#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ရုရှားသမ္မတပူတင် ပြဿနာမီးမွှေးရှာနေကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့် ထပ်မံဝေဖန်
ရုရှားသမ္မတပူတင်အနေဖြင့် ပြဿနာကိုမီးမွှေးရှာနေကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့်က မေ ၂၇ ရက်တွင် ထပ်မံဝေဖန်လိုက်ကြောင်း သိရသည်။
ယူကရိန်းစစ်ပွဲကို အကြောင်းပြု၍ ရုရှားနိုင်ငံကို အရေးယူပိတ်ဆို့ မှုများပြုလုပ်ရန် အမေရိကန်အစိုးရကစဉ်းစားနေချိန်တွင် သမ္မတဒေါ်နယ်ထရန့်က ရုရှားသမ္မတကိုထပ်မံဝေဖန်ခဲ့ခြင်းဖြစ်သည်။
ရုရှားနှင့် ယူကရိန်း အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲများ ရပ်တန့်နေမှုနှင့် ပတ်သက်၍ အမေရိကန်သမ္မတဒေါ်နယ်ထရန့်အနေဖြင့် စိတ်ပျက်လက်ပျက်ဖြစ်နေကြောင်း သိရသည်။
ရုရှားနိုင်ငံက မေ ၂၄ ရက်တွင်ယူကရိန်းနိုင်ငံကို လေကြောင်းတိုက်ခိုက်မှုကြီးတစ်ရပ် လုပ်ဆောင်ခဲ့ပြီးသည့် နောက်တွင်လည်း သမ္မတပူတင်အနေဖြင့် စိတ်ဖောက်နေပြီဖြစ်ကြောင်း ဒေါ်နယ်ထရန့်က ဝေဖန်ထားသည်။
သမ္မတပူတင်အနေဖြင့် ပြဿနာကိုမီးထွန်းရှာနေကြောင်း၊ ၎င်းအနေဖြင့် ရုရှားနိုင်ငံအတွက်အလွန်ဆိုးရွားသော အကျိုးဆက်များ ပေါ်ထွက်လာနိုင်သည်ကို အသိမဝင်သေးကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ၎င်း၏လူမှုမီဒီယာစာမျက်နှာပေါ်တွင် ရေးသားထားသည်။
မိမိအနေဖြင့် ရုရှားနိုင်ငံအပေါ်အရေးယူပိတ်ဆို့မှုများ ထပ်မံချမှတ်ရေးအတွက် စဉ်းစားနေပြီဖြစ်ကြောင်း သမ္မတဒေါ်နယ်ထရန့်က ပြီးခဲ့သည့် ရက်ပိုင်းအတွင်းပြောကြားထားသည်။
သမ္မတဒေါ်နယ်ထရန့်၏ မေ ၂၇ ရက် ဝေဖန်ချက်ကို ရုရှားအစိုးရ က တစ်စုံတစ်ရာ တုံ့ပြန်ခြင်းမရှိသေးပေ။
ရိုက်တာ

image

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ဖူကူရှီးမား မြေသားများကို ဂျပန်ဝန်ကြီးချုပ်ရုံး ပန်းခင်းအတွက် အသုံးပြုမည်
ဖူကူရှီးမား နျူကလီးယားကပ်ဘေးသင့်ဒေသမှမြေသားများ ဘေးကင်းလုံခြုံမှုရှိကြောင်း ပြသသည့်အနေဖြင့် ယင်းမြေသားများကို ဝန်ကြီးချုပ်ရုံး ပန်းခင်းအတွက်အသုံးပြုရန် ဂျပန်ဝန်ကြီးချုပ်ရုံးက စီစဉ်ထားကြောင်းဂျပန်မီဒီယာများက မေ ၂၇ ရက်တွင်သတင်းထုတ်ပြန်ထားသည်။
၂ဝ၂၁ ခုနှစ်မြေငလျင်နှင့် ဆူနာမီကပ်ဘေးကြောင့် နျူကလီးယားကပ်ဘေးသင့်နယ်မြေဖြစ်ခဲ့ရသည့် ဖူကူရှီးမားနျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံဟောင်းနေရာမှ မြေသားကုဗမီတာ ၁၄ သန်းကိုခြစ်ထုတ်ဖယ်ရှားထားသော်လည်း ယင်းမြေများကို ရယူအသုံးပြုသည့်သူများမှာ အနည်းငယ်သာရှိကြောင်း သိရသည်။
ဖူကူရှီးမားကပ်ဘေးသင့်နယ်မြေမှ မြေသားများ၏ ရေဒီယိုသတ္တိကြွ ဓာတ်ရောင်ခြည်ပါဝင်မှုအဆင့်မှာ အန္တရာယ်မရှိကြောင်း ဂျပန်အစိုးရကအာမခံထားသည့်တိုင် ၎င်းမြေသားများကို ရယူသုံးစွဲမည့်သူ နည်းပါးနေခြင်းဖြစ်သည်။
မာပြသည့်အနေဖြင့် သို့ဖြစ်ရာအစိုးရက ဥပမာပြသည့်အနေ ဖူကူရှီးမား နျူကလီးယားကပ်ဘေးသင့်ဒေသ မြေသားများကို ဝန်ကြီးချုပ်ရုံးပန်းခင်းအတွက် အသုံးပြုမည်ဖြစ်ကြောင်း ဂျပန်အစိုးရအတွင်းဝန်ချုပ် ယိုရှီမာဆာဟာယာရှီက ဂျပန်အစိုးရ အထူးအစည်းအဝေးပွဲတစ်ခုတွင် ထုတ်ဖော်ပြောကြားထားသည်။
စီအင်န်အေ

image
36 ပတ် - ဘာသာပြန်ပါ။

မော်လိုက်၌ အင်အား ၄ ဒသမ ၂ အဆင့်ရှိငလျင်လှုပ်ခတ်
စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့၌ ယနေ့(မေ ၂၉ ရက်)နံနက်ပိုင်းတွင် အင်အားရစ်ချ်တာစကေား ၄ ဒသမ ၂ အဆင့်ရှိငလျင်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။
ယနေ့နံနက် ၆ နာရီ၊ ၃၂ မိနစ်၊၂ စက္ကန့်တွင် စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့၏ အရှေ့တောင်ဘက် မိုင် ၃၀ ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၃ ဒသမ ၅၂ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒသမ ၈၇ ဒီဂရီ၊ အနက် ၈၅ ကီလိုမီတာကိုဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။
ယမန်နေ့(မေ ၂၈ ရက်)တွင်လည်း ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းပန်မြို့၏ မြောက်အရှေ့မြောက် ဘက် ၂၁ မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၀ ဒသမ ၆၁ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၈ ဒသမ ၄၆ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်ခ်တာစကေး ၃ ဒသမ ၈ အဆင့်ရှိငလျင်လှုပ် ခတ်ခဲ့ကြောင်း မိုးဇလကထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် မတ်လ ၂၈ ရက်လှုပ်ခတ်ခဲ့သည့် အင်အားပြင်ငလျင်ကြောင့် ယမန်နေ့(မေ ၂၈ ရက်) အထိ သေဆုံးသူ ၃၇၃၉ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၁၀၄ ဦးနှင့် ပျောက်ဆုံးသူ ၆၈ ဦးရှိကြောင်း နစက က ထုတ်ပြန်ထားသည်။
သတင်း - အင်ကြင်း
ဓာတ်ပုံ - MFSD

image

သွေးဆုံးကိုင်ဝေဒနာသက်သာစေတဲ့
#ဆူးပုတ်ရွက် ဆေးဖက်ဝင်ပုံ
၁။ အသားမာပေါက်လျှင် ဆူးပုတ်ရွက်ကို မကြာခန စားသုံးပေးခြင်းဖြင့် ပျောက်ကင်းစေနိုင်သည်။ ဆူးပုတ် အမြစ်ကို သွေးလိမ်းပေးလျှင် အသာမာပျောက်ကင်းစေနိုင်သည်။
၂။ လေအထက်ဆန်လျှင် ဆူးပုတ်ရွက်ကို စားသုံးပေးခြင်းဖြင့် လေကိုအောက်သို့ သက်စေနိုင်သည်။ ဆူး ပုတ်ရွက်နှင့် ပဲကြီးကို ဟင်းချိုချက်၍ သောက်လျှင် လေရောဝမ်းပါ သက်စေနိုင်သည်။
၃။ သွားဖုံးမှ သွေးယိုစီးလျှင် ဆူးပုတ်ရွက်သတ္တုရည်ကို ငုံပေးခြင်းဖြင့် ပျောက်ကင်းစေနိုင်သည်။
၄။ မြွေဆိပ်ဖြေဆေး ဖော်စပ်ရာတွင် ဆူးပုတ်ကြီးပင်၏ အခေါက်ကို အခြားဆေးဖက်ဝင်အပင်များဖြင့် ရော ၍ ဖော်စပ်နိုင်သည်။
၅။ လျှာတွင် ကြာဆူးထွက်လျှင် လျှာနာပေါက်လျှင် ဆူးပုတ်ကြီးအမြစ်ကို သွေး၍ စပါးကြီးသည်းခြေ အနည်းငယ်နှင့် ရော၍ လျှာပွတ်ပေးပါက ပျောက်ကင်းစေနိုင်သည်။
၆။ အူကျရောဂါ၊ မုတ္တရောဂါတို့အတွက် ဆူးပုတ်ကြီးမြစ်ကို သွေးလိမ်းပေးခြင်းဖြင့် ပျောက်ကင်းစေနိုင် သည်။
၇။ ည အိပ်မပျော်ရောဂါဖြစ်လျှင် ဆူးပုတ်ကြီးအရွက်ကို အတို့အမြှုပ်ပြုလုပ်စားခြင်းဖြင့် အိပ်ပျော်စေနိုင် သည်။
၈။ အမျိုးသမီးများ မီးယပ်သွေးဆုံးကိုင်ရောဂါဖြစ်လျှင် ဆူးပုတ်ကြီးရွက်ကို ဘဲဥနှင့်ရော၍ ကြော်စားခြင်း ဖြင့် သွေးဆုံးကိုင်ခြင်းမှ သက်သာပျောက်ကင်းစေနိုင်သည်။
Crdcကြည်လွင်မြင့်(မုဒြာ)

image

နံနံပင် ပင်စိမ်း ပူစီနံ သုံးမျိုးလုံးမစားတဲ့သူတွေရှိကြလား?
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
သုံးမျိုးလုံးစားတဲ့သူကတော့ရှားမယ်ထင်ပါတယ်အနည်းဆုံးတစ်မျိုးကိုတော့စားသင့်ပါတယ် ကျန်းမာရေးအတွက်အရမ်းအကျိုးပြုတဲ့ အရွက်လေးတွေဖြစ်နေလို့ပါ ကောင်းကျိုးလေးတွေအောက်မှာဖော်ပြထားပါတယ်
နံနံပင်
====
နေ့စဉ်လိုအပ်တဲ့ အမျှင်ဓာတ်၊ မဂ္ဂနီဆီယမ်၊ သံဓာတ်နဲ့ မဂ္ဂနိစ်ဓာတ်တွေ နံနံပင်မှာ အံ့သြသင့်လောက်အောင် ပါဝင် နေပါတယ်။ အစာခြေအားကောင်းအောင် အကောင်းဆုံး ပံ့ပိုးပေးနိုင်သလို အသည်း လုပ်ဆောင်ချက် တွေကိုပါ ထောက်ပံ့ပေးပါတယ်။နံနံပင်က ဆီးချိုသမားတွေ လက်စွဲထားသင့်တဲ့ အရွက်ပဲဖြစ်ပါတယ်။ ကိုယ်တွင်း အင်ဆူလင်ဓာတ် ထွက်အောင် လှုံ့ဆော်ပေးပြီး သွေးတွင်းသကြားဓာတ်ကို လျော့ချပေးပါတယ်။ နံနံပင်မှာ ပါဝင်တဲ့ ဗီတာမင် ကေ က အယ်လ်ဇိုင်းမားရောဂါ မဖြစ်အာင် ကာကွယ်ပေးပါတယ်။ နံနံပင်က မျက်စိအတွက်လည်း အထူးကောင်းမွန်စေတဲ့ အရွက်ပါ။ နံနံပင်မှာပါတဲ့ Antioxidants တွေက မျက်စိနဲ့ ပတ်သက်တဲ့ ရောဂါတွေမဖြစ်အောင် အထူးသဖြင့် မျက်ခွံအတွင်းသား ရောင်ရမ်းနာ တမျိုးဖြစ်တဲ့ မျက်စိနာခြင်းကို သက်သာစေပါတယ်
နံနံပင်မှာ အမျိုးသမီးတွေ အထူးလိုအပ်တဲ့ သံဓာတ်တွေ ကြွယ်ဝစွာပါဝင်လို့ သွေးအားနည်းခြင်းရောဂါ မဖြစ်စေနိုင်ပါဘူး။ ဒါ့အပြင့် အာရုံကြောစနစ်ကို ထောက်ပံ့ပေးလို့ မှတ်ဉာဏ်တိုးပွားစေပါတယ်
ပူစီနံ (ပူဒီနာ)
========
ပူစီနံရွက်မှာ မဂ္ဂနီစီယမ်ဓာတ်လည်းပါရှိတဲ့အတွက် နှလုံးခုန်နှုန်းကို ပုံမှန် ထိန်းသိမ်းပေးပါတယ်။ ပြီးတော့သူ့မှာ ကယ်လ်စီယမ်နှင့် မဂ္ဂနီစီယမ်တို့ အလုံအလောက်ပါရှိတဲ့အတွက် ကိုယ်ခံစွမ်းအားကို တိုးတက်မြင့်မားစေကာ အရိုးကို သန်စွမ်းစေပါတယ်။ ပူစီနံထဲမှာ Phytonutrient (ခေါ်) Perillyl Alchol ပါရှိလို့၊ ကင်ဆာ အဖုအကျိတ် ကြီးထွားလာမှုကို နှေးကွေးစေကာ၊ အထူးသဖြင့် အဆုတ်၊ အူမကြီးနှင့် အရေပြားကင်ဆာတို့ကို ကာကွယ်ပေးနိုင်တယ်လို့ ဆေးသုတေသီတွေက ဆိုထားပါတယ်။ပူစီနံရွက်ဟာ ခန္ဓာကိုယ်က အဆိပ်အတောက်တွေကို ဆီးအဖြစ်ဖယ်ရှားသုတ်သင်ပေးလို့ ဆီးရွှင်ဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။ အသည်းနှင့် သည်းခြေအိတ်တို့ကိုလည်း ကောင်းကျိုးပြုပါတယ်။ အချို့ Detox Juice အနေနဲ့ သောက်သုံးကြပါတယ် ။အစာချေစနစ်ကို တိုးတက်ကောင်းမွန်စေကာ အစာအိမ်နာအမျိုးမျိုးမှ ကာကွယ်ပေးပါတယ်။ လည်ချောင်းနာရောဂါများနှင့် အသံဝင်၊ အသံကွဲ၊ အသံပြာခြင်းတို့အတွက်လည်းကောင်းပါတယ်။သူ့ရဲ့ထူးခြားကောင်းမွန်သော ရနံ့နှင့် အရသာတို့ကြောင့် သတ္တုရည်ကိုအသုံးပြုပြီး ပျားရည်၊ သကြားလုံး၊ ဂျယ်လီ၊ ပီကေ၊ သွားတိုက်ဆေး၊ အလှအပဆိုင်ရာ၊ အချိုရည်နှင့် ရေခဲမုန့်တို့ပြုလုပ်ကြပါတယ်။ ပူစီနံရွက်ဖြင့်ဖော်စပ်ထားတဲ့ သွားတိုက်ဆေးနှင့် ခံတွင်းသန့်စင် ဆေးရည်ဟာ လူကြိုက်များထင်ရှားပါတယ်
ပင်စိမ်း
=====
ပင်စိမ်း အရွက်ကို နေတိုင်း စားပေးခြင်း အားဖြင့် အူလမ်းကြောင်း ဝမ်းဗိုက်နှင့် ပါးစပ်တွင်ဖြစ် တက်သောရောဂါများ ကင်းဝေးပီး အစာခြေ စနစ်ကို ကောင်းမွန်စေပါသည် ပင်စိမ်း အရွက်ကို ရေထဲတွင် စိမ်ပြီး နေတိုင်း သောက်လာပါက ဆီးချိုရောဂါ မဖြစ်အောင် ကာကွယ်ပေးသည်။ပင်စိမ်း သတ္တုရည်ကို သံပုရာရည် ရောပြီ တစ်ပတ်တကြိမ် ခေါင်းလျှော်ပေးပါက သန်း ဗောက်ဖက်များ ကင်းဝေးမည်။တစ်ရက်တွင် နာရီပေါင်း20 Oxygen ထုတ်လွတ်ပေးသောကြောင့် အိမ်တွင် စိုက်ရန် အကောင်းဆုံး အပင်တစ်ပင် ဖြစ်ပါသည် ။
Crd

image

ရာသီစာ #သရက်သီး နှင့် သတိပြုသင့်သည်များ
သရက်သီးက အူမကြီးကင်ဆာ၊ ရင်သားကင်ဆာ နှင့် ဆီးကျိတ်ကင်ဆာတို့မဖြစ်ပေါ်လာအောင် ကာကွယ်ပေးနိုင်ကြောင်း၊ အမျိုးသားများဆီးကျိတ်(သုက်ရည်ဂလင်း) ကင်ဆာမဖြစ်လာအောင် တားဆီးပေးကြောင်း။
သွေးအတွင်းမကောင်းသည့် ကိုလက်စထရောအဆင့်ကို လျော့ကျစေကြောင်း။
မျက်စိအမြင်အာရုံကို တိုးတက်ကောင်းမွန်စေပြီးမျက်စိခြောက်သွေ့ခြင်းနှင့် ကြက်မျက်သင့်ရောဂါ၊ မျက်စိယားယံခြင်း၊ ရောင်ကိုင်းခြင်းနှင့် မျက်ကြည်လွှာရောဂါအမျိုးမျိုးတို့ကို ကာကွယ်ပေးနိုင်ကြောင်း။
ဟော်မုန်းထုတ်လုပ်မှုစနစ်ကို ကောင်းမွန်စွာ အထောက်အကူပေး၍ ကာမအားကိုတိုးပွားစေကာ သက်လုံကောင်းပြီး လန်းဆန်းပေါ့ပါးတက်ကြွစေကြောင်း။
အစာအိမ်နှင့် အူများကို သန့်စင်စေရုံသာမက အသည်းကိုလည်း ကောင်းကျိုးပြုကြောင်း။
ဦးနှောက်ထဲရှိ ဆဲလ်များကို နှိုးဆော်ပေးကာမှတ်ဉာဏ်စွမ်းပကားကို တိုးတက်စေသည့် အတွက် ကလေးငယ်များကိုလည်း သရက်သီးကျွေးပေးသင့်ကြောင်း။
ကိုယ်ဝန်ဆောင်မိခင်များ သရက်သီးနှင့်သရက်သီး ဖျော်ရည်တို့ကို သောက်သုံးပေးသင့်ကြောင်း စသည်ဖြင့် အကြံပြု ထားကြပါသည်။
မြန်မာ့ဆေးကျမ်းများ၏ အလိုအရ ညအိပ်ရာမဝင်ခင် ရေနွေးဆူဆူတွင် သရက်ရွက် ၁၀ ရွက် သို့မဟုတ် ၁၅ ရွက်ထည့်၍ အဖုံးဖုံးထားပြီး နံနက်ရောက်သောအခါ အရည်စစ်သောက်ပေးခြင်းဖြင့် ဆီးချိုရောဂါကို သက်သာလာစေနိုင်သည် ဟု ဖော်ပြထားပါသည်။
အသီးမှာသရက်ဟုဆိုသော်လည်း
တန်ဆေး၊ လွန်ဘေးဖြစ်တတ်၍ သရက်သီးကို ကြိုက်တိုင်းမစားသင့်ပေ။ သရက်သီးစားသောက်ပြီးနောက် နှလုံးရောဂါအခံ ရှိသူများက ပို၍မောလာနိုင်သည်။ ကင်ဆာရောဂါရှိသူများတွင် အကြောများ အားလုံး တင်းလာစေသည်။ နာတာရှည်သွေးကျဆေး သောက်သုံးသူများအတွက် သရက်သီးက မသင့်ပေ။ ၎င်းတို့ပြင် အူထဲကနာခြင်း၊ လည်ချောင်းနာခြင်းတို့ကိုလည်း ဖြစ်ပေါ်ခံစား ရတတ်သည်။ သရက်သီးအမျိုးမျိုးရှိသည့်အနက် အရသာအထူးချိုသော စိန်တစ်လုံးမျိုးက လူတိုင်းနှင့်မတည့်ပေ။ ဥပမာ ဆီးချို သွေးချိုရောဂါ၊ နှလုံးရောဂါ၊ ရေငတ်ဝမ်းကျရောဂါ စသည့်နာတာ ရှည်ရောဂါ အခံရှိသူများက သရက်သီးကို အထူးပင် ရှောင်ရှားသင့်သည်။ ကိုယ်ဝန်ဆောင်တချို့၌ ကိုယ်ဝန်ဆောင်ကာလမှာ ဆီးချိုပမာဏ ယာယီမြင့်တက်နေတတ်သဖြင့် ကိုယ်ဝန် ဆောင်အနေဖြင့်လည်း သရက်သီးစားသုံးခြင်းမပြုအပ်ပေ။
နောက်ထပ် သတိပြုရမည့်အချက်မှာ သရက်သီး အမှည့်ဖြစ်စေ၊ အစိမ်းဖြစ်စေ ခွဲစိတ်ပြီးနောက် ချက်ချင်းမစားဖြစ်ပါက အုပ်ဆောင်း သို့မဟုတ် ဆန်ခါအောက်တွင်သာ သိမ်းထားသင့်ပါသည်။ လူအများစုက ခွဲစိတ်ပြီး သရက်သီးများကို ရေခဲသေတ္တာထဲ သိမ်းထားလေ့ရှိရာ ထိုသို့ပြုခြင်းက လွန်စွာအန္တရာယ်များသည်။ အဘယ်ကြောင့်ဆိုသော် သရက်သီးထဲတွင် သဘာဝအလျောက် ပါရှိနေသော အစေးပူတို့သည် ရေခဲသေတ္တာထဲအအေးခံလိုက်ရာ ၎င်းင်းအစေးပူများက အသီးထဲတွင် အောင်းနေပြီး လူတို့စားသုံး လိုက်သောအခါ အစေးအခိုးတို့ အစွမ်းပြလာပြီး အကြောတက်၊ ဗိုက်အောင့်၊ လည်ချောင်းနာ၊ မျက်စိေ၀ စသည်တို့ ဖြစ်ပေါ်ခံစားရနိုင်ပါသည်။ အထူးသဖြင့် စိန်တစ်လုံး သရက်သီးက အစေးပိုများသည်။
Crd

image
36 ပတ် - ဘာသာပြန်ပါ။

မိန်းကလေးတွေ အကြော"က်ဆုံးက
လူတစ်ယောက်ကို သံယောဇဉ်တွယ်တယ်၊
အဲဒီလူကို ကိုယ့်အကြောင်း အကုန်ပြောပြတယ်၊
သူက ဆံပင်ရှည်ထားဆို ထားတယ်၊
ဘယ်အချိန် အိပ်၊ ဘယ်အချိန် စား၊
ဘာအင်္ကျီဝတ်၊ ဘယ်သူနဲ့ မပေါင်းနဲ့ဆို
အကုန်လိုက်နာတယ်။
နောက်တော့
သူ့အပေါ် မှီခိုအားထားမှု ဖြစ်လာတဲ့အခါ
အဲဒီလူက အဝေးကို ထွက်သွားတာပါပဲ။

လူတစ်ယောက်အပေါ် ကျင့်သားရနေ၊
အကျင့်ဖြစ်နေတာက
အလေးအနက် ချစ်မိတာထက်
ပိုကြော"က်ဖို ကောင်းတယ်။

image
36 ပတ် - ဘာသာပြန်ပါ။

Need နဲ့ want ကမတူပါဘူး‌နော်

Need ဆိုတာ လိုအပ်တာ
Want ဆိုတာက လိုချင်တာ

ဥပမာ ကွာ မင်းကသူ့ကိုလိုချင်ပေမယ့်
သူကမင်းကိုမလိုအပ်ဘူး ဆိုရင်

Though you want him , He doesn’t need you.

image
36 ပတ် - ဘာသာပြန်ပါ။

နွေရာသီတုန်းက ချွေးထွက်လွန်
မိုးရာသီရောက်တော့ သေးထွက်လွန်

image
36 ပတ် - ဘာသာပြန်ပါ။

တကယ်ချစ်ရင် ...
မရမက ဆက်သွယ်ရမှာပေါ့တဲ့

သိပ်ချစ်လို ...
မဆက်သွယ်ပဲ နေပေးလိုက်တဲ့
အဖြစ်တွေကို
မကြုံဖူးသေးလို ဖြစ်မှာပါ ။