ဒီနေ့မှာတော့ The Blair Witch Project (1999) ရဲ့ movie facts တစ်ချို့ကိုတင်ပေးလိုက်ပါတယ်

image

ဒီနေ့မှာတော့ The Blair Witch Project (1999) ရဲ့ movie facts တစ်ချို့ကိုတင်ပေးလိုက်ပါတယ်

image
image
image
image
image
25 w - Translate

#knowledge #ဗဟုသုတ

image
25 w - Translate

#knowledge #ဗဟုသုတ

image

Begin Again - ဂီတထဲကဘဝ သို့မဟုတ် ဘဝထဲကဂီတ

ဂီတအနုပညာဟာ လူအမျိုးမျိုးပေါ်မှာ ခံစားပုံကြချင်း ကွဲပြားကြပြီး၊
နေ့စဥ် အသက်ရှူနိုင်ဖို့ လုပ်ရှားနေကြတဲ့ ဂီတပညာသည်တွေမှာဆိုရင် ပိုလို့တောင်ကွဲကြသေးတယ်။

- တချို့ ဂီတပညာသည်တွေက အနုပညာကို ဦးစားပေးတယ် — အရာရာထက် ပိုပြီးတော့ပေါ့။
- တချို့ကတော့ အောင်မြင်မှုတွေ၊ ဂုဏ်တွေ၊ ဆုတွေ၊ ပိုက်ဆံတွေကို ပိုရှေ့တန်းတင်ကြတယ်။
သူတို့ချစ်တဲ့ အနုပညာကို ခေါက်သိမ်းထားရမယ်ဆိုရင်လည်းပေါ့။

ဒီကားလေးကလည်း အဲ့လိုအမြင်မတူတဲ့ ဇာတ်လမ်းလေးကို တက်သစ်စ ဂီတဖန်တီးသီချင်းသူ နှစ်ဦးကြားက
ချစ်ခြင်း၊ မုန်းခြင်းတွေရယ်၊ ဂီတနဲ့နွယ်ပြီး ဖြစ်လာတဲ့ အဆိုတော်၊ သီချင်းရေးသူ၊ ထုတ်လုပ်ရေးသမားတို့ကြားက
ရီစရာ၊ ကြည်နူးစရာနဲ့ ဂီတအနုပညာနဲ့ ရှင်သန်နေကြတဲ့ ဘဝတွေအကြောင်း သေချာရိုက်ထားတဲ့ကားပါ။

Musical ရုပ်ရှင်ကိုမှ
- ဟာသလေးလည်း ပါမယ်၊
- ကြည်နူးရတာတွေလည်း ပါမယ်၊
- အကွဲအပြဲ Drama လည်း ပါမယ်၊
- အားတက်စရာ Motivational တွေလည်း ပါမယ်၊
- သင်ယူရတဲ့ ဂီတအနုပညာအကြောင်းတွေ ပါတယ်။

Plot လေးကလည်း လုံးဝပေါက်ကွဲထွက်၊ ငိုယိုရမယ့်ဟာမျိုး မဟုတ်ဘူး။
တဝါးဝါး ရီရမယ့် ဟာသကားလည်း မဟုတ်ဘူး။
ပလူးပလဲ ချစ်ပြမယ့်ကားလည်း မဟုတ်ဘူး။
ခံစားချက်ကို ဦးတည်ထားတာဗျ။

ဒါရိုက်တာ John Carney နဲ့ ဇာတ်ဝင်သီချင်းရေးတဲ့ Gregg Alexander တို့က
ဒီကားက သူတို့ဘဝနဲ့ ရောင်ပြန်ဟပ်လို့ —
နှစ်ယောက်ပေါင်းပြီး တယောက်က ဇာတ်ညွှန်း၊ တယောက်က ဇာတ်ဝင်တေး ပေါင်းလုပ်ထည့်လိုက်တဲ့ ကားကောင်းလေး။

ပြုံးပြီး ကြည့်ရတဲ့ အပိုင်းလေးက ငြိမ့်ပြီး ခေါ်သွားမယ်။
ဝမ်းနည်းရတဲ့ အပိုင်းလေးကလည်း အုံမှိုင်းနေတဲ့ ကောင်းကင်တစ်ခုလိုပဲ ဖြစ်ရမယ်။
ကြည်နူးချိန်လည်း ပါမယ်၊ ဝမ်းသာဝမ်းနည်းလည်း ပါပြီး၊

ဇာတ်အိမ်က သေချာထုတ်ပိုးထားတဲ့ ခေါက်ဆွဲကြော်တထုပ်လိုပဲ —
မဖြည်ရသေးဘူး၊ မွှေးတဲ့အနံ့က ရနေပြီ၊
ဖြည်ပြီးရင် အရသာကောင်းကောင်းနဲ့ တွယ်ရမယ့်ဟာမျိုးဗျာ။
ဥပမာပေးရင် ဗိုက်ဆာသွားပြီ။

ဒီကားလေးက Healing လည်း ဖြစ်တယ်ဗျ — တကယ်ပြောတာ။
အသဲကွဲနေတဲ့ လူတွေနဲ့ ဘဝလမ်းခရီး ပျောက်နေတဲ့လူတွေ၊
အိမ်ထောင်ရေး၊ သမီးရည်စားအရေး မပြေလည်တဲ့လူတွေအတွက်ရော၊
ဂီတကို အသက်မွှေးဝမ်းကြောင်းတစ်ခုလို ထားမယ့်လူတွေအတွက်ရော — တကယ်လိုအပ်နေတာကား။

ဂီတသမားတွေအတွက် ပိုကြည့်ရတာ ကိုက်တဲ့ကား။
မင်း မကြိုက်ပင်မဲ့ အောင်မြင်ရင်ပြီးရော — စင်ပေါ်တက်၊
Record Label က ထုတ်လုပ်သူတွေ ခိုင်းတာလေးတွေ တက်ဆို တက်ကမလား။
ဒါမှမဟုတ် မင်းကြိုက်တဲ့ပုံစံ၊ မင်းကြိုက်တဲ့ ဂီတကို
မင်းစနစ်အတိုင်း လမ်းဘေးမှာပဲ ဆိုမလား။
မင်း ဘာကိုရွေးမလဲ မေးမယ့်ကားပါ။

ဇာတ်ဝင်တေးတွေလည်း ပါပြီး —
"Lost Stars" အမည်ရှိ သီချင်းလေးဟာ 2015 မှာ
Best Original Song Oscar စာရင်းဝင်ခဲ့သေးပါတယ် ခင်မျာ။

Acting တွေကလည်း...
တောက်ပဖို့ အကူအညီလိုနေတဲ့ အနုပညာရှင်လေး Greta၊
မိသားစုနဲ့ ဂီတဘဝကြား ကြေကွဲပြိုလဲနေတဲ့ ထုတ်လုပ်သူ Dan တို့ရဲ့
အရောင်တောက်ရမယ့် ကြယ်လေးနှစ်ပွင့် — ကြိုးစားလိုက်ကြပုံကို သရုပ်ဖော်ထားတာ။

အချစ်တွေမပါဘဲ Friendship ကို သေချာလေး သရုပ်ဆောင်ထားကြတယ်။
တော်ပါပေတယ် Keira Knightley နဲ့ Mark Ruffalo။
Greta ရဲ့ အောင်မြင်သွားတဲ့ ဘဲ Dave အဖြစ်လည်း Adam Levine ပါဝင်ထားပြီး၊
သူ့ပါတဲ့ အခန်းက နည်းပင်မဲ့ မဆိုးပါဘူး — သီချင်းဆိုပေးထားသေးတယ်။

ခုလို မိုးအေးနဲ့ကာလမှာ ကြည့်ကောင်းမယ့် တကားမလို့ တင်ဆက်လိုက်ပါတယ် 🌧🎶🍿

image

“The Trauma Code: Heroes on Call” ဆိုတဲ့ Netflix စီးရီးဟာ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၄ ရက်မှာ Netflix မှာ စတင်ထုတ်လွှင့်ခဲ့ပြီး၊ ဆေးရုံဒရာမာတစ်ခုအနေနဲ့ အက်ရှင်၊ ဒရာမာနဲ့ ဟာသကို ပေါင်းစပ်ထားတဲ့ စိတ်ဝင်စားဖွယ် ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။
ဒီစီးရီးမှာ ထူးချွန်တဲ့ ထိခိုက်ဒဏ်ရာဆရာဝန် Baek Kang-hyuk က Hankuk National University Hospital ရဲ့ ထိခိုက်ဒဏ်ရာကုသရေးဌာနကို ပြန်လည်အသက်သွင်းဖို့ ကြိုးစားတဲ့ ဇာတ်လမ်းကို အဓိကထားပြီး ရိုက်ကူးထားပါတယ်။ စီးရီးဟာ အပိုင်း ၈ ပိုင်းပဲရှိပေမယ့် မြန်ဆန်တဲ့ ဇာတ်လမ်းသွားနဲ့ သရုပ်ဆောင်တွေကြောင့် ကြည့်ရှုသူတွေကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။
ဒီစီးရီးဟာ Baek Kang-hyuk ဆိုတဲ့ စစ်မြေပြင်မှာ အတွေ့အကြုံရှိတဲ့ ထိခိုက်ဒဏ်ရာအဓိကကုသတဲ့ဆရာဝန်တစ်ယောက်ရဲ့ ဘဝကို အဓိကထားပြီး ပုံဖော်ထားပါတယ်။ သူဟာ ဆေးရုံတစ်ခုရဲ့ ထိခိုက်ဒဏ်ရာဌာနကို ပြန်လည်တည်ဆောက်ဖို့ ရောက်ရှိလာပြီး၊ နိုင်ငံရေးပြဿနာတွေ၊ ဘဏ္ဍာရေးအခက်အခဲတွေနဲ့ အဖွဲ့သားတွေရဲ့ သံသယတွေကို ရင်ဆိုင်ရပါတယ်။ ဒါပေမယ့် သူ့ရဲ့ ထူးချွန်တဲ့ ခွဲစိတ်ကုသမှုနည်းလမ်းတွေနဲ့ လူနာတွေကို ကယ်တင်ဖို့ စိတ်အားထက်သန်မှုကြောင့် တဖြည်းဖြည်း လူတွေရဲ့ ယုံကြည်မှုကို ရရှိလာပါတယ်။ ဇာတ်လမ်းတစ်လျှောက် အရေးပေါ်ခွဲစိတ်မှုတွေ၊ လူနာကယ်ဆယ်ရေးတွေနဲ့ သေဘေးကနေလွတ်မြောက်ဖို့ကြိုးစားရတဲ့အခိုက်အတန့်တွေကို တွေ့မြင်ရမှာပါ။
“The Trauma Code: Heroes on Call” ဟာ ဆေးရုံဒရာမာကြိုက်သူတွေ မလွတ်သင့်တဲ့ စီးရီးတစ်ခုပါ။ အက်ရှင်၊ ဒရာမာနဲ့ ဟာသကို ပေါင်းစပ်ထားပြီး၊ ဇာတ်ကောင်တွေရဲ့ စိတ်ခံစားမှုတွေကို ကောင်းကောင်း ဖော်ပြထားတာကြောင့် ကြည့်ရတာ တန်ဖိုးရှိပါတယ်။ အပိုင်း ၈ ပိုင်းပဲရှိတာကြောင့် တစ်ခါတည်း ဆက်တိုက်ကြည့်ဖို့လည်း အဆင်ပြေပါတယ်။ ဒါကြောင့် ဆေးရုံဒရာမာတွေနဲ့ စိတ်လှုပ်ရှားစရာ ဇာတ်လမ်းတွေကို ကြိုက်တဲ့သူတွေအတွက် ဒီစီးရီးကို ကြည့်ဖို့အကြံပြုချင်ပါတယ်။

image
25 w - Translate

#knowledge #ဗဟုသုတ

image
25 w - Translate

Walt Disney ရဲ့ ​​နောက်ထပ်မင်းသမီးတစ်ပါး
ထပ်​ပေါ်ထွက်လာမယ့် Encanto
ဇာတ်ကား​လေးထွက်လာပါပြီ၊
Disneyကထွက်တဲ့ animation​တွေရဲ့
ထုံးစံအတိုင်း ဇာတ်​ကောင်​တွေ၊ အ​​ရောင်အ​သွေးတွေက
လှပမြဲဖြစ်သလို ဇာတ်လမ်းပိုင်းကလည်း ပရိတ်သတ်​တွေ
သ​ဘော​တွေ့​စေခဲ့တယ်ဆိုတာကို IMDb 7.6နဲ့ Rotten
Tomatoes 90% ratingက သက်​သေခံ​နေပါတယ်
Encantoဆိုတာက ​တောင်အ​မေရိကတိုက် ကိုလံဘီယာ
နိုင်ငံတွင်းက စိတ်ကူးယဉ်​နေရာ​လေးတစ်ခုပါ၊ ဒီ​နေရာမှာ
​မှော်အစွမ်း​တွေရှိပြီး အဲဒီမှာနေထိုင်တဲ့မာဒရီဂယ်မိသားစုကို
Encanto​​ဒေသ​​လေးကိုထိန်းသိမ်း​ပေးဖို ​ဒေသ​နေပြည်သူ​တွေရဲ့ဘဝကို
အကျိုးပြုဖိုဆိုပြီး မှော်စွမ်းအင်​တွေကို
မျိုးဆက်အဆင့်ဆင့် လက်​ဆောင်​ပေးခဲ့ပါတယ်၊
ဒါ​ကြောင့်မာဒရီဂယ်မိသားစုဝင်တိုင်းမှာ ​မှော်အစွမ်းကိုယ်စီ
ရှိပါတယ်၊မင်းသမီး​လေး မီရာဘယ်ကလွဲရင်​ပေါ့၊
တစ်​နေ့မှာ​တော့ Encanto​ကို မလိုလားအပ်တဲ့ ​အ​မှောင်စွမ်းအင်ထုကြီး ​​​
ရောက်ရှိလာတဲ့အခါမှော်အစွမ်းမရှိတဲ့ မီရာဘယ်​လေး
အ​နေနဲ့ မိသားစုနဲ့အတူ အန္တရာယ်ကိုဘယ်လိုတွန်းလှန်မလဲ၊
သူမဘာ​ကြောင့် မှော်အစွမ်းမရနိုင်တာလဲ၊
​မှော်အစွမ်းရ​​အောင် ဘယ်လိုကြိုးစားမလဲဆိုတာ ကြည့်ရှုခံစားနိုင်ပါပြီ

Encanto ( 2021 )

ဇာတ်ကားလင့်
https://t.me/c/2186686827/345

Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl

image
25 w - Translate

Thunder and the House of Magic (2013)
 
ပိုင်ရှင်တွေ အိမ်ပြောင်းသွားရာက ကျန်နေခဲ့တဲ့
ကြောင်ဝါလေးတစ်ကောင် လမ်းထဲမှာ နေဖိုနေရာလိုက်ရှာရင်းနဲ့
ထူးဆန်းတဲ့အိမ်ကြီးတစ်ခုကို ရှာတွေ့သွားပါတယ်။
ထူးဆန်းပြီး သရဲခြောက်တယ် ကြောက်စရာသတ္တဝါကြီးတွေရှိတယ်လို
လမ်းထဲမှာ နာမည်ကြီးနေတဲ့အိမ်ကြီးပေါ့။
နေစရာမရှိလို ရွေးချယ်စရာမရှိတဲ့ ကြောင်လေးကတော့
ဒီအိမ်ကြီးထဲမှာ နေဖိုဖြစ်လာပါတော့တယ်။
 
အိမ်ထဲမှာ နေထိုင်သူက မျက်လှည့်ဆရာအဘိုးကြီး Lawrence နဲ့ သူ့ရဲ့ တိရစ္ဆာန်တွေပါ။
 
ကြင်နာတတ်တဲ့ Lawrence က ကြောင်လေးကို
 
နေရာတစ်နေရာပေးပြီး နွေးနွေးထွေးထွေး ကြိုဆိုတဲ့အပြင်
 
Thunder ဆိုတဲ့ နာမည်‌လေးလည်း ပေးလိုက်ပါတယ်။
 
Lawrence ဆီမှာ အရင်က ရှိနေတဲ့ ကြွက်လေး Maggie နဲ့ ယုန်ကြီး Jack တိုကတော့
သူတိုထက် အချစ်ပိုသွားမှာ စိုးရိမ်ပြီး Thunder လေးကို
မောင်းထုတ်ဖို နည်းမျိုးစုံနဲ့ ကြိုးစားကြပါတော့တယ်။
 
အချင်းချင်း တိုက်ခိုက်နေကြချိန်မှာ Lawrence မသိအောင်
အိမ်ကို ရောင်းဖိုကြံစည်နေတဲ့ Daniel ရဲ့ အန္တရာယ်ပေါ်လာချိန်မှာတော့
သူတိုတွေ ဘယ်လိုစည်းစည်းလုံးလုံး ဖြေရှင်းကြမလဲဆိုတာကို….

ဇာတ်ကားလင့်
https://t.me/c/2186686827/346

Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl

image
25 w - Translate

We Bare Bears: The Movie(202

ဘာတွေပဲဖြစ်နေ ဖြစ်နေ တစ်ယောက်အတွက် တစ်ယောက်ရှိနေပေးမယ်… စခင်ကထဲက ပေးတဲ့ဒီကတိကို
အဆုံးထိတိုင်မြဲစေတဲ့ ဝက်ဝံညီနောင်…သူတို (၃)ကောင်လုံးက စရိုက်တွေမတူညီပေမဲ့
နားလည်ခွင့်လွှတ်ပြီး အရမ်းချစ်ခင်ကြတဲ့ ဂရစ်ဇ်ရယ် ပန်ဒါရယ် ပိုလာဝက်ဝံရယ်ကို အားလုံးသိထားပြီးဖြစ်မှာပါ…
Cartoon Network Studio ကနေ ထုတ်လုပ်ဖြန့်ချီလိုက်တဲ့ We Bare Bears annimation
လေးဟာ အခုတော့ Movie အနေနဲ့ ထွက်ရှိလာပါပြီ။

ဇာတ်လမ်းအကျဥ်းလေးကိုလည်း အနည်းငယ်တင်ပြလိုပါသေးတယ်။အားလုံးသိထားတဲ့ အတိုင်းပဲ ဒီဝက်ဝံသုံးကောင်ဟာ
အလွဲများစွာနဲ့ လူသားတေွကြားမှာနေထိုင်သူတွေပေါ့။
သူတိုကိုချစ်ခင်သူတေွလည်းရှိသလို မနှစ်မြိုသူတွေကလည်းရှိပါတယ်။
တစ်နေ့မှာတော့ ဝက်ဝံညီနောင် လုပ်ထားတဲ့အမှားအတွက် မြိုကနေ
နှင်ထုတ်ပါတော့တယ်။လူသားတွေနဲ့ အသားကျနေတဲ့ ဝက်ဝံညီနောင် ဘာဆက်လုပ်ကြမလဲ?
သူတိုကိုလက်ခံပေးနိုင်တဲ့ အိမ်အသစ်ကိုေရာ ရှာတေွ့သွားမလားဆိုတာစိတ်ဝင်စားစရာပါ။
အရမ်းချစ်ဖိုေကာင်းတဲ့ ဝက်ဝံသံုးကောင်ကို တစ်ဝကြီး ကြည့်ရှုရမှာပါ။

ဇာတ်ကားလင့်
https://t.me/c/2186686827/347

Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl

image