28 ပတ် - ဘာသာပြန်ပါ။

ကံ့ကော်ပန်းလေးရဲ့အဓိပ္ပါယ်က " မပြောင်းလဲပဲ ထာဝရချစ်နေမယ် "
တဲ့လေ 🩷
ချစ်ခြင်းမေတ္တာတွေကို ပန်းတွေနဲ့ဖော်ပြတဲ့အခါ ကိုယ့်ကိုကံ့ကော်ပန်းတွေသာ ပေးပါ...💜💐
#flowers #meaning #foryoupageシ #happiness
#flowers

image
28 ပတ် - ဘာသာပြန်ပါ။

ကံ့ကော်ပန်းလေးရဲ့အဓိပ္ပါယ်က " မပြောင်းလဲပဲ ထာဝရချစ်နေမယ် "
တဲ့လေ 🩷
ချစ်ခြင်းမေတ္တာတွေကို ပန်းတွေနဲ့ဖော်ပြတဲ့အခါ ကိုယ့်ကိုကံ့ကော်ပန်းတွေသာ ပေးပါ...💜💐
#flowers #meaning #foryoupageシ #happiness
#flowers

imageimage
28 ပတ် - ဘာသာပြန်ပါ။

ဖန်ပြွန်သန္ဓေနဲ့ အရာရာလေးကိုရခဲ့ပေမယ့် ဒီနေ့ထိ ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာခဲ့လို့ ကျေးဇူးပါဆိုတဲ့ အိမ့်ချစ်ချော 🥰🥰🥰
မေမေ အိမ့်ချစ်ချောကတော့ သမီးလေးအရာရာရဲ့ ကျန်းမာရေးအပေါ်ကို ဝမ်းသာနေရတာပါ။ အရာရာလေးကို IVF ဖန်ပြွန်သန္ဓေနဲ့ကိုယ်ဝန်ဆောင်ခဲ့ပြီး ဒီနေ့ဒီအချိန်ထိ ဖျားတာ နာတာမရှိဘဲ ကျန်းကျန်းမာမာနဲ့ကြီးပြင်းလာခဲ့တာကြောင့် မိခင်တစ်ယောက်ရဲ့ ပီတိက ဘာနဲ့မှမတူအောင် ဖြစ်နေခဲ့ရတာပါ။ နေအရာရာချောဟာ အဆိုတော်နေဝင်းနဲ့ ဘလော့ဂါမလေး အိမ့်ချစ်ချောတို့ရဲ့ တစ်ဦးတည်းသော သမီးလေးဖြစ်ပါတယ်။ မေမေကတော့ အရာရာလေးကို IVF Baby (ဖန်ပြွန်သန္ဓေ) နဲ့ကိုယ်ဝန်ဆောင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

#celenews

image
28 ပတ် - ဘာသာပြန်ပါ။

#အညာမရမ်းသီးထောင်းနည်းမွှေးမွှေးလေး
အညာဒေသကအချဉ်နဲ့မြေပဲကိုတွဲစားလေ့ရှိတယ်
အချဉ်ကိုမြေပဲရဲ့ဆိမ့်တဲ့အရသာနဲ့ထိန်းတာပါ
မြေပဲကိုကြော်ပြီးပုလင်းနဲ့ထည့်ထားလေ့ရှိပြီးအသုပ်အတွတ်ထောင်း
ပြီးသုပ်လေ့ရှိကြတယ်
ဒီမရမ်းသီးထောင်းလေးလဲအညာမှာထောင်းကျွေးတာစားဖူးပြီးအသဲ
စွဲပါရှင်
မွှေးပြီးအရသာရှိလှပါတယ်
မရမ်းသီး၅ကျပ်သား.
မြေပဲလဲ၅ကျပ်သားခန့်(အချဉ်ကိုနိုင်သည်အထိထည့်ပါ)
ငရုတ်သီးအပုတောင့်၄တောင့်ကြော်ထားပါ
ကြက်သွန်ဖြူအနည်းငယ်
အရင်ဆုံးကြော်ထားတဲ့ငရုတ်သီးအပွတောင့်ကိုညက်အောင်ထောင်း
ပါ။
ညက်ရင်ကြက်သွန်ဖြူထည့်ထောင်း
ညက်ရင်မြေပဲနဲ့ဆား၊အရသာမှုန့်ထည့်ထောင်းပါ
အရမ်းကိုမွှေးနေပါပြီ
နောက်ဆုံးမှမရမိးသီးထည့်ထောင်းပြီးပန်းကန်ထဲထည့်အပေါ်ကဆီ
ဆမ်းရင်ရပါပြီ။
#credit

Credit ပန်းခရေ

image

#hairstyle

28 ပတ် - ဘာသာပြန်ပါ။

ဒတ်တာ ဆိုတဲ့ ကောင်လေးတစ်ယောက် နှင့် အမ်မာ ဆိုတဲ့ ကောင်မလေး တို့ရဲ့ အချစ်ဇာတ်လမ်းလေးကို အဓိက ကြည့်ရှုရမှာဖြစ်ပါတယ်။ဘွဲ့ရပြီးကာစ အမ်မာ နှင့် ဒတ်တာ တို့ စတွေ့ပြီး ရင်းနှီးသွားကြပါတယ်။တွေ့တွေ့ချင်း ညမှာပဲ အတူတူ အိပ်ကြဖို့ပြင်ကြပေမယ့် မအိပ်ဖြစ်ခဲ့ပဲ သူငယ်ချင်း လုပ်ကြမယ်ဆိုပြီးတော့ ဖြစ်သွားပါတယ်။အမ်မာကတော့ လန်ဒန်ကို ပြောင်းသွားပြီး စာရေးဆရာမ ဖြစ်ချင်ပေမယ့် ၀မ်းရေးအတွက် ဆိုင်တစ်ဆိုင်မှာ စာပွဲထိုး လုပ်နေပါတယ်။ဒတ်တာကတော့ တီဗွီ ရုပ်သံတစ်ခုမှာ အလုပ်လုပ်နေပြီးတော့ သူ့ခေါင်းထဲမှာ ကောင်မလေးတွေနဲ့ အိပ်ဖို့က အချိန်တိုင်း ပါပဲ။ဒါပေမယ့် အမ်မာ နဲ့တော့ မအိပ်ဖူးပါဘူး။နှစ်ယောက်လည်း အနေဝေးကြပေမယ့် တစ်ယောက်နှင့်တစ်ယောက် အဆက်အသွယ်တော့ ရှိကြပါတယ်။နောက်တော့ အမ်မာက stand-up comedy သမားတစ်ယောက်ရဲ့ တွဲနေပြီး ဒတ်တာက‌လည်း သူ့အလုပ်က ကောင်မလေးတစ်ယောက်နဲ့ တွဲနေပါတယ်။ဒါပေမယ့် သူတို့နှစ်ယောက်ကတော့ အဆက်အသွယ်မပြတ်ဘဲ အရင်အတိုင်းပါပဲ။အဲ့လိုဖြစ်နေတဲ့အကြောင်းအရင်းကတော့ အမ်မာက ဒတ်တာကို ချစ်နေခဲ့လို့ဖြစ်ပါတယ်။ဒါပေမယ့်လည်း ကောင်မလေးပီပီ ဖွင့်မပြောရဲလို့ သူငယ်ချင်း အဖြစ်နဲ့ပဲ ဆက်ရှိနေတာဖြစ်ပါတယ်။ဒီလိုနဲ့ သူတို့နဲ့ အချစ်ရေးက နောက်ဆုံးမှာ ဒတ်တာ နှင့်
အမ်မာ ကို ပေါင်းဖက်သွားစေမလား။
ဇာတ်ကားက ရိုးရိုးရှင်းရှင်းလေး ကိုမှ ပိုပိုရိုက်ထားတာမရှိလို့ ကြည့်ရတာ တကယ် စိတ်၀င်စားစရာကောင်းပါတယ်။ဒါကြောင့်မလို့ "One Day(2011)" လေးကို ကြည့်ရှုဖို့ တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။

image
28 ပတ် - ဘာသာပြန်ပါ။

Finnick (2022)

ဖင်း ဆိုတဲ့အကောင်လေးတွေဟာ အိမ်တိုင်းမှာရှိကြပြီး လူတွေကို ကူညီပေးနေတဲ့ကိုယ်ပျောက်ဝိဉာဉ်လေးတွေပေါ့။ သူတို့တာဝန်က သာယာပျော်ရွှင်တဲ့အိမ်ကလေးဖြစ်အောင်တာဝန်ယူရပြီး ဘယ် ဖင်း ကမှဒါကိုမဆန့်ကျင်ကြသလို စိတ်ကူးထဲ‌တောင် မရှိကြဘူး။

ဒါပေမယ့်ဇာတ်လမ်းထုံးစံအတိုင်းစုန်းပြူးလေးတစ်ကောင်ကတော့မရှိမဖြစ်ပါလာမြဲပဲ။ ဖင်းနစ်ဆိုတဲ့ကောင်လေးက အထက်မှာပြောထားတဲ့အရာတွေနဲ့ဆန့်ကျင်ဖက်ပဲ။ လူတွေကိုသူ့အိမ်မှာမနေနိုင်အောင်တစ်ခုပြီးတစ်ခုလုပ်တယ်။
အဲ့ဒါကြောင့်ဘက်ခ်မြို့မှာ ဖင်းနစ် နေတဲ့အိမ်ကိုသရဲအိမ်လို့ခေါ်ကြတယ်။ ဒီလိုနဲ့တစ်နေ့မှာ ရုပ်ရှင်ရိုက်မယ့်မိသားစုဟာ အလုပ်အတွက် ဘက်ခ်မြို့ကိုရောက်လာကြတယ်။ သူတို့ရဲ့သမီးလေးခရစ်စတင်းဟာစုံထောက်ပညာကိုစိတ်ဝင်စားသလို တကယ်လည်းဉာဏ်ထက်ပါတယ်။
ဒါရိုက်တာက ခရစ်စတင်းတို့မိသားစုကိုခဏတဖြုတ်နေဖို့ ဖင်းနစ်ရဲ့အိမ်လေးကိုငှားပေးလိုက်တယ်။ လူတွေလာနေတာမကြိုက်တဲ့ ဖင်းနစ်နဲ့ လက်တွေ့ကျကျဖြေရှင်းရမှကျေနပ်တဲ့ စုံထောက်လေးခရစ်စတင်းတို့ ထိပ်တိုက်တွေ့တဲ့အခါမှာတော့ …

ဇာတ်ကားလင့်
https://t.me/c/2186686827/146

Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl

image
28 ပတ် - ဘာသာပြန်ပါ။

ကျွန်တော်တို့တွေ 3 idiots ကို တစ်‌ကြိမ်ထက်မက ကြည့်ဖူကြလိမ့်မယ်လို့ထင်ပါတယ်။တကယ်လည်း ဒီရုပ်ရှင်မှာ ကျွန်တော်တို့ဘ၀အတွက် လိုအပ်မယ့် ဘ၀သင်ခန်းစာတွေ အဖြေတွေ နည်းလမ်းတွေ ပါပါတယ်။ရန်ချို၊ဖာဟန်၊ရာဂျူး တို့ရဲ့ သူငယ်ချင်းသံယောဇဉ်။နှစ်တွေကြာပြီးတာတောင် သူတို့ကို အဓိက ပြောင်းလဲပေးခဲ့တဲ့ ကိုယ့်သူငယ်ချင်းကိုမမေ့ဘဲ ကြိုးစားပမ်းစားပြန်ဆုံဖို့ကြိုးစားကြတဲ့ပုံစံလေးက ကိုယ့်သူငယ်ချင်းတွေအပေါ်မှာထားသင့်တဲ့ စိတ်ထားလေးလို့မြင်မိပါတယ်။

နောက်ပြီး ကျောင်းက စာဂျပိုးလေး ချာတူး‌ရဲ့ သူများနဲ့မတူနဲ့ သူလိုချင်တာကို ရအောင်ကြိုးစားလိုစိတ်၊ရန်ချိုလို စာတွေကို လွယ်လွယ်ကူကူ ရနေတဲ့သူမဟုတ်တာတောင် နေ့မအိပ်မညမအိပ်စာကျက်ပြီး ရန်ချိုကို ကျော်ရမယ်ဆိုတဲ့ စိတ်မျိုးကလည်း တစ်ဖက်ကကြည့်ရင် အတုယူဖို့ကောင်းပါတယ်။

နောက်တော့ ဖာဟန်ရဲ့ Character က မြန်မာနိုင်ငံက လူငယ်အများစုဖြစ်နေတဲ့ပုံစံမျိုးလို့ပြောလို့ရပါတယ်။ကိုယ်ဖြစ်ချင်တာကို လုပ်ခွင့်မရဘဲ မိဘတွေနဲ့ဖြစ်ချင်တဲ့စိတ်တစ်ခုတည်းနဲ့ Engineer ကျောင်းကိုရောက်လာခဲ့တယ်။ဒါပေမယ့် မိဘတွေကိုသေချာရှင်းပြပြီး ကိုယ်ဖြစ်ချင်တာကို ပျော်ပျော်ကြီး ဖြစ်အောင် ဖာဟန်ကလည်း ကျွန်တော်တို့ဘ၀မှာပါ ပိုက်ဆံရဖို့အတွက်နဲ့ မပျော်တာတွေ လုပ်နေမယ့်အစား ကိုယ်ပျော်မယ့်အလုပ်မှာပဲ လုပ်သင့်ကြောင်း ဖာဟန်ကပြသပေးခဲ့ပါတယ်။

နောက်တစ်ယောက်က ရာဂျူး။အိမ်ကခြစ်ကုန်ပြီး သူ့ကို Engineer ကျောင်းထားထားရတော့ ပုံမှန်လိုတာထပ်ပိုတဲ့ ဖိအားတွေနဲ့ သူငယ်ချင်းတွေကို အထင်အမြင်လွဲတာတွေ၊ကိုယ်တိုင်ကြိုးစားဖို့ထက် ဘုရားသခင်ကို ပိုပြီးအားကိုးနေတာတွေ‌ ဒီလိုတွေ‌နေမယ့်အစား ကိုယ့်ကိုကိုပိုယုံကြည်မှုရှိပြီး ပုံမှန်ကြိုးစားနေရင် ကိုယ်လိုချင်တဲ့ နေရာတစ်ခုကို အချိန်တန်ရင်ရောက်မယ်ဆိုတာ သူကသက်သေပါပဲ။

‌နောက်ဆုံး မင်းသားလေး ရန်ချိုကတော့ ကျောင်းရောက်လာကတည်းအေးအေးဆေးဆေးလေးပဲ။စာတွေကိုလည်း နှုတ်တိုက်ကျက်တာ‌ထက် ကိုယ်တိုင် သဘောထား သေချာနားလည်အောင်လုပ်ပြီး သင်ယူသင့်ကြောင်း၊သူငယ်ချင်းတွေကို ကိုယ်ဘက်ကတတ်နိုင်သ‌လောက်ကူညီသင့်ကြောင့်၊ခက်ခဲတဲ့အရာတွေ ကြုံလာရင်လည်း (All Is Well) အရာအားလုံးအဆင်ပြေသွားမှာပါဆိုတဲ့ စိတ်လေးနဲ့ဖြတ်သန်သင့်ကြောင်းအပြင် လက်တွေ့ဘ၀ရဲ့သင်ခန်းစာ အများအပြားကိုလည်း မှန်တစ်ချပ်လို မြင်သာအောင် ပုံဖော်ပေးသွားပါတယ်။

"မနက်ဖြန်အတွက် တွေးပူနေရင် ဒီနေ့အတွက် ဘယ်လိုရှင်သန်မလဲ"တဲ့။ရုပ်ရှင်တစ်ခုမှာ အိုဗာတွေနည်း၊မှတ်သားစရာ dialogue တွေများပြီး ကောင်းမွန်းလွန်းတဲ့ သရုပ်ဆောင်မှုတွေအပြည့်နဲ့ ဒီရုပ်ရှင်လေးမှာ ကျွန်တော်ပြောပြထားတဲ့ အကြောင်းအရာထပ် အများကြီးပိုပါသေးတယ်ဆိုတာ ကြည့်ဖူးတဲ့သူတိုင်းသိပါတယ်။အရေးအသားက အခြားသူတွေလောက် မချောမွေ့တာမလို့ ဒီနေရာလေးမှာဘဲ 3 idiots ဆိုတဲ့ရုပ်ရှင်ထဲက စိန်ခေါ်မှုလေးတစ်ခုက ၁၅ နှစ်ရှိပြီဖြစ်ကြောင်း အသိပေးရင်း ရုပ်ရှင်လေးအကြောင်း တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။

image
28 ပတ် - ဘာသာပြန်ပါ။

The Devil on Trial (2023)

မကောင်းဆိုးရွားကခိုင်းလို့ သတ်မိတာပါဆိုတဲ့ လူသတ်မှုကို သိကြတယ်မလား။ The Conjuring 3 ကြည့်ဖူးရင်တော့ သိမှာ အသေအချာပဲပေါ့။ ကြည့်ဖူးတယ်ဆိုရင်တော့ ဒီ Documentary လေးကို ကြည့်ဖြစ်အောင်ကြည့်သင့်ပါတယ်။

၁၉၈၁ ခုနှစ်မှာပေါ့။ အာနီဂျွန်ဆင်ဆိုတဲ့ လူငယ်လေးတစ်ယောက်က သူ့ရဲ့ အိမ်ရှင်၊ အလုပ်ရှင် အယ်လန်ဘိုနိုဆိုတဲ့သူကို ဓားနဲ့ လေးချက်ထိုးပြီး သတ်လိုက်တယ်။ တရားရုံးရောက်တော့ သူတို့ဖက်က လျှောက်လှဲချက်က မကောင်းဆိုးရွားအပူးခံရလို့ လုပ်မိတာပါ၊ ဒီကိစ္စအကြောင်း ဘာမှမမှတ်မိပါဘူးလို့ ပြောပါတယ်။

အမေရိကန်တစ်နိုင်ငံလုံး ဟိုးလေးတကျော်ဖြစ်သွားတဲ့ အမှုပါ။ Ed နဲ့ Lorraine Warren တို့ရဲ့ လူသိရှင်ကြား နာမည်အကြီးဆုံး အမှုတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ အမှုက ဒီအတိုင်းဆိုရင် ရိုးရိုးရှင်းရှင်း လူသတ်မှုဖြစ်ပေမဲ့ မကောင်းဆိုးရွားပူးကပ်တာတွေ ပါလာတော့ စိတ်ဝင်စားစရာဖြစ်သွားတာပေါ့။ ဒီ Documentary က အဲဒီအမှုကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ တရားခံ အာနီဂျွန်ဆင်နဲ့အတူ သူ့ရဲ့လက်တွဲဖော် ဒက်ဘီဂလာဇဲနဲ့ ဂလာဇဲမိသားစုဝင်တွေကို မေးမြန်းရိုက်ကူး မှတ်တမ်းတင်ထားတာဖြစ်ပါတယ်။
အဆုံးမှာတော့ ဟင်ကနဲ ဟာကနဲဖြစ်သွားစေမယ့် အချက်တစ်ခုကို သိလာရပါလိမ့်မယ်။ မကောင်းဆိုးရွားကပဲ ခိုင်းတာလား ဒါမှမဟုတ်…

ဇာတ်ကားလင့်
https://t.me/c/2222390798/72

Channel Join ရန်လင့်
https://t.me/+9s4zh8aLYU5iMDQ1

image
28 ပတ် - ဘာသာပြန်ပါ။

ဒီဇာတ်ကားက ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ဒါကြောင့်မလို့ တကယ့် အပြင်မှာပါ သူတစ်ကယ် ဒီလိုလုပ်ခဲ့တာပါလားလို့ တွေးမိရင်း အံ့ဩမှင်သက်ရစေမှာပါ။ဇာတ်ကားကတော့ အချစ် နဲ့ လူတစ်ယောက်ရဲ့ ယုံကြည်မှု၊မထင်ထားလောက်တဲ့ စွမ်းဆောင်ရည်တွေကို ရိုက်ပြထားတာမလို့ လူတိုင်း ကြည့်သင့်တဲ့ ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ဒါဆိုရင် ဇာတ်ညွှန်းလေးကို သွားလိုက်ရအောင်။

ညီအစ်ကိုနှစ်ယောက် တစ်ယောက်က ဟဲလ် နှင့် သူ့ညီက ဒေ့စ် (မှတ်မိအောင် အတိုကောက်လေးတွေပဲ ရေးလိုက်ပါမယ်)။သူတို့အဖေက ရှေ့တန်းစစ်သားကနေ အိမ်ပြန်လာတော့ အရင်လို မဟုတ်တော့ဘဲ သူ့သူငယ်ချင်းတွေ ဆုံးသွားလို့ သူ့ကိုယ်သူ မုန်းနေတဲ့သူတစ်ယောက်။ဒေ့စ်ကတော့ ဆေးရုံက သူနာပြုဆရာမလေးကို မြင်မြင်ချင်း သဘောကျပြီး လိုက်ပိုးပန်းတာကလည်း တကယ် ရိုမန်တစ်ဆန်ပြီး ကြည်နူးဖို့ကောင်းပါတယ်။
နောက်ပြီး ဒုတိယ ကမ္ဘာစစ်ဖြစ်တော့ စစ်ပွဲမှာ ဂျပန် နှင့် အမေရိကန်‌တို့လည်း ပါ၀င်ပါတယ်။ဟဲလ်က စစ်ထဲ ၀င်သွားတော့ ဒေ့စ်လည်း ဒီတိုင်းမနေတော့ဘဲ သူ့ပါ ဆေးတပ်သားအဖြစ် စစ်ထဲ ၀င်သွားပါတော့တယ်။ဒါပေမယ့် ဒေ့စ်မှာ ပြသာနာ တစ်ခုရှိပါတယ်။ဒေ့စ်က သူ့အဖေကို သနတ်နဲ့ ချိန်မိကတည်းက သူသေနတ်ကို တစ်သက်လုံး မကိုင်တော့ဘူးလို့ ဆူံးဖြတ်ထားတာပါ။ဒါကြောင့်မလို့ စစ်တပ်ထဲ၀င်တော့ စစ်သားက ‌ေ/သနတ် ကိုင်ကို ကိုင်ရမှာဖြစ်ပေမယ့် ဒေ့စ်ကတော့ ငြင်းဆိုခဲ့ပါတယ်။စစ်တပ်ထဲက မထွက်ချင်သလို သေနတ်လည်းမကိုင်ချင်တာမို့ သူ့အတွက် ဒါက အတော်လေး ခက်ခဲတယ်ဆိုတာ ရုပ်ရှင်ကြည့်လိုက်ရင် အတိုင်းသားမြင်ရမှာဖြစ်ပါတယ်။ဒီလိုနဲ့ ဂျပန် နှင့် အမေရိကန်တွေ စစ်ဖြစ်နေတဲ့ ဟက်ဆော တောင်ကုန်းကို ရှေ့တန်းသွားရဖို့ ဖြစ်လာပါတော့တယ်။ဒေ့စ်ကတော့ သေနတ်မပါတဲ့ တစ်ဦးတည်းသော ဆေးတပ်သားပေါ့။ဂျပန်တွေက အဲ့မှာ ခြေကုပ်ယူထားတာမလို့ ဒေ့စ်တို့က ၀င်တိုက်ရမှာပါ။ဒီလိုနဲ့ တိုက်ပွဲတွေကြားထဲ သေနတ်မပါတဲ့ ဆေးစစ်တပ်သားတစ်ယောက် ဘယ်လိုများ အသက်ရှင်ဖို့ ကြိုးစားရုံးကန်ရမလဲ ၊စစ်ပွဲအလယ် အခြားသူတွေ အသက်တွေနုတ်နေတဲ့ အချိန်မှာ ကျွန်တော်က အသက်တွေ ကယ်တင်ပေးမှာဆိုတဲ့ ဒေ့စ်တစ်ယောက် ဘယ်လောက်ကြိုးစားပြီးလူ‌တွေကို ကယ်တင်သွားမလဲဆိုတာကို ရင်သက်ရှုမော‌ဖွယ်ကြည့်ရှုရမှာပါ။ဖြစ်ရပ်မှန်းဖြစ်တာမလို့ ကြည့်နေရင်း သူ့နေရာ၀င်ခံစားကြည့်လိုက်ရင်ကို သူလုပ်ခဲ့တာတွေက ဘယ်လောက်ခဲရင်းတယ်ဆိုတာ မြင်တွေ့ရမှာပါ။
ဒါကြောင့် လူတိုင်း ကြည့်သင့်တဲ့ ရုပ်ရှင်တစ်ခုဖြစ်တဲ့ "Hacksaw Ridge" ရုပ်ရှင်ကို ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။

image