Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
________________________________________
မိုးရာသီအတွက် ရာသီစာ ဟင်းလျာ ချက်ပြုတ်နည်းများလေးတွေကိုဖော်ပြပေးလိုက်ပါတယ်။ 🌧️🍜
မိုးအေးအေးနဲ့ စိုစွတ်တဲ့ ရာသီဥတုမှာ ပူပူနွေးနွေး အရသာရှိတဲ့ အစားအစာလေးတွေက ခန္ဓာကိုယ်ကို နွေးထွေးစေပြီး စိတ်ကိုလည်း ကြည်နူးစေပါတယ်။ မိုးရာသီနဲ့ လိုက်ဖက်တဲ့၊ ပြုလုပ်ရလွယ်ကူတဲ့ ရာသီစာ ဟင်းလျာချက်ပြုတ်နည်းတွေကိုကြည့်လိုက်ရအောင်နော်။
________________________________________
၁။ ပဲကြီးဟင်း (စပ်စပ်လေး)
မိုးအေးအေးမှာ ပဲကြီးဟင်းပူပူလေးနဲ့ ထမင်းဖြူပူပူစားရတာ ဘာနဲ့မှ မလဲနိုင်ပါဘူး။ ဒီပဲကြီးဟင်းကို ချက်ပြုတ်ဖို့အတွက် ပထမဆုံး ပဲကြီး (ပြုတ်ပြီးသား) ၂၅၀ ဂရမ်၊ ကြက်သွန်နီ ၁ လုံး (လှီးပြီးသား)၊ ကြက်သွန်ဖြူ ၃ မွှာ (ထောင်းထား)၊ ချင်း လက်မဝက်ခန့် (ထောင်းထား)၊ ငရုတ်သီးစိမ်း ၅ တောင့် (ညှပ်ပြီးသား၊ အစပ်ကြိုက်ရင် ပိုထည့်ပါ)၊ ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း၊ ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း (သို့) အရသာအလိုက်၊ ဟင်းခတ်မှုန့် အနည်းငယ်၊ နနွင်းမှုန့် လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ၊ ငရုတ်သီးအရောင်တင်မှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်၊ နံနံပင် အနည်းငယ် (အလှဆင်ရန်) နဲ့ ပဲကြီးမြုပ်အောင် ရေတို့ လိုအပ်ပါမယ်။
ချက်ပြုတ်နည်းကတော့၊ အိုးတစ်လုံးထဲမှာ ဆီအပူပေးပြီး နနွင်းမှုန့်အနည်းငယ်ထည့်ပါ။ ပြီးရင် လှီးထားတဲ့ ကြက်သွန်နီ၊ ထောင်းထားတဲ့ ကြက်သွန်ဖြူ၊ ချင်းတို့ကို ရွှေရောင်သန်းလာတဲ့အထိ ဆီသတ်ပါ။ ထို့နောက် ငရုတ်သီးအရောင်တင်မှုန့်ထည့်ပြီး မွှေပေးပါ။ ပြုတ်ပြီးသား ပဲကြီးတွေကို ထည့်ပြီး ခဏမွှေပေးပါ။ ပဲကြီးမြုပ်အောင် ရေထည့်ပြီး ဆား၊ ဟင်းခတ်မှုန့်၊ ငရုတ်သီးစိမ်းတို့ ထည့်ကာ မီးအေးအေးနဲ့ ၁၀-၁၅ မိနစ်ခန့် တည်ပါ။ ပဲကြီးဟင်း စိမ့်ပြီး ပျစ်လာပြီဆိုရင် မီးပိတ်ပြီး နံနံပင်လေးတွေ အပေါ်ကနေ ဖြူးပေးပါ။ ထမင်းပူပူလေးနဲ့ တွဲဖက်သုံးဆောင်နိုင်ပါတယ်။
________________________________________
၂။ ပုစွန်ချဉ်စပ်ဟင်းချို (သို့မဟုတ်) ကြက်သားချဉ်စပ်ဟင်းချို
မိုးရာသီမှာ အအေးမိတတ်တဲ့အတွက် ခုခံအားကောင်းစေဖို့ ချဉ်စပ်ဟင်းချိုပူပူလေးက အကောင်းဆုံးပါပဲ။ ဒီဟင်းချိုချက်ဖို့အတွက် ပုစွန် (သို့မဟုတ်) ကြက်သား (အတုံးသေးလေးများတုံး) ၂၅၀ ဂရမ်၊ (ကောက်ရိုးမှို) ၁၀၀ ဂရမ်၊ ခရမ်းချဉ်သီး ၁ လုံး (အတုံးကြီးတုံး)၊ ကြက်သွန်နီ ၁ လုံး (လေးစိတ်စိတ်)၊ ချင်း လက်မဝက်ခန့် (ပါးပါးလှီး)၊ စပါးလင် ၁ ပင် (တုံးထား)၊ ရှောက်ရွက် ၃-၄ ရွက်၊ ငရုတ်သီးစိမ်း ၃ တောင့် (ညှပ်ပြီးသား၊ အစပ်ကြိုက်ရင် ပိုထည့်ပါ)၊ ငရုတ်ဆီ (သို့မဟုတ်) ငရုတ်သီးအရောင်တင်မှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ငါးငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း၊ သံပရာရည် စားပွဲတင်ဇွန်း ၃ ဇွန်း (သို့) အရသာအလိုက်၊ နံနံပင် အနည်းငယ် (အလှဆင်ရန်)၊ ဟင်းခတ်မှုန့် အနည်းငယ် နဲ့ ရေ ၃ ခွက်တို့ လိုအပ်ပါတယ်။
ချက်ပြုတ်နည်းကတော့၊ အိုးထဲမှာ ရေထည့်ပြီး ဆူအောင် တည်ပါ။ ရေဆူလာရင် ချင်း၊ စပါးလင်၊ ကြက်သွန်နီတို့ကို ထည့်ပါ။ ပြီးရင် ပုစွန် (သို့မဟုတ်) ကြက်သားထည့်ပြီး ကျက်အောင် တည်ပါ။ ထို့နောက် เห็ดฟาง၊ ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်း၊ ငရုတ်ဆီ (သို့မဟုတ်) ငရုတ်သီးအရောင်တင်မှုန့်တို့ကို ထည့်ပြီး ၁-၂ မိနစ်ခန့် ဆက်တည်ပါ။ ငါးငံပြာရည်၊ သံပရာရည်၊ ဟင်းခတ်မှုန့်တို့ကို ထည့်ပြီး အရသာမြည်းပါ။ လိုအပ်ရင် ထပ်ထည့်နိုင်ပါတယ်။ မီးမပိတ်ခင် ရှောက်ရွက်လေးတွေ ထည့်ပြီး ၁၀ စက္ကန့်ခန့် ထားပါ။ မီးပိတ်ပြီး ပန်းကန်ထဲ ထည့်ကာ နံနံပင်လေးတွေ ဖြူးပေးပါ။ ပူပူနွေးနွေး သုံးဆောင်နိုင်ပါတယ်။
________________________________________
၃။ ဂျုံမှုန့်ကြော် (မိုးရာသီ မုန့်ပဲသရေစာ)
မိုးတဖွဲဖွဲရွာနေတဲ့ ညနေခင်းမျိုးမှာ လက်ဖက်ရည်ပူပူလေးနဲ့ ဂျုံမှုန့်ကြော်ပူပူလေးက အလိုက်ဖက်ဆုံးပါပဲ။ ဒီဂျုံမှုန့်ကြော်လုပ်ဖို့အတွက် ဂျုံမှုန့် ၁ ခွက်၊ ဆန်မှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း၊ ကြက်သွန်ဖြူ ၁ မွှာ (ထောင်းထား)၊ ချင်း လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ (ထောင်းထား)၊ ငရုတ်သီးစိမ်း ၁ တောင့် (နုပ်နုပ်စဉ်း)၊ နနွင်းမှုန့် လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ၊ ဆား လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ (သို့) အရသာအလိုက်၊ မပျစ်မကျဲ ဖျော်ရန် ရေ (လိုအပ်သလောက်)၊ နံနံပင် စားပွဲတင်ဇွန်း ၁ ဇွန်း (နုပ်နုပ်စဉ်း) နဲ့ ကြော်ရန်ဆီတို့ လိုအပ်ပါမယ်။
ပြုလုပ်နည်းကတော့ ဇလုံတစ်ခုထဲမှာ ဂျုံမှုန့်၊ ဆန်မှုန့်၊ ကြက်သွန်ဖြူ၊ ချင်း၊ ငရုတ်သီးစိမ်း၊ နနွင်းမှုန့်၊ ဆား၊ နံနံပင်တို့ကို ရောမွှေပါ။ ပြီးရင် ရေကို တစ်ဖြည်းဖြည်းချင်းစီ ထည့်ပြီး မပျစ်မကျဲဖြစ်အောင် (အကြော်မှုန့်လို အနေအထား) မွှေဖျော်ပါ။ ဒယ်အိုးထဲမှာ ဆီအပူပေးပါ။ ဆီပူလာပြီဆိုရင် ဖျော်ထားတဲ့ ဂျုံမှုန့်ရည်ကို ဇွန်းနဲ့ ခပ်ယူပြီး အိုးထဲကို တဖြည်းဖြည်းချင်းစီ လောင်းထည့်ပါ။ (အဝိုင်းပုံသဏ္ဍာန်ဖြစ်အောင်) နှစ်ဖက်လုံး ရွှေညိုရောင်သန်းပြီး ကြွပ်လာတဲ့အထိ ကြော်ပါ။ ကြော်ပြီးသား ဂျုံမှုန့်ကြော်များကို ဆီစစ်စက္ကူပေါ် တင်ပြီး ဆီစစ်ပါ။ လက်ဖက်ရည်ပူပူနဲ့ တွဲဖက်သုံးဆောင်နိုင်ပါတယ်။
________________________________________
မိုးရာသီမှာ ရာသီဥတုအေးတဲ့အတွက် ဟင်းချက်တဲ့အခါ ချင်း၊ ကြက်သွန်ဖြူ၊ ငရုတ်ကောင်း စတဲ့ အပူဓာတ်ပေးတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေကို ပိုထည့်ပေးနိုင်ပါတယ်။ ဟင်းချိုပူပူ၊ အစပ်များတဲ့ဟင်းလျာတွေနဲ့ ကြော်ထားတဲ့ မုန့်ပဲသရေစာတွေဟာ မိုးရာသီနဲ့ အထူးလိုက်ဖက်ပါတယ်။
ဒီချက်ပြုတ်နည်းလေးတွေက မိုးရာသီမှာ မိမိကိုယ်ကို နွေးထွေးပျော်ရွှင်စေပြီးတော့ မိသားစုနဲ့အတူ စားလို့ရတဲ့အတွက် တစ်ခုခု အထောက်အကူပြုလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ စမ်းကြည့်လိုက်ပါဦးနော်!
________________________________________
Polish and allied planes briefly scrambled early on Monday in Polish airspace, as Russia targeted nearby Ukraine with aerial strikes, the Polish armed forces said.
https://abcnews.go.com/Interna....tional/polish-allied
Police in Las Vegas said they were responding late Sunday to a shooting on the Las Vegas Strip.
"We are responding to a shooting in the 3600 block of S. Las Vegas Boulevard," the Las Vegas Metro Police Department said on social media. "The shooting did not occur inside a casino. Please avoid the area."
Read more: https://abcnews.link/B2N7iyF
Police in Las Vegas said they were responding late Sunday to a shooting on the Las Vegas Strip.
https://abcnews.go.com/US/las-....vegas-police-respond
Israeli forces stopped a Gaza-bound aid boat carrying Greta Thunberg and other activists early Monday and diverted it to Israel.
https://abcnews.go.com/Interna....tional/wireStory/isr
ရွှေပြည်သာ Rum Yang အထည်ချုပ်စက်ရုံ အလုပ်သမားတွေ လစာတိုးမြှင့်ရေး ဆက်လက်တောင်းဆို
ဇွန် ၉ - ၂၀၂၅
SN (VOM)
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်၊ မဟာမြိုင်လမ်းရှိ Rum Yang (Myanmar) အထည်ချုပ်စက်ရုံမှာ လုပ်ခလစာ တိုးမြှင့် တောင်းဆိုနေတဲ့ အလုပ်သမားတွေနဲ့ အလုပ်ရှင်တို့ကြား ပဋိပက္ခတွေ ဖြစ်ပွားနေတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေနဲ့ အလုပ်သမားတွေဆီက သိရပါတယ်။
Rum Yang အထည်ချုပ်စက်ရုံဟာ TEERANOVA ၊ AMISU အမှတ် တံဆိပ်တွေ ချုပ်လုပ်တဲ့ စက်ရုံဖြစ်တယ်လို့ သိရပြီး လက်ရှိမှာတော့ စက်ရုံလုပ်သားတွေဟာ ဒေးကြေး တသောင်းသုံးထောင်ကျပ်၊ အချိန်ပိုကြေး ၂၅၀၀ ကျပ်၊ ရက်မှန်ကြေး ခြောက်သောင်းကျပ် တိုးမြှင့်ပေးဖို့နဲ့ Grade ကြေး ညှိပေးဖို့ ပြီးခဲ့တဲ့ ဇွန် ၆ ရက်နေ့ကတည်းက တောင်းဆိုနေကြတာ ဖြစ်တယ်လို့ သိရပါတယ်။
“ဒီမနက်မှာ လုပ်ခလစာ တိုးမြှင့်ပေးဖို့ တောင်းဆို နေသူတွေကို ခြိမ်းခြောက် လက်မှတ်ထိုးဖို့ဆိုပြီး စူပါက အဓမ္မ ဆွဲခေါ်ပြီး စက်ရုံတံခါးကို ပိတ်ထားလိုက်တယ်။ အခုတောင်းဆိုနေတဲ့ အလုပ်သမားတွေနဲ့ ပဋိပက္ခတွေဖြစ်ကုန်တယ်။ အလုပ်သမား ၅၀ လောက်ကို စူပါတွေက အထဲကို ခေါ်သွားတယ်” လို့ အလုပ်သမားတယောက်က ပြောပါတယ်။
ဒီကနေ့ ဇွန် ၉ ရက်၊ မနက် ၈ နာရီခွဲလောက်မှာတော့ ဒေးကြေးတိုးပေးဖို့ တောင်းဆိုနေတဲ့ အထည်ချုပ် အလုပ်သမားတွေထဲက လုပ်သား အယောက် ၅၀ ကို လက်မှတ်ထိုးခိုင်းဖို့ စက်ရုံစူပါက စက်ရုံထဲခေါ်ပြီးနောက် ပြန်မထွက်ခိုင်းတော့ဘဲ တံခါးပိတ်ထားလိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။
“တောင်းဆိုတာတွေ ဆက်မလုပ်ဖို့ ဖိအားပေးတဲ့ သဘောပါ။ အလုပ်သမားတွေက မနက်က စက်ရုံအပြင်မှာ တောင်းဆိုမှုတွေ လုပ်နေတဲ့အချိန်မှာ စူပါတွေကနေပြီးတော့ attendance လက်မှတ်ထိုးမယ် ဆိုပြီးတော့ စက်ရုံထဲကိုခေါ်တယ်။ ခေါ်လည်းခေါ်ပြီးရော၊ အထဲလည်းရောက်ရော သော့ခတ်ပစ်လိုက်တယ်။ ပြန်ထွက်လာလို့ မရတော့ဘူး။ အခုကတော့ အခြေအနေ ဘယ်လိုရှိလဲ စောင့်ကြည့်နေတယ်” လို့ အလုပ်သမားအရေး ဆောင်ရွက်နေသူက ပြောပါတယ်။
လတ်တလော အခြေအနေမှာတော့ အဲဒီစက်ရုံကို ရွှေပြည်သာ လေဘာရုံးက ဦးစီး လေးယောက် ရောက်ရှိနေပြီး ညှိနှိုင်းမှု လုပ်ဆောင်နေတယ်လို့ သူက ပြောပါတယ်။
အခုလို အလုပ်သမား အယောက် ၅၀ ကို အပြင်ပေးမထွက်ဘဲ တံခါးပိတ်ထားတာနဲ့ ပတ်သက်လို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေအနေနဲ့ သက်ဆိုင်ရာ နယ်မြေရဲစခန်းမှာ အမှုဖွင့်ဖို့ ကနဦး ဆုံးဖြတ်ထားပေမယ့် ကာယကံရှင်တွေ ကိုယ်တိုင်က စက်ရုံထဲက ထွက်မလာချင်ဘူးလို့ ပြောဆိုကြတဲ့အတွက် သူတို့တွေရဲ့ ဆန္ဒမပါဘဲ ဘာမှ ဆက်လုပ်လို့မရဘူးလို့ ဆိုပါတယ်။
တောင်းဆိုမှုတွေကို အခုလိုမျိုး ပိတ်ပင်ဖို့ မလိုသလို အလုပ်သမားတွေ တောင်းဆိုနေတာတွေဟာလည်း ညှိဖို့အတွက် တောင်းဆိုနေတာ ဖြစ်တာကြောင့် ဒီဟာတွေအပေါ်မှာ အခုလိုမျိုး ကန့်သတ်တာတွေ၊ ချုပ်ချယ်တာတွေ၊ ခြိမ်းခြောက်တာတွေ၊ ဖိနှိပ်တာတွေ မလုပ်သင့်ဘူးလို့ သူက ပြောပါတယ်။
လက်ရှိမှာတော့ စက်ရုံဘက်က ကနဦးကတည်းက ဒေးကြေး ကျပ် တသောင်း ပေးထားပြီးသား ဖြစ်တဲ့အတွက် ထပ်မံ တိုးမြှင့်ပေးဖို့ မဖြစ်နိုင်တော့ဘူးလို့ ပြောဆိုနေတာဖြစ်တယ်လို့ သိရပါတယ်။
အလုပ်သမားတွေဘက်ကတော့ စက်ရုံကပေးတဲ့ ဒေးကြေး၊ အချိန်ပိုကြေး၊ ရက်မှန်ကြေးအပြင် Grade ကြေး အတိုးအလျော့ များစွာ ကွာဟနေတဲ့အတွက်လည်း ညှိပေးဖို့ တောင်းဆိုနေတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
“Grade A ဆိုရင် ဘယ်လောက်၊ Grade B , Grade C ဆိုရင် ဘယ်လောက်ဆိုပြီး ပေးထားတာရှိတယ်။ ဥပမာ Grade A ကို ကျပ် ခြောက်သောင်း ပေးထားတယ်ဆိုပါစို့။ အဲဒါကို နှစ်ယောက်၊ သုံးယောက်လောက်ပဲ ပေးပြီးတော့ Grade B , Grade C တွေမှာကျတော့ နှစ်သောင်း၊ သုံးသောင်း၊ လေးသောင်း၊ အဲဒီလိုမျိုး လုပ်ခလစာတွေ ကွာနေလို့ သူတို့က တောင်းကြတာ” လို့ သူက ပြောပါတယ်။
အထည်ချုပ် စက်ရုံတွေမှာ တရုံနဲ့တရုံ လစာ ပေးတာတွေလည်း မတူသလို ညှိတာတွေ၊ တောင်းတာတွေလည်း မတူကြတဲ့အတွက် တချို့သော ကိစ္စရပ်တွေမှာ အထည်ချုပ်ရဲ့ လစာအခြေအနေနဲ့ ပတ်သက်လို့ ပြောဖို့ ခက်ခဲတယ်လို့ ဆိုပါတယ်။
“စက်ရုံ တရုံနဲ့တရုံက ပေး skill ချင်းမတူကြတော့ တခုတည်းကိုကြည့်ပြီး သုံးသပ်လို့မရဘူး။ အထည်ချုပ်ရဲ့ သဘောသဘာဝက မက်လုံးများတယ်။ အလုပ်သမား အလုပ် လုပ်ချင်အောင်လို့၊ ထုတ်ကုန် ထွက်အောင်ဆိုပြီးတော့ တရုံနဲ့တရုံ ပေးထားတဲ့ မက်လုံးတွေက မတူကြဘူး။ အဲဒီအပေါ်မှာ တချို့ကကျတော့ ပေးထားပေမယ့်လည်း လူတိုင်း မရတာမျိုးပေါ့။ သူတို့မကြိုက်တဲ့ အကြောင်းတခုခုကြောင့် ဖြုတ်ချပစ်လိုက်တာမျိုးဆို အလုပ်သမား အရမ်းနစ်နာတယ်။ ဒါကြောင့်မို့လို့ ဒေးကြေးတွေ တိုးတောင်းကြတာ” လို့ သူက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ကုန်စျေးနှုန်းနဲ့ လူနေမှုစရိတ် တနေ့ထက်တနေ့ ကြီးမြင့်လာတာတွေကြောင့် လက်ရှိ အခြေခံလုပ်သားတွေ ရရှိတဲ့ လုပ်ခလစာတွေဟာ ဖူလုံမှုမရှိတဲ့အတွက် စက်ရုံလုပ်သားတွေဟာ လုပ်ခ တိုးမြှင့်ပေးဖို့ တောင်းဆိုနေကြတာ ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီလို တောင်းဆိုတဲ့အခါ စက်ရုံအများစုက အခြေခံလုပ်ခလစာ နှုန်းထားကို တိုးမပေးကြတာများပြီး နေ့စားခ (ဒေးကြေး) လိုမျိုး ခိုင်မာမှုမရှိတဲ့ ထောက်ပံ့ကြေး ခေါင်းစဉ်နဲ့သာ တိုးပေးတာတွေရှိနေတယ်လို့ သိရပါတယ်။
စက်ရုံတချို့မှာ အလုပ်ရှင်၊ အလုပ်သမား ညှိနှိုင်းတဲ့အခါ အစိုးရအဖွဲ့ဝင်တွေသာ ပါဝင်တဲ့ ညှိနှိုင်းရေးအဖွဲ့တွေနဲ့သာ ဆွေးနွေးကြပြီး အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်မှ ကိုယ်စားလှယ်တွေကို ဝင်ရောက် ညှိနှိုင်းခွင့် မပြုကြတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
Photo - STUM