ဟူးမန်း ပန်ဖို့ ပန်းတတ်ခူးနေတယ်

25 w - Translate

A federal magistrate judge has dismissed trespassing charges against 98 people who were arrested along the Southwest border for entering the newly created National Defense Area in New Mexico.

https://abcnews.go.com/US/fede....ral-judge-dismisses-

image
25 w - Translate

BREAKING: New Jersey Transit train engineers have officially commenced their strike, shutting down commuter trains and leaving hundreds of thousands of commuters scrambling to find other modes of transportation.
Read more: https://abcnews.visitlink.me/mv7HE0

image
25 w - Translate

ရန်ကုန်တက္ကသိုလ်တွင် စားသာက်ကုန်လုပ်ငန်းအတတ်ပညာ ဖွင့်လှစ်မည့်
ရန်ကုန်တက္ကသိုလ်၊ ကုန်ထုတ်ဓာတုဗေဒဌာနတွင် စားသောက်ကုန်လုပ်ငန်းအတတ်ပညာ (Certificate in Food Technology)သင်တန်းကို (၃)လကြာ ဖွင့်လှစ်သင်ကြားပေးမှာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါသင်တန်းကို တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများမှစ၍ လျှောက်ထားနိုင်ပြီး၊ ရန်ကုန်တက္ကသိုလ်၊ ကျောင်းသားရေးရာဌာနတွင် သတ်မှတ်ထားသည့် လျှောက်လွှာပုံစံဖြင့် မေလ (၁၃)ရက်နေ့မှ မေလ (၁၆)ရက်နေ့အထိ လာရောက်လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။

သင်တန်းစတင်ဖွင့်လှစ်မည့်ရက်မှာ ၂၀၂၅ ခုနှစ်၊ မေလ (၂၀)ရက်နေ့ ဖြစ်ပြီး သင်တန်းကာလမှာ (၃)လကြာမြင့်မှာဖြစ်ပြီး၊ သင်တန်းကို အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေးနေတို့တွင် မနက် (၇) နာရီမှ (၉)နာရီအထိ တက်ရောက်ရမှဖြစ်ကာ သင်တန်းကြေးကတော့ (၃)လပေါင်းကို တစ်သိန်းကျပ်တိတိ ပေးသွင်းရမှာဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန်တက္ကသိုလ် ကုန်ထုတ်ဓာတုဗေဒဌာနမှ ထိုသင်တန်းတွင် အစားအသောက်ထုတ်လုပ်ခြင်း၊ သိမ်းဆည်းခြင်း၊ ထုပ်ပိုးခြင်း၊ ဖြန့်ဖြူးခြင်းပညာရပ်တို့အပြင် အစားအစာဘေးကင်းမှု၊ အရည်အသွေးထိန်းချုပ်ခြင်းနှင့် အာဟာရလုံလောက်မှုတို့ကိုပါ သိရှိနားလည်စေရန် သင်ကြားပေးသွားမှာဖြစ်ပြီး၊ သင်တန်းပြီးဆုံးပါက Cerficate in Food Technology အောင်လက်မှတ်ကိုလည်းပေးအပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

သင်တန်းနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို စုံစမ်းလိုပါက ရန်ကုန်တက္ကသိုလ်ရှိ ကုန်ထုတ်ဗေဒဌာနသို့ လူကိုယ်တိုင်သွား၍ဖြစ်စေ၊ ဖုန်းနံပါတ် ၀၉-၉၄၃၈၄၉၄၁၅၊ ၀၉-၈၈၃၄၉၁၈၉၀ တို့ကို ရုံးချိန်အတွင်း ဆယ်သွယ်မေးမြန်းနိုင်တယ်လို့လည်း သိရပါတယ်။

image
25 w - Translate

#ပြည်တွင်းသတင်း
◼သဘာဝဘေးကျရောက်ပါက ကူညီဆောင်ရွက်ရန် အမိန့်စောင့်ဆိုင်းရန်မလိုဟု ကရင်ပြည်နယ်ဝန်ကြီးချုပ်ပြော
သဘာဝဘေအန္တရာယ်ကျရောက်လာပါက အမြန်ဆုံးတုံ့ပြန်ကူညီဆောင်ရွက်ရန် အမိန့်တစ်စုံတရာစောင့်ဆိုင်းနေရန်မလိုကြောင်း နစက၏ကရင်ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပြောသည်။
ကရင်ပြည်နယ်အတွင်းရေကြီး/ရေလျှံမှုနှင့်ကမ်းပြို၊ မြေပြိုမှုများ နှစ်စဉ်ကြုံတွေ့ရလေ့ရှိပြီး အရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင်စီမံထားကြရမည်ဖြစ်ကာ သဘာဝဘေးကျရောက်လာပါက အမိန့်စောင့်ဆိုင်းနေရန်မလိုဘဲ အမြန်ဆုံး ကူညီဆောင်ရွက်ရမည်ဟု ၎င်းက ယမန်နေ့(မေ ၁၄ ရက်) နံနက်ပိုင်းက ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့နှင့် လုပ်ငန်းအဖွဲ့ (၁၂)ဖွဲ့တို့၏ ညှိနှိုင်းအစည်းအဝေးတွင်ပြောဆိုသည်။
"ပြည်နယ်အတွင်းသဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာရင်အတတ်နိုင်ဆုံး ဆုံးရှုံးမှုလျော့နည်း သက်သာစေရေး၊ ဘေးအန္တရာယ်မကျရောက်မီ ကြိုတင်ပြင်ဆင်ကာကွယ်နိုင်ရေး၊ ဘေးအန္တရာယ် ကျရောက်တဲ့အခါ အရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်ရေးနဲ့ ကျရောက်ပြီးပါကပြန်လည်ထူထောင်ရေး လုပ်ငန်းတွေဆောင်ရွက်နိုင်ဖို့ အခုကတည်းကကြိုတင်ပြင်ဆင်ပြီး လိုအပ်တဲ့လေ့ကျင့်မှုတွေ ဆောင်ရွက်ထားဖို့လိုအပ်ပါတယ်" ဟု ဆိုသည်။
ထို့ပြင် ယာဉ်၊ ယန္တရားနှင့်အရေးပေါ်ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းကိရိယာများကို အသင့်ပြင်ဆင် စုဖွဲ့ထားရမည်ဖြစ်ကာ မိုးလေဝသသတင်းများကိုလည်း စဉ်ဆက်မပြတ်ပြည်သူများသိရန်ထုတ်ပြန်ပေး ရမည်ဟုဆက်လက်ပြောဆိုခဲ့သည်။
သတင်း - ပိုင်လေး

image

#နိုင်ငံတကာသတင်း
◼ရုရှားအဆိုပြုခဲ့သော ယူကရိန်းငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ ပူတင်နှင့် ထရန့် မတက်
ယနေ့တွင် တူရကီနိုင်ငံ၌ ကျင်းပမည့် မော်စကိုနှင့် ကိဗ်ကြားက သုံးနှစ်အတွင်းပထမဆုံးအကြိမ်ဖြစ်မည့် တိုက်ရိုက်ဆွေးနွေးပွဲသို့ တက်ရောက်မည်မဟုတ်ကြောင်း အမေရိကန်သမ္မတ နှင့် ရုရှားသမ္မတတို့က ဖော်ပြခဲ့ကြပြီး ကရင်မလင်ကလည်း ယင်းဆွေးနွေးပွဲသို့ အတွေ့အကြုံရင့်ကျက်သော နိုင်ငံရေးပိုင်းကျွမ်းကျင်သူများကို စေလွှတ်ခဲ့သည်။
တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့၌ယနေ့တွင် မည်သည့်ကြိုတင်သတ်မှတ်ချက်မှ မထားဘဲ ယူကရိန်းနှင့် တိုက်ရိုက်ဆွေးနွေးသွားရန် တနင်္ဂနွေနေ့တွင် ပူတင်က အဆိုပြုခဲ့သည်။
ဆွေးနွေးပွဲတက်မည့် ရုရှားကိုယ်စားလှယ်အဖွဲ့တွင် သမ္မတရုံးအကြံပေး ဗလာဒီမာမီဒင်စကီး ၊ ဒုတိယကာကွယ်ရေးဝန်ကြီး အလက်ဇန်းဒါး ဖိုမင် တို့ ပါဝင်မည်ဖြစ်ကြောင်း ကရင်မလင်က ပြောကြားခဲ့ပြီး သမ္မတ ပူတင် ပါဝင်ခြင်းမရှိ‌ပေ။
ကရင်မလင်က ကိုယ်စားလှယ်အဖွဲ့ကို ကြေညာပြီးနောက် ဒေါ်နယ်ထရန့်က အစ္စတန်ဘူလ်ဆွေးနွေးပွဲကို တက်ရောက်မည်မဟုတ်ကြောင်း အမေရိကန်အရာရှိတစ်ဦး က ပြောကြားသည်။
၎င်းအနေဖြင့် ဆွေးနွေးမှုတွင် ပါဝင်ရန် ကြိုးစားနေကြောင်း အရှေ့အလယ်ပိုင်းတွင် သုံးနိုင်ငံအလည်အပတ်ခရီးသွားနေသော အမေရိကန်သမ္မတ က ယခင်က ပြောကြားခဲ့သည်။
လူကိုယ်တိုင်တက်ရောက်မည်ဆိုသည်ကို ပူတင် က မည်သည့်အချိန်ကမျှအတည် မပြုခဲ့သော်လည်း ရုရှားနှင့်အမေရိကန်သမ္မတနှစ်ဦး ပါဝင်မလာခြင်းကြောင့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ရုရှားက စတင်ခဲ့သော စစ်ပွဲအဆုံးသတ်ရေး လမ်းစ ရရှိရန် မျှော်လင့်ချက်များ လျော့ကျသွားခဲ့သည်။
ပူတင်အနေဖြင့် ‌ကြောက်ရွံ့မှုမရှိပါက ယင်းဆွေးနွေးပွဲသို့ တက်ရောက်ရန် ယူကရိန်းသမ္မတ ဇီလန်စကီး က စိန်ခေါ်ခဲ့ပြီး ယင်းမှာ ယူကရိန်းနှင့် ရုရှားကြား မည်သူက ငြိမ်းချမ်းရေးပိုမိုလိုလားကြောင်းကို အ မေ ရိကန်သမ္မတအား ပြသရန် ရည်ရွယ်ခြင်းဖြစ်သည်။
ယူကရိန်းခေါင်းဆောင်က ဗုဒ္ဓဟူးနေ့ညပိုင်းတွင် တူရကီသို့ ထွက်ခွာသွားခဲ့သော်လည်း ပူတင်တက်ရောက်လာမှသာ ဇီလန်စကီးလည်း ဆွေးနွေးပွဲသို့ တက်မှာဖြစ်ကြောင်း ယူကရိန်းအရာရှိတစ်ဦးက ပြောကြားသည်။
တူရကီဆွေးနွေးပွဲတွင် ပူတင်တက်ရောက်လာကြောင်း သေချာပြီးမှသာ တူရကီငြိမ်းချမ်းရေးဆွေးနွေးပွဲ၌ ၎င်းတို့လုပ်‌ဆောင်မည့် အဆင့်များကို ယူကရိန်းက ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ယမန်နေ့ညက ပြောကြားခဲ့သည့် ညစဉ်မိန့်ခွန်းတွင် ဇီလန်စကီး က ပြောသည်။
ရက် ၃၀ အပစ်အခတ်ရပ်စဲ‌ရေးတွင် နှစ်ဖက်စလုံးပါဝင်လာရေးကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ကအလိုရှိပြီး ဇီလန်စကီးကလည်း ထောက်ခံကြောင်း သိရသည်။
ရုရှားသမ္မတကမူ ထိုသို့ အပစ်အခတ်ရပ်စဲရေးအတွက် အသေးစိတ်များကို ညှိနှိူင်းရန် ဆွေးနွေးမှုကို ဦးစွာ လုပ်ဆောင်လိုခြင်းဖြစ်သည်။
တူရကီသို့ သွားရောက်မည့်အမေရိကန်ကိုယ်စားလှယ်အဖွဲ့တွင် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို နှင့် အတူ အထူးကိုယ်စားလှယ်များဖြစ်သော စတိဗ်ဝစ်ကော့ဖ် နှင့် ကိသ်ကဲလော့ တို့လည်း ပါဝင်သည်။
အမေရိကန်နိုင်ငံခြားရေး ရူဘီယို နှင့် တွေ့ဆုံကာ ဇီလန်စကီး၏ ငြိမ်းချမ်းရေးမျှော်မှန်းချက်ကို မျှဝေခဲ့ကြောင်း ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး အန်ဒရီးလ် ဆိုင်ဘီဟာ က ယနေ့နံနက်ပိုင်းတွင် ပြောကြားသည်။
ရှရှားကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်သော မစ္စတာမီဒင်စကီး နှင့် ဖိုမင်တို့မှာ စစ်ပွဲစတင်ပြီးနောက် ပထမဆုံးသီတင်းပတ်များတွင် နှစ်ဖက်ဆွေးနွေးမှုများ၌ ပါဝင်ခဲ့သူများ ဖြစ်ကြောင်း သိရပြီး ၎င်းတို့နှင့်အတူ အခြား စစ်ဘက်အရာရှိကြီးများ ၊ထောက်လှမ်းရေး အရာရှိများလည်း ပါဝင်ကြောင်း သိရသည်။

image

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ဂျပန်စစ်ဘက်လေယာဉ်တစ်စင်းပျက်ကျမှု အမှုထမ်းနှစ်ဦး ပျောက်ဆုံးနေ
ဂျပန်စစ်ဘက်လေ့ကျင့်ရေးလေယာဉ်တစ်စင်းသည် နိုင်ငံအလယ်ပိုင်း ရေလှောင်တမံအတွင်းပျက်ကျသွားပြီးနောက် အမှုထမ်းနှစ်ဦး ပျောက်ဆုံးနေကြောင်း တာဝန်ရှိသူများက မေ ၁၅ ရက်တွင်ပြော သည်။
လေယာဉ်အမှုထမ်းနှစ်ဦး လိုက်ပါလာသည့် တီ-၄ အလတ်စား လေယာဉ်သည် မေ ၁၄ ရက် မွန်းလွဲပိုင်းတွင် အိုင်ချီစီရင်စု အိုင်နီယာမာမြို့ အိုင်ယူကိုင်ကီရေလှောင်တမံအတွင်း ပျက်ကျသွားခဲ့ခြင်း ဖြစ်ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
လေယာဉ်သည် စီရင်စုအတွင်းရှိ လေတပ် စခန်းမှ ညနေ ၃ နာရီ ၆ မိနစ်တွင်ပျံတက်ခဲ့ပြီး နှစ်မိနစ်အကြာလေယာဉ်သည် ရေဒါပေါ်မှ ပျောက်ကွယ်သွားခဲ့သည်။ လေယာဉ်အစိတ်အပိုင်းများကို ရေလှောင်တမံအနီး ရှာတွေ့ခဲ့သော်လည်းအမှုထမ်းနှစ်ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်သည်။
အခင်းဖြစ်ရာအနီးတွင် ထိခိုက်ဒဏ်ရာရသူမရှိဟု ဂျပန်စစ်ဘက်က ပြောသည်။ လေယာဉ်သည် နိုင်ငံအနောက်တောင်ပိုင်း မီယာဇာကီစီရင်စုရှိလေတပ်စခန်းမှဖြစ်ပြီး ပျက်ကျမှုကို စုံစမ်းစစ်ဆေးနေကြောင်း၊ ရှာဖွေရေးများလည်း ဆက်လက်လုပ်ဆောင်နေကြောင်း ပြောသည်။
လေယာဉ်ပျက်ကျချိန်တွင် အမှုထမ်းများသည် အရေးပေါ်အချက်ပြ အကူအညီတောင်းခံခြင်း၊ အရေးပေါ် ခုန်ထွက်ခြင်းများ ပြုလုပ်ခြင်းမရှိခဲ့ကြောင်း သတင်းရင်းမြစ်များကို ကိုးကား၍ သတင်းဌာနများကဖော်ပြထားသည်။
အင်န်အိတ်ချ်ကေ

image
25 w - Translate

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
(မေ - ၁၆ ရက်)

#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၃၂၁၀ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၇၁၀၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
* စနစ်ဟောင်း
(၁ိ - ၁၆.၆၀၆ ဂရမ် = ၁၂၈ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၇၄၄၀၀၀၀ ကျပ်
ဝယ်ဈေး ၇၄၀၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၇၀၄၀၀၀၀ ကျပ်
ဝယ်ဈေး ၇၀၀၀၀၀၀ ကျပ်
* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၇၃၂၀၀၀၀ ကျပ်
ဝယ်ဈေး ၇၂၈၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၆၉၂၀၀၀၀ ကျပ်
ဝယ်ဈေး ၆၈၈၀၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၅၉၉ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၄၂၀ ကျပ်
ဝယ်ဈေး - ၄၃၇၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၉၀ ကျပ်
ဝယ်ဈေး - ၃၃၄၀ ကျပ်
-ယူရို
ရောင်းဈေး - ၄၉၅၀ ကျပ်
ဝယ်ဈေး - ၄၈၅၀ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၃၃.၁၁ ကျပ်
ဝယ်ဈေး - ၁၃၁.၆၁ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၃၀ ကျပ်
ဝယ်ဈေး - ၁၀၁၅ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၆၁၃ ကျပ်
ဝယ်ဈေး - ၆၀၁ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၃၀.၃၉ ကျပ်
ဝယ်ဈေး - ၂၉.၇၉ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၅၁.၇၆ ကျပ်
ဝယ်ဈေး - ၅၀.၇၅ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၁၆ ကျပ်
ဝယ်ဈေး - ၃.၁၀ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၈၈၀ ကျပ်
ဝယ်ဈေး - ၅၇၆၅ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၈၃၀ ကျပ်
ဝယ်ဈေး - ၂၇၈၀ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၇၀ ကျပ်
ဝယ်ဈေး - ၃၁၀၅ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၆၆ ကျပ်
ဝယ်ဈေး - ၅၅၅ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၂၀၂ ကျပ်
ဝယ်ဈေး - ၁၁၇၉ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image

ထရန့်နဲ့ ပူတင် လူချင်းမတွေ့ဘဲ ယူကရိန်းငြိမ်းချမ်းရေး အဆင်မချောနိုင်
အန်ကာရာ ၊ မေ-၁၆-၂၀၂၅
မျိုးဆက်(VOM)
တူရကီမှာ ကျင်းပမယ့် ရုရှား-ယူကရိန်း ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ရလဒ်တွေကို များစွာမျှော်လင့်လို့မရကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရူဘီယိုက ထုတ်ဖော်ပြောဆိုလိုက်ပြီး တိုးတက်မှုရပြီး အဆင်ချော ချင်တယ်ဆိုရင် ဒေါ်နယ်ထရန့်နဲ့ ပူတင်တို့ တွေ့ဆုံဖို့ လိုတယ်လို့ ဆိုပါတယ်။
သမ္မတထရန့်နဲ့ပူတင်တို့ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး တိုက်ရိုက်မဆက်ဆံမချင်း ဆွေးနွေးပွဲအောင်မြင်မှုရှိနိုင်မယ်မထင်ဘူးလို့ တူရကီမှာကျင်းပတဲ့ နေတိုးနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအပြီးမှာ ရူဘီယိုက ပြောပါတယ်။
အစ္စတန်ဘူလ်ဆွေးနွေးပွဲအတွက် ယူကရိန်းကိုယ်စားလှယ်အဖွဲ့ စေလွှတ်မယ်လို့ သမ္မတဇီလန်စကီးက အတည်ပြုထားပြီး ရုရှားက အဆင့်မြင့်မဟုတ်တဲ့ ကိုယ်စားလှယ်အဖွဲ့စေလွှတ်မှုအပေါ် သူက ဝေဖန်ထားပါတယ်။ အဖွဲ့ကိုဦးဆောင်မယ့် ပူတင်ရဲ့လက်ထောက် ဗလာဒီမာမက်ဒင်စကီးကတော့ ကိုယ်စားလှယ်အဖွဲ့မှာ လိုအပ်တဲ့ အရည်အချင်းရှိတယ်လို့ ပြောပါတယ်။
အရှေ့အလယ်ပိုင်းကို ရောက်ရှိနေတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကလည်း သူနဲ့ပူတင်တို့ လူချင်းမတွေ့ဆုံဘဲ ယူကရိန်းငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ သိသာထင်ရှားတဲ့တိုးတက်မှု ရှိမှာမဟုတ်ဘူးလို့ အစောပိုင်းမှာ ပြောဆိုထားပါတယ်။
ဒါပေမယ့် လူ့အသက်များစွာ သေဆုံးနေတဲ့အတွက် ဒီကိစ္စကို ဖြေရှင်းရမယ်လို့ ထရန့်ကပြောပါတယ်။ ကနဦးမှာတော့ တူရကီဆွေးနွေးပွဲကို အဆင်သင့်ရင် တက်ရောက်မယ်လို့ ပြောဆိုထားပေမယ့် နောက်ပိုင်းမှာတော့ ဝါရှင်တန်ပြန်မယ်လို့ ဆိုပါတယ်။
တူရကီ၊ အမေရိကန်၊ ယူကရိန်းနဲ့ ရုရှားကိုယ်စာလှယ်အဖွဲ့တွေဟာ ၂၀၂၂ ခုနှစ်မှာ စစ်ပွဲစတင်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ယူကရိန်းနဲ့ ရုရှား တိုက်ရိုက်ဆွေးနွေးမှုအတွက် တူရကီကို ရောက်ရှိနေကြပြီး ဒီကနေ့မှာ ဆွေးနွေးပွဲလုပ်ဖွယ်ရှိနေပါတယ်။

image

Miss Cosmo Stage ကြီးပေါ်မှာ ThaeBee လေးကို <br>အတူမြင်ရတော့မလား ✨? <br>Myanmar ?? Cambodia ?? <br>Road to