Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ချစ်တာကို ကိုယ်သိပါတယ်။
ဒီအတိုင်းလေး အလိုမကျရုံပါ။
ကိုယ့်ကို အချိန်ပေးစေချင်တယ်။ ဂရုစိုက်စေချင်တယ်။
မင်းရဲ့တစ်ဘဝလုံးကို ကိုယ်နဲ့ပဲ သက်ဆိုင်စေချင်တယ်။
ကိုယ့်အကြောင်းတွေကို တွေးစေချင်တယ်။
ကိုယ့်နံဘေးမှာပဲ ရှိနေစေချင်တယ်။
စားရတဲ့ကလေး ပိုငတ်သတဲ့။
မင်းဆီက ရပြီးရင်းရနေတဲ့ မေတ္တာတွေကိုတောင်မှ
ကိုယ့်မှာ မတင်းတိမ်နိုင်တယ်။
လောဘကြီးစွာ ခပ်တင်းတင်းပါပဲ
ကိုယ်မင်းကို ချစ်ပါတယ်။
မေတ္တာ မထားချင်နေ
မယုတ်မာနဲ့
စေတနာ မထားချင်နေ
မနှောင့်ယှက်နဲ့
ကရုဏာ မထားချင်နေ
မကောက်ကျစ်နဲ့
မယုံကြည်ချင်နေ
မစော်ကားနဲ့
နားမလည်ချင်နေ
တဖက်သတ် မတွေးနဲ့
မကူညီချင်နေ
ဖျက်လို ဖျက်ဆီးမလုပ်နဲ့
အထင်မကြီးချင်နေ
ခွဲခြားမဆက်ဆံနဲ့
မချီးမြှောက်ချင်နေ
မရှုံ့ချနဲ့
အကောင်းမပြောချင်နေ
အတင်းမတုတ်နဲ့
အမှန်မပြောချင်နေ
မလှည့်စားနဲ့
တကယ်တော့
အရာရာတိုင်းက
ကိုယ်ချင်းစာစိတ် လေးကိုသာ
လက်ကိုင်ထားလိုက်ရင်
အို....
လောကရယ်...လှလိုက်မယ့်ဖြစ်ခြင်း။
စိတ်အသစ်နဲ့ နေပါ
`````````````````````````
နောင်တတွေနဲ့ မနေပါနဲ့
ပြီးခဲ့တာတွေ ပြီးသွားပါပြီ။
ဒီနေ့ဟာ အသစ်ပဲ
အသစ်က ... ပြန်စပါ။
ဒီနေ့ကို စိတ်ကောင်းကောင်းနဲ့
စိတ်ချမ်းချမ်းသာသာ နေပါ။
ဒီနေ့ကို
အကောင်းဆုံးဖြစ်အောင် နေချင်ရင်
မနေ့က စိတ်မကောင်းစရာတွေကို
ပြီးခဲ့တာတွေက ပြီးပြီလို့
သဘောထားပါ ။
နေ့သစ်ကို
စိတ်သစ်နဲ့နေမယ်လို့ ဆုံးဖြတ်ပါ ။
လူတစ်ယောက်ကို ''မုန်း'' မိတာ
သူ့ကို ''ရှုံး ''သွားတာနဲ့အတူတူပဲ ။
သူတို့ထက် မသိမသာ သာနေတဲ့အခါ
မင်းကို မနာလို ဖြစ်လိမ့်မယ်။
အဆပေါင်းများစွာ သာသွားတဲ့အခါ
မင်းကို အားကျလိမ့်မယ်။
လူတိုင်းမှာ လျှောက်စရာနှစ်လမ်းရှိတယ်။
တစ်လမ်းက လျှောက်ကိုလျှောက်ရမယ့်လမ်း
နောက်တစ်လမ်းက ကိုယ်လျှောက်ချင်တဲ့လမ်း...
မလျှောက်မနေ
လျှောက်ကို လျှောက်ရမယ့်လမ်းကို
လှလှပပလျှောက်ပြီးမှ
ကိုယ်လျှောက်ချင်တဲ့
လမ်းကိုလျှောက်လို့ ရပါလိမ့်မယ်။
ဝိုးတဝါး ဖြစ်နေတဲ့
မနက်ဖြန်အတွက် စိုးရိမ်မနေပဲ
ရှင်းရှင်း လင်းလင်းဖြစ်နေတဲ့
ယခု အတွက်ပဲ အစွမ်းကုန်ကြိုးစား
အားထုတ်လိုက်စမ်းပါ ။
ဒါ့ကြောင့် နေ့သစ်မှာ
'' စိတ်အသစ်နဲ့နေပါ ''
သူငယ်ချင်း။
ဘဝမှာ ကိုယ့်အားကိုယ်ကိုးရမှာ
မကြောက်နဲ့ ။ 🙅♂️
သူများကို အားကိုးချင်တဲ့
စိတ်လေးဖြစ်ပေါ်နေတာကမှ
ကြောက်ဖို့ကောင်းတာပါ။
ဘဝမှာ ဆင်းဆင်းရဲရဲနဲ့
နေရမှာ ကိုမရှက်နဲ့။
စိတ်ဓာတ်တွေ
အောက်တန်းကျနေတာကမှ
ပိုရှက်ဖို့ကောင်းတာပါ။
ဘဝမှာ သူများဝေဖန်မှာကို
မကြောက်နဲ့ ။
သူများဝေဖန်မှာကို ကြောက်ပြီး
ဘာမှ မလုပ်ပဲ အချိန်တွေ
အလကားဖြစ်မှာကိုပဲ
တွေးကြောက်ပါ။
ဘဝမှာမဖြစ်နိူင်တာမရှိဘူး
ဖြစ်အောင် မလုပ်နိူင်တာပဲရှိတာပါ။
ကြိုးစားရင် အရာအားလုံးက
ဖြစ်နိူင်တာချည်းပါပဲ။
(1) ကြောက်စိတ်တွေ
(2) တွေဝေမှုတွေ
(3) ပူပန်မှုတွေနဲ့
(4) ဘဝကို မရှင်သန်ပါနဲ့
(5) လွတ်လပ်စွာ ပျံသန်းပါ။
ဘဝလေ အဟုန်မှာ
ကိုယ် ခွန်အား စိုက်ရင်
စိုက်သလောက်တော့
အမြင့်ရောက်ပါတယ်။
ဒါပေမယ့် ဘဝင်တော့မမြင့်ပါနဲ့
အကျနာ တတ်ပါတယ်။ 🌿🍀🍀
ဒေါသ မထိန်းနိုင်ရင်
တန်ဖိုးရှိဆုံး အရာတွေ
ဆုံးရှုံးရတတ်တယ်
ပွင့်လင်းမှု မရှိပြန်ရင်
နားလည်မှုတွေ လွဲတတ်တယ်
ဆုံးဖြ၊တ်ချက် မပြ၊တ်သားရင်
အခွင့်အရေးတွေ လက်လွှတ် ဆုံးရှုံးရတတ်တယ်
မာနချင်း ပြိုင်မိရင်တော့
ကိုယ့်အပေါ် အကောင်းဆုံးသူတွေကို ဆုံးရှုံး ရတတ်တယ်
ဘယ်သူမဆို သည်းမခံ နိုင်တော့တဲ့
တစ်နေ့တော့ လွှတ်ချတတ်ကြတာပါပဲ...
“မလုံလောက်တဲ့ လောကလူသား" 🌿🍀🍂
At least six people were killed and 22 injured in Kyiv overnight as Russian drone and missile attacks again rocked Ukraine's capital, Mayor Vitali Klitschko said early on Monday, describing Moscow's latest attack as "terrible."
https://abcnews.go.com/Interna....tional/6-killed-kyiv
LATEST: The Israel Defense Forces said in a statement posted to X on Monday morning that it detected the launch of a new barrage of ballistic missiles from Iran, urging citizens to head to safe areas and shelters.
https://abcnews.go.com/Interna....tional/live-updates/
One person was injured in a shooting as Oklahoma City was celebrating the Thunder winning the NBA Finals championship, police say.
https://abcnews.go.com/US/1-in....jured-shooting-downt
မိုးညှင်း နန့်စီးအောင်ဂိတ်မှာ စစ်ဆေးရေး တင်းကြပ်ထားလို့ ကားတွေ နှစ်မိုင်ကျော်အထိ တန်းစီပိတ်မိနေ
ဇွန် ၂၃၊ ၂၀၂၅
Shy V (VOM)
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်၊ ပင်လုံကျေးရွာအုပ်စု၊ မန္တလေး - မြစ်ကြီးနား လမ်းမပေါ်၊ နန့်စီးအောင် နစက ဂိတ်မှာ စစ်ဆေးရေး တင်းကြပ်ထားလို့ လတ်တလော ကားတွေ နှစ်မိုင်ကျော်အထိ တန်းစီ ပိတ်မိနေကြောင်း ယာဉ်မောင်း တွေဆီက သိရပါတယ်။
"နန်ဆီးအောင်က ကား တအားကြပ်တယ်။ ကားတန်းကြီးနဲ့လေ။ ကျနော်တို့ မနက် ကတည်းက ရောက်တာ တရက်နဲ့ မဖြတ်နိုင်ဘူး။" လို့ ယာဉ်မောင်း တယောက်က ပြောပါတယ်။
စစ်ဆေးရေး တင်းကြပ်နေတာကြောင့် ကားတွေက နှစ်မိုင်ကျော်ခန့် တန်းစီကာ ကြန့်ကြာ သောင်တင် နေကြရတယ်လို့ သူက ပြောပါတယ်။
"မနေ့က နဘားလမ်းဆုံမှာ လေကြောင်း ဗုံးလာကြဲတယ်။ လူတော့ မထိဘူး။ ဘုန်းကြီးကျောင်းထိသွားတယ်။" လို့ သူက ပြောပါတယ်။
ကားတွေက လေယာဉ်တက်လာတော့ တောက အဖွဲ့က အင်းတော်မှာ ပိတ်ပြီး စောင့်ထားခိုင်းပြီးတော့ လေယာဉ် ဗုံးကြဲပြီးမှ ပြန်သွားရတာလို့ သူက ထပ်ပြောပြပါတယ်။
"နန့်စီးအောင်မှာ ကား အရမ်းကြပ်နေတာ ဟုတ်တယ်။ ပိုက်ဆံလည်း အရမ်းတောင်းတယ်။ Export ကုန်မဟုတ်ပဲနဲ့ ပြည်တွင်းကုန် ရိုးရိုး စားသောက်ကုန် ကုန်စုံကို ကုန်ကား တစီးကို ၁၇ သိန်း သိန်း ၂၀ လောက်ပေးရတယ်။" လို့ နောက်ထပ် ကုန်တင် ယာဉ်မောင်း တယောက်က ပြောပါတယ်။
ရွာသာကြီး တောဘက်ထဲ တိုက်ပွဲ ဖုစ်နေလို့ မန္တလေး - ရွှေဘို လမ်း ပိတ်ထားတော့ ပတ်ပြီး သွားရလို့ ကြန့်ကြာတဲ့ အပြင် လမ်းကြောင်းတလျှောက် ဂိတ်တွေကလည်း ခါတိုင်းထက် ပိုများတာကြောင့် ကုန်ကျစရိတ်ကလည်း ပိုများနေတယ်လို့ ဆိုပါတယ်။
မန္တလေး - မြစ်ကြီးနား လမ်းမပေါ်ရှိ တချို့ လမ်းပိုင်းတွေမှာ စစ်ရေးအခြေအနေကြောင့် ပိတ်ထားလို့ ပတ်ပြီး သွားရကာ မိုးရွာရက် လမ်းဆိုးတာကြောင့် ကားတွေ မကြာခဏ ပိတ်မိ ကြန့်ကြာနေတာတွေ ဖြစ်နေကြောင်း ကုန်တင် ယာဉ်မောင်းတွေက ပြောပါတယ်။
Photo Crd# ယာဉ်မောင်း တယောက်