41 w - Translate

ခဝဲသီး စိုက်ပျိုးပြုစုနည်း မေးမြန်းထားတဲ့မိတ်‌ ဆွေပရိသတ်များအတွက် မျှဝေပေးလိုက်ပါတယ်ခင်ဗျာ⬇️
ခဝဲကို မြန်မာနိုင်ငံ ဒေသအနှံ့အပြားမှာ စိုက်ပျိုးကြပြီး အပင်ပုမျိုးနဲ့ အပင်ရှည်မျိုးဆိုပြီးရှိပါတယ်။ ရောဂါပိုး မွှားဒဏ်ခံပြီး ဒေသနဲ့ ကိုက်ညီတဲ့မျိုးကို ထိန်းသိမ်းစိုက်ပျိုးဖို့ လိုအပ်ပါတယ်။ အပင်ပုမျိုးဟာ အမြီးပိုင်းက တုတ်ပြီး အဖျားပိုင်းကို ရှူးသွားပါတယ်။ အရှည်မျိုးကတော့ တစ်ပေအရွယ်အစားခန့်ရှိပြီး တစ်ဖြောင့်ထဲ သေးသွယ်သွားပါတယ်။
မိုးရာသီ ဇွန်၊ ဇူလိုင်၊ သြဂုတ်လတွေမှာ အစိုက်များပြီး စက်တင်ဘာ၊ အောက်တိုဘာလတွေမှာ ခူးဆွတ်ကြပါ တယ်။ မြေပြန့်ဒေသတွေမှာ ဆောင်းနဲ့ နွေရာသီမှာလည်း စိုက်ပျိုးကြပြီး ရေကိုတော့ ဝအောင် ပေးနိုင်ဖို့ လိုပါတယ်။ ဆောင်းရာသီမှာ အောက်ခြေမှ ငါးပေအထိ အသီးအပွင့်တွေကို ခြွေပြီးမှ အပေါ်က ကျန်တဲ့ အသီးတွေကို ယူသင့်ပါတယ်။ မိုးဒဏ်ခံနိုင်ပြီး စင်တင်စနစ်၊ ဝါးတန်းထိုးစနစ်နဲ့ စိုက်ပျိုးတာများပါတယ်။
ခဝဲကို အစေ့မှ တိုက်ရိုက်စိုက်ပျိုးကြပါတယ်။ မျိုးစေ့ကို အညှောင့်ဖောက်ပြီး စိုက်ဘောင်ပေါ်မှာ တစ်ပေကြား လက်မဝက်ခန့်မြှုပ်ပြီး စိုက်ရမှာဖြစ်ပါတယ်။ စိုက်ဘောင်ကို နှစ်ပေအကျယ်၊ တစ်ပေအမြင့်ဆွဲပြီး တစ်ဘောင်နဲ့ တစ်ဘောင် (၅)ပေခြားဆွဲရပါတယ်။ တစ်ဧကမှာ အပင်ဦးရေ ၈၀၀၀ ခန့်ရအောင် စိုက်ပျိုးရမှာပါ။ စင်ပေါ်ကို မရောက်ခင်ကြားဝါးတန်းတွေကို တစ်ပေခြား ကန့်လန့်ဖြတ် ချည်ပေးရမှာဖြစ်ပါတယ်။
ခဝဲတစ်ဧက စိုက်ပျိုးဖို့အတွက် နွားချေးဆွေး လှည်း (၁၀-၂၀)စီး၊ ပုလဲ (၁-၂)အိတ်၊ တီစူပါ (၂-၄)အိတ်၊ ပို တက်ရှ် မြေသြဇာ (၁၂)အိတ်ထည့်ပေးပြီး သဘာဝမြေဆွေး၊ ကြက်ချေး၊ နွားချေး၊ တီစူပါမြေသြဇာတွေကို ရောပြီး စိုက်ဘောင်အတွင်း သမအောင်မွှေပြီးထည့်သွင်း အသုံးပြုရမှာဖြစ်ပါတယ်။ အသီးစသီးချိန်မှာ ပို တက်ရ်ှနဲ့ နွားချေးဆွေးတွေကို ရောပြီး ဘောင်အောက်ခြေမှ ဘောင်ထပ်ပြီး အစာထပ်ကျွေးရမှာဖြစ်ပါတယ်။
မြေဆီလွှာအစိုဓာတ်အမြဲရှိနေဖို့လိုအပ်ပြီး ဘောင်ပေါ်ရေလျှံမတက်အောင် သတိထားပြီး ရေသွင်းဖို့ လိုပါတယ်။
အပင်သက်တမ်း (၇၅-၈၀)ရက်ရှိတဲ့အခါ အသီးကို ခူးဆွတ်နိုင်မှာဖြစ်ပြီး အဲဒီထက်အချိန်ပိုကြာသွားရင် ရင့် သွားပြီဖြစ်ပြီး အမျှင်ပါစားလို့မကောင်းတော့ပါ။
တစ်ဧကမှ ခဝဲသီး ၂၀၀၀၀-၃၀၀၀၀ တောင့်ထွက်နိုင်ပါတယ်။

image

ယိုးဒယား သင်္ဘောသီးထောင်း စပ်စပ်လေး ပြုလုပ်နည်း
ပါ၀င်ပစ္စည်းများ
သင်္ဘောသီးစိမ်း - အနေတော် တလုံး
ပုဇွန်ခြောက် - အကောင် ၂၀ခန့်
မြေပဲလှော် - အစေ့၂၀ခန့်
ငရုတ်သီးစိမ်း - ၇တောင့်ခန့် အစပ်ကြိုက်လျှင် ပိုထည့်ပါ
ထန်းလျှက်ခဲ - ကွမ်းသီးဆံအလုံးလောက် ၃ခဲ
ကြက်သွန်ဖြူ- အမွှာကြီးကြီး ၄မွှာ
ဆား - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
ပဲတောင့်ရှည် - ၃တောင့် မရှိလို့မထည့်ထားပါ
ခရမ်းချဉ်သီး - ခပ်ကြီးကြီး တလုံး
သံပုရာသီး - တခြမ်း
ပြင်ဆင်ပုံ
သင်္ဘောသီးကို အခွံခွာပြီး အမြှောင်းရှည်ရှည်လေးတွေ ရအောင်ခြစ်ထားပါ။
ခြစ်ပြီးသော သင်္ဘောသီးများကို သင်္ဘောသီး အစိမ်းနံ့မနံအောင် ရေများများနဲ့ ဆေးပြီးရေစစ်ထားပါ။
ခရမ်းချဉ်သီးကို ၈ စိတ်စိတ်ထားပါ။
မြေပဲလှော်ကို မညက်တညက်ထောင်းပြီး ဖယ်ထားပါ။
ငရုတ်ဆုံ ခပ်ကြီးကြီးထဲမှာ ပုဇွန်ခြောက်ကို မညက်တညက် ထည့်ထောင်းပါ။
ငရုတ်သီးစိမ်းကို မညက်တညက် ရောထောင်းပါ။
ကြက်သွန်ဖြူကို မညက်တညက် ရောထောင်းပါ။
ထန်းလျှက်ခဲကို ညက်နေအောင်ထောင်းပြီးမှ သင်္ဘောသီးကို ထည့်ထောင်းပါ။
ထောင်းသော ကျည်ပွေ့ပေါ် မူတည်ပြီး သင်္ဘောသီးကို ကြည့်ထောင်းပါ။
ကျောက်ကျည်ပွေ့ဆိုပါက ၁၅ချက် အချက်၂၀လောက် ထောင်းရင်ရပါပြီ။
သစ်သားကျည်ပွေ့ဆိုပါက အချက် ၁၀၀ လောက်ထောင်းပေးမှ အရသာ၀င်ပါတယ်။
ထောင်းနေစဉ် သံပုရာရည် ညှစ်ထည့်ပြီး ဆားပါ နည်းနည်းခြင်းဆီ ထည့်ပေးပါ။
သင်္ဘောသီးထောင်းပြီးပါက ပဲတောင့်ရှည်ရှိရင် ချိုးထည့်ပြီး ၅ချက်လောက် ထောင်းပေးပါ။
ခရမ်းချဉ်သီးကိုလဲ ထည့်ပြီး၅ချက်လောက် ထောင်းပေးပြီးရင် ရပါပြီ။
စားပွဲပြင်တဲ့အခါ ပန်းကန်ထဲသို့ ငရုတ်ဆုံကိုမပြီး အရည်များရော အဖတ်များပါ သွန်ချပြီး မြေပဲထောင်း ဖြူးပေးကာ ပြင်ဆင်ရပါမယ်။
စပ်စပ်မွှေးမွှေး ယိုးဒယားသင်္ဘောသီး
ထောင်းလေးလုပ်စားကြရအောင်နော်..။
…………………………..
မုန့်တီထောင်း
ပဲသီး ခရမ်းကြွပ်သီး သဘောၤသီး ခရမ်းချဉ်သီး (နှစ်သက်ရာ) လှီးထားပါ ကြက်သွန်ဖြူ+မြေပဲ ( ကြိုက်ရင်ထည့်ပါ ) ငရုတ်နီထောင့် ထန်းလျက် ကိုထောင်းထား ပြီးတော့ အရည်ပုံစံရစေရန် ထောင်းထားတာထဲရေနွေးအနည်းငယ်ထည့် ( ထိုင်းငပိရည်သုံးတာမကြိုက်သူများအတွက်ပါ ) ငံပြာရည် ပုဇွန်ခြောက်မှုန့် အချိုမှုန့် သံပုရာရည် ထည့်ပြီးအရည်ဖျော်ပါ။ ပြီးမှ မုန့်ဖတ်ထည့်ပြီး အသာလေးသုပ်ပေးပါ။ နှစ်သက်ရာနဲ့တွဲဖက်စားလို့ရပါတယ်။
……………
ကြက်ခြေထောက်ထောင်းနည်း
********************************
ကြက်ခြေထောက်ကို ဂျင်းထုထောင်းပြီး ရေထည့် ရှာလကာရည်နည်းနည်းထည့်ပြီး နူးတဲ့ထိပြုတ်ထားပါ ကြက်သွန်ဖြူ ငရုတ်သီး ထန်းလျက် ပုဇွန်ခြောက်တွေကို ထောင်း ထားပါ။ ငံပြာရည် နဲ့ အချိုမှုန့်ထည့်ပါ။ ခရမ်းချဉ်သီး ကိုလှီးပြီးထည့်ပါ။ နောက်ဆုံး ရှမ်းနံနံ သို့ တရုတ်နံနံ ထည့်လိုက်ပါ။ မြေပဲလှော် နှစ်သက်ရင်ထည့်ပါ။ သံပရာသီး ညှစ်ပါ။ ဒါဆို ထိုင်းstyle ကြက်ခြေထောက်ထောင်းလေးရပါပြီ။

image

ဘဲ ဥအာလူးမဆလာဟင်း
ဘဲဥလေးပြုတ် ခွာပြီးတစ်ပါတ်လည်ဓါးရာလေးပေးထားပါ
အာလူးခွာအရှည်လေးတွေတုံးပြီးကြော်ပါ
ကြက်သွန်ဖြူနီဂျင်းကြိတ်ပြီးဆီသတ်ပါ မဆလာထည့်ပါ
ခြောက်သွားရင် ငြုပ်သီးအရောင်တင် နနွင်းထည်ပါ
ခရမ်းချဉ်သီးကြိတ်ထားတာထည့်ပါ
ရေခမ်းရင် ဘဲဥ အာလူးထည့်ပါ ဆားသင့်တော်ရုံထည့်ပါ
ရေလေးထည့်ပါ မီးနည်းနည်းနဲ့ ကြာကြာလေးတည်ထားပါ
ကြာညို့ပဲရည်အပြစ်နည်းနည်းထည့်ပါ
ကျက်ရင်ရပါပြီ

image
41 w - Translate

pluto အကြောင်း သိပ်မပြောချင်ပေမဲ့ Saturn နဲ့ နှစ်ခုတိုက်နေတော့ စကော်တွေ ဂရုစိုက်ဖို့လိုလာပြီ😭
လမ်းသွားရင် ခလုတ်တိုက် ကားနဲ့သွားရင် ကားနဲ့ပွတ် 😑
သူ့ဟာသူကိုဟိုဟာနဲ့ထိ ဒီဟာနဲ့တိုက် တကိုယ်လုံးလဲအညိုမဲတွေချည်း🥲
ကိုယ့်လိုဖြစ်နေတဲ့စကော်တွေလဲရှိနိုင်လို့ သတိလာပေးတာ🥹
စကော်မဟုတ်တဲ့တခြားsign ဆိုရင်
Taurus ♉️, Leo ♌️, Cancer ♋️,Libra ♎️
တွေဂရုစိုက်ပါ🤍

image

အဲ့လိုပဲပြောပြီး ခံရတာ”)

41 w - Translate

Angel message for 2025 June 🪽✨
pisces ♓️
ကောင်းသောအရာများကောင်းသောသတင်းများဒီလအတွင်းကြုံတွေ့ရမယ်။အကောင်းဘက်ကိုပိုဦးဆောင်နေတဲ့ကာလဖြစ်တာကြောင့် ကိုယ်လုပ်နေတဲ့အရာတွေမှန်သမျှ70%နီးပါးအောင်မြင်မယ်။နိုင်ငံခြားကံ၊ပညာရေး၊အင်တာဗျူးကိစ္စ၊အချစ်ရေးကံမြင့်နေပါတယ်။
Virgo ♍️
အကောင်းနဲ့အဆိုးဒွန်တွဲတဲ့ကာလဖြစ်တယ်။ကို့ရဲ့ဘဝမှာကိစ္စတချို့ကအဆင်ပြေနေပေမဲ့ ကို့ရဲ့စိတ်က အလိုမကျခြင်း၊စိတ်ဖိစီးခြင်း၊အထီးကျန်ခြင်းတို့ခံစားနေရတတ်တယ်။ကို့အနီးနားမှာ မိမိကိုယ်တိုင်မသိပဲ မိမိအားမနာလို တိုက်ခိုက်ချင်သူများလဲရှိနေတတ်ပါတယ်။
Libra ♎️
ရွေးချယ်မူဆုံးဖြတ်ချက်တွေခိုင်မာစွာချရမယ့်အချိန်တခုဖြစ်တယ်။တွေဝေနေတာတွေဗျာများနေတာတွေ ဒွိဟဖြစ်နေတာတွေရပ်သင့်ပါပြီ။လှေနံ နှစ်ဖက်နင်းတာတွေ မပြတ်သားတာတွေဆက်လုပ်နေရင် အခြေနေတွေပိုဆိုးလာဖို့ပဲရှိပါတယ်။တခုခုကိုသေချာဆုံးဖြတ်တာနဲ့လမ်းမှန်ပေါ်ရောက်ရှိမယ်။
Sagittarius ♐️
ဒီကာလကတော့ ကိုယ်ကြိုးစားသလောက်ထိုက်တန်စွာပြန်ရမယ့်ကာလပါပဲ ။ကြိုးစားတဲ့အရာတွေအတွက်ထိုက်တန်တဲ့ဆုတွေရနိုင်သလို မဟူတ်တာလုပ်ထားရင်လဲပေးဆပ်ရပါမယ်။ပညာရေး၊အလုပ်ကိုင်နဲ့ ရာထူးတိုးကိစ္စများကောင်းမွန်၍အချစ်ရေးညံ့ပါတယ်။
အားလုံးအတွက်ကြည့်တာမျိုးမို့ အနဲငယ်လွဲတာဖြစ်နိုင်ပါတယ်🥰

image
41 w - Translate

◾️Cashier - Mandalay
Salary Range: Negotiation
https://www.joimyanmar.com/job/detail/23862

◾️Bar Staffs - Mandalay
Salary Range: MMK 200,000 - 300,000
https://www.joimyanmar.com/job/detail/23861

◾️Sale Leader - Mandalay
Salary Range: Negotiation
https://www.joimyanmar.com/job/detail/23859

image
41 w - Translate

◾️Driver - Yangon
Salary Range: MMK 300,000 - 400,000
https://www.joimyanmar.com/job/detail/24003

◾️Waitress - Yangon
Salary Range: Negotiation
https://www.joimyanmar.com/job/detail/23777

◾️Cashier - Yangon
Salary Range: MMK 200,000 - 300,000
https://www.joimyanmar.com/job/detail/23943

◾️Junior Accountant - Yangon
Salary Range: MMK 200,000 - 300,000
https://www.joimyanmar.com/job/detail/23778

image

လုံးလုံး ကစ်ကစ် လုံး ကစ်ကစ်

41 w - Translate

◾️Driver - Yangon
Salary Range: MMK 300,000 - 400,000
https://www.joimyanmar.com/job/detail/23932

◾️Sales Staff - Yangon
Salary Range: MMK 200,000 - 300,000
https://www.joimyanmar.com/job/detail/23928

◾️Page Admin - Yangon
Salary Range: MMK 300,000 - 400,000
https://www.joimyanmar.com/job/detail/23926

◾️Tele Sales Admin - Yangon
Salary Range: MMK 300,000 - 400,000
https://www.joimyanmar.com/job/detail/23931

◾️Junior Accountant - Yangon
Salary Range: MMK 400,000 - 500,000
https://www.joimyanmar.com/job/detail/23930

image