ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
Heat ဆိုတဲ့ ရုပ်ရှင်ကတော့ 1995 ခုနှစ်ကထွက်ရှိခဲ့တဲ့ Robert De Niro နဲ့ Al Pacino တို့အဓိကပါဝင်တဲ့
ဘဏ်ဓားပြတိုက်တဲ့ကားဖြစ်ပါတယ် ။
Heat ရုပ်ရှင်ရဲ့ ဘဏ်ဓားပြတိုက်ခန်းဟာ အရမ်းယုတ္တိဆန်လွန်းတာကြောင့်အမေရိကန်အထူးတပ်ဖွဲ့ဟာ ဘဏ်ဓားပြတိုက်မှုကိုဘယ်လိုတန်ပြန်ရမလဲဆိုတဲ့ လေ့ကျင့်ရေးတွေမှာ Heat ရုပ်ရှင်ကို ဥပမာထားပြီးပြလေ့ရှိပါတယ်။
ဒါ့အပြင် ရုပ်ရှင်ထဲက Chris Shiherlis ( Val Kilmer ) ရဲ့ သေနတ်ကျည်ပြန်ဖြည့်တာဟာ အရမ်းမြန်ပြီး ယုတ္တိရှိတာကြောင့် မရိန်းတပ်မှာ အဲ့ကျည်ဖြည့်နည်းကိုအသုံးပြုပြီး သေနတ်ပစ်ခတ်ပြီးဘယ်လိုနောက်ပြန်ဆုတ်ရမလဲဆိုတာကိုလဲ Heat ရုပ်ရှင်ထဲကအတိုင်းပဲ လေ့ကျင့်ကြပါတယ် ။
စပြောရမယ်ဆိုရင် Inception ကိုမရိုက်ကူးခင်လွန်ခဲ့တဲ့ 17 နှစ် 18 နှစ် ခန့်လောက်ကစပါမယ် ။ နိုလန်ဟာ 1993 ခုနှစ်မှာ UCL ( ချန်ပီယံလိဂ် မဟုတ်ပါဘူး ) University College London မှာ English Degree ကိုရရှိခဲ့ပါတယ်။ အဲ့မတိုင်ခင်မှာ UCL မှာပဲ English Literature ကိုသင်ယူနေခဲ့ပါတယ်။
နိုလန့်ဟာ ကောလိပ်ကျောင်းသားဘဝတုန်းက လက်ရှိ Admin တို့လိုပဲ စောက်မွဲပါ ။ ကောလိပ်မှာ မနက်စာ အလကားကျွေးပါတဲ့ မနက်စာကိုပဲ အားကိုးမှီခိုရပါတယ် ။ မနက် 7 နာရီကျော်ဆို ကျွေးပါပြီ နိုလန်ဟာ ကောလိပ်တုန်းက မနက် 4 နာရီမှ အိပ်ယာဝင်တာပါ ။ အဲ့လို မျိုး 4 နာရီမှာ အိပ်တယ် မနက်စာ ထစားတယ် ပြန်အိပ်တယ် ပေါ့ ။
အဲ့လိုမျိုး မနက်စားပြီးပြန်အိပ်နေတုန်း တစ်နေ့မှာ Nolan ဟာ အိမ်မက်မက်သူဟာ အိမ်မက် မက်နေတာကို သတိထားမိတဲ့အခြေအနေ ( သို့မဟုတ် ) အိမ်မက်မက်တာကို သိတဲ့အခြေအနေကို ရောက်ရှိခဲ့ပါတယ်။ Technically ပြောရမယ်ဆိုရင် Lucid Dream ပါ။
Nolan ဟာ အိမ်မက်ကို အလယ်ကနေ အဆုံး ထိမှတ်မိခဲ့ပါတယ် ။အိမ်မက်မက်သူတွေဟာ အိမ်မက်ရဲ့အစကို မမှတ်မိနိုင်ကြပါဘူး ။ ဒီအကြောင်းကို Inception မှာလဲထည့်ပြောခဲ့ဖူးပါတယ်။
နိုလန် ရဲ့အိမ်မက်ဟာဘာလဲဆိုတော့ “ နိုလန်ဟာ စာအုပ်စင် တစ်စင်ရှေ့ကို ရောက်နေခဲ့ပါတယ် ။ အဲ့ထဲကစာအုပ်တစ်အုပ်ကို ဆွဲထုတ်ပြီး စာလုံးတစ်လုံးချင်စီတိုင်းကို ဦးနောက်ထဲ မှတ်ယူနေခဲ့ပါတယ် ။ နောက်ပြီးတော့ နိုလန်ဟာ ကမ်းခြေတစ်ခုကို ရောက်သွားပြီး လက်ထဲကိုသဲတစ်ဆုပ်စာ ကိုင်ပြီးလွှင့်ချလိုက်ပါတယ် ။ ဒါပေမဲ့သဲတွေဟာ မကုန်သွားပါဘူး သဲတွေမကုန် တာ စာအုပ်ထဲကစာတွေကို မှတ်တာတွေ ဟာ နိုလန့်ရဲ့ ဦးနောက်က လုပ်ဆောင်နေတာပါ ။ ဒါကို နိုလန်လဲ သိရှိခဲ့ပါတယ်။
နောက်ပိုင်းမှာ နိုလန်ဟာ အိမ်မက်ထဲက အရာတွေ နဲ့ အိမ်မက်တွေကိုထိန်းချုပ်ဖို့စတင် လေ့ကျင့်ခဲ့ပါတယ် ။
( အောင်မြင်လားမအောင်မြင်ဘူးလား ဆိုတာကတော့ Inception ရုပ်ရှင်က အဖြေပါပဲ )
Inception ရုပ်ရှင်ထဲမှာပါတဲ့ Cobb နဲ့ Mal တို့ သဲသောင်ပြင်ပေါ်မှာ အဆောက်အဦးတွေဆောက်နေတာ ဟာ Noaln ရဲ့ သဲအိမ်မက်ကို ပြန်သုံးထားတာပါ။
[ ယခုအကြောင်းအရာကို Christopher Nolan နဲ့ James Cameron တို့နစ်ဦး အင်တာဗျူး video မှ ကူးယူရေးသားသည် ]
အကယ်၍စာဖတ်သူခင်ဗျားဟာ Monster Jeffrey Dahmer , The Lyle and Erik Menendez တို့လို ရုပ်ရှင်ကိုကြိုက်ရင် ဒီစီးရီးကိုလဲကြိုက်မှာအသေချာပါပဲ ။
Mindhunter Series ကို Netflix က Produce လုပ်ပြီး Season 2 ခုရှိပါတယ် ။ ဒီစီးရီးမှာ SeVen , Zodiac တို့ကိုရိုက်တဲ့ David Fincher ကလဲ Producer တစ်ယောက်အဖြစ်ပါဝင်ထားပါတယ် ။ ဒီရုပ်ရှင်ဟာ ဖြစ်ရပ်မှန်စီးရီးဖြစ်ပြီး 1995 ခုနှစ်လောက် FBI အေးဂျင့် နှစ်ယောက်ရဲ့ အမေရိကန်နိုင်ငံရဲ့ စိတ္တဇဆိုက်ကိုလူသတ်သမားတွေ နဲ့ ရာဇဝတ်သားတွေရဲ့အကြောင်းကို စာတမ်းပြုစုထားတဲ့ ဖိုင်တွဲကိုမှီငြမ်းထားတာပါ ။
ဒီစီးရီးရဲ့ ထူးခြားချက်က စီးရီးမှာ ရာဇဝတ်သားတွေအဖြစ်သရုပ်ဆောင်တဲ့ သရုပ်ဆောင်တွေနဲ့ တကယ့်အပြင်ကရာဇဝတ်သားတွေနဲ့ကတစ်ပုံစံထဲပါ ။ မသိရင်တကယ့်ရာဇဝတ်သားတွေခေါ်ရိုက်ထားသလိုအောက်မှတ်ရပါတယ် ။
FBI Agent နှစ်ယောက်ရဲ့ စိတ္တဇလူသတ်သမားတွေရဲ့ စိတ်ထဲမှာသူတို့ဘယ်လိုတွေးလဲ ဘာတွေစဉ်းစားလဲ စတဲအကြောင်းတွေနဲ့သူတို့ဘဝအကြောင်းတွေကိုလေ့လာတဲ့စီးရီးဖြစ်ပါတယ် ။ Rating ပိုင်းမှာလဲ IMDb
8.6/10 နဲ့ ခရမ်းချဉ်သီးပုပ်မှာ 97% ရရှိထားပါတယ် ။
[ ကြည့်ချင်ရင်ကို့ဘာသာရှာကြည့်ကြပါ ။ မြန်မာစာတန်းထိုးက CM မှာလဲမရှိပါဘူး ။ ]