Exoplanet : 2M150 (A b ၏မိဘကြယ်စင်ဝတ္ထုများဖြစ်ကြသည့် 2M1510 AB နှင့် 2M1510 C များသည် အညိုရောင်ကြယ်ပုလေးများဖြစ်နေသည့်အတွက် ဒီbinary star system ပို၍ပင်ထူးဆန်းနေပါတယ်။
အညိုရောင်ကြယ်ပုများ(Brown dwarf )များဟာ သာမန်ကြယ်များကဲ့သို့ ဓာတ်ငွေ့နှင့် ဖုန်မှုန်များ ပြိုကျရာမှ မွေးဖွားလာသော်လည်း ကြယ်တစ်လုံးဖြစ်သည်ဟု အဓိပ္ပာယ်ဖွင့်ဆိုသည့် ၎င်းတို့၏ အူတိုင်များတွင် ဟိုက်ဒရိုဂျင်ကို ဟီလီယမ်အဖြစ်သို့ ပေါင်းစည်းရန် လိုအပ်သော ဒြပ်ထုကို စုစည်းရန် ပျက်ကွက်ခဲ့သောကြောင့် "ပျက်ယွင်းနေသောကြယ်များ" ဟူသော နာမည်ပြောင်ကို ရရှိကြသည့် ကြယ်များသာဖြစ်ပါတယ်။
ထို့အပြင် ကြယ်များနှစ်လုံးတွဲဖြစ်တည်နိုင်ခြေသည် ဒြပ်ထုအလေးချိန်နှင့်အမျှတိုးသည့်အတွက်ကြောင့် အညိုရောင်ဒွိကြယ်ပုစနစ်သည် အတော်လေး အံ့အားသင့်စရာပါ။
နေ၏ဒြပ်ထု ၁၀ ဆခန့်ရှိသော ကြယ်များ၏ ၇၅% ခန့်သည် နှစ်လုံးတွဲကြယ်များဖြစ်ပြီး နေကဲ့သို့သော ကြယ်များ၏ ၅၀% ခန့်တွင် အဖော်ကြယ်များရှိပါတယ်။ နေ၏ ၀.၀၇၅ မှ ၀.၀၁၃ ဆ (သို့မဟုတ် ဂျူပီတာ၏ ၇၅ မှ ၁၃ ဆ) ကြားရှိသော ဒြပ်ထုများနှင့်အတူ နှစ်လုံးတွဲများဖြစ်တည်တဲ့အထဲမှာ အညိုရောင်ကြယ်ပုများသည် အလွန်ရှားပါးသည့် အထဲမှာပါပါတယ်။
ဤစနစ်၏ ထူးဆန်းမှုများထဲသို့ နောက်ထပ်ထည့်နိုင်သည်မှာ ၎င်းသည် တွေ့ရှိထားပြီးသော အညိုရောင်ကြယ်ပုအတွဲများတွင် နေကြတ်သကဲ့သို့ကြတ်နိုင်သော ဒုတိယမြောက်အတွဲပဲဖြစ်ပါတယ်။ဆိုလိုတာက ကမ္ဘာပေါ်ရှိ ကျွန်ုပ်တို့၏နေရာမှကြည့်လျှင် ထိုအညိုရောင်ကြယ်ပုတစ်လုံးသည် အခြားတစ်ခုကို eclipse ကြတ်သွားနိုင်တယ်ဆိုတာပါပဲ။
“ဂြိုလ်တစ်လုံးဟာ ဒွိကြယ်ထဲမှာတောင် နှစ်လုံးတွဲအညိုရောင်ကြယ်ပုများအားပတ်ခြင်း၊ ထို့အပြင် ပိုလာပတ်လမ်ကြောင်းပိုတွင်ရှိနေခြင်းက အတော်လေး မယုံနိုင်စရာကောင်းပြီး စိတ်လှုပ်ရှားဖို့လည်း ကောင်းပါတယ်" ဟု ဘာမင်ဂမ်တက္ကသိုလ်မှ အဖွဲ့ဝင် အော်မရီ ထရီယော့ဒ် (Amaury Triaud) က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့ပါတယ်။
ထရီယော့ဒ်သည် ၂၀၁၈ ခုနှစ်တွင် ချီလီနိုင်ငံ ပါရာနယ်လေ့လာရေးစခန်း (Paranal Observatory) ရှိ Search for Habitable Planets Eclipsing Ultra-cool Stars (SPECULOOS) ကို အသုံးပြု၍ ၎င်းတို့ကို ရှာဖွေတွေ့ရှိခဲ့သော အဖွဲ့၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ဤပျက်စီးနေသောကြယ်များနှင့် သမိုင်းကြောင်းရှိခဲ့ခြင်းဖြစ်ပါတယ်။
လက်ရှိအဖွဲ့သည် ပါရာနယ်လေ့လာရေးစခန်းတွင်လည်း တည်ရှိသော အလွန်ကြီးမားသော တယ်လီစကုပ် (Very Large Telescope (VLT)) နှင့် ချိတ်ဆက်ထားသည့် ခရမ်းလွန်ရောင်ခြည်နှင့် မြင်နိုင်သောအလင်း အီချယ်လီ ရောင်စဉ်တိုင်းကိရိယာ (Ultraviolet and Visual Echelle Spectrograph (UVES)) ကို အသုံးပြု၍ ဤစနစ်ရှိ အညိုရောင်ကြယ်ပုနှစ်လုံး၏ ပတ်လမ်းကြောင်းများကို ပိုမိုနားလည်ရန် ကြိုးစားရင်းကနေ ထူးဆန်းသော ပိုလာဂြိုလ်ကို ရှာဖွေတွေ့ရှိခဲ့တာပဲဖြစ်ပါတယ်။
ဒီလေ့လာရေးအစီအစဥ်အရ ပျက်စီးနေသောအညိုရောင်ကြယ်ပုများသည် မမြင်ရသောဂြိုလ်တစ်ခု၏ ဆွဲငင်အားလွှမ်းမိုးမှုကြောင့် “တွန်းခြင်းနှင့် ဆွဲခြင်း” ကို ခံနေရကြောင်း ဖော်ထုတ်နိုင်ခဲ့ပါတယ် ။
ဒီ လုပ်ဆောင်ချက်၏ ထူးဆန်းမှုများက သုတေသီများအား ဤဂြိုလ်သည် ၉၀ ဒီဂရီပတ်လမ်းကြောင်းရှိသော ပိုလာဂြိုလ်ဖြစ်မည်ဟု ကောက်ချက်ချစေခဲ့နိုင်ပါတယ်။
ယေဘုယျအားဖြင့်၊ ဒီလိုရှာဖွေတွေ့ရှိမှုများဟာ ကျွန်မတို့နေထိုင်နေတဲ့ စိတ်ဝင်စားစရာကောင်းတဲ့ စကြဝဠာထဲမှာ ဖြစ်နိုင်ချေရှိတဲ့ အရာတွေကို နက္ခတ္တသိပ္ပံ ပညာရှင်တွေကိုသာမကပဲ အများပြည်သူကိုပါ ပြသလိုက်နိုင်တာ ပဲ ဖြစ်ပါတယ်။
အဆိုပါ အဖွဲ့၏ သုတေသနကို ဧပြီလ (၁၆)ရက်နေ့က Science Advances ဂျာနယ်တွင် ထုတ်ဝေခဲ့သည်။
~MASES / Su Ei
Reference article :https://www.space.com/.../scie....ntists-discover-biza

image
image
image

မင်းအချစ်ကြောင့် - Y Wine

Emoji // ဟန်နေတာ
-500 Days Of Summer

လရောင်အောက်မှာ အလှဆုံးအရာ
နှစ်ခုရှိတယ်ကွ
အဲ့တာပင်လယ်နဲ့ မိန်းမပဲ၊
အေး လောကမှာ နားလည်ရ အခက်ဆုံးကလည်း
အဲ့ဒီနှစ်ခုပဲ
-ပါပီယွန်
သူ့အချစ် // ဟန်ထ

အပြစ်မမြင်ပါဘူး - ဝိုင်းစုခိုင်သိန်း

24 w - Translate

#knowledge #ဗဟုသုတ

image
24 w - Translate

#knowledge #ဗဟုသုတ

image
24 w - Translate

MUT မှာ အပြိုင်ဖိုက်ရတော့မယ့် City winners များ

#roadtomissuniversethailand2025 #missuniversethailand2025 #theneweraofmut #missuniverse

image
24 w - Translate

MUM 2025 ရဲ့ first journey ဖြစ်တဲ့ signing day : Day 1 into the Universe Myanmar မှာ ဝတ်ဆင်သွားမယ့် Miss Universe Pyin Oo Lwin ရဲ့ Signing Day Fashion Look ဖြစ်ပါတယ်💫🖤
MUM journey ကြီးမကြာခင် စတင်တော့မှာမို့ Are u ready Guys ? 👑🇲🇲
#roadtomissuniversemyanmar2025 #missuniversemyanmar #missuniverse

image
24 w - Translate

MUM 2025 ရဲ့ first journey ဖြစ်တဲ့ signing day : Day 1 into the Universe Myanmar မှာ ဝတ်ဆင်သွားမယ့် Miss Universe Pyin Oo Lwin ရဲ့ Signing Day Fashion Look ဖြစ်ပါတယ်💫🖤
MUM journey ကြီးမကြာခင် စတင်တော့မှာမို့ Are u ready Guys ? 👑🇲🇲
#roadtomissuniversemyanmar2025 #missuniversemyanmar #missuniverse

image