124 yrs - Translate

Performers from 15 countries battled it out in front of thousands of fans in Basel, Switzerland for ten spots in Saturday's Eurovision Song Contest final, with the result decided by viewers' votes.
Read more: https://abcnews.visitlink.me/kd89mD

imageimage
+4
124 yrs - Translate

IN MEMORIAM: Remembering Frank Sinatra, who died on this day in 1998. https://abcnews.visitlink.me/Iq7TqP

image
25 w - Translate

JUST IN: The White House said Pres. Trump met with interim Syrian Pres. Ahmed al-Sharaa during his visit to Saudi Arabia on Wednesday.
Follow live updates: https://abcnews.link/UElSAu9

image

#နိုင်ငံတကာသတင်း
◼ ဥရုဂွေးနိုင်ငံမှ ကမ္ဘာ့အဆင်းရဲဆုံးသမ္မတဟောင်း မူဂျီကာ ကွယ်လွန်
ကမ္ဘာ့အဆင်းရဲဆုံးသမ္မတဟု ကျော်ကြားခဲ့သော ဥရုဂွေးသမ္မတဟောင်း ဟိုဆေးပီပီမူဂျီကာ အသက် (၈၉) နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့ပြီးနောက် ၎င်း၏ နှိမ့်ချမှုနှင့် တိုးတက်သောနိုင်ငံရေးအမြင်များကြောင့် လေးစားချစ်ခင်ကြသော ပြောက်ကျားတော်လှန်ရေးသမားဟောင်းကြီးအား လက်တင်အမေရိကခေါင်းဆောင် အများအပြားက ချီးမွမ်းစကားများ ပြောကြားခဲ့ကြသည်။
တော်လှန်ရေးလုပ်ငန်းများကြောင့် အကြိမ်ကြိမ်ဖမ်းဆီးခံခဲ့ရပြီး အကျဉ်းထောင်ထဲ၌ ၁၂ နှစ်ကျော် နေထိုင်ခဲ့ရသော မူဂျီကာသည် ကင်ဆာရောဂါနှင့် တိုက်ပွဲတွင် ရှုံးနိမ့်ခဲ့ပြီး ရောဂါက ပျံ့နှံ့နေပြီဖြစ်ကြောင်း နှင့် ကုသမှုများအား ရပ်တန့်တော့မည်ဖြစ်ကြောင်း ၎င်းက ဇန်နဝါရီ လတွင် ကြေညာခဲ့သည်။
“ကျွန်တော်တို့ရဲ့ ရဲဘော်ရဲဘက် ပီပီူဂျီကာ ကွယ်လွန်သွားကြောင်းကို စိတ်မကောင်းခြင်းကြီးစွာနဲ့ ကြေညာပါတယ်။ သမ္မတ၊ တက်ကြွလှုပ်ရှားသူ၊ လမ်းညွှန်ပေးသူ နဲ့ ခေါင်းဆောင်တစ်ဦးပါ။ ကျွန်တော်တို့လွမ်းဆွတ်တမ်းတနေမှာပါ။ မိတ်ဆွေဟောင်းကြီး။” ဟု ဥရုဂွေးနိုင်ငံ၏ လက်ရှိသမ္မတ ယာမန်ဒူအော်စီ က လူမူမီဒီယာ X ပေါ်တွင် ရေးသားခဲ့သည်။
“ပီပီ က ထာဝရရှင်သန်နေတယ်။” ဟု အစိုးရ အ‌ဆောက်အဦးများကို ဖြတ်သန်းသွားသော စက်ဘီးသမားတစ်ဦးက အော်ပြောသွားခဲ့သည်။
ဥရုဂွေးနိုင်ငံအား ၂၀၁၀ မှ ၂၀၁၅ အထိ အုပ်ချုပ်ခဲ့သော မူဂျီကာသည် ၎င်း၏ သမ္မတလစာအများစုအား ပရဟိတအဖွဲ့များသို့ လှူဒါန်းပြီး ၎င်းကဲ့သို့ပင် ပြောက်ကျားတစ်ဦး ဖြစ်ခဲ့သော ဇနီးသည် တိုပိုလန်စကီ ၊ ခြေသုံးချောင်းရှိသောခွေးလေးနှင့် လယ်တောတစ်ခုတွင် ရိုးရှင်းစွာ နေထိုင်ခဲ့ခြင်းအတွက် ကမ္ဘာ့အဆင်းရဲဆုံးသမ္မတအဖြစ် ကင်ပွန်းတပ်ခံခဲ့ရသည်။
၎င်းကွယ်လွန်ခဲ့ခြင်းအတွက် သုံးရက်ကြာ အမျိုးသားဝမ်းနည်းမှုအထိမ်းအမှတ်ကို အစိုးရက ကြေညာခဲ့ကာ ၎င်း၏ ရုပ်ကလာပ်အား လွှတ်တော်အဆောက်အအုံ၌ နိုင်ငံတော်အပြင်အဆင်ဖြင့် ထားရှိသွားမည်ဖြစ်သည်။
မူဂျီကာ၏ အများပြည်သူပါဝင်လုပ်ဆောင်ရေးလှုပ်ရှားမှု(MPP)ပါတီမှ တက်ကြွလှုပ်ရှားသူများကလည်း ပါတီ ရုံးချုပ်တွင် စုဝေးခဲ့ကြပြီး “ထာဝရပြန်တွေ့တဲ့အထိပေါ့ မိတ်ဆွေဟောင်းကြီး” ဟူသော နဖူးစည်း စာတန်းအား ဖန်တီးခဲ့ကြသည်။
လက်တင်အမေရိက နှင့် ကမ္ဘာကြီးအတွက် စံနမူနာ ပြသခဲ့သူ ဟု မက္ကဆီကန်သမ္မတ ကလော်ဒီယာရှိန်းဘောင် က ရည်ညွှန်းခဲ့သော မူဂျီကာအား လက်တင်အမေရိက နှင့် ဥ‌ရောပမှ လက်ဝဲ ခေါင်းဆောင်အများအပြားက ချီးကျူးပြောကြားကြသည်။
ဘိုလီးဗီးယားသမ္မတဟောင်း အီဗိုမိုရာလက်စ်က ၎င်း၏ အတွေ့အကြုံရင့်ကျက်မှုနှင့် အမြော်အမြင်ကြီးမှုကို ချီးကျူးပြီး ဘရာဇီးအစိုးရက ကျွန်ုပ်တို့ခေတ်ရဲ့အရေးအပါဆုံးလူသားဆန်သူတစ်ဦး အား နှုတ်ဆက်လိုက်ကြောင်း ကြေညာသည်။
မူဂျီကာက ပိုကောင်းတဲ့ကမ္ဘာကြီးဖြစ်ရေး နေထိုင်အသက်ရှင်သွားခဲ့ကြောင်း ပြောကြားပြီး ဂွာတီမာလာခေါင်းဆောင် ဘာနာဒိုအာရီဗာလိုက နှိမ့်ချမှုနှင့်ကြီးမြတ်မှုတို့၏ နမူနာဖြစ်ကြောင်း စပိန်ဝန်ကြီးချုပ် ပီဒရိုဆန်းချက်ဇ်ကလည်း ဆိုသည်။
ဘောလုံး နှင့် မွေးမြူရေးခြံလုပ်ငန်းများအတွက် လူသိများပြီး လူဦးရေ ၃ ဒသမ ၄ သန်းသာရှိသော ဥရုဂွေးနိုင်ငံအား လက်တင်အမေရိကတွင် တိုးတက်မှုအရှိဆုံး လူ့အသိုင်းအဝိုင်းတစ်ခုအဖြစ် မူဂျီကာက ပြောင်းလဲခဲ့သည်။
၎င်းအာဏာရရှိခဲ့သော ငါးနှစ်တာကာလအတွင်း မူဂျီကာက ကိုယ်ဝန်ဖျက်ချမှုကို တရားဝင်အောင်လုပ်ခြင်း၊ လိင်တူချင်းအိမ်ထောင်ပြုခြင်းကို ခွင့်ပြုခြင်း နှင့် အပန်းဖြေသဘော ဆေးခြောက်သုံးစွဲခြင်း အား ခွင့်ပြုသည့် ကမ္ဘာ့ပထမဆုံးနိုင်ငံဖြစ်အောင် ဥရု‌ဂွေး အား လမ်းညွှန်ခဲ့သည်။
ဆင်းရဲသည် ဆိုသည်ကိုလည်း ၂၀၁၂ ခုနှစ် က အေအက်ဖ်ပီသတင်းနှင့် တွေ့ဆုံချိန်တွင် မူဂျီကာက ငြင်းဆိုခဲ့ပြီး ဘဝကို ရောင့်ရဲမှုဖြင့်ခြိုးခြံစွာ နေထိုင်ခြင်းဖြစ်ကြောင်း ပြောကြားသည်။
“ကျွန်တော် အသက်ရှင်နေထိုင်ဖို့ အနည်းအကျဉ်းပဲလိုအပ်ပါတယ်။”ဟု ရင်သွေးမထွန်းကားခဲ့သည့်အတွက် ဇနီးသည်သာ ကျန်ရစ်ပြီး လယ်တောထဲက ၎င်း၏ခွေးလေးနံဘေးတွင် မြုပ်နှံပေးရန်တောင်းဆိုခဲ့သည့် သမ္မတကြီးက ပြောသည်။
သတင်း-ရဲမင်း
ကိုးကား-FRANCE 24 / AFP

image
124 yrs - Translate

#ပြည်တွင်းသတင်း
◼ထိုင်း-မြန်မာနယ်စပ်၌ ကိုဗစ်ရောဂါစစ်ဆေးမှုများစနစ်တကျလုပ်ဆောင်ရန်လိုအပ်ဟုဆို
ထိုင်းနိုင်ငံတွင်ကိုဗစ်ရောဂါဖြစ်ပွားမှုမြင့်တက်နေသောကြောင့် ထိုင်း-မြန်မာနယ်စပ်ဂိတ်များတွင် ကိုဗစ်ရောဂါစစ်ဆေးမှုများစနစ်တကျပြုလုပ်ရန်လိုအပ်ကြောင်း နယ်စပ်မြို့များတွင်နေထိုင်သူများ ကပြောသည်။
ထိုင်းနိုင်ငံတွင် ယခုနှစ်ဇန်နဝါရီ ၁ ရက် မှမေ ၈ ရက်အထိကိုဗစ်ရောဂါဖြစ်ပွားသူ ၄၁၁၉၇ ဦးရှိခဲ့ပြီး သေဆုံးသူ ၁၅ ဦးရှိခဲ့ကြောင်း၊ ကိုဗစ်ရောဂါဖြစ်ပွားသူအများစုမှာ အသက်(၄) နှစ်အောက်ကလေး အများဆုံးဖြစ်ပြီး သေဆုံးသူအများစုမှာ အသက်(၄၀) နှင့် အသက်(၆၀) ကျော်များဖြစ်ကြောင်း၊ ထိုင်းနိုင်ငံကူးစက်ရောဂါထိန်းချုပ်ရေးဌာန(DDC) ထုတ်ပြန်ထားသည်။
"ကိုယ့်နိုင်ငံမှာဖြစ်တော့ သူတို့ကတံတားပေါ်ရောက်တာနဲ့သေချာစစ်ဆေးတယ်။ အခုသူတို့ဆီမှာ ဖြစ်နေတယ်။ အဲဒီကနေဝင်လာတဲ့တစ်ယောက်သာပါလာရင် ဒေသခံတွေအရင်ကူးခံရမှာ။ ကိုဗစ်ရောဂါကကိုယ်တွေဆီမှာလည်းဖြစ်ခဲ့တယ်။ ဘယ်လောက်အထိ ခက်ခဲတယ်၊ ဘယ်လောက်အထိသေဆုံခဲ့တယ်ဆိုတာအားလုံးအသိပါ။ ပေါ့ဆလိုမရပါဘူး။ ဖြစ်သွားရင် ဘာမှလုပ်လို့မရပါဘူး။ မဖြစ်ခင်ကကြိုတင်ကာကွယ်ဖို့လိုပါတယ်။ လိုအပ်ရင်ဂိတ်တွေပါပိတ်ဖို့လိုပါ တယ်" ဟု မြဝတီမြို့နယ်တွင်နေထိုင်သည့် ဒေသခံတစ်ဦးကပြောသည်။
ထိုင်းနိုင်ငံ၏ကူးစက်ရောဂါထိန်းချုပ်ရေးဌာန(DDC) ၏ခန့်မှန်းချက်အရ လာမည့်မိုးရာသီကာလ စာသင်ကျောင်းများပြန်ဖွင့်ချိန် ကိုဗစ်ကူးစက်မှုပိုမိုမြင့်တက်လာနိုင်ဖွယ်ရှိကြောင်း မေလ ၉ ရက်က ထုတ်ပြန်ထားသည်။
ထိုင်းနိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားနေခြင်းကြောင့် ပြည်သူများအနေဖြင့် အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါလက္ခဏာပြသူများနှင့် နီးနီးကပ်ကပ်မနေမိစေရန်၊ တစ်ကိုယ်ရည်သန့်ရှင်းမှုကိုထိန်းသိမ်း ရန်၊ နှာခေါင်းစည်းတတ်ဆင်ရန်၊ မကြာခဏလက်ဆေးရန်တို့ကိုထိုင်းနိုင်ငံ၏ကျန်းမာရေးပညာရှင်များက အသိပေးနှိုးဆော်ထားသည်။
သတင်း - ပိုင်လေး

image
25 w - Translate

#ပြည်တွင်းသတင်း
◼ နေပြည်တော်နှင့် မန္တလေးတို့၌ ယနေ့နံနက်ပိုင်းတွင် ငလျင်နှစ်ကြိမ်လှုပ်
နေပြည်တော်နှင့် မန္တလေးတိုင်းတို့၌ ယနေ့(မေ ၁၄ ရက်)နံနက်ပိုင်းတွင် ငလျင်နှစ်ကြိမ်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်သည်။
အဆိုပါငလျင်များမှာ ယနေ့နံနက် ၂ နာရီ ၅၁ မိနစ် ၁၈ စက္ကန့်တွင် မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့၏ မြောက်-အရှေ့မြောက်ဘက်နှစ်မိုင်ခန့် အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်ခ်တာစကေး ၃ အဆင့်ရှိငလျင်နှင့် နံနက် ၃ နာရီ ၁၅ မိနစ် ၄၂ စက္ကန့်တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့၏မြောက်ဘက်ငါးမိုင်ခန့်အနက် ၁၉ ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်ခ်တာစကေး ၃ ဒသမ ၁ အဆင့်ရှိ ငလျင်တို့လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။
“ငလျင်ကခုချိန်ထိလှုပ်တာမပြီးတော့ စိုးရိမ်စိတ်ကရှိနေတုန်းပေါ့။ နေဖို့မရှိလို့ အိမ်ငှားနေနေရတုန်း လေ။ အခုဆိုစိတ်ထဲတိုက်အမြင့်တွေပေါ်တောင်သွားရ၊ တက်ရမှာကြောက်နေတာ။ ငလျင်လှုပ်တာ မြန်မြန်ပြီးရင် ထပ်မလှုပ်ရင်အကောင်းဆုံးပေါ့” ဟု နေပြည်တော်တွင်နေထိုင်သူတစ်ဦးကပြောသည်။
ယမန်နေ့(မေ ၁၃ ရက်) မွန်းလွဲ ၁ နာရီ ၁၁ မိနစ် ၅၀ စက္ကန့်တွင်လည်း မန္တလေးတိုင်း၊ စဉ့်ကူးမြို့၏ အနောက်မြောက်ဘက် ၁၅ မိုင်ခန့်၊ အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်ခ်တာစကေး ၃ ဒသမ ၃ အဆင့်ရှိငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့သေးသည်။
ပြီးခဲ့သည့်မတ်လ ၂၈ ရက်တွင်လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်အပါအဝင် ယနေ့(မေ ၁၄ ရက်) အထိ နောက်ဆက်တွဲငလျင်လှုပ်ခတ်မှု စုစုပေါင်း ၁၇၃ ကြိမ်ရှိပြီဖြစ်ကြောင်း မိုးဇလကထုတ်ပြန်ထားသည်။
သတင်း - အင်ကြင်း
ဓာတ်ပုံ - MFSD

image

"ကံကြောင့်လား ဝဋ်ကြွေးကြောင့်လားတော့ မသိဘူး။တစ်ခဏဆုံပြီး တစ်ဘဝ ငိုရမယ်တဲ့ …
ဒါပေမဲ့ကျွန်တော်တို့ ဝေးသွားတာပဲပိုကောင်းပါတယ်
အစ်ကိုရယ် ။အဲ့ဒီဝဋ်ကြွေးတွေကို အစ်ကိုရယ် ကျွန်တော်ရယ်ပဲ ဆပ်ကြတာပေါ့ ။ ကျွန်တော်တို့ကြောင့်ဘယ်သူမှ မငိုစေရဘူး ။ ဘယ်သူမှမပြိုလဲ မပျက်စီးစေရဘူးနော် … "
#မယ်ညို

image
25 w - Translate

ဘယ်လောက်ချစ်မိခဲ့လဲ
ကျွန်တော်မသိဘူး
ကျွန်တော့်ဆီကပြေးထွက်သွားချိန်မှာတောင်
သူခလုတ်တိုက်မှာကို စိတ်ပူနေမိတာ …
• မယ်ညို

image
25 w - Translate

#ပြဿနာ က ပြောတယ်
အခက်အခဲနဲ့ ကြုံတွေ့တဲ့အခါ
စိတ်ကိုအေးအေးထားပါတဲ့။
နာရီက ပြောတယ်
အချိန်တွေကိုမဖြုန်းတီးနဲ့
တန်ဖိုးရှိရှိအသုံးချပါတဲ့
ဖိနပ်က ပြောတယ်
ခြေထောက်မှာလှဖို့မစီးနဲ့
ဆူးဒဏ်ကိုကာကွယ်နိုင်ဖို့စီးပါတဲ့။
ထီးက ပြောတယ်
ဘယ်သွားသွားငါ့ကိုပါအောင်ခေါ်ပါ
အပူဒဏ်ကိုလည်းကာကွယ်ရမယ်
မိုးဒဏ်ကိုလည်း ကာကွယ်ရမယ်တဲ့။
ပိုက်ဆံက ပြောတယ်
လိုချင်တာထက် လိုအပ်တာကို
ပိုပြီးဦးစားပေးအသုံးချပါ
သုံးနှင့်ဖြုန်းတာ မခွဲခြားတတ်ရင်
မင်းဘဝမှာ ငါမရှိတဲ့အခါ
လူတွေကြားမှာ မျက်နှာငယ်ရမယ်တဲ့။
လမင်းကြီးက ပြောတယ်
ဘယ်လောက်ပဲမှောင်မည်းနေပါစေ
အလင်းရောင်တွေပေးနိုင်တဲ့
လူတစ်ယောက်ဖြစ်အောင်ကြိုးစားပါတဲ့။
နေမင်းကြီးက ပြောတယ်
မင်းဘဝကို ယုံကြည်မှုတွေနဲ့ရှေ့ဆက်ပါ
လူတွေက အလင်းရောင်ပေးနိုင်တဲ့သူကိုပဲ
တောင်းတကြတယ်တဲ့။
ကောင်းကင်ကြီးက ပြောတယ်
တိမ်တိုက်တွေမရှိလည်း
ငါ့အလှနဲ့ငါ လှနေတာပဲတဲ့။
သစ်ပင်က ပြောတယ်
ဘယ်သူပဲခိုနားခိုနား
ငါ့လိုအေးချမ်းတဲ့အရိပ်ကို
ပေးတတ်တဲ့လူ ဖြစ်ပါစေတဲ့။
စာအုပ်တွေက ပြောတယ်
ငါ့နဲ့စကားများများပြော
မင်းကမ္ဘာနှင့် ရင်ဘောင်တန်းနိုင်လိမ့်မယ်တဲ့။
ပင်လယ်ကြီးက ပြောတယ်
ငါ့လိုမနေနဲ့ ငါကရေများပေမယ့်
ဘယ်သူမှ မသောက်ကြဘူးတဲ့။
မီး က ပြောတယ်
ငါ့လိုမနေနဲ့ ငါကပူတယ်
ဒါကြောင့် ....
ငါ့အနားကို ဘယ်သူမှမကပ်ဘူးတဲ့။
ဒါကြောင့် ....
ဘယ်သူတွေဘယ်လောက်ဆိုးဆိုး
မင်းကောင်းအောင်နေရမယ်။
မင်းဘဝအတွက်
မင်းကြိုးစားရမယ်
မင်းအလှကို မင်းမြင်တတ်ရမယ်
မင်းရနေတဲ့အခြေအနေပေါ်မှာ
မင်းအကောင်းဆုံး
ပျော်ရွှင်အောင်နေတတ်ရမယ်
ဆိုတာမမေ့ပါနဲ့။

image

အပေါ်နယ်ရဲ့ စပါးခင်းတွေလည်းလှသလို🌾🌾
အောက်ပြည်အောက်ရွှာ
ရဲ့စပါးခင်းတွေလည်း
လှပါကြောင်း🌾🌾

image