လပေါ်က Heritage စာရင်းဝင်များ

၁၉၆၉ ခုနှစ်မှာ အမေရိကန်နိုင်ငံသား နီးလ်အမ်စတွန်း ဟာ အပိုလို ၁၁ ယာဉ်နဲ့ လကမ္ဘာပေါ် အခြေချခဲ့ရာကစလို့ လူသားတွေရဲ့ အာကာသနဲ့ပတ်သက်တဲ့ စူးစမ်းလေ့လာမှုတွေဟာ ပိုမိုကျယ်ပြန့် တိုးတက်ခဲ့ပါတယ်။ ခက်တာက နီးလ် တို့ဟာ လပေါ်ကို ခြေရာ ချခဲ့ရုံတင်မကပဲ အမှိုက်ပါ ချခဲ့တာ ဖြစ်ပါတယ်။ သူတို့ ချခဲ့တဲ့ အမှိုက်တွေထဲမှာ ဆီးစွန့်ပစ္စည်းတွေ၊ အန်ဖတ်ထည့်တဲ့ အိတ်တွေအပြင် တခြား အပိုင်းအစ ၁၀၀ ကျော် ပါဝင်ပါတယ်။ အဲ့ကစခဲ့တဲ့ အစဉ်အလာဟာ ယနေ့မှာတော့ လမျက်နှာပြင်ပေါ် အမှိုက်တန်ချိန် ၂၀၀ ကျော်လောက် ရောက်နေပါပြီ။

စာရင်းလုပ်ကြည့်မယ်ဆ်ိုရင် -

- Spacecraft ၇၂ ခု ( နိုင်ငံ ၅ခုက ပျက်ကျတဲ့ orbiter တွေကိုပါ ထည့်တွက်ရင်)
- လပေါ်မှာ အကယ်၍ ဂြိုဟ်သားများ ရှိရင် ဆိုပြီး ငြိမ်းချမ်းရေး အထိမ်းအမှတ် ယူသွားကြတဲ့ ရွှေသံလွင်ကိုင်းခက် (ခုတော့ အမှိုက်သာသာ ဖြစ်နေပါပြီ)
- တွန်းလှည်း ၅ စုံ
- အခြောက်ခံ အေးခဲ ထားတဲ့ လူ့အညစ်အကြေး ၉၆ အိတ်
- အာကာသယာဉ်မှူး ချားလ် ထားခဲ့တဲ့ သူ့ရဲ့ မိသားစု ဓါတ်ပုံ
- ဘွတ်ဖိနပ် ၁၂ ရံ
- အစားသောက်ထုပ်တွေ ၊ တစ်ရှူးစိုတွေ

လူမနေတဲ့ လမျက်နှာပြင်ကြီး သန့်ရှင်းသာယာလှပရေးအတွက်ဆိုပြီး ဒေါ်လာသန်းချီ အကုန်ခံ၊ ကမ္ဘာမြေကြီးဆီ အဲ့အမှိုက်တွေ ပြန်ယူလာဖို့ဆိုတာလည်း ဘယ်သူမှ မလုပ်ချင်ကြတဲ့ အလုပ်ပါ။

ဒါပေမဲ့ NASA is NASA - နာဆာကတော့ နာဆာပါပဲ။ အာကာသကို စူးစမ်းလေ့လာနေတဲ့ ဦးနှောက်ပိုင်ရှင်တွေရဲ့ အကြံကောင်းပုံများတော့ ဒီနေရာတွေကို “လပေါ်က ရှေးဟောင်းအမွေအနှစ်များ” လို့ သတ်မှတ် ပေးလိုက်တာပဲ ဖြစ်ပါတယ်။ ဒါကြောင့် လ ပေါ်အလည်သွားလို့ heritage sites တွေ ကြည့်မယ်ဆိုရင်တော့ဖြင့် ဘယ်သူ ဘယ်တုန်းက ရောက်ခဲ့တယ်ဆိုတဲ့နေရာတွေမှာ အဖုအခွက် ထနေတဲ့ မျက်နှာပြင်ပေါ်က အမှိုက်တွေကို စိတ်ဝင်တစား ကြည့်ရှုရမှာပါ။

ဒီအမှိုက်တွေဟာ ပိုးသတ်သန့်စင်ပြီးသားလို့ နာဆာက ပြောပေမဲ့ အနာဂတ် တချိန်မှာ လကမ္ဘာကို ကျူးကျော်လာမယ့် ဂြိုဟ်သားတွေအတွက်တော့ အာကာသယာဉ်မှူးတွေရဲ့ အညစ်အကြေးအိတ်ထဲက ဘက်တီးရီးယားတွေကို တွေ့ခဲ့သည်ရှိသော် ဘာကောင်တွေလဲဟ ဆိုပြီး အထူးအဆန်း သုတေသနလုပ်နေကြမှာ ဖြစ်ပါတယ်။

image

နေမင်းကြီးရဲ့ အော်သံ
ကမ္ဘာပေါ် နျူဗုံး ၁၀ လုံးပဲ ပေါက်ကွဲခဲ့တယ် ဆိုပါစို့။ အဲ့ကနေ ထွက်လာမယ့် အသံဟာ ဘယ်လောက်ကျယ်မယ် ထင်ပါသလဲ။ ဟိုက်ဒရိုဂျင်လောင်စာ အဆမတန်လောင်ကျွမ်းမှုတွေ၊ နျူပေါက်ကွဲမှုတွေလို အင်မတန်ပြင်းထန်တဲ့ ဖြစ်စဉ်တွေ ဖြစ်နေတဲ့ နေမင်းကြီးမှာသာဆိုရင် ဘယ်လောက်ထိ ကျယ်လောင်နေမယ်ဆိုတာ ခန့်မှန်းလို့ ရပါတယ်။ ဒါပေမဲ့ အဲ့ဒီ ဆူညံလွန်းတဲ့ အသံကို ကမ္ဘာကြီးက မကြားရတာပါလိမ့်။
အကြောင်းကတော့ အာကာသရဲ့ လေဟာနယ် ကြောင့် ဖြစ်ပါတယ်၊
အသံလှိုင်းဆိုတာ တနေရာကနေ တနေရာကို ရောက်ဖို့အတွက် လေ သို့မဟုတ် ရေ လိုမျိုး ကြားခံနယ် လိုအပ်ပါတယ်။ အာကာသကြီးကတော့ လေဟာနယ် ဖြစ်နေလို့အသံတွေကို သယ်ဆောင်ပေးမယ့် ကြားခံပစ္စည်း မရှိပါဘူး။ အာကာသထဲ အဆုံးမရှိတဲ့ တိတ်ဆိတ်မှုမျိုးနဲ့ပေါ့။ ဒါကြောင့်မို့ ဟိုက်ဒရိုဂျင်ဗုံးပေါင်း သန်းချီမကတဲ့ ပေါက်ကွဲမှုတွေ စက္ကန့်မလပ်ဖြစ်နေတဲ့ နေမင်းကြီးရဲ့ အော်သံဟာ ကမ္ဘာကို ရောက်မလာနိုင်ပါဘူး။
နေအဖွဲ့အစည်းထဲက ဘယ်သူ တဦးတယောက်မှလည်း နေမင်းကြီးရဲ့ အပြင်းထန်ဆုံး တောက်လောင်သံတွေကို သူတို့ဂြိုဟ်ကနေ ပုံမှန်အားဖြင့် မကြားနိုင်ကြပါဘူး။ နေ အနီးထိရောက်အောင်သွားပြီး စူးစမ်းတာမျိုး၊ ဒါမှမဟုတ် နေပေါ် ဖြစ်နေတဲ့ လှိုင်းတွေကို အသုံးချပြီး
သိပ္ပံပညာနဲ့ အသံလှိုင်းအဖြစ် ပုံဖော်လိုက်တာမျိုးက လွဲရင်ပေါ့။
တကယ်တော့ ကြားခံနယ်ရှိရင်တောင် ကမ္ဘာကြီးက တချို့အသံတွေကို ကြားချင်မှ ကြားကြတာပဲ မဟုတ်ပါလား။

image

ယိုးဒယား သင်္ဘောသီးထောင်း စပ်စပ်လေး ပြုလုပ်နည်း
ပါ၀င်ပစ္စည်းများ
သင်္ဘောသီးစိမ်း - အနေတော် တလုံး
ပုဇွန်ခြောက် - အကောင် ၂၀ခန့်
မြေပဲလှော် - အစေ့၂၀ခန့်
ငရုတ်သီးစိမ်း - ၇တောင့်ခန့် အစပ်ကြိုက်လျှင် ပိုထည့်ပါ
ထန်းလျှက်ခဲ - ကွမ်းသီးဆံအလုံးလောက် ၃ခဲ
ကြက်သွန်ဖြူ- အမွှာကြီးကြီး ၄မွှာ
ဆား - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
ပဲတောင့်ရှည် - ၃တောင့် မရှိလို့မထည့်ထားပါ
ခရမ်းချဉ်သီး - ခပ်ကြီးကြီး တလုံး
သံပုရာသီး - တခြမ်း
ပြင်ဆင်ပုံ
သင်္ဘောသီးကို အခွံခွာပြီး အမြှောင်းရှည်ရှည်လေးတွေ ရအောင်ခြစ်ထားပါ။
ခြစ်ပြီးသော သင်္ဘောသီးများကို သင်္ဘောသီး အစိမ်းနံ့မနံအောင် ရေများများနဲ့ ဆေးပြီးရေစစ်ထားပါ။
ခရမ်းချဉ်သီးကို ၈ စိတ်စိတ်ထားပါ။
မြေပဲလှော်ကို မညက်တညက်ထောင်းပြီး ဖယ်ထားပါ။
ငရုတ်ဆုံ ခပ်ကြီးကြီးထဲမှာ ပုဇွန်ခြောက်ကို မညက်တညက် ထည့်ထောင်းပါ။
ငရုတ်သီးစိမ်းကို မညက်တညက် ရောထောင်းပါ။
ကြက်သွန်ဖြူကို မညက်တညက် ရောထောင်းပါ။
ထန်းလျှက်ခဲကို ညက်နေအောင်ထောင်းပြီးမှ သင်္ဘောသီးကို ထည့်ထောင်းပါ။
ထောင်းသော ကျည်ပွေ့ပေါ် မူတည်ပြီး သင်္ဘောသီးကို ကြည့်ထောင်းပါ။
ကျောက်ကျည်ပွေ့ဆိုပါက ၁၅ချက် အချက်၂၀လောက် ထောင်းရင်ရပါပြီ။
သစ်သားကျည်ပွေ့ဆိုပါက အချက် ၁၀၀ လောက်ထောင်းပေးမှ အရသာ၀င်ပါတယ်။
ထောင်းနေစဉ် သံပုရာရည် ညှစ်ထည့်ပြီး ဆားပါ နည်းနည်းခြင်းဆီ ထည့်ပေးပါ။
သင်္ဘောသီးထောင်းပြီးပါက ပဲတောင့်ရှည်ရှိရင် ချိုးထည့်ပြီး ၅ချက်လောက် ထောင်းပေးပါ။
ခရမ်းချဉ်သီးကိုလဲ ထည့်ပြီး၅ချက်လောက် ထောင်းပေးပြီးရင် ရပါပြီ။
စားပွဲပြင်တဲ့အခါ ပန်းကန်ထဲသို့ ငရုတ်ဆုံကိုမပြီး အရည်များရော အဖတ်များပါ သွန်ချပြီး မြေပဲထောင်း ဖြူးပေးကာ ပြင်ဆင်ရပါမယ်။
စပ်စပ်မွှေးမွှေး ယိုးဒယားသင်္ဘောသီး
ထောင်းလေးလုပ်စားကြရအောင်နော်..။
…………………………..
မုန့်တီထောင်း
ပဲသီး ခရမ်းကြွပ်သီး သဘောၤသီး ခရမ်းချဉ်သီး (နှစ်သက်ရာ) လှီးထားပါ ကြက်သွန်ဖြူ+မြေပဲ ( ကြိုက်ရင်ထည့်ပါ ) ငရုတ်နီထောင့် ထန်းလျက် ကိုထောင်းထား ပြီးတော့ အရည်ပုံစံရစေရန် ထောင်းထားတာထဲရေနွေးအနည်းငယ်ထည့် ( ထိုင်းငပိရည်သုံးတာမကြိုက်သူများအတွက်ပါ ) ငံပြာရည် ပုဇွန်ခြောက်မှုန့် အချိုမှုန့် သံပုရာရည် ထည့်ပြီးအရည်ဖျော်ပါ။ ပြီးမှ မုန့်ဖတ်ထည့်ပြီး အသာလေးသုပ်ပေးပါ။ နှစ်သက်ရာနဲ့တွဲဖက်စားလို့ရပါတယ်။
……………
#မုန့်ဖတ်ထောင်း
#ယိုးဒယားသင်္ဘောသီးထောင်း

image

ဟင်းချို
ရေနွေးဆူဆူထဲမှာ
ကြက်သွန်တခြမ်း
ခရမ်းချဉ်သီးတလုံး(လေးစိတ်ခြမ်း)
ကြက်သွန်ဖြူဓားပြားရိုက်
ထည့်ပါ
ဆား အရသာမှုန့်
အနည်းငယ်စီထည့်ပါ
ခဏအုပ်ထားပေးပါ
အစိမ်းနံ့ပျောက်ပြီဆိုရင်
နှစ်သက်ရာ သီးနှံနဲ့အရွက် ထည့်ပါ မှိုထည့်ပါ
(ဖရုံးသီး အာလူး ဗူးသီး များထည့်လိုက အရင်ထည့်ပြီးအသီးနူးမှ
အရွက်များထည့်ပါ)
အသီးရွက်များနူးပြီး အပေါ့အငံအချို
ကိုယ့်စိတ်ကြိုက်မှာ ငပိထောင်းစပ်စပ်လေးနဲ့တွဲပြီး သုံးဆောင်လို့ရ
ပါပြီ

image
25 w - Translate

ရေကူးခြင်းဟာ ကိုယ်ခန္ဓာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာကို ပေးစွမ်းနိုင်တဲ့ အလွန်ကောင်းမွန်တဲ့ လေ့ကျင့်ခန်းတစ်မျိုးပါ။ ဘာတွေကောင်းလဲဆိုတာ အသေးစိတ် ပြောပြပေးမယ်နော်။
၁။ ကိုယ်ခန္ဓာကြံ့ခိုင်မှု တိုးတက်စေခြင်း:
• တစ်ကိုယ်လုံး လေ့ကျင့်ခန်း: ရေကူးတဲ့အခါ ခန္ဓာကိုယ်ရဲ့ ကြွက်သားအများစုကို အသုံးပြုရပါတယ်။ လက်မောင်း၊ ခြေထောက်၊ နောက်ကျော၊ ဝမ်းဗိုက် စတဲ့ အစိတ်အပိုင်းတွေ အားလုံး လှုပ်ရှားရတာကြောင့် တစ်ကိုယ်လုံးအတွက် ပြီးပြည့်စုံတဲ့ လေ့ကျင့်ခန်းတစ်ခုပါပဲ။
• နှလုံးသွေးကြောစနစ် ကျန်းမာစေခြင်း: ရေကူးခြင်းဟာ နှလုံးခုန်နှုန်းကို မြှင့်တင်ပေးပြီး သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။ ဒါကြောင့် နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးပြီး နှလုံးနဲ့ သွေးကြောတွေကို ကျန်းမာစေပါတယ်။
• ကြွက်သားနဲ့ ခံနိုင်ရည်အား တိုးပွားစေခြင်း: ရေရဲ့ ခုခံအား (Resistance) ကြောင့် ရေကူးတဲ့အခါ ကြွက်သားတွေကို ပိုပြီး အားစိုက်ထုတ်ရပါတယ်။ ဒါဟာ ကြွက်သားတွေကို သန်မာလာစေပြီး ခံနိုင်ရည်အားကိုလည်း တိုးတက်စေပါတယ်။
• ပြောင်းလွယ်ပြင်လွယ်ရှိခြင်း (Flexibility) တိုးတက်စေခြင်း: ရေကူးတဲ့အခါ ခန္ဓာကိုယ်ကို လှုပ်ရှားရတာကြောင့် အဆစ်အမြစ်တွေ ပိုပြီး လှုပ်ရှားနိုင်စွမ်း ရှိလာပါတယ်။ ဒါဟာ ခန္ဓာကိုယ်ရဲ့ ပြောင်းလွယ်ပြင်လွယ်မှုကို တိုးတက်စေပြီး ထိခိုက်ဒဏ်ရာ ရရှိနိုင်ခြေကို လျှော့ချပေးပါတယ်။
• ကိုယ်အလေးချိန် ထိန်းညှိပေးခြင်း: ရေကူးခြင်းဟာ ကယ်လိုရီတွေကို လောင်ကျွမ်းစေတဲ့ ထိရောက်တဲ့ လေ့ကျင့်ခန်းတစ်မျိုးပါ။ နာရီဝက် ရေကူးရုံနဲ့ ကယ်လိုရီ ၂၀၀ ကနေ ၅၀၀ လောက် လောင်ကျွမ်းနိုင်ပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်ကို ထိန်းညှိဖို့ ဒါမှမဟုတ် လျှော့ချဖို့အတွက် အထောက်အကူ ဖြစ်စေပါတယ်။
၂။ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ကောင်းမွန်စေခြင်း:
• စိတ်ဖိစီးမှု လျော့နည်းစေခြင်း: ရေထဲမှာ လှုပ်ရှားရတာဟာ စိတ်ကို အေးချမ်းစေပြီး စိတ်ဖိစီးမှုတွေကို လျှော့ချပေးနိုင်ပါတယ်။ ရေရဲ့ နူးညံ့တဲ့ ထိတွေ့မှုနဲ့ လှုပ်ရှားမှုတွေက စိတ်ကို တည်ငြိမ်စေပါတယ်။
• စိတ်ခံစားချက် ကောင်းမွန်စေခြင်း: လေ့ကျင့်ခန်းလုပ်တဲ့အခါ ခန္ဓာကိုယ်က Endorphins လို့ခေါ်တဲ့ ပျော်ရွှင်စေတဲ့ ဟော်မုန်းတွေကို ထုတ်လွှတ်ပါတယ်။ ရေကူးခြင်းဟာလည်း ဒီဟော်မုန်းတွေကို ထွက်လာစေပြီး စိတ်ခံစားချက်ကို ကောင်းမွန်စေပါတယ်။
• အိပ်စက်ခြင်း အရည်အသွေး မြင့်မားစေခြင်း: ပုံမှန် ရေကူးလေ့ကျင့်ခန်း လုပ်ခြင်းဟာ ခန္ဓာကိုယ်ကို ပင်ပန်းစေပြီး ညဘက်မှာ ပိုပြီး အိပ်ပျော်စေပါတယ်။ ဒါကြောင့် အိပ်စက်ခြင်းရဲ့ အရည်အသွေးကို မြှင့်တင်ပေးပါတယ်။
• ယုံကြည်မှု တိုးပွားစေခြင်း: ရေကူးခြင်းဟာ ကိုယ်ခန္ဓာကို ပိုမို ကျန်းမာသန်စွမ်းစေတာကြောင့် မိမိကိုယ်ကို ယုံကြည်မှုလည်း တိုးပွားလာစေနိုင်ပါတယ်။
၃။ အခြားအကျိုးကျေးဇူးများ:
• အဆစ်အမြစ်အပေါ် ဝန်အား သက်သာစေခြင်း: မြေပြင်ပေါ်မှာ လုပ်ရတဲ့ လေ့ကျင့်ခန်းတွေနဲ့ မတူဘဲ ရေထဲမှာ လှုပ်ရှားတဲ့အခါ ခန္ဓာကိုယ်ရဲ့ အလေးချိန်ကို ရေက ထောက်ပံ့ပေးတာကြောင့် အဆစ်အမြစ်တွေအပေါ် ဝန်အား သက်သာစေပါတယ်။ ဒါကြောင့် အဆစ်နာကျင်မှုရှိသူတွေ၊ ကိုယ်ဝန်ဆောင်တွေနဲ့ အဝလွန်သူတွေအတွက် အကောင်းဆုံး လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။
• ပြန်လည်ထူထောင်ရေးအတွက် အထောက်အကူပြုခြင်း: ထိခိုက်ဒဏ်ရာတွေကနေ ပြန်လည်သက်သာလာသူတွေအတွက် ရေကူးခြင်းဟာ နူးညံ့ပြီး ထိရောက်တဲ့ ပြန်လည်ထူထောင်ရေး လေ့ကျင့်ခန်းတစ်ခု ဖြစ်နိုင်ပါတယ်။
ပြောရရင် ရေကူးခြင်းရဲ့ အကျိုးကျေးဇူးတွေက တကယ်ကို များပြားပါတယ်။ ဒါကြောင့် ရေကူးဝါသနာပါသူဖြစ်ဖြစ်၊ လေ့ကျင့်ခန်း အသစ်တစ်ခု စမ်းကြည့်ချင်သူဖြစ်ဖြစ် ရေကူးခြင်းကို စဉ်းစားကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

image

ထိုင်းစတိုင်ဖတ်ထိုင်း(Pad Thai)ကြော်နည်း
(၂ ယောက်စာ)
ကြာချိန် ၁၅ မိနစ်။
ပုံမှန် ပတ်ထိုင်းဟင်းလျာက ပါဝင်ပစ္စည်းပြည့်ပြည့်စုံစုံ သုံးကြပါတယ်။ ခုလုပ်ပြထားတာကတော့ အိမ်မှာ အလွယ်ရှိနိုင်မယ့် ပါဝင်ပစ္စည်းများနဲ့ လုပ်ပြထားပါတယ်။ ဒါပေမဲ့ အရသာကတော့ ပတ်ထိုင်း အရသာမပျောက်ဘူးလို့ ပြောရပါမယ်။ ပုစွန်ခြောက်၊ တို့ဟူး၊ မြေပဲ၊ မုန်လာဥနီ တို့ မသုံးထားပါဘူး။ ဆန်ခေါက်စွဲ အဆို နဲ့ချက်ပါတယ်။ ဆန်ခေါက်ဆွဲခြောက်များလည်း သုံးနိုင်ပါတယ်။ ကြည့်လိုက်ကြရအောင်။
သကြား - စားပွဲဇွန်း ၃ ဇွန်း
ရေ - ၅၀ မီလီလီတာ
မန်ကျည်းသီးအနှစ် - စားပွဲဇွန်း ၄ ဇွန်း
ငံပြာရည် - စားပွဲဇွန်း ၂ ဇွန်း
ဆီ - စားပွဲဇွန်း ၄ ဇွန်း
ပုစွန် - ၁၂ ကောင် (အလယ်အလတ်)
ကြက်သွန်နီ - ၃၀ ဂရမ် (ပါးပါးလှီး)
ကြက်သွန်ဖြူ - ၂၀ ဂရမ် (နုပ်နုပ်စဉ်း)
ဆန်ခေါက်ဆွဲ - ၂၀၀ ဂရမ်
ကြက်ဥ - ၂ လုံး
ပဲပင်ပေါက် - ၁၂၀ ဂရမ်
ကြက်သွန်မြိတ် - ၅ ပင်
ဆော့စ်ချက်ရန်
ဒယ်အိုးကို အပူပေးပါ။ ပြီးလျှင် သကြား၊ ရေကိုထည့်ပြီး အဆက်မပြတ်မွှေပါ။ ဆူလာပြီဆိုလျှင် မီးလျှော့ပြီး မန်ကျည်းသီးအနှစ်၊ ငံပြာရည်တို့ထည့်မွှေပါ။ ပွက်ပွက်ဆူလာရင် မီးပိတ်ပြီး ပန်းကန်လုံးတစ်လုံးထဲ ထည့်ထားပါ။
ပတ်ထိုင်းကြော်ပြုလုပ်နည်း
ဒယ်အိုးကို အပူပေးပါ။ ပြီးလျှင် ဆီထည့်ပါ။ ဆီပူလာရင် ပုစွန်ကို အရင်ကြော်ပြီး ဖယ်ထားပါ။ ပြီးလျှင် ကြက်သွန်နီ၊ ကြက်သွန်ဖြူ ထည့်ပြီး ဆီသတ်ပါ။ အနံ့မွှေးလာပြီဆိုလျှင် ဆန်ခေါက်ဆွဲ ထည့်မွှေပါ။ ပြီးလျှင် ခုနက ပြုလုပ်ထားတဲ့ ဆော့စ်ထည့်မွှေပါ။ ပြီးလျှင် ဘေးကို ခဏ ကပ်ထားပြီး ကြက်ဥနှစ်လုံးကို ထည့်မွှေပါ။ ပြီးလျှင်တော့ ခေါက်ဆွဲဖတ်နဲ့ သမအောင် ပြန်ရောမွှေပါ။ ပုစွန်၊ ပဲပင်ပေါက်၊ ကြက်သွန်မြိတ် တို့ထည့်ပြီး နှံ့စပ်အောင် မွှေပါ။ အရသာအနေတော်အားလုံးရပြီဆိုလျှင် အိုးချလို့ရပါပြီ။

image

13 မိုင်
(ဖလန်းဖလန်း Valley View Point Resort)
👉13 မိုင်က ဘယ်နေရာမှာရှိလဲဆိုရင်
မန္တလေး -ပြင်ဦးလွင်လမ်း ၁၆မိုင် တိုးဂိတ်အကျော်
ကျောက်ချောရွာလမ်းခွဲမှ ရဲရွာလမ်းတစ်လျှောက်
မှာ ရှိပါတယ်။
ရဲရွာလမ်းတစ်လျှောက်မှာ ၃မိုင်ကနေ ၁၃မိုင်အထိ
ဒုဌဝတီမြစ်တစ်လျှောက် ကစားကွင်းတွေ၊
water parkတွေ၊အပန်းဖြေစခန်းတွေ၊ဟိုတယ်တွေ၊စားသောက်ဆိုင်တွေကို တွေ့ရပါလိမ့်မယ်။
#သွားမယ်&တည်းမယ်

image

13 မိုင်
(ဖလန်းဖလန်း Valley View Point Resort)
👉13 မိုင်က ဘယ်နေရာမှာရှိလဲဆိုရင်
မန္တလေး -ပြင်ဦးလွင်လမ်း ၁၆မိုင် တိုးဂိတ်အကျော်
ကျောက်ချောရွာလမ်းခွဲမှ ရဲရွာလမ်းတစ်လျှောက်
မှာ ရှိပါတယ်။
ရဲရွာလမ်းတစ်လျှောက်မှာ ၃မိုင်ကနေ ၁၃မိုင်အထိ
ဒုဌဝတီမြစ်တစ်လျှောက် ကစားကွင်းတွေ၊
water parkတွေ၊အပန်းဖြေစခန်းတွေ၊ဟိုတယ်တွေ၊စားသောက်ဆိုင်တွေကို တွေ့ရပါလိမ့်မယ်။
#သွားမယ်&တည်းမယ်

image

13 မိုင်
(ဖလန်းဖလန်း Valley View Point Resort)
👉13 မိုင်က ဘယ်နေရာမှာရှိလဲဆိုရင်
မန္တလေး -ပြင်ဦးလွင်လမ်း ၁၆မိုင် တိုးဂိတ်အကျော်
ကျောက်ချောရွာလမ်းခွဲမှ ရဲရွာလမ်းတစ်လျှောက်
မှာ ရှိပါတယ်။
ရဲရွာလမ်းတစ်လျှောက်မှာ ၃မိုင်ကနေ ၁၃မိုင်အထိ
ဒုဌဝတီမြစ်တစ်လျှောက် ကစားကွင်းတွေ၊
water parkတွေ၊အပန်းဖြေစခန်းတွေ၊ဟိုတယ်တွေ၊စားသောက်ဆိုင်တွေကို တွေ့ရပါလိမ့်မယ်။
#သွားမယ်&တည်းမယ်

image

13 မိုင်
(ဖလန်းဖလန်း Valley View Point Resort)
👉13 မိုင်က ဘယ်နေရာမှာရှိလဲဆိုရင်
မန္တလေး -ပြင်ဦးလွင်လမ်း ၁၆မိုင် တိုးဂိတ်အကျော်
ကျောက်ချောရွာလမ်းခွဲမှ ရဲရွာလမ်းတစ်လျှောက်
မှာ ရှိပါတယ်။
ရဲရွာလမ်းတစ်လျှောက်မှာ ၃မိုင်ကနေ ၁၃မိုင်အထိ
ဒုဌဝတီမြစ်တစ်လျှောက် ကစားကွင်းတွေ၊
water parkတွေ၊အပန်းဖြေစခန်းတွေ၊ဟိုတယ်တွေ၊စားသောက်ဆိုင်တွေကို တွေ့ရပါလိမ့်မယ်။
#သွားမယ်&တည်းမယ်

image