Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ပိုင်တံခွန်နဲ့ အမဖြစ်သူတို့ရဲ့ မင်္ဂလာပွဲမှာ ဝမ်းနည်းမျက်ရည်ကျခဲ့တဲ့ လင်းမြဖူးရဲ့ ညီမလေး 🥹
သရုပ်ဆောင် ပိုင်တံခွန်နဲ့ အမဖြစ်သူတို့ လက်ထပ်ထိမ်းမြားသွားတဲ့အပေါ်မှာ မျက်ရည်ကျခဲ့တာပါ။ အမဖြစ်သူရဲ့ စုလျားရစ်ပတ်မင်္ဂလာပွဲကိုကြည့်ပြီး ညီမတစ်ယောက်ရဲ့ ဝမ်းနည်းမျက်ရည်တွေကျခဲ့သလို မင်္ဂလာညစာစားပွဲမှာလည်း အမဖြစ်သူနဲ့ ဖြတ်သန်းခဲ့ဖူးတဲ့ ဆက်ဆံရေးတွေအကြောင်းကို မျက်ရည်တွေနဲ့ပြောပြခဲ့တာပါ။
Date With Me season 2 မှာတော့ ပထမဆုံး အမျိုးသမီး အနုပညာရှင်အဖြစ် ပါဝင်လာတဲ့ ဖွေးဖွေးနဲ့ date ခွင့်ရဖို့ ကြိုးစားတာက အမျိုးသားပရိသတ်တွေတင် မဟုတ်ဘဲ အမျိုးသမီး ပရိသတ်တွေလည်း ပါဝင်တယ်လို့ အစီအစဉ်တင်ဆက်သူ ဆန်းထွဋ်က ပြောပါတယ်။
ဖွေးဖွေးက ယောက်ကျားလေးပရိသတ်တင် မဟုတ်ဘူး မိန်းကလေးပရိသတ်လည်း များတာမို့ ပြိုင်ပွဲမှာ အနိုင်ရမယ့်သူက ယောက်ကျားလေးဖြစ်မယ် သေချာပေါက် ပြောမရဘူးလို့လည်း သူက ဆိုသွားပါတယ်။
ပိုင်တံခွန်ရဲ့ မင်္ဂလာပွဲကို အဖြူရောင် Dress နဲ့ ပွဲတက်ခဲ့လို့ ဝေဖန်ခံနေရတဲ့ ပန်းရောင်ခြယ် 🥹
အဆိုတော်နှင့် သရုပ်ဆောင် ပန်းရောင်ခြယ်ရဲ့ ပွဲတက်ဝတ်စုံကို ဝေဖန်နေကြတာဖြစ်ပါတယ်။ သူမဝတ်ဆင်ခဲ့တဲ့ Dress ဟာ အဖြူရောင်ဖြစ်ပြီး Wedding Gown ကဲ့သို့ ပုံစံမျိုးဖြစ်နေတာကြောင့် သတို့သမီးကဲ့သို့ဖြစ်နေတယ်ဆိုပြီး ဝေဖန်နေကြတာပါ။ သူမကတော့ ဒီပွဲကိုဘယ်လိုပုံစံနဲ့တက်လိုက်မယ်ဆိုပြီး ဒီဇိုင်နာတွေနဲ့ကြိုတင်ချုပ်လုပ်ခဲ့တာမဟုတ်ဘဲ ပွဲမတိုင်ခင်ညမှ ဆိုင်ကနေ Ready made အထည်ကိုသွားရောက်ဝယ်ယူဝတ်ဆင်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ သူမလိုပဲ အဖြူရောင်ဝတ်ဆင်လာသူတွေ ပွဲထဲမှာရှိကြောင်း သူမက ပြောပါတယ်။