29 w - Translate

Hello… Cosmo
❤️‍🔥👑🇲🇲
အမိုက်စားကြီးပါ
Myint Myat Moe ရယ်
#myintmyatmoe #misscosmomyanmar2025 #roadtomisscosmointernational2025

image
29 w - Translate

Hello… Cosmo
❤️‍🔥👑🇲🇲
အမိုက်စားကြီးပါ
Myint Myat Moe ရယ်
#myintmyatmoe #misscosmomyanmar2025 #roadtomisscosmointernational2025

image
29 w - Translate

Hello… Cosmo
❤️‍🔥👑🇲🇲
အမိုက်စားကြီးပါ
Myint Myat Moe ရယ်
#myintmyatmoe #misscosmomyanmar2025 #roadtomisscosmointernational2025

image
29 w - Translate

Hello… Cosmo
❤️‍🔥👑🇲🇲
အမိုက်စားကြီးပါ
Myint Myat Moe ရယ်
#myintmyatmoe #misscosmomyanmar2025 #roadtomisscosmointernational2025

image
29 w - Translate

Hello… Cosmo
❤️‍🔥👑🇲🇲
အမိုက်စားကြီးပါ
Myint Myat Moe ရယ်
#myintmyatmoe #misscosmomyanmar2025 #roadtomisscosmointernational2025

imageimage
+6

image
29 w - Translate

ဒီကားကတော့ Terminator, Avatar, Titanic, Alienဇာတ်ကားတွေရဲ့ဟောလီဝုဒ်ဒါရိုက်တာကြီး James Cameronကိုယ်တိုင်အရမ်းကြိုက်ပါတယ်လိုချီးကျူးခံရပေမယ့် မြန်မာနိုင်ငံမှာတော့
လူမသိသူမသိကပ်ကျော်နေတဲ့ဇာတ်ကားပါ။ ဒီကားရဲ့အဓိကဇာတ်ကောင်တွေထဲကတယောက်ဖြစ်တဲ့ Captain Harlockဆိုတာဟာ animeလောကရဲ့ရွှေခေတ်ဖြစ်တဲ့ 1980ဝန်းကျင်လောက်
မှာ နာမည်ကြီးခဲ့တဲ့ဇာတ်ကောင်ပါ။ ဆိုတော့ကာ ရွှေခေတ်က နာမည်ကြီးဇာတ်ကောင်ရဲ့ဇာတ်လမ်းကို 3D animationနဲ့ထုတ်တယ်ဆိုတော့ 1980လောက်က ထွက်တဲ့ဇာတ်လမ်းတွဲတွေကို
ကြည့်ဖိုလိုမလားဆိုပြီးမေးလာခဲ့ရင်တော့ မလိုဘူးလိုပဲပြောပါရစေ။ ဒီကားဟာ အရင်ဇာတ်လမ်းတွဲတွေကိုrebootပြန်ရိုက်တာပြောလိုရသလို Captain Harlockရဲ့နောက်ခံဇာတ်ကြောင်းကို
ပြသတဲ့ ဇာတ်ဝင်ခန်းတွေလည်းပါတဲ့အတွက် ဒီကားတကားထဲကြည့်ရုံနဲ့လုံလောက်ပါတယ်။
ဇာတ်လမ်းအကျဉ်းကိုပြောရရင်တော့
ဟိုရှေးရှေးတုန်းကလိုပြောရမလား
လာမယ့်အနာဂတ်မှာလိုပြောရမလား
အဲ့ဒီအချိန်မှာ လူသားဦးရေအရမ်းများပြားလာတဲ့အတွက် ကမ္ဘာပေါ်ကအရင်းအမြစ်တွေမလောက်မငှဖြစ်လာလို လူသားတွေဟာ အာကာသထဲထွက်ပြီး နေထိုင်လိုရမယ့်‌နယ်မြေသစ်တွေကို
ရှာဖွေခဲ့ပါတယ်။ နှစ်ပေါင်းများစွာကြာအောင်ရှာခဲ့ပေမယ့် ကမ္ဘာကြီးလိုနေဖိုသင့်တော်တဲ့ဂြိုဟ်မျိုး ရှာမတွေ့တဲ့အတွက် မိခင်ကမ္ဘာကြီးဆီပ‌ ပြန်လာဖိုလုပ်ခဲ့ကြပါတယ်။ အဲ့လိုအလုအယက်
ပြန်လာဖိုလုပ်ရင်းကနေ စစ်ကြီးတခုပါထဖြစ်ခဲ့တဲ့အတွက် ဗဟိုအစိုးရကိုဖွဲစည်းပြီး ကမ္ဘာမြေကိုမြင့်မြတ်နယ်မြေအဖြစ်ကြေညာခဲ့ကာ ဘယ်သူ့ကိုမှခြေချခွင့်မပေးခြင်းဖြင့် စစ်ကြီးကိုရပိတန့်
သွားအောင်လုပ်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ အာကာသဓါးပြကြီး ကပ္ပတိန်Harlockဆိုတဲ့လူရုတ်တရက်ပေါ်လာခဲ့ကာ ဗဟိုအစိုးရကိုပုန်ကန်ပါတော့တယ်။
– အဲ့ဒီကပ္ပတိန်Harlockဆိုတဲ့လူကိုဘယ်သူလဲ
– ဗဟိုအစိုးရကိုဘာလိုပုန်ကန်ဖိုလုပ်နေရတာလဲ
– ဗဟိုအစိုးရမှာရော လျှိဝှက်ချက်တွေရှိနေလားဆိုတာကို ကိုယ်တိုင်ပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါ

Space Pirate Captain Harlock (2013)

ဇာတ်ကားလင့်
https://t.me/c/2186686827/391

Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl

image

ကံကောင်းမယ့်အချိန်ဘဲစောင့်မနေနဲ့
သူဌေးဖြစ်ဖို့ ကံပါလာတဲ့သူက
မွေးကတည်းက သူဌေးအိမ်မှာ လူဖြစ်လာတယ် ။
အခြားသော သူတွေကတော့
လက်တွေဘဝမှာ ချမ်းသာဖို့ဆိုရင်
ကံကိုချည်း အားကိုးနေလို့ မရပါဘူး ။
လုံ့လ၊ ဝီရီယနဲ့ ဉာဏ်ကိုလည်း အားကိုးကြရမယ် ။
လူတော်တော်များဟာ ကံရှိစားရမယ်ပေါ့
ကံရှိရင် ရမယ်ပေါ့ဆိုပြီး ကံကိုပဲ ပုံချနေကြတယ် ။
ဒါဟာ လူပျင်းတွေရဲ့ဆင်ခြေတွေပဲလို့ ဆိုရမယ်
မြန်မာစကားပုံမှာ ကျားရဲလာ ကြမ္မာမရိုးသာဆိုပြီး
ရှိတယ် ။
ဒါဟာ ဘာပြောတာလဲဆိုရင်
တောထဲ ထင်းခုတ်သွားတဲ့ လူတစ်ယောက်ဟာ
ကျားရဲနဲ့တွေတဲ့အခါ ကံကိုယုံပြီး
ကံကိုရိုးမယ်ဖွဲ့ပြီးတော့ မပြေးပဲနေလိုက်တာ
ကျားစားခံလိုက်ရတဲ့ အဖြစ်ကို ရောက်သွားတယ် ။
ဒါကြောင့် အရာရာ ကံကိုချည်း အစွန်းရောက်အောင်
အားကိုးနေလို့ မရဘူးဆိုတာကို နားလည်ထားရမယ် ။
ဘာဖြစ်ဖြစ် အတိတ်ကံကြောင့်ပဲလို့ ယူထားမယ်ဆိုရင်
ပုဗ္ဗေကတဟေတုဒိဋ္ဌိ ဖြစ်သွားမယ်...။
ဒါကြောင့် ဘဝမှာ ကြီးပွားတိုးတက်ချင်ရင်
ကံကိုချည်း အကြွင်းမဲ့ပုံ ယုံထားလို့ မရပါဘူး....။
ကြိုးစားအားထုတ်မှု ဝီရိယနှင့်အသိဉာဏ်ကိုလည်း
ကောင်းစွာအသုံးချတတ်ဖို့လည်း လိုတယ်လို့ နားလည်ထားရမယ် ။
ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ

image
29 w - Translate

ခရစ်စမတ်နဲ့ပတ်သတ်တဲ့ကာတွန်းကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားနာမည်ကိုရင်းနှီးနေတဲ့လူတွေလည်းရှိမှာပါ။ ဟိုးငယ်ငယ်လေးတုန်းကလည်း စကရုချ်နဲ့ပတ်သတ်တဲ့ဇာတ်ကားလေးတွေ ထွက်ခဲ့ပါတယ်။ ဒါလေးကတော့ 2022 မှထွက်လာတဲ့ကားသစ်လေးပါ။
ခရစ်စမတ်ဆိုတာကို စက်ဆုပ်ရွံရှာမုန်းတီးပြီး ပျော်ပွဲရွှင်ပွဲတွေကိုလည်းကြည့်မရတဲ့ လူ့ဂွစာကြီးတစ်ယောက် “အက်ဘီနီဇာစကရုချ်”..
အကြင်နာတရားခေါင်းပါးပြီး လောဘကြီးတဲ့သူတစ်ယောက်ပါ။
ဒါပေမဲ့ ဒီနှစ်မှာတော့ ခရစ်စမတ်မရောက်ခင် မနက်ခင်းမှာ စကရုချ်ဆီ ၔည့်သည် ၃ ယောက်ရောက်လာခဲ့ပါတယ်။ ထိုၔည့်သည် ၃ ယောက်ဟာ စကရုချ်ရဲ့ဘဝကြီးကို ဘယ်လိုအပြောင်းအလဲဖြစ်သွားစေမယ်ဆိုတာကတော့…

Scrooge: A Christmas Carol(2022)

ဇာတ်ကားလင့်
https://t.me/c/2186686827/392

Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl

image

လူ (၃) မျိုး
လူဆိုတာ (၃) မျိုးရှိတယ် ...
၁။ ကုသိုလ်မရ ဝမ်းမဝတဲ့
အောက်တန်းစားလူကတစ်မျိုး ။
ပါဠိလိုတော့ 'အန္ဓ' လို့ခေါ်တယ် ၊
ပညာမျက်စိနှစ်ဖက်ကန်းသူပေါ့ ။
ဘဝကိုကြုံသလို ရေစုန်မျှောပြီးသွားနေတာ ၊
ရည်ရွယ်ချက်ကလည်းမရှိ ၊
လုပ်ငန်းမှာ စည်းရယ်ကမ်းရယ် ၊
မူရယ်ဘောင်ရယ်လို့လည်း
ဘာမှသတ်သတ်မှတ်မှတ်မရှိ
ကြုံသလိုသွားနေတဲ့သူ ။
၂။ ကုသိုလ်မရ ဝမ်းသာဝတဲ့
အလတ်တန်းစားလူကတစ်မျိုး ။
ပါဠိလိုတော့ 'ဧကစက္ခု' လို့ခေါ်တယ်၊
မျက်စိတစ်ဖက်ပဲပါတယ် ၊
ပစ္စုပ္ပန်ဘဝ ခန္ဓာရပ်တည်ရေးအတွက်
မျက်စိတစ်လှမ်းလေးသာ ကြည့်နိုင်တဲ့
(မျက်စိတစ်ဖက်သာပါတဲ့) ပုဂ္ဂိုလ် ။
လောကုတ္တရာအထိ ကြည့်နိုင်တဲ့
ပညာမျက်စိမပါဘူး ၊
မျက်စိတစ်ဖက်သာပါတယ် ။
သူကျတော့ဝမ်းဝအောင်တော့
ကျွေးနိုင်တယ် ၊
ကုသိုလ်ကိုလေးလေးနက်နက်
တန်ဖိုးမထားလို့ကုသိုလ်တော့မရဘူး ။
မျက်စိမှိတ်လ်ိုက်တာနဲ့
စိတ်မအေးစရာတွေ တန်းစီလာကြမှာပေါ့ ။
၃။ ကုသိုလ်လည်းရ ဝမ်းလည်းဝတဲ့
အထက်တန်းစားပုဂ္ဂိုလ်ကတစ်မျိုး ။
ပါဠိလိုတော့ ' ဒွိစက္ခု '
မျက်စိနှစ်ဖက်ပါတဲ့လူ ။
ပစ္စုပ္ပန်ကိုမြင်အောင်ကြည့်နိုင်တဲ့
မျက်စိလည်းပါတယ် ၊
သံသရာက်ိုမြင်အောင်ကြည့်နိုင်တဲ့
မျက်စိလည်းပါတယ် ၊
ကိုယ့်အတွက်မြင်အောင်ကြည့်နိုင်တဲ့
မျက်စိလည်းပါတယ် ။
လောကီအတွက် မြင်အောင်ကြည့်နိုင်တဲ့
မျက်စိလည်းပါတယ် ၊
လောကုတ္တရာအတွက်
မြင်အောင်ကြည့်နိုင်တဲ့
မျက်စိလည်းပါတယ် ၊
ဘက်စုံမြင်အောင်ကြည့်နိုင်တဲ့
မျက်စိလည်းပါတယ် ။
သူကျတော့
ကုသိုလ်လည်းရဝမ်းလည်းဝ ၊
ဘာပဲလုပ်လုပ် သူကတော့
ကုသိုလ်နဲ့ကင်းတဲ့အချိန်မရှိဘူး ၊
စားဝတ်နေရေးအလုပ်ဟာလည်း
ကုသိုလ်ပဲ ၊ဘာပဲလုပ်လုပ် ကုသိုလ်ရအောင်
လိမ်မာပါးနပ်စွာ ယူတတ်တဲ့ပုဂ္ဂိုလ် ။
🙏🙏🙏 ယောဆရာတော်ဘုရားကြီး
အရှင်သိရိန္ဒာဘိဝံသ ( တိပိဋကဓရ
ဓမ္မဘဏ္ဍာဂါရိက အဂ္ဂမဟာပဏ္ဍိတ
အဂ္ဂမဟာအကျော် ဝိနယပါဠိပါရဂူ
ပဋိသမ္ဘိဒါမဂ္ဂပါဠိပါရဂူ ) 🙏🙏🙏

image