#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ အာဖရိကနိုင်ငံများအပေါ် အခွန်လျှော့ရန် အဆင်သင့်ရှိကြောင်း တရုတ်နိုင်ငံပြောကြား
တရုတ်နိုင်ငံသည် သံတမန်ဆက်ဆံရေးရှိသည့် အာဖရိကနိုင်ငံ ၅၃ နိုင်ငံမှသွင်းကုန်များအပေါ်အခွန်များလျှော့ချရန် အဆင်သင့်ရှိနေကြောင်း တရုတ်တာဝန်ရှိသူများက ဇွန် ၁၂ ရက်တွင် ပြောသည်။
အာဖရိကတိုက်မှ အမေရိကန်သို့တင်သွင်းသည့် ကုန်ပစ္စည်းများ အခွန်တိုးမြှင့်ကောက်ခံရမည့် အလားအလာနှင့်ရင်ဆိုင်နေရစဉ် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု အစည်းအဝေးတွင် ယင်းအစီအစဉ်ကို ကြေညာခဲ့ခြင်းဖြစ်သည်။
အာဖရိကတိုက်ရှိဖွံ့ဖြိုးမှုအနည်းဆုံး ၃၃ နိုင်ငံနှင့် တိုးချဲ့စာရင်းတွင် တောင်အာဖရိကနှင့်နိုင်ဂျီးရီးယားအပြင် တရုတ်နိုင်ငံ၏ အဓိကကုန်သွယ်ဖက်နိုင်ငံများပါဝင်သည်။ သို့သော် အခွန်လျှော့ချမှုသည် မည်သည့်အချိန်တွင်စတင်သက်ဝင်မည်ကို တရုတ်တာဝန်ရှိသူများက ထုတ်ပြန်ခြင်းမရှိပေ။
အာဖရိကနိုင်ငံများသည် ၂၀၂၃ ခုနှစ်အတွင်း တရုတ်နိုင်ငံသို့ ဒေါ်လာ ဘီလီယံ ၁၇၀ တန်ဖိုးရှိထုတ်ကုန်များတင်ပို့ခဲ့ပြီး လွန်ခဲ့သည့် ၁၅ နှစ်ကတည်းက အာဖရိကတိုက်၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံအဖြစ် တရုတ်နိုင်ငံကရပ်တည်နေခဲ့သည်။
တစ်ဖက်သတ်အခွန်ကောက်ခံမှုများမှတစ်ဆင့် လက်ရှိ နိုင်ငံတကာ စီးပွားရေးနှင့်ကုန်သွယ်မှုအစီအစဉ်များကို အနှောင့်အယှက်ဖြစ်စေရန် နိုင်ငံအချို့၏ ကြိုးပမ်းအားထုတ်နေမှုများကို တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု အစည်းအဝေးက ပူးတွဲကြေညာချက်ထုတ်ပြန်ပြီး ဝေဖန်ထားသည်။
ဘီဘီစီ

image
46 w - Translate

ပေါ်ဆန်းနှင့် ဧည့်မထဆန်များကို သင့်တင့်ဈေးနှုန်းဖြင့် ရောင်းချပေးနေ

ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်းနဲ့ ဧည့်မထဆန်တွေကို သင့်တင့်မျှတဲ့ ဈေးနှုန်းနဲ့ စတင်ရောင်းချပေးနေပြီလို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) က ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နဲ့ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းတို့ရဲ့ ပူးပေါင်းစီစဉ်မှုနဲ့ ရန်ကုန်တိုင်းဒေသကြီး၊ ဝါးတန်းကုန်စည်ဒိုင်မှာ ဗုဒ္ဓဟူးနဲ့ ကြာသပတေးနေ့ နံနက် ၁၁ နာရီမှ ညနေ ၃ နာရီအတွင်း ရောင်းချပေးလျက်ရှိပါတယ်။
ရောင်းချပေးမယ့် ဈေးနှုန်းတွေအဖြစ် ရွှေဘိုပေါ်ဆန်း (1 Kg (၅ ပြည်) တစ်အိတ် - ၃၁၀၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်း (1 Kg (၅ ပြည်) တစ်အိတ် - ၂၄၀၀၀ ကျပ်၊ ဧည့်မထ (1 Kg (၅ ပြည်) တစ်အိတ် - ၁၃၅၀၀ ကျပ် သတ်မှတ်ထားပါတယ်။
သောကြာနဲ့ စနေနေ့တွေမှာ ကားတွေနဲ့ ရန်ကုန်စည်ပင်ဈေးတွေ အနီးတဝိုက်မှာ ရွှေဘိုပေါ်ဆန်း (1 Kg (၅ ပြည်) တစ်အိတ် - ၃၂၀၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်း (1 Kg (၅ ပြည်) တစ်အိတ် - ၂၅၀၀၀ ကျပ်၊ ဧည့်မထ (1 Kg (၅ ပြည်) တစ်အိတ် - ၁၄၀၀၀ ကျပ်နဲ့ လှည့်လည်ရောင်းချပေးမယ်လို့ အသိပေးထားပါတယ်။

image

Funny fall videos

46 w - Translate

ဗဟိုဘဏ်က တရားမဝင် နိုင်ငံခြားငွေ ဝယ်/ရောင်းတွေကို အရေးယူမှု အရှိန်မြှင့်မည်

တရားဝင်လိုင်စင်မရှိဘဲ နိုင်ငံခြားငွေကြေးတွေ ဝယ်ယူ၊ ရောင်းချ၊ လဲလှယ်ခြင်းကို ရည်ရွယ်ချက်ရှိရှိနဲ့ ဆောင်ရွက်လျက်ရှိတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေကို ထိထိရောက်ရောက် အရေးယူနိုင်ရေး အရှိန်မြှင့်ဆောင်ရွက်သွားမယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဇွန်လ ၁၂ ရက်နေ့မှာ အသိပေးကြေငြာပါတယ်။
USDT နဲ့ နိုင်ငံခြားငွေဈေးနှုန်းတွေ မတည်မငြိမ်ဖြစ်စေဖို့ Facebook Page ၊ Facebook Group ၊ Viber Group နဲ့ Myanmar Market Price တို့လို့ Application တွေကနေ လှုံ့ဆော်ဆောင်ရွက်နေခြင်းတွေကို စောင့်ကြည့်လျက်ရှိတယ်လို့ ဆိုပါတယ်။
ဗဟိုဘဏ်အနေနဲ့ USDT အပါအဝင် နိုင်ငံခြားငွေ ကမောက်ကမဖြစ်စေဖို့ ရည်ရွယ်ပြီး အွန်လိုင်းပေါ်မှာ ဈေးကစားခြင်း၊ မမှန်ကန်သတင်း ဖြန့်ဝေခြင်းတွေ ဆောင်ရွက်နေတဲ့ လူပုဂ္ဂိုလ်တွေကို ဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ သက်ဆိုင်ရာမြို့နယ်တရားရုံးတွေထံ တရားစွဲဆိုပြီး အရေးယူပြစ်ဒဏ် ချမှတ်ထားတဲ့ ဖြစ်စဉ်တွေလည်း ရှိပါတယ်။
ဗဟိုဘဏ်အနေနဲ့ အမေရိကန်ဒေါ်လာ ရည်ညွှန်းငွေလဲနှုန်းကို ၂,၁၀၀ ကျပ် သတ်မှတ်ထားပြီး ၎င်းအပါအဝင် AD လိုင်စင်ရဘဏ်တွေနဲ့ ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်တွေ ဝယ်/ရောင်းပြုလုပ်ကြတဲ့ FX Trading Platform မှာတော့ အမေရိကန်ဒေါ်လာငွေလဲနှုန်းကို ၃,၆၁၅ ကျပ် သတ်မှတ်ရောင်းဝယ်လျက်ရှိပါတယ်။
ဗဟိုဘဏ်ပြင်ပ ကြိုက်ရောင်း/ကြိုက်ဝယ် လေပတ်ကားမှာတော့ ဒေါ်လာငွေလဲနှုန်းက ၄၄၀၀ - ၄၅၀၀ ကျပ် ဝန်းကျင်ကို မြင့်တက်လာပြီး ဘတ်ဈေးနဲ့ တခြားသော နိုင်ငံခြားငွေဈေးတွေလည်း တအိအိနဲ့ တက်ရိပ်ပြနေပါတယ်။
ဒါ့ကြောင့် နိုင်ငံခြားငွေဈေးနှုန်းတွေ မတည်မငြိမ်ဖြစ်စေဖို့ လှုံ့ဆော်မှုဆောင်ရွက်နေတဲ့ လူပုဂ္ဂိုလ်တွေနဲ့ ဆက်စပ်နေတဲ့ လူပုဂ္ဂိုလ်တွေရဲ့ Pay Account နဲ့ Banking Account တွေကို ပိတ်သိမ်းခြင်း၊ ဖုန်း SIM Card တွေကို ပိတ်သိမ်းခြင်း၊ တည်ဆဲဥပဒေတွေနဲ့အညီ တရားစွဲဆို အရေးယူခြင်းတွေ ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားပါတယ်။
ဗဟိုဘဏ်အနေနဲ့ ဇွန်လ ၁၂ ရက်နေ့မှာ CMP ကုမ္ပဏီတွေဆီက ဝယ်ယူထားတဲ့ နိုင်ငံခြားငွေတွေထဲက အမေရိကန်ဒေါ်လာ ၁.၃၀၂ သန်းကို စားသုံးဆီတင်သွင်းတဲ့ ကုမ္ပဏီတွေထံ ထုတ်ရောင်းပေးခဲ့ပါတယ်။
အဲ့ဒိနေ့တစ်ရက်တည်းမှာ AD လိုင်စင်ရဘဏ်တွေနဲ့ လုပ်ငန်းရှင်တွေအကြား အမေရိကန်ဒေါ်လာ ၁၂.၂၄၁ သန်း၊ တရုတ်ယွမ် ၂၃.၅၉၈ သန်းနဲ့ ထိုင်းဘတ် ၂၄.၇၈၁ သန်း အလွှဲအပြောင်းရှိခဲ့ကြောင်း ဗဟိုဘဏ်ရဲ့ စာရင်းတွေအရ သိရပါတယ်။

image
46 w - Translate

ကိုယ် မတရားတာ မလုပ်ပဲ
မခေါ် မပြောချင်သူတွေ အတွက်နဲ့
ဘယ်တော့မှ မခံစားပါနဲ့ ..
ကိုယ် ဘာမှားလို့ မှားသွားမှန်း မသိပဲ
သူစိမ်းဆန်သွားသူတွေ အတွက်နဲ့
`` ဘာကြောင့်များ ပါလိမ့် ဆိုပြီး
ဦးနှောက် အခြောက်ခံတွေး မနေပါနဲ့ ..
ကိုယ်နဲ့ မပတ်သက်ချင်လို့
မခေါ် မပြောတော့တာနေမှာပါလို့သာ
ကိုယ့်ဘက်က နားလည်ပေးရင်း
လျစ်လျှူရှုထားလိုက်ပါ ..
တချို့လူတွေက
ခေါ်ချင်ပြီဆိုလည်း သူတို့
မခေါ်ချင်တော့လည်း သူတို့
လပြည့် လကွယ်သမားတွေက
အများသား ..

image
46 w - Translate

~~ဘဝဆိုတာ~~
ဘဝဆိုတာ
အရှုံးခံဖို့ မဟုတ်ဘူး။ ရုန်းကန်ဖို့။
ဘဝဆိုတာ
ကပြဖို့ မဟုတ်ဘူး။ မျှတဖို့။
ဘဝဆိုတာ အကြံကြီးဖို့ မဟုတ်ဘူး။ ဖန်တီးဖို့။
ဘဝဆိုတာ
အပြစ်တင်ဖို့ မဟုတ်ဘူး။ ချစ်ခင်ဖို့။
ဘဝဆိုတာ
ဘေးဖယ်နေဖို့ မဟုတ်ဘူး။ ရွေးချယ်နေဖို့။
ဘဝဆိုတာ
အဆင်တူနေဖို့ မဟုတ်ဘူး။ သင်ယူနေဖို့။
ဘဝဆိုတာ
ကျော်ကြားဖို့ မဟုတ်ဘူး။ မမော်မကြွားဖို့။
ဘဝဆိုတာ
အဆင်းရှိဖို့ မဟုတ်ဘူး။ မပျင်းမရိဖို့။
ဘဝဆိုတာ
ပေါ်ထင်ဖို့ မဟုတ်ဘူး။ ပျော်ရွှင်ဖို့။

image
46 w - Translate

"မင်း အကြိမ်တစ်ရာ ကောင်းခဲ့တာကို
လူတွေသိတယ်
ဒါပေမယ့်
လူတိုင်းက မင်း ကောင်းကြောင်းကို
ပြောချင်ကြမှာ မဟုတ်ပါဘူး ...
ဘာဖြစ်လို့လဲဆိုတော့ ....
မင်း မကောင်းကြောင်းကို ပြောဖို့
မင်း မှားမယ့် တကြိမ်ကို
သူတို့
စောင့်နေကြလို့ပါပဲ....။
မင်း အကြိမ်ကြိမ် ကူညီပေးခဲ့ဘူးတာကို
လူတွေ သိတယ်
ဒါပေမယ့်
လူတိုင်းက မင်းရဲ့ပေးဆပ်မှုကို
မှတ်သားထားကြမှာ မဟုတ်ပါဘူး
ဘာဖြစ်လို့လဲ ဆိုတော့ ....,
မင်းကို အပြစ်တင်ပြောဖို့
မင်း မကူညီ နိုင်မယ့် တစ်ကြိမ်ကို
သူတို့
စောင့်နေကြလို့ပါပဲ... ။
မင်း တော်တယ် ဆိုတာကို
လူတွေ သိတယ်
ဒါပေမယ့်
လူတိုင်းက မင်းအတွက်
ဂုဏ်ယူ ချီးမွမ်း ချင်နေကြမှာ မဟုတ်ပါဘူး
ဘာဖြစ်လို့လဲ ဆိုတော့....,
မင်းကို ကဲ့ရဲ့ မေးငေါ့ကြဖို့
မင်း ခြေချော်ပြီး ပြန်မထနိုင်မယ့်နေ့ကို
သူတို့
စောင့်နေကြလို့ပါပဲ....။

image

农村 #东南亚

image

农村 #东南亚

image

农村 #东南亚

image