ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
Ten men escaped from a New Orleans jail on Friday, possibly with help from officials at the jail, and should be considered armed and dangerous, officials with the Orleans Parish Sheriff's Office warned.
The inmates were able to break the locks on a door at 12:23 a.m. and then exited through a wall behind a toilet, pictured here, at 11 a.m. local time, the Orleans Parish Sheriff said at a press conference.
They then made their way off the property and scaled the perimeter wall, from which they had a clear path to railroad tracks and then the interstate.
Authorities believe the detainees received assistance in their escape from inside the department. One of the inmates has since been apprehended.
Read more: https://abcnews.visitlink.me/kW5H1A
Missouri lawmakers passed a voter referendum that, if approved, would repeal protections for abortion rights. The move would also restore a ban on nearly all abortion care in the state.
The move comes just six months after Missouri voters approved an amendment enshrining the right to reproductive freedom, including abortion care, in the state constitution, effectively overturning a near-total abortion ban that was in effect.
The initiative will appear on the November 2026 ballot unless Gov. Mike Kehoe calls a special election sooner than that. https://abcnews.visitlink.me/ija1Yr
University of Tennessee graduate student Johnia Berry, 21, was brutally stabbed to death in her Knoxville apartment in 2004, in a case that remained unsolved for years.
Berry, who was found clinging to life in the entryway of her apartment complex, died in an ambulance before reaching the hospital.
A breakthrough came in 2007, when someone recognized a composite sketch of the suspect based on Berry's roommate's description. He had seen the killer face-to-face during the attack. That tip led police to a man in his early 20s with a history of petty crimes.
While Taylor Lee Olson, the suspect, initially denied involvement, investigators determined that his DNA matched evidence taken from various locations inside and outside the apartment Berry was murdered in.
Read more: https://abcnews.visitlink.me/MRlAOf
#နိုင်ငံတကာသတင်း
◼ထရန့်နှင့်ပူတင်တွေ့ဆုံပြီးမှသာ ယူကရိန်းငြိမ်းချမ်းရေး လမ်းစပွင့်မည်ဟုအမေရိကန်ပြော
တူရကီနိုင်ငံတွင် ကျင်းပမည့် ယူကရိန်း-ရုရှား ငြိမ်းချမ်းရေးဆွေးနွေးမှုအပေါ် ၎င်းအနေဖြင့် မျှော် လင့် ချက်ကြီးကြီးမားမား မထားကြောင်း နှင့် တိုးတက်မှုရရှိရန် ဒေါ်နယ်ထရန့်နှင့် ရုရှားသမ္မတဗလာဒီမာပူတင်တို့ တွေ့ ဆုံမှုလိုအပ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ပြောကြားသည်။
“ ဒီခေါင်းစဉ်အောက်မှာ သမ္မတထရန့် နဲ့ သမ္မတပူတင်တို့ တိုက်ရိုက်ထိတွေ့ဆက်ဆံတဲ့ အချိန်အထိ လမ်းစ တစ်ခုရသွားမယ်လို့ ကျွန်တော်မထင်ပါဘူး။” ဟု တူရကီတောင်ပိုင်းမှ နေတိုးနိုင်ငံခြားရေးဝန်ကြီးများ အစည်း အ ဝေးကို တက်ရောက်ပြီးနောက် ရူဘီယိုက ပြောသည်။
ယင်းဆွေးနွေးပွဲသို့ အဆင့်နိမ့်ကိုယ်စားလှယ်အဖွဲ့သာ စေလွှတ်ခဲ့ခြင်းအတွက် ယူကရိန်းသမ္မတ ဇီလန်စကီး က ဝေဖန်ပြောကြားခဲ့သော်လည်း ကရင်မလင်၏ အဖွဲ့မှာ အရည်အချင်းအပြည့်အဝရှိသူများဖြစ်ကြောင်း ပူတင်က ပြောကြားသည်။
အစောပိုင်းတွင် အမေရိကန်သမ္မတထရန့်ကလည်း ၎င်းနှင့်မစ္စတာပူတင်တို့မျက်နှာချင်းဆိုင်တွေ့ဆုံသည့်အချိန်အထိ ယူကရိန်းငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ကြီးမားသောတိုးတက်မှုများ မရနိုင်သည့် သဘောပြောသည်။
ရုရှားကိုယ်စားလှယ်အဖွဲ့၏ အဆင့်နှင့်ပတ်သက်၍ စိတ်ပျက်မိသလားဟု သမ္မတလေယာဉ် Air Force One ပေါ်တွင် ဘီဘီစီက မေးမြန်းခဲ့ရာ၌ “ ဒီမှာ ကျွန်တော်နဲ့ပူတင်နဲ့ အတူတွေ့ဆုံချိန်အထိ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး” ဟု ထရန့် က ပြောသည်။
“ ကျွန်တော် အဲဒီမှာရှိမနေရင် သူလည်း သွားမှာ မဟုတ်ဘူး။ သူ နဲ့ ကျွန်တော် အတူတွေ့ဆုံချိန်အထိ ဘာမှဖြစ်လာမယ်မထင်ဘူးလို့ ခင်ဗျားကြိုက်ချင်ကြိုက် ၊ မကြိုက်ချင်နေ ကျွန်တော်ပြောရမှာပဲ။” ဟု ထရန့်ကပြောသည်။
ထို့နောက်လူအများအပြား သေဆုံးနေခြင်းကြောင့် ၎င်းတို့ က ပြဿနာကို ဖြေရှင်းရမည်ဖြစ်ကြောင်း ၎င်းက ဆက် လက်ပြောသည်။
သင့်တော်ပါက ၎င်းအနေဖြင့် ယနေ့တွင် တူရကီမှ ဆွေးနွေးပွဲကို တက်ရောက်သွားမည်ဖြစ်ကြောင်း ထရန့်က ပြောကြားခဲ့သော်လည်း ဝါရှင်တန်သို့သာ ပြန်သွားဖွယ်ရှိကြောင်း နောက်ပိုင်းတွင် ပြောသည်။
တူရကီ ၊ အမေရိကန် ၊ ရုရှားနှင့် ယူကရိန်း ကိုယ်စားလှယ်အဖွဲ့များသည် အစ္စတန်ဘူလ်မြို့တွင် ယမန်နေ့က တွေ့ဆုံကြရန် ဖြစ်သော်လည်း ယင်းနေ့ ညနေပိုင်းအထိ တွေ့ဆုံမည့် အချိန်ကို သတ်မှတ်ခဲ့ခြင်းမရှိဘဲဆွေးနွေးပွဲကို ယနေ့ ကျင်းပကြလိမ့်မည်ဟု သတင်း တချို့က ဆိုသည်။
သတ်မှတ်ချက် မထားသော ရက် ၃၀ အပစ်အခတ် ရပ်စဲရေးအတွက် ဥရောပခေါင်းဆောင်များနှင့် ယူကရိန်းက တောင်းဆိုခဲ့ပြီးနောက် မေ ၁၅ ရက်၌ အစ္စတန်ဘူလ်မြို့၌ တိုက်ရိုက်ဆွေးနွေးကြရန် ဗလာဒီမာပူတင်က တနင်္ဂနွေနေ့က အဆိုပြုခဲ့သည်။
ယင်းနောက် ပူတင်အနေဖြင့် ၎င်းအား လူကိုယ်တိုင်တွေ့ဆုံရန် ဇီလန်စကီး က စိန်ခေါ်ခဲ့သည်။
ထို့နောက် ကြာသပတေးနေ့တွင် ကရင်မလင်က ကြေညာသည့် ရုရှားကိုယ်စားလှယ်အဖွဲ့တွင် ရုရှားသမ္မတ ပါဝင် လာခြင်းမရှိပေ။
ရှရှားကိုယ်စားလှယ်အဖွဲ့တွင် ရားထူးကြီးသူများမပါဝင်သောကြောင့် မော်စကို က ထရန့် နှင့် အာဒိုဂန်တို့အား မလေးမစားလုပ်နေကြောင်း တူရကီနိုင်ငံတွင် သမ္မတ အာဒိုဂန်နှင့် တွေ့ဆုံပြီးနောက်တွင် ဇီလန်စကီး က စွပ်စွဲပြောကြားသည်။
“ အစည်းအဝေးအချိန်ကိုလည်း မပြောဘူး၊ အစီအစဉ်ကိုလည်း မပြောဘူး၊ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့လည်း မဟုတ်ဘူး၊ ဒါဟာ အာဒိုဂန် နဲ့ ထရန့် ကို ပုဂ္ဂိုလ်ရေး မလေးစားမှုဖြစ်ပါတယ်။” ဟု ဇီလန်စကီးက ပြောကြားပြီး ၎င်းအား ကိုယ်တိုင်တွေ့ရန် ပူတင်အား ထပ်မံစိန်ခေါ်ခဲ့သည်။
သတင်း-ရဲမင်း
ကိုးကား-BBC
#နိုင်ငံတကာသတင်း
◼အမေရိကန်ထောက်ခံသော ဂါဇာ မှအကူအညီဖြန့်ဖြူးမှုတွင် ပါဝင်မည်မဟုတ်ကြောင်း ကုလပြောကြား
အမေရိကန်ထောက်ခံသော ဂါဇာဒေသမှ လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းများတွင် ပါဝင်မည်မဟုတ်ကြောင်း ကုလသမဂ္ဂက ပြောကြားပြီး ထိုသို့လုပ်ဆောင်မည့်အဖွဲ့မှာ ဘက်မလိုက်ခြင်း ၊ ကြားနေခြင်း ၊ အမှီအခိုကင်းခြင်း များ မရှိသောကြောင့်ဖြစ်ကြောင်း ကုလသမဂ္ဂက ပြောကြားသည်။
အစ္စရေးကမူ အကူအညီဖြန့်ဖြူးမှု၌ ပါဝင်ပတ်သက်မည် မဟုတ်သော်လည်း အမေရိကန်၏ ကြိုးပမ်းမှုကို ဖြည့်ဆည်းပေးမည်ဟု ကတိပြုသည်။
“ ဒီအကူအညီဖြန့်ဖြူးရေးအစီအစဉ်က ဘက်မလိုက်မှု ၊ကြားနေမှု နဲ့ အမှီအခိုကင်းမှုလိုမျိုး ကျွန်တော်တို့ရဲ့ အခြေခံမူတွေနဲ့ မကိုက်ညီတာကြောင့် ကျွန်တော်တို့ ဒီအစီအစဉ်မှာ ပါဝင်မှာမဟုတ်ပါဘူး။” ဟု ကုလလက်ထောက်ပြောရေးဆိုခွင့်ရှိသူ ဖာဟန်ဟက် က ယမန်နေ့တွင်သတင်းထောက်များအား ပြောကြားသည်။
အမေရိကန်က ကျောထောက်နောက်ခံပေးထားသော ဂါဇာလူသားချင်းစာနာထောက်ထားမှုဖောင်ဒေးရှင်း က မေလကုန်တွင် ဂါဇာ၌ လုပ်ငန်းများ စတင်သွားမည်ဖြစ်သော်လည်း ယင်းအစီအစဉ်မှာ ဂါဇာမှ ပါလက်စတိုင်းများ ထပ်မံ အကြမ်းဖက်ခံရ၊ ရွှေ့ပြောင်းရမည့်အရေးအတွက် ဖုံးကွယ်မှုတစ်ခုသာ ဖြစ် ကြောင်း ကုလသမဂ္ဂအကူအညီပေးရေးအကြီးအကဲ တွမ်ဖလက်ချာက ဝေဖန်သည်။
ယင်းဖောင်ဒေးရှင်းက ဂါဇာဒေသထဲသို့ အကူအညီများ သယ်ယူပို့ဆောင်ရန် အမေရိကန်လုံခြုံရေး နှင့် သယ်ယူပို့ဆောင်ရေးကုမ္ပဏီများကို အသုံးပြုရန်ရည်ရွယ်ထားသည်။
ထို့နောက် အကူအညီပေးရေး အုပ်စုများမှတစ်ဆင့် ဂါဇာတွင် ကူညီမှုများ ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း အစီအစဉ်နှင့် အကျွမ်းဝင်သူ တစ်ဦးက ရိုက်တာသတင်းဌာနအားပြောကြားသည်။
ယင်းအစီအစဉ်နှင့်ပတ်သက်၍ ဝေဖန်မှုများရှိနေသည်ကို တူရကီနိုင်ငံတွင် ရောက်ရှိနေသော အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက အသိအ မှတ်ပြုပြီး အကူအညီများကို ဟားမားစ်အဖွဲ့က ခိုယူခြင်းမရှိဘဲ အရပ်သားများထံ ဖြန့်ဖြူးပေးရေး အခြားရွေးချယ်စရာအစီအစဉ်ရှိပါက လမ်းဖွင့်ထားကြောင်း ပြောကြားသည်။
“ ဒီအစီအစဉ်နဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေရှိပါတယ်။ တစ်ယောက်ယောက်မှာ ပိုကောင်းတဲ့ ရွေးချယ်စရာရှိရင် ကျွန်တော်တို့လမ်းဖွင့်ထားပါတယ်။” ဟု မာကိုရူဘီယိုက ဆိုသည်။
လူသာချင်းစာနာထောက်ထားသော အကူအညီနှင့် အသက်ကယ်ဝန်ဆောင်မှုများအား ကြီးမား သော အတိုင်းအတာပေးအပ်ရန် နှင့် ဂါဇာကမ်းမြှောင်ဒေသသို့ ချက်ချင်းဝင်ရောက်နိုင်ရန် ခိုင်မာပြီး အခြေခံမူများဖြင့် ကိုက်ညီသည့် လက်တွေ့လုပ်ကိုင်နိုင်သော အစီအစဉ်တစ်ရပ် ကုလသမဂ္ဂတွင် ရှိနေပါကြောင်း လူ သားချင်းစာနာထောက်ထားမှုရေးရာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကုလသမဂ္ဂရုံး (UNOCHA) က ယမန်နေ့တွင် ထုတ်ပြန်ခဲ့သည်။
ပါလက်စတိုင်း ဟားမားစ်အဖွဲ့ က အကူအညီများကို ခိုးယူနေကြောင်း အစ္စရေးက စွပ်စွဲပြောကြားပြီး ဂါဇာအတွက် လူသားချင်းစာနာထောက်ထားမှုအ ကူအ ညီ ပေးပို့မှု အားလုံးကို မတ် ၂ ရက်က စ၍ တားဆီးပိတ်ပင်ထားကာ ကျန်ရှိသော ဓားစာခံများ အားလုံးကို ဟားမားစ်အဖွဲ့ က လွှတ်ပေးရန် တောင်းဆိုထားသည်။
ဂါဇာဒေသတွင် နေထိုင်သူ လူဦးရေမှ ငါးပုံတစ်ပုံကို ကိုယ်စားပြုသော လူပေါင်း ငါးသိန်းခန့် အ ငတ်ဘေးအန္တရာယ်နှင့်ရင်ဆိုင်နေရပြီဖြစ်ကြောင်း ကမ္ဘာလုံးဆိုင်ရာ ငတ်မွတ်ခေါင်းပါးမှုစောင့်ကြည့်ရေးအဖွဲ့ တစ်ဖွဲ့ က တနင်္လာနေ့တွင်သတိပေးပြောကြားခဲ့သည်။
သတင်း-ရဲမင်း
ကိုးကား-Reuters
#နိုင်ငံတကာသတင်း
◼ထိုင်းဘုန်းကြီးတစ်ပါးအား အမေရိကန်ဒေါ်လာ ၉ သန်း အလွဲသုံးစားမှုဖြင့် ဖမ်းဆီး
ကိုးကွယ်ယုံကြည်သူများ၏ လှူဒါန်းမှုများဖြင့် လည်ပတ်နေပြီး ထင်ရှားကျော်ကြားသော ဘုရားကျောင်းတစ်ခုမှ ငွေကြေးအမေရိကန်ဒေါ်လာ ၉ သန်းကျော် အလွဲသုံးစားလုပ်ခဲ့မှုဖြင့် ယင်းကျောင်းကို ဦးစီးနေသည့် ဆရာတော်တစ်ပါးအား ထိုင်းရဲတပ်ဖွဲ့ က ဖမ်းဆီးလိုက်သည်။
ဝပ်ရိုင်ခိုင် ဘုရားကျောင်းမှဆရာတော် ဖရာသမ်မာချီရာနူဝပ်သည် ဘုရားကျောင်း၏ ဘဏ်အကောင့်ထဲမှ ဘတ်ငွေ သန်း ၃၀၀ ကျော်(အမေရိကန်ဒေါ်လာ ၉ သန်းခန့်)အား ၎င်း၏ကိုယ်ပိုင်ဘဏ်အကောင့်ထဲသို့ လွဲပြောင်းရယူခဲ့ကြောင်း ထိုင်းဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို(CI က စွပ်စွဲပြောကြားသည်။
ဘန်ကောက်မြို့အနောက်ပိုင်း ဆင်ခြေဖုံး ဘုရားကျောင်းမှ ငွေကြေးများသည် လောင်းကစားကွန်ရက် တစ်ခုသို့ ရောက်ရှိသွားသည်ကို စုံစမ်းစစ်ဆေးသူများက ခြေရာခံမိခဲ့ကြကြောင်း ထိုင်းသတင်းမီဒီယာများက ဖော်ပြကြသည်။
ဗုဒ္ဓဘာသာကိုးကွယ်သူများပြားသော ထိုင်းနိုင်ငံတွင် ဘုရားကျောင်းများသည် ကုသိုလ်ပြုသော အခမ်းအနားများမှ လှူဒါန်းငွေများကို အဓိကအားထားကြသည်။
ယင်းကဲ့သို့ သော အခမ်းအနားများတွင် ချမ်းသာကြွယ်ဝမှုနှင့် နောင်ဘဝတွင် ပိုမိုကောင်းမွန်သောဘဝ ရရှိရေးအတွက် ယုံကြည်ကိုးကွယ်သူများက လှူဒါန်းမှုများ လုပ်ဆောင်ကြသည်။
ဆရာတော်အား အကျင့်ပျက်ခြစားမှု ၊ မှားယွင်းစီမံခန့်ခွဲမှု များဖြင့် ရဲတပ်ဖွဲ့ က စွဲချက်တင်ထားကြောင်း ထောက်လှမ်းရေးဌာန လက်ထောက်ကော်မရှင်နာ ဂျာရွန်ကီယက် က သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် ပြောကြားသည်။
“ ဒီ ဖမ်းဆီးမှုက ဘာသာရေးကို ကူညီသန့်စင်ပေးဖို့ ဖြစ်ပါတယ်။” ဟု ဂျာရွန်ကီယက် က ပြောသည်။
အာဏာပိုင်များက ဒုတိယမသင်္ကာသူတစ်ဦးကိုလည်း ဖမ်းဆီးလိုက်ပြီး အခြားသူများ ပါဝင်ပတ်သက်နေမှုကိုလည်း စုံစမ်းစစ်ဆေးနေကြောင်း နှင့် ဆရာတော်အား ယခုအခါ လူဝတ်လဲလိုက်ပြီဖြစ်ကြောင်း ထိုင်းမီဒီယာများက ဖော်ပြသည်။
၁၈၅၁ ခုနှစ် က တည်ထောင်ခဲ့သည်ဟု ယုံကြည်ကြသော ဝပ်ရိုင်ခိုင်ဘုရားကျောင်းသည် ဗုဒ္ဓ၏ ခြေတော်ရာပုံတူထားရှိကြောင်း သိရသည်။
ဘန်ကောက်ဆင်ခြေဖုံးရှိ အထင်ရှားဆုံး ဘုရားကျောင်းတစ်ခုမှ ဖမ်းဆီးမှုနှင့်ပတ်သက်၍ ဆိုရှယ်မီဒီယာပေါ်တွင် ပြင်းထန်သော တုံ့ပြန်မှုများ ဖြစ်ပေါ်လာခဲ့သည်။
“ နောက်ဆိုရင် ဘုရားကျောင်းထက် အများအကျိုးအတွက် ဆေးရုံ နဲ့ စာသင်ကျောင်းတွေပဲ လှူတော့မယ်။” ဟု ဆိုရှယ်မီဒီယာသုံးစွဲသူတစ်ဦးက ရေးသားခဲ့သည်။
တချို့ကလည်း ဗုဒ္ဓဘာသာဝင်များ ယုံကြည်မှု မပျက်ကြရန် သတိပေးကြသည်။
“ဘုန်းကြီးအားလုံးက မကောင်းတာမဟုတ်ပါဘူး။ အာလုံးကို သိမ်းကျုံး မပြောပါနဲ့။” ဟု အခြားတစ်ဦးက ရေးသားထားသည်။
သတင်း-ရဲမင်း
ကိုးကား-AFP
#ပြည်တွင်းသတင်း
◼မန္တလေး၌ငလျင်ဒဏ်သင့်အဆောက်အအုံများပြင်ဆင်ရာတွင် အင်ဂျင်နီယာထောက်ခံချက်လိုဟုဆို
မန္တလေးမြို့၌ ငလျင်ဒဏ်သင့်လိမ္မော်ရောင်နှင့်အနီရောင်အဆင့်အဆောက်အအုံများပြင်ဆင်ရာတွင် လိုင်စင်ရအင်ဂျင်နီယာ၏ထောက်ခံချက်လိုအပ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီထံမှသိရသည်။
မန္တလေးမြို့ရှိ အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ မဟာအောင်မြေ၊ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်နှင့် အမရပူရ အစရှိသည့်မြို့နယ်များ၌ လိမ္မော်ရောင်နှင့်အနီရောင်အဆင့်သတ်မှတ်ခံရသည့် အဆောက်အအုံပိုင်ရှင်များအနေဖြင့် အဆောက်အအုံများကိုပြန်လည်ပြင်ဆင်လိုပါက PE,RSE လိုင်စင်ရအင်ဂျင်နီယာများ၏ထောက်ခံချက်ပါသော ပြင်ဆင်ရမည့် Method Statement နှင့်အတူ မန္တလေးမြို့စည်ပင်သာယာရေးကော်မတီ၊ အဆောက်အအုံနှင့်ကုန်ရုံဌာနသို့ ပြန်လည်လျှောက်ထား ရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
အဆောက်အအုံများပြန်လည်ပြင်ဆင်ခြင်းနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ခြင်းမရှိပါက တည်ဆဲဥပဒေ၊ နည်းဥပဒေများအရအရေးယူမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ထံမှသိရသည်။
သတင်း - အင်ကြင်း
ဓာတ်ပုံ - MFSD/လူမှုကူညီရေးအဖွဲ့များ
#ယနေ့ထုတ်သတင်းစာ_သတင်း
◼ မြန်မာလုပ်သားများခေါ်ယူရန် ဂျပန်ကုမ္ပဏီများ ကမ်းလှမ်း
ဂျပန်ကုမ္ပဏီများက မြန်မာလုပ်သားများကို တရားဝင်ခေါ်ယူရန် အလုပ်ကမ်းလှမ်းစာ ၃၁ဝ ခုဖြင့်ဖိတ်ခေါ်ထားကြောင်း ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးကထုတ်ပြန်ထားသည်။
မြန်မာသံရုံး တိုကျိုမြို့အနေဖြင့် အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့်ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာ ( Demand Letter) များကို စိစစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယင်းသို့စိစစ်ဆောင်ရွက်ရာတွင် ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ၊ ကုမ္ပဏီများသည် ဂျပန်နိုင်ငံတွင် တရားဝင်တည်ထောင်ထားခြင်း ရှိ၊ မရှိ စာရွက်စာတမ်းအထောက်အထားများစိစစ်ပြီး စိစစ်တွေ့ရှိချက်များ၊ သဘောထားမှတ်ချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့လျက်ရှိကြောင်း သိရသည်။
သို့ဖြစ်ရာ မြန်မာသံရုံးတိုကျိုမြို့အနေဖြင့် Demand Letter များကို ဂျပန်ကုမ္ပဏီများထံမှပြန်ကြားစာလက်ခံရရှိသည့် ရက်စွဲအလိုက် အစဉ်အတိုင်းစိစစ်ပေးလျက်ရှိရာ ၂ဝ၂၅ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်အထိလက်ခံရရှိ၍ စိစစ်ပြီးစီးကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ပြန်ကြားခဲ့သည့် အလုပ်ကမ်းလှမ်းစာ ၃၁ဝ ခုနှင့် ပတ်သက်သည့် အချက်အလက်များကို အသိပေးထုတ်ပြန်အပ်ကြောင်း ဖော်ပြထားသည်။