Miss Universe Myanmar 🇲🇲 2025 Crown 👑 ကြီး 
ရဖို့ ထိပ်ဆုံးကဖြစ်နေတဲ့ Miss Universe Hakha  
Nan Inzali NaNa ✨👑 
#roadtomissuniversemyanmar2025 #missuniversemyanmar #missuniverse
        Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
    	
 Miss Universe Myanmar 🇲🇲 2025 Crown 👑 ကြီး 
ရဖို့ ထိပ်ဆုံးကဖြစ်နေတဲ့ Miss Universe Hakha  
Nan Inzali NaNa ✨👑 
#roadtomissuniversemyanmar2025 #missuniversemyanmar #missuniverse
        
 Miss Universe Myanmar 🇲🇲 2025 Crown 👑 ကြီး 
ရဖို့ ထိပ်ဆုံးကဖြစ်နေတဲ့ Miss Universe Hakha  
Nan Inzali NaNa ✨👑 
#roadtomissuniversemyanmar2025 #missuniversemyanmar #missuniverse

 “ ပြည့်တန်ဆာမလေးနဲ့ ချစ်မိသွားတဲ့ ဘီလီယံနာ သူဌေး “ 
 
Pretty Woman 
1990 ‧ Comedy/Romance ‧ 1h 59m 
 
ပြည့်တန်ဆာနဲ့ ဘီလီယံနာကြားက ရိုမီယို ဂျူးလိယက်ဇာတ်လမ်း 
ပိုက်ဆံသာရှိရင် လူတွေရဲ့အတွေးအမြင်တွေကို လှည့်စားပစ်နိုင်တယ် – ပြည့်တန်ဆာတစ်ယောက်တောင် ပိုက်ဆံရှိရင် လူတိုင်းကို ဘာမှမပြောနိုင်အောင် လုပ်လိုရတယ်။ ကျွန်တော် ဒီရုပ်ရှင်ကို Facebook page တစ်ခုက အပိုင်းအတိုလေးတစ်ခု ကြည့်မိရင်း စိတ်ဝင်စားသွားပြီး အစအဆုံးရှာကြည့်ဖြစ်ခဲ့တယ်။ ပထမဆုံးပြောချင်တာကတော့ ကြည့်ရတာတော်တော်လေးတန်တယ်။ ကိုယ်တွေးရင် တွေးသလောက် အဓိပ္ပါယ်ရှိတဲ့ရုပ်ရှင်တစ်ခုပါ။ 
ဇာတ်လမ်းအမြည်းပြောရရင် ဥစ္စာပေါရုပ်ချော ဘီလီယံနာတစ်ယောက်က Edward က ပြည့်တန်ဆာမလေး Vivian နဲ့ ခင်သွားပြီး၊ ဒေါ်လာ ၃၀၀၀ နဲ့ တစ်ပတ်တိတိသူနဲ့ အချိန်ဖြုန်းပေးဖိုကမ်းလှမ်းတယ်။ Edward က professional ဆန်တဲ့သူတစ်ယောက်ဖြစ်ပြီး Vivian ကို သေချာလေးဂရုစိုက်တယ်။ ကြာလာတော့ သူတိုနှစ်ယောက်ကြားက မေတ္တာဓာတ်က အချစ်အသွင်သို ပြောင်းလဲလာခဲ့ပါတယ်။ ဇာတ်လမ်းထဲမှာ သဘောကျဖိုကောင်းတာက လူတွေရဲ့ ဆက်ဆံပုံတွေပါ။ Vivian ပြည့်တန်ဆာလိုဝတ်စားပြီး shopping ထွက်တဲ့အခါ ဘယ်သူမှသူ့ကို ဝယ်နိုင်တယ်လိုမထင်ကြဘူး။ နောက်ရက် Edward က သူကိုယ်တိုင်လိုက်ဝယ်ပေးပြီး သူပြောခဲ့တဲ့စကားတစ်ခုက “ဆိုင်တွေက customers တွေကို ဘယ်တော့မှ ကောင်းကောင်းမဆက်ဆံဘူး၊ သူတို ကောင်းကောင်းဆက်ဆံတာ credit card ပဲရှိတယ်။” ကျွန်တော်ကတော့ ကြည့်ရတာ သဘောကျမိတယ်။ 
90s vibe ကိုလည်း ကောင်းကောင်းကြီးခံစားရသလို၊ old money အသိုင်းအဝိုင်းကိုလည်း သေချာမြင်ခဲ့ရတယ်။ Romance/Comedy genre ထဲက တကယ်ကိုကြည့်သင့်တဲ့ ရုပ်ရှင်တစ်ခုပါ။ 
 
🙆Channel Link အရင် Join ပြီးမှ ဇာတ်ကား  Link  ကိုနိပ်ပါ💯 
 
🆕👑Channel Link 
 
https://t.me/+fNZjMKbzHF5mZmM1 
 
🔖✉️ဇာတ်ကားကြည့်ရန် Link 
 
https://t.me/c/2305672701/1397
        
 #end 
 
ဒါဖြင့် Galaxy. ကြီးကရော ? ကျနော်တို့ရဲ့ Milky Way. ကြီးဟာ သူသိပ်တွေ့ချင်လွန်းလှတဲ့ သူ့ကောင်မလေး Andromeda ဆီကို အရှိန်ပြင်းပြင်း ခရီးနှင်နေတာပါ။ ဟိုကောင်မလေးကလည်း ကျနော်တို့ဆီ လာနေပါတယ်။ Galaxy နှစ်ခု ဆွဲကြတဲ့အခါ ခုနကပြောတဲ့ အတိုင်း  ဒြပ်ပိုကြိီးတဲ့ Galaxy အနီးမှာ ဗဟိုမှတ်ဖြစ်လာတယ်ဆိုတော့ Andromeda က Milky way ထက် နှစ်ဆကျော် ကြီးတာကြောင့် ဗဟိုမှတ်ဟာ Andromeda အနီးမှာ ရှိနေပါတယ်။ ဒါပေမဲ့ ကုဋေချီတဲ့ အရာဝတ္ထုတွေ ပါဝင်ပတ်သက်လာတဲ့အတွက် ဂြိုဟ်တွေလို သူ့ပတ်လမ်းကြောင်းပေါ်မှာ လှည့်ပတ်နေတယ်လို့ သုံးလို့တော့ မရပါဘူး။ဒြပ်နှစ်ခု ဆွဲအားရဲ့ အသားတင်သက်ရောက်မှု နေရာကို ပြောလိုရင်းပါ။  
ဒီလောက်ဆို နားလည်လွယ်မယ် ထင်ပါတယ်။ ဒါပေမဲ့ ဒီနိယာမကို သွေဖယ်ချင်နေတဲ့ ဂြိုဟ်တလုံးကို တွေ့ရှိလိုက်ရတဲ့ သိပ္ပံ ပညာရှင်တွေအတွက် အိမ်စာအသစ် ထပ်ပေးပြန်ပါပြီ။ မီးလောင်ပျက်စီး သေဆုံးထားတဲ့ ကြယ်ကြီးကို ဆက်ပြီးလည်ပတ်နေတဲ့ ဂြိုဟ်တလုံးကို သမိုင်းမှာ ပထမဆုံးအကြိမ် တွေ့လိုက်ရတာမို့လို့ပါ။ ကမ္ဘာကနေ အလင်းနှစ် ၈၀ ပဲ ဝေးပါတယ်။ 
ဒီဂြိုဟ်ဟာ အပူချိန်  အနုတ် ၈၇ဒီဂရီ ဆဲစီးရပ်ရှိပြီး ၂၀၂၀ပြည့်နှစ်မှာ စတွေ့ခဲ့တာ ဖြစ်ပေမဲ့ ဂြိုဟ်အနေနဲ့ မယူဆထားပဲ ကြယ်ကြွေခြင်းရဲ့ အစိတ်အပိုင်းတခုလို့သာ ထင်ခဲ့ကြတာပါ။ ဂျိမ်းဝပ် တယ်လီစကုပ်ကနေ သေချာ စူးစမ်းကြည့်မှပဲ ဂြိုဟ်တခုဖြစ်ကြောင်းကို သက်သေခံနိုင်ခဲ့တာ ဖြစ်ပါတယ်။ နေမိသားစုပြင်ပမှာရှိတဲ့ ဂြိုဟ်တွေထဲက အအေးဆုံးဂြိုဟ်ပါ။  
ဒါဖြင့် ဒီဂြိုဟ်က ဘာများ ထူးဆန်းလဲမေးရင်  ကြယ်သေတလုံးကို  နီးနီးလေး ပတ်နေတဲ့ ဂြိုဟ်ကြီးဖြစ်နေလို့ပါပဲ။  ကြယ်သေဟာ သူ့ထက် အလွန်သေးငယ်ပြီး ဂြိုဟ်ကတော့ နေမိသားစုတွင်းက အကြီးဆုံးဖြစ်တဲ့ ဂျူပီတာရဲ့ ၁၄ဆ ပိုကြီးပါတယ်။ အပေါ်က ရှင်းပြချက်တွေကို အတန်ငယ် နားလည်ထားရင်တောင် ဖြစ်နိုင် ၊ မဖြစ်နိုင် ကောက်ချက်ချလို့ ရပါတယ်။  
ကြယ်သေဆိုတာကို အကြမ်းဖျင်းပြောရရင် ဆက်လောင်စရာ နျူကလီးယားလောင်စာ မရှိတော့တာကြောင့် ကမ္ဘာနဲ့အရွယ်အစားတူပြီး သိပ်သည်းဆမြင့်တဲ့ အလယ်အူတိုင်ဖြူပဲကျန်တဲ့  နေပါပဲ။  
နေမိသားစုတွင်းမှာတော့ နေဟာ ဟိုက်ဒရိုဂျင် လောင်စာကုန်လို့ Red Giantဖြစ်လာပြီး အပြင်ကိုပြန့်ကားပေါက်ကွဲထွက်လာရင် ကမ္ဘာထိပါ အဲ့ဒဏ်ကို ခံရမှာမို့ ကမ္ဘာမီးကင် ဖြစ်ပြီး ပျက်စီးပါပြီ။ (စိတ်မပူပါနဲ့။ အဲ့အချိန် လူသားတွေ ပျောက်ကွယ်သွားတာ ကြာနှင့်ပါပြီ။ ဒီအကြောင်းလည်း ပို့စ်သပ်သပ် တင်ထားပါတယ်)   
အကယ်၍ ဒီဂြိုဟ်ဟာ သူ့ရဲ့ နေ နဲ့ အင်မတန် ဝေးနေလို့ ဒဏ်ခံရတာ နည်းတယ်ဆိုရင်တောင် ဆွဲငင်အားကြီးတဲ့ နေ မရှိတော့တဲ့အတွက် ဆက်ပြီး ဘယ်သူ့ကို လှည့်လို့ လှည့်နေမှန်းမသိတဲ့ အဖြစ်ကို ရောက်နေမှာ မဟုတ်ပါဘူး။  ခက်တာက ကြယ်သေကိုပတ်နေတဲ့ သူ့ရဲ့ အကွာအဝေးဟာ သိပ်ကိုနီးလွန်းပြီး 0.0204 AU ပဲ ရှိနေတာ ဖြစ်ပါတယ်။ ( AU - Astronomical Unit : ကမ္ဘာ နဲ့ နေ ကြား အကွာအဝေးကို 1AU အဖြစ် စံထားသတ်မှတ်သည့် အတိုင်းအတာ ။ )  
စာဖတ်သူတွေအနေနဲ့ရော ဘယ်လိုထင်ပါသလဲ။ သိပ္ပံပညာရှင်တွေကတော့ အကြီးကြီးတွေ စဉ်းစားထားပေမဲ့ ကျတော်တို့အတိုင်းအတာနဲ့ စဉ်းစားအဖြေထုတ်နိုင်တဲ့ ကောက်ချက်တွေ ရှိနေပါသေးတယ်။ ဒီပို့စ်မှာ ရေးထားပြီးဖြစ်တဲ့ သဘောတရားတွေပါပဲ။ သိပ်အခက်ခဲကြီးတော့ မဟုတ်ပါဘူး။ တကယ်လို့ စိတ်ဝင်စားတယ်ဆိုရင် ကိုယ့်ယူဆချက်ကို Comment မှာ ရေးခဲ့လို့ရပါတယ်။ 
📄Research by Mary Anne Limbach et al., "Thermal Emission and Confirmation of the Frigid White Dwarf Exoplanet WD 1856+534b", arXiv (2025) 
 
#end
        
 #ဆက်ရန် 
 
ကြယ်သေတလုံးကို ပတ်နေဆဲဂြိုဟ် 
သိပ္ပံပညာ၊ ဆေးပညာ၊ နည်းပညာမှာ ၁၀၀% အမှန်ဆိုတာ မရှိပါဘူး။  စဉ်ဆက်မပြတ် တိုးတက်စေဖို့ သုတေသနတွေကို အမြဲ တံခါးဖွင့် ကြိုဆိုထားကြပါတယ်။  
အခုလည်း ထူးခြားတဲ့ ဂြိုဟ်တလုံးကို ဂျိမ်းဝပ် တယ်လီစကုပ်ကနေ ထပ်တွေ့ပြန်ပါပြီ။ Page မှာ တင်ထားခဲ့တဲ့ ရတနာမိုးတွေရွာလို့ ထူးခြားတာ မဟုတ်သလို၊ သက်ရှိတွေ ရှိလေမလားဆိုတဲ့ ယူဆချက်နဲ့ ထူးခြားတာ မဟုတ်ပါဘူး။ အချက် နှစ်ချက်ကြောင့် ထူးခြားတယ် ပြောကြတာပါ။  
နေမိသားစုရဲ့ ပြင်ပမှာ ရှာတွေ့ထားသမျှ အအေးဆုံးဂြိုဟ်တလုံးဟာ သေဆုံးပြီးသားကြယ်ကို ထူးဆန်းစွာပဲ ဆက်လက် လှည့်ပတ်လျက်ရှိပါတယ်။ 
၁။ နေမိသားစု အပြင်ဘက်မှာ ရှိတဲ့ ကုဋေချီ ဂြိုဟ်တွေထဲ ရှာတွေ့ထားသမျှ အအေးဆုံး ဂြိုဟ် ဖြစ်ပါတယ်။  
၂။ သူ့ထက် အရွယ်ငယ်တဲ့ ကြယ်သေကို ပတ်နေပါတယ်။  
ပထမအချက်ကတော့ ရှာဖွေတွေ့ရှိမှုပိုင်းဆိုင်ရာအတွက် ထူးခြားမှုသာဖြစ်ပြီး အမြဲတစေ ရှာတွေ့နေတဲ့ သိပ္ပံပညာရှင်တွေ အတွက်က ရင်ခုန်စရာ မဟုတ်သေးပါဘူး။  
 အဓိက အရေးပါတာ ဒုတိယ အချက်ကြောင့်ပါ။  
ဒါကို မပြောခင် အခြေခံလေးတွေ အရင်နွေးကြရအောင်။  
ကမ္ဘာဟာ ကိုယ်တိုင် အိုးထိန်းစက်ကဲ့သို့ လည်နေရင်းက 'နေ' ကို လူပျိုလှည့်သလို သူ့ပတ်လမ်းပေါ် လှည့်ပတ်နေတယ် ဆိုတာ သိပြီးကြမှာပါ။ ဘာလို့လည်ရတာလဲ ၊ ဘာလို့ လှည့်ရတာလဲ ဆ်ုတာ ရှေးပို့စ် တခုမှာ ပြောထားပြီး ဖြစ်ပေမဲ့ ထပ်ပြီး အတိုချုပ် ပြောပါဦးမယ်။  
ကမ္ဘာ  ဘာလို့ လည်ရတယ် ။  
- ကမ္ဘာ အပါအဝင် ဂြိုဟ်တွေဟာ စတည်ကတည်းက  လည်ဖို့ ဖြစ်လာလို့ကို လည်ရတာပါတဲ့။ ဒီထက်ရှင်းတဲ့ အဖြေလည်း ရှိမယ် မထင်ပါဘူး။  ဓါတ်ငွေ့နဲ့ ဖုန်မှုန့်တွေ ပေါင်းစုပြီး ဂြိုဟ်ပုံစံအမျိုးမျိုး ဖြစ်လာတဲ့အခါ နဂိုရှိရင်းစွဲ ဂုဏ်သတ္တိအရ လည်ကြရပါတယ်။ နားလည်လွယ်အောင်ပြောရင် လေအဝှေ့မှာ ပေါ်လာတတ်တဲ့ ဖုန်မှုန့်တွေကို မြင်ဖူးကြမှာပါ။ အဲ့လို ဖုန်မှုန့်တွေ ဒြပ်ထုအားဖြင့် ကမ္ဘာဂြိုဟ်တလုံးစာအထိ အဆမတန် ကြီးမားလာရလောက်အောင် ပေါင်းစုရင်း လည်ကြတာမျိုးပါ။ ဒီလို လည်ရင်းကနေ အီနားရှားသတ္တိတွေ ဝင်လာပြီး Angular Momentum ရလာပါတယ်။ ကမ္ဘာဦးမှာ ဂြိုဟ်တွေဟာလည်း သူ့ကိစ္စနဲ့သူ အလုပ်များနေတာကြောင့်ပဲ  ကမ္ဘာကိုဝင်တိုက်မယ့် ဥက္ကာခဲတွေရန်ကနေ ဂျူပီတာတို့ လတို့က ကမ္ဘာကို အခုလောက် မကာကွယ်ပေးနိုင်သေးပါဘူး။ အဲ့ဒီ ဒြပ်ထုတွေကို စုစည်းရင်းနဲ့ပဲ ကမ္ဘာဟာ အင်အားကြီး ဂြိုဟ်တခုလို ဖြစ်လာပြီး စဉ်ဆက်မပြတ် လည်နေရတော့တာပါ။ အချိန်တခုရလို့ ဂြိုဟ်မှန်းသိတတ်စအရွယ်ရောက်လာင်္ပြး အသွင် ပီပြင်လာတဲ့အခါ ကမ္ဘာလည်နှုန်းဟာလည်း ပုံမှန် နှုန်းသေတခုနီးပါး ဖြစ်သွားပါတယ်။  
ဒီလိုလည်ရင်းကြောင့်ပဲ သံလိူက်စက်ကွင်းအတွက် အထောက်အပံ့ဖြစ်စေပြီး အာကာသထဲက အန္တရာယ်ရှိတဲ့ လှိုင်းတွေရန်ကနေ ကိုယ့်ကိုယ်ကို ကာကွယ်လာနိုင်တာ ဖြစ်ပါတယ်။ တခုရှိတာကတော့ နေ နဲ့ လ ရဲ့ ကမ္ဘာအပေါ် ဆွဲငင်မှုတွေကြောင့် ဒီလည်နှုန်းဟာ တဖြည်းဖြည်း နှေးလာတယ်ဆ်ုတာပါပဲ။ (ပို့စ်သပ်သပ်တင်ပြီး ဖြစ်တဲ့အပြင် နှစ်သန်းချီမှ သိသာလာမယ့်ကိစ္စမို့ ဆက်မဆွေးနွေးတော့ပါဘူး)  
နေကို ဘာလို့ လှည့်ကြတယ်။  
- သိပြီးဖြစ်တဲ့အတိုင်း နေမိသားစုအတွင်းက ကမ္ဘာအပါအဝင် ဂြိုဟ်ကြီးတွေဟာ သူ့ပတ်လမ်းနဲ့သူ  နေကို လှည့်နေကြပါတယ်။ ဘာလို့ဆိုရင် ဒြပ်ရှိတဲ့ ဝတ္ထုတွေရဲ့ ဆွဲအားကြောင့်ပါ။  နယူတန် နိယာမအရ Mass ရှိရင် ဆွဲအားရှိပါတယ်တဲ့။  
Mass ကြီးလေလေ ဆွဲအားက ပိုကြီးလေလေပါ။ နေလိုမျိုး ဒြပ်ထုကြီးမားတဲ့ ကြယ်ကြီးတလုံးရဲ့ ဆွဲအားက ဘယ်လောက်ကြီးမယ်ဆိုတာ ခန့်မှန်းလို့ ရပါတယ်။ (ထောက်စရာရှိတာက - ကမ္ဘာကလည်း ပြန်ဆွဲတယ်ဆိုပေမဲ့ နေဆွဲအားကို ကျော်လွန်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ) ဒီ အားနှစ်ခုရဲ့ အကျိုးဆက်အားသက်ရောက်မှု အမှတ်ဟာ ဒြပ်ပိုကြီးတဲ့ အရာဝတ္ထုအနီးဆုံးမှာ ရှိပါတယ်။  
ဒါကြောင့် သိပ္ပံအလိုကျပြောရင် ကမ္ဘာဟာ နေကို လှည့်ပတ်တယ်ဆိုတာထက် နေအဖွဲ့အစည်းရဲ့ ဗဟိုကို လှည့်နေတယ်လို့ ပြောတာ ပိုတိကျပါတယ်။   
ဒီအခြေခံကို နားလည်ပြီဆိုရင် ဘယ်သူက ဘယ်လိုထပ်တ်ုးမေးခွန်းနဲ့ မေးပါစေ ဆက်ပြောလို့ရပါပြီ။ နေကရော ဘယ်သူ့ကို ပတ်နေလဲဆ်ုတာမျိုးပေါ့။  နေပါဝင်တဲ့ နေအဖွဲ့အစည်း တခုလုံးက Milky Way Galaxy ရဲ့ ဗဟို ( Galactic Centre) ကို ပတ်နေကြပါတယ်။ Milky Way ဗဟိုအနီးမှာ Sagittarius ဆိုတဲ့ မဟာတွင်းနက်ကြီးရှိတာကြောင့် နေဟာ ဒီတွင်းနက်ကြီးကို လှည့်ပတ်နေတယ်လို့ ပြောလည်း ရပါတယ်။ ဒီ မဟာတွင်းနက်ကြီးကပဲ Galax 
y. ထဲက အရာလေးတွေကို ဆွဲနေတာပါ။ (တွင်းနက်ကိုမှ မဟာ တပ်ပြီး ခေါ်ရတဲ့ ဆရာကြီးအဆင့်ဆိုတော့ သူ့အတွက်က အရာလေးတွေပေမဲ့ ကိုယ်တွေအတွက်က နေမင်းကြီး ၊ ဂြိုဟ်ကြီး၊ ကမ္ဘာကြီး ပေါ့)  
 
#ဆက်ရန်
        
 Exoplanet : 2M150 (A b ၏မိဘကြယ်စင်ဝတ္ထုများဖြစ်ကြသည့် 2M1510 AB နှင့် 2M1510 C များသည် အညိုရောင်ကြယ်ပုလေးများဖြစ်နေသည့်အတွက် ဒီbinary star system ပို၍ပင်ထူးဆန်းနေပါတယ်။  
အညိုရောင်ကြယ်ပုများ(Brown dwarf )များဟာ သာမန်ကြယ်များကဲ့သို့ ဓာတ်ငွေ့နှင့် ဖုန်မှုန်များ ပြိုကျရာမှ မွေးဖွားလာသော်လည်း ကြယ်တစ်လုံးဖြစ်သည်ဟု အဓိပ္ပာယ်ဖွင့်ဆိုသည့် ၎င်းတို့၏ အူတိုင်များတွင် ဟိုက်ဒရိုဂျင်ကို ဟီလီယမ်အဖြစ်သို့ ပေါင်းစည်းရန် လိုအပ်သော ဒြပ်ထုကို စုစည်းရန် ပျက်ကွက်ခဲ့သောကြောင့် "ပျက်ယွင်းနေသောကြယ်များ" ဟူသော  နာမည်ပြောင်ကို ရရှိကြသည့် ကြယ်များသာဖြစ်ပါတယ်။ 
ထို့အပြင် ကြယ်များနှစ်လုံးတွဲဖြစ်တည်နိုင်ခြေသည် ဒြပ်ထုအလေးချိန်နှင့်အမျှတိုးသည့်အတွက်ကြောင့် အညိုရောင်ဒွိကြယ်ပုစနစ်သည် အတော်လေး အံ့အားသင့်စရာပါ။ 
နေ၏ဒြပ်ထု ၁၀ ဆခန့်ရှိသော ကြယ်များ၏ ၇၅% ခန့်သည် နှစ်လုံးတွဲကြယ်များဖြစ်ပြီး နေကဲ့သို့သော ကြယ်များ၏ ၅၀% ခန့်တွင် အဖော်ကြယ်များရှိပါတယ်။ နေ၏ ၀.၀၇၅ မှ ၀.၀၁၃ ဆ (သို့မဟုတ် ဂျူပီတာ၏ ၇၅ မှ ၁၃ ဆ) ကြားရှိသော ဒြပ်ထုများနှင့်အတူ နှစ်လုံးတွဲများဖြစ်တည်တဲ့အထဲမှာ အညိုရောင်ကြယ်ပုများသည် အလွန်ရှားပါးသည့် အထဲမှာပါပါတယ်။ 
ဤစနစ်၏  ထူးဆန်းမှုများထဲသို့ နောက်ထပ်ထည့်နိုင်သည်မှာ ၎င်းသည် တွေ့ရှိထားပြီးသော အညိုရောင်ကြယ်ပုအတွဲများတွင် နေကြတ်သကဲ့သို့ကြတ်နိုင်သော ဒုတိယမြောက်အတွဲပဲဖြစ်ပါတယ်။ဆိုလိုတာက ကမ္ဘာပေါ်ရှိ ကျွန်ုပ်တို့၏နေရာမှကြည့်လျှင် ထိုအညိုရောင်ကြယ်ပုတစ်လုံးသည် အခြားတစ်ခုကို eclipse  ကြတ်သွားနိုင်တယ်ဆိုတာပါပဲ။ 
“ဂြိုလ်တစ်လုံးဟာ ဒွိကြယ်ထဲမှာတောင် နှစ်လုံးတွဲအညိုရောင်ကြယ်ပုများအားပတ်ခြင်း၊ ထို့အပြင် ပိုလာပတ်လမ်ကြောင်းပိုတွင်ရှိနေခြင်းက အတော်လေး မယုံနိုင်စရာကောင်းပြီး စိတ်လှုပ်ရှားဖို့လည်း ကောင်းပါတယ်" ဟု ဘာမင်ဂမ်တက္ကသိုလ်မှ အဖွဲ့ဝင် အော်မရီ ထရီယော့ဒ် (Amaury Triaud) က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့ပါတယ်။ 
ထရီယော့ဒ်သည် ၂၀၁၈ ခုနှစ်တွင် ချီလီနိုင်ငံ ပါရာနယ်လေ့လာရေးစခန်း (Paranal Observatory) ရှိ Search for Habitable Planets Eclipsing Ultra-cool Stars (SPECULOOS) ကို အသုံးပြု၍ ၎င်းတို့ကို ရှာဖွေတွေ့ရှိခဲ့သော အဖွဲ့၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ဤပျက်စီးနေသောကြယ်များနှင့် သမိုင်းကြောင်းရှိခဲ့ခြင်းဖြစ်ပါတယ်။ 
လက်ရှိအဖွဲ့သည် ပါရာနယ်လေ့လာရေးစခန်းတွင်လည်း တည်ရှိသော အလွန်ကြီးမားသော တယ်လီစကုပ် (Very Large Telescope (VLT)) နှင့် ချိတ်ဆက်ထားသည့် ခရမ်းလွန်ရောင်ခြည်နှင့် မြင်နိုင်သောအလင်း အီချယ်လီ ရောင်စဉ်တိုင်းကိရိယာ (Ultraviolet and Visual Echelle Spectrograph (UVES)) ကို အသုံးပြု၍ ဤစနစ်ရှိ အညိုရောင်ကြယ်ပုနှစ်လုံး၏ ပတ်လမ်းကြောင်းများကို ပိုမိုနားလည်ရန် ကြိုးစားရင်းကနေ  ထူးဆန်းသော ပိုလာဂြိုလ်ကို ရှာဖွေတွေ့ရှိခဲ့တာပဲဖြစ်ပါတယ်။ 
ဒီလေ့လာရေးအစီအစဥ်အရ ပျက်စီးနေသောအညိုရောင်ကြယ်ပုများသည် မမြင်ရသောဂြိုလ်တစ်ခု၏ ဆွဲငင်အားလွှမ်းမိုးမှုကြောင့် “တွန်းခြင်းနှင့် ဆွဲခြင်း” ကို ခံနေရကြောင်း ဖော်ထုတ်နိုင်ခဲ့ပါတယ် ။ 
ဒီ လုပ်ဆောင်ချက်၏ ထူးဆန်းမှုများက သုတေသီများအား ဤဂြိုလ်သည် ၉၀ ဒီဂရီပတ်လမ်းကြောင်းရှိသော ပိုလာဂြိုလ်ဖြစ်မည်ဟု ကောက်ချက်ချစေခဲ့နိုင်ပါတယ်။ 
ယေဘုယျအားဖြင့်၊ ဒီလိုရှာဖွေတွေ့ရှိမှုများဟာ ကျွန်မတို့နေထိုင်နေတဲ့ စိတ်ဝင်စားစရာကောင်းတဲ့ စကြဝဠာထဲမှာ ဖြစ်နိုင်ချေရှိတဲ့ အရာတွေကို နက္ခတ္တသိပ္ပံ ပညာရှင်တွေကိုသာမကပဲ အများပြည်သူကိုပါ ပြသလိုက်နိုင်တာ ပဲ ဖြစ်ပါတယ်။ 
အဆိုပါ အဖွဲ့၏ သုတေသနကို ဧပြီလ (၁၆)ရက်နေ့က Science Advances ဂျာနယ်တွင် ထုတ်ဝေခဲ့သည်။ 
~MASES / Su Ei  
Reference article :https://www.space.com/.../scie....ntists-discover-biza