'READY OR NOT: HERE I COME’ မှာတွေ့ရမယ့် Samara Weaving နဲ့ Kathryn Newton

image

Jordan Peele ရဲ့ အကောင်းဆုံးလက်ရာ | Get Out (2017)
Key & Peele ဟာသအစီအစဥ်ကို မြန်မာတော်တော်များများက စာတန်းထိုးနဲ့ရော၊ ဒါမှမဟုတ် Instagram reels နဲ့ Facebook Reels တွေမှာ အနည်းနဲ့အများ ကြည့်ဖူးကြမယ်နဲ့တူပါတယ်။ အဲဒီထဲက Peele ဆိုတဲ့ Jordan Peele ကတော့ ဒီဘက်ခေတ်ရဲ့ horror ရုပ်ရှင်လောကမှာ တော်တော်နာမည်ကြီးတဲ့ horror ဒါရိုက်တာတစ်ယောက်အနေနဲ့ ရပ်တည်နေပါတယ်။
Us, Get Out, Nope အဲဒီ horror ရုပ်ရှင်တွေက Jordan Peele ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ရိုက်ခဲ့တဲ့ရုပ်ရှင်၊ Aquaman မင်းသား Yahya Abdul Mateen II ရဲ့ Candyman ကိုကျတော့ Jordan Peele က ဇာတ်လမ်းပဲရေးခဲ့တယ်။ Jordan Peele ကိုင်တွယ်ခဲ့တဲ့ horror ရုပ်ရှင်တွေက ဆန်းသစ်တဲ့ horror ရုပ်ရှင်တွေထဲမှာပါသလို ရိုးရှင်းတဲ့ဇာတ်ကွက်နဲ့ ပရိသတ်ကို ကျောထဲစိမ့်သွားအောင်အထိ ခြောက်လှန့်နိုင်တဲ့ပြကွက်တွေပါတယ်လို့လဲ ပြောလို့ရတယ်။
အခုဒီထဲမှာတော့ Jordan Peele ရဲ့ Get Out ကို ပိုပြီးတော့ သဘောကျမိတာပေါ့။ လူ့အသိုင်းအဝိုင်းမှာရှိနေတဲ့ လူမျိုးရေး၊ အသားအရောင်ခွဲခြားမှု၊ ကျားမခွဲခြားမှု အဲဒီဟာတွေကိုသုံးပြီးတော့ horror ရုပ်ရှင်တစ်ကားကို ဖန်တီးပြခဲ့တယ်။ ဇာတ်လမ်းက လူဖြူကောင်မလေးနဲ့ လူမည်းကောင်လေးတွဲကြတယ်၊ ကောင်မလေးက သူ့အိမ်ကို ကောင်လေးကိုအလည်ခေါ်သွားတယ်၊ အဲမှာ ကောင်မလေးရဲ့အိမ်က တော်တော်ကိုလျှို့ဝှက်ဆန်းကြယ်ဆန်ပြီး ကြောက်စရာတွေလုပ်တတ်တဲ့ မိသားစုတွေဖြစ်နေတာပဲ။
Get Out က လူ့အသိုင်းအဝိုင်းကြားက နှစ်ပေါင်းများစွာရှိနေတဲ့ လူမျိုးရေးခွဲခြားမှုတွေကိုအခြေတည်ပြီးမှ horror vibe ကို တည်ဆောက်ထားတယ်။ အရမ်းမြန်ဆန်တဲ့ horror ဇာတ်ကွက်မျိုးမဟုတ်ပဲ တဖြေးဖြေးနဲ့ ကျောချမ်းလာအောင်၊ ခြောက်ခြားလာအောင် ဆွဲခေါ်ထားပြီး climax မှာ အကုန်ဖြည်ချလိုက်တာပေါ့။
Get Out မှာ တကယ်သုံးခဲ့တဲ့ဇာတ်သိမ်းနဲ့ မသုံးဖြစ်ခဲ့တဲ့ alternate ending တစ်ခုရှိတယ်။ (YouTube မှာ ရှာကြည့်) တကယ်ဆိုရင် အဲဒီ ending က Get Out ရဲ့ tone စစ်စစ်နဲ့ ကိုက်ညီတယ်လို့မြင်မိတာပဲ။
အချိန်ပေးပြီးကြည့်ရတာတန်တဲ့ horror thriller ပါပဲ။ (ခွက်ကို ဇွန်းနဲ့မွှေရတာတောင် ခပ်လန့်လန့်ပေါ့)

image

သီအိုရီသပ်သပ်ပဲမလို့အဟုတ်ကြီးမထင်ကြပါနဲ့။

image

သီအိုရီသပ်သပ်ပဲမလို့အဟုတ်ကြီးမထင်ကြပါနဲ့။

image

သီအိုရီသပ်သပ်ပဲမလို့အဟုတ်ကြီးမထင်ကြပါနဲ့။

image

သီအိုရီသပ်သပ်ပဲမလို့အဟုတ်ကြီးမထင်ကြပါနဲ့။

image

သီအိုရီသပ်သပ်ပဲမလို့အဟုတ်ကြီးမထင်ကြပါနဲ့။

image
image
image
image

Don't try at home.

image

ယနေ့ movie fact .

image

Where district 10 ?

image