာဘရီဂတ်စ်နဲ့ ကိုမိုအသင်းတို့ရဲ့ စာချုပ်ဟာ ၂၀၂၈ ခုနှစ် နွေရာသီအထိရှိနေပြီး စတုဂတ်အသင်း အနေနဲ့ ဖာဘရီဂတ်စ်ကို နည်းပြအဖြစ် ခန့်အပ်မယ်ဆိုရင် စာချုပ်ဖျက်သိမ်းကြေးပေးရမှာပါ။

ဒါပေမယ့် ကလပ်အသင်း တစ်သင်းက နည်းပြဟိုးနက်စ်နဲ့ စတုဂတ်အသင်းတို့ရဲ့ စာချုပ်ကို ချိုးဖောက်ခဲ့ရင် ဂျာမန်ကလပ်ဟာ ယူရို ၆ သန်းရရှိမှာဖြစ်လို့ ဖာဘရီဂတ်စ်အတွက် ကိုမိုအသင်းထံ စာချုပ်ဖျက်သိမ်းကြေးပေးဖို့ အခက်အခဲမရှိနိုင်ပါဘူး။

ဖာဘရီဂတ်စ်ကတော့ လက်ရှိအချိန်မှာ ကိုမိုအသင်းကို ဒီရာသီ စီးရီးအေပြိုင်ပွဲမှာ ဆက်ပြီးရှိနေဖို့ကိုသာ အာရုံစိုက်နေတာပါ။

ကိုမိုအသင်းဟာ ဒီတစ်ပတ် စီးရီးအေပွဲစဉ်အဖြစ် ဂျူဗင်တပ်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source: Goal

ပုံ - ဖာဘရီဂတ်စ်ကို တွေ့ရစဉ်

#ဘောလုံးသတင်းစုံ

image

ရှမ်းပြည်နယ်၊ မိုင်းရယ်မြို့နယ်၊ မိုင်းဟဒေသအတွင်း ကျားဖြန့်များ ရှင်းလင်းစဥ် အလောင်း ၂ လောင်းနှင့် တရုတ်နိုင်ငံသားများအပါအဝင် ၈၁ ဦးဖမ်းမိ

ဖေဖော်ဝါရီ ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်၊ မိုင်းဟဒေသအတွင်း တရားမဝင်အွန်လိုင်းကောင်းကစားနှင့် ငွေကြေးလိမ်လည်မှု(ကျားဖြန့်) ဆောင်ရွက်နေသူများအား ဖော်ထုတ်ဖမ်းဆီးရမိ၊ လိုအပ်သည့် စစ်ဆေးဖော်ထုတ်မှုများ ဆောင်ရွက်ပြီး သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် တရားမဝင်အွန်လိုင်းလောင်းကစားနှင့် ငွေကြေး လိမ်လည်မှု(ကျားဖြန့်)လုပ်ငန်းလုပ်ကိုင်မှုများကို နိုင်ငံတကာနှင့်ပူးပေါင်း၍ ၎င်းဒုစရိုတ်မှု နှိမ်နင်းရေးကို တက်ကြွစွာ ဖော်ထုတ်အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် တာဝန်ရှိသူအဆင့်ဆင့်အနေဖြင့် မိမိတို့ဒေသများအတွင်း တရားမဝင်အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှု (ကျားဖြန့်)လုပ်ငန်းများအပါအဝင် အခြားဒုစရိုတ်လုပ်ငန်းများ မရှိစေရေး ဖော်ထုတ်ခြင်း၊ အရေးယူဆောင်ရွက်ခြင်းများကို ပြတ်ပြတ်သားသား ကိုင်တွယ်ဆောင်ရွက်ခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့များက တင်းတင်းကြပ်ကြပ် စီစစ်ရှာဖွေဖော်ထုတ်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ရှာဖွေဖော်ထုတ်ဖမ်းဆီးလျက်ရှိရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ် မြို့နယ်အတွင်း တရားမဝင်အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှု(ကျားဖြန့်) လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်ရှင်းလင်းခဲ့ရာ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် မိုင်းရယ်မြို့၏ အရှေ့တောင်ဘက် ဝန်းကျင်တွင် ကျားဖြန့်လုံခြုံရေးအဖွဲ့များနှင့် အပြန်အလှန်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်တွင် ကျားဖြန့်လုံခြုံရေးအဖွဲ့မှ အလောင်း ၂ လောင်းနှင့်အတူ ကျားဖြန့် လုံခြုံရေး ၅ ဦး၊ လက်နက်မျိုးစုံ ၆ လက်၊ တရုတ်နိုင်ငံသား အမျိုးသား ၇ ဦး၊ အမျိုးသမီး ၁ ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၃ ဦး၊ အမျိုးသမီး ၄ ဦးတို့အား ဖမ်းဆီး ရမိခဲ့သည်။

ထို့အပြင် နောင်ဟန်ကျေးရွာအနီး၌ အဆောက်အဦ ၇ လုံးနှင့် ကျားဖြန့်လုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုသည့် ဖုန်းမျိုးစုံ ၁၈၁ လုံး၊ Laptop မျိုးစုံ ၂၅ လုံး၊ Destop မျိုးစုံ ၂၁ လုံး၊ Keyboard မျိုးစုံ ၂၈ ခု၊ Wifi စက် ၂ လုံး၊ StarLink ၂ စုံ၊ လုပ်ငန်းသုံးလျှပ်စစ် ဆက်စပ်ပစ္စည်းများ၊ သေနတ် ၁ လက်နှင့် ကျည် ၅ တောင့်တို့ အား ထပ်မံဖမ်းဆီး ရရှိခဲ့သည်။

၎င်းအပြင် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် အဆိုပါ မိုင်းဟဒေသ၊ နောင်ဟန် ကျေးရွာတစ်ဝိုက်မှ တရုတ်နိုင်ငံသား အမျိုးသား ၈ ဦး၊ အမျိုးသမီး ၁ ဦး၊ ဗီယမ်နမ်နိုင်ငံသား အမျိုးသမီး ၁၈ ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၂ ဦး၊ အမျိုး သမီး ၂၅ ဦးတို့အား တရားမဝင်အွန်လိုင်း လိမ်လည်မှုလုပ်ငန်းများ လုပ်ကိုင်ရာတွင် အသုံးပြုသည့် ကွန်ပျူတာ ၇၂ လုံး၊ StarLink ၅ စုံ၊ ဖုန်းမျိုးစုံ ၇၉ လုံး၊ ငါးဂိမ်းစက် ၅ လုံး၊ မော်တော်ယာဉ် ၂ စီးတို့အားလည်းကောင်း ဖမ်းဆီးရမိခဲ့သည်။ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင်လည်း နောင်ဟန်ကျေးရွာအနီးတစ်ဝိုက်တွင် တရုတ်နိုင်ငံသား အမျိုးသား ၁၂ ဦး၊ Alphard မော်တော်ယာဉ် ၁ စီး၊ မီးစက် ၁ လုံးထပ်မံ ဖမ်းဆီးရရှိခဲ့သည်။

မိုင်းရယ်မြို့နယ်၊ မိုင်းဟဒေသအတွင်း ဖေဖော်ဝါရီလ ၅ ရက်နေ့မှ ၇ ရက်နေ့ အထိ ဖမ်းဆီးရမိမှုအနေဖြင့် တရုတ်နိုင်ငံသား အမျိုးသား ၂၇ ဦး၊ အမျိုးသမီး၂ ဦး၊ ပေါင်း ၂၉ ဦး၊ ဗီယမ်နမ်နိုင်ငံသား အမျိုးသမီး ၁၈ ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၅ ဦး၊ အမျိုးသမီး ၂၉ ဦး၊ ပေါင်း ၃၄ ဦး၊ စုစုပေါင်း ၈၁ ဦး ဖမ်းဆီးရမိခဲ့သည်။

အထက်ပါဖြစ်စဉ်များတွင် ဖမ်းဆီးရမိသူများအား စနစ်တကျ စိစစ်ဆောင်ရွက် လျက်ရှိပြီး ဥပဒေနှင့်အညီ တရားစွဲဆို အရေးယူဆောင်ရွက်နိုင်ရန်နှင့် ပြည်ပနိုင်ငံသား များအား လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှု တို့ကိုရှေးရှု၍ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေး ဆောင် ရွက်သွားမည်ဖြစ်သည်။

#centralnewsnaypyitaw

imageimage
+5
Khine Su Zin shared a post  
32 w

32 w

ယခုချိန် ဆောင်းရာသီတွင် ပိုသတိထားရမဲ့အချက်

ရေခဲရေသောက်ခြင်းသည်

၁ ဗိုက်ထဲမှာ အဆီတွေစုမယ်

၂.ဝမ်းချုပ်စေမယ်

၃.ရေဓာတ်ခမ်းခြောက်စေမယ်

၄.ကိုယ်တွင်းစွမ်းအင်လျော့ကျစေမယ်

၅.အစာမကြေခြစ်စေမယ်

၆.နှလုံးခှုန်နှုန်းခြစ်စေမယ်

၇.လည်ချောင်းနာစေမယ်

၈.ခေါင်းကိုက်စေမယ်

ဒါကြောင့် ယခုလိုဆောင်းရာသီမှာ ရေခဲအစား သဘာဝရေကိုသာ သောက်သုံးပါ

#ရေခဲရေသောက်ခြင်း၏ဆိုးကျိူးများ
#ကျန်းမာရေး
#ကျန်းမာရေးဗဟုသုတ
#crd