28 ပတ် - ဘာသာပြန်ပါ။

◾️Video Editor - Yangon
Company: IELTS Ivy (Ivy English School)
Salary Range: MMK 600,000 - 700,000
https://www.joimyanmar.com/job/detail/23026

◾️Sales Executive - Yangon
Company: NS Care Insurance Services
Salary Range: MMK 300,000 - 400,000
https://www.joimyanmar.com/job/detail/23025

◾️Beauty Advisor - Yangon
Company: EVERSHINE TRADING COMPANY
Salary Range: MMK 200,000 - 300,000
https://www.joimyanmar.com/job/detail/23024

◾️Operation Staff - Yangon
Company: I Jin Inter Myanmar
Salary Range: MMK 300,000 - 400,000
https://www.joimyanmar.com/job/detail/23023

image

သူငယ်ချင်း - ပြီးပြီဆင်းခဲ့တော့မယ် ခဏပဲစော"င့်
သူဆင်းလာမှာကိုစော"င့်နေတဲ့ ငါတို့

image

#funny

28 ပတ် - ဘာသာပြန်ပါ။

သစ်တပ်အတွင်းဝင်းရှိမင်းတုန်းမင်းအုတ်ဂူပြာသာဒ်နှင့် ဒင်္ဂါးစက်ရုံ

#crd

image
28 ပတ် - ဘာသာပြန်ပါ။

ချစ်သူကောင်မလေးနဲ့ အတူရှိနေခဲ့တာ ၁၁ လပြည့်သွားပြီဆိုတဲ့ ချမ်းမြေ့မောင်ချို 🥰🥰🥰

သူမကတော့ သူမရဲ့ လက်တွဲဖော် Partner လေးကို တရားဝင်ချပြလာခဲ့တာပါ။ Myanmar Idol အဆိုပြိုင်ပွဲကနေတဆင့် ဂီတလောကထဲကိုဝင်ရောက်လာခဲ့သူဖြစ်ပြီး သူမထွက်ရှိခဲ့တဲ့ Album တိုင်းက ပရိသတ်တွေရဲ့ ရင်ထဲထိရောက်အောင် သူမရဲ့ အနုပညာတွေကို ချပြနိုင်ခဲ့သူပါ။ ချမ်းမြေ့မောင်ချိုဟာ သူမရဲ့ ချစ်သူကောင်မလေးနဲ့အတူရှိလာတာ ၁၁ လပြည့်သွားခဲ့ပြီလို့ အသိပေးထားတာပါ။

#celenews

image
28 ပတ် - ဘာသာပြန်ပါ။

(မင်းသားဗီဂျေးနဲ့မိုက်တိုင်ဆန်တိုရဲ့ ရုံတင်ဇာတ်ကားသစ်ကြီး)

ဒီတစ်ခါတော့ Arjun Reddy, World Famous Lover ဆိုတဲ့ တေလဂူဇာတ်ကားတွေနဲ့
ပျိုမေတွေရဲ့အသည်းကိုကိုင်လှုပ်ခဲ့တဲ့ ဗီဂျေးဒေဗရာကွန်ဒါရဲ့ပထမဦးဆုံး
Bollywood ဘက်ကိုစတင်ခြေလှမ်းတဲ့ ဟင်ဒီဘာသာစကားပြော
ဇာတ်ကားသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ။

မင်းသမီးအနေနဲ့တော့ Student of the Year 2 ထဲက မင်းသမီးချောလေး
အာနန်ယားပန်ဒေးပဲဖြစ်ပါတယ်...

ဒီဇာတ်ကားမှာ ဗီဂျေးက စကားထစ်တယ် ဆင်းရဲတယ် အဖေဆုံးသွားလို
အမေနဲ့အတူ လမ်းဘေးလက်ဖက်ရည်ဆိုင်လေးဖွင့်ပြီး အသက်မွေးဝမ်းကျောင်းပြုနေရတယ်..

သူတိုသားအမိရဲ့ရည်မှန်းချက်က ဆုံးသွားတဲ့သူ့ဖခင်ရဲ့ဆန္ဒအတိုင်း
ဗီဂျေးကို MMA ဖိုက်တာ ချန်ပီယံတစ်ယောက်ဖြစ်စေချင်တယ်...

အာနန်ယားကတော့ ချမ်းသာတဲ့မိသားစုကနေ ဆင်းသက်လာပြီး ဘဝမှာ
လုပ်ချင်တာမှန်သမျှ စိတ်ကြိုက်လုပ်ခွင့်ရနေသူပေါ့...

သူတိုနှစ်ယောက်ငြိသွားကြတဲ့အခါ ဇာတ်လမ်းက ဘယ်လိုဖြစ်လာမလဲ...။

#crd

image
28 ပတ် - ဘာသာပြန်ပါ။

ရန်ကုန်မြို့ဘုရင်ခံအိမ်တော်(1900s)

#crd

image
28 ပတ် - ဘာသာပြန်ပါ။

#မကျည်းရွက်ဆိတ်သားခြောက် ထောင်းနည်း

မကျည်းရွက် ၅ ကျပ်သား ဆေးပြီးသန့်စင်ထားပါ။
ဆိတ်သားခြောက် ၃ ကျပ်သား။ သို့မဟုတ် ဆိတ်သားခြောက်ကင်ပြီးသား ၃ ကျပ်သား ။လက်နှစ်လုံးအရွယ် ဆိတ်သားခြောက် ၄ လက်မ အရှည် ။မထောင်းခင် ဆိတ်သားခြောက်ကို ရေ ၃ နာရီလောက်စိမ်ပြီး ကင်ပြီး ထုထားပါ။
ငြုတ်သီးစိမ်း အနီရောင် ၁၀ တောင့် အစိမ်းရောင်ဆယ်တောင့် နဲကြက်သွန်ဖြူ ၅မွှာကို ရေစပ်စပ်မှာပြုတ်ထားပါ။
အချဉ် အရသာ ပိုလိုခြင် လျှင်သံပုရာသီး တလုံး။ငါးမှုန့် ငံပြာရည် အနည်းငယ် ။မြေပဲလှော် ထမင်းစားဇွန်း ၂ ဇွန်း ။
ပထမ ဆုံး ထောင်းဆုံ ထဲမှာ ပြုတ်ထားတဲ့ ငြတ်သီး ကြက်သွန်ဖြူထောင်းပါ။ ပြီးလျှင် မြေပဲထည့် ပြီးထောင်း ။ ဆိတ်သားကင် ထည့်ထောင်းပြီးမှ သမ တဲ့အနေအထားမှာ မကျည်းရွက် ထည့်ထောင်းပါ။ ငါးမှုန့် ငံပြာရည်ထည့်ပါ။ သမအောင် အနည်းငယ်ဖွဖွ လေးထောင်းပြီး သံပုရာရည်ညှစ်ထည့်ပါ ။ငြုတ်သီး ထောင်းနဲ့သံပုရာရည် အနံ့ကြောင့် ပို စားချင်စဖွယ်ဖြစ်ပါတယ်။ လိုအပ်ရင် အပေါ့ အငံ ထပ်ထည့် ပါ ။ ဆိတ်သား မြေပဲ တို့ရဲ့ ချိုစိမ့်ပြီးချဉ်ငံစပ် ဖြစ်နေလို့ အရံ ဟင်းတခွက် လိုပဲ စားစား ကြာဇံချက် တို့နဲ့စားစား စားကောင်းပါတယ်ရှင် ။
crd

image

ဝေဒနာပြတင်းပေါက် // ဇော်ဝင်းရှိန်

28 ပတ် - ဘာသာပြန်ပါ။

မုန်ညင်းရွက် စိုက်ပျိုးနည်း

. စိုက်ပျိုးနည်းစနစ်များ
မုန်ညင်း ရွက်သည် မြေမရွေး သော်လည်း မြေဆီ သြဇာ ပြည်စုံမှု ရှိရန် အထူး အရေးကြီး သည်။ မြေညံ့ ပါက နောက်ချေး၊ မြေဆွေး များများ ထည့်ပေးရန် လိုသည်။ ရေမဝပ်သော မြေဖြစ်ပါက ပို၍ သင့်တော် သည်။ မိုးနည်းသော အချိန်ကို ရွေးစိုက်နိုင်မှသာ လျှင် ရောဂါကျခြင်းမှ ကာကွယ်နိုင်သည်။ မစိုက်ပျိုး မီ (၃-၄)ပတ် အလိုတွင် မြေပြုပြင်ရန် လိုသည်။ မြေမ ပြင်မီ နွားချေးနှင့် မြေဆွေး ချပြီးမှ ထွန်ထယ် ဝင်သင့် သည်။ ရေဝပ် ပါက ဘောင်တင် ၍ စိုက်သင့်သည်။
မြန်မာ ပြည်တွင် ဒေသ မရွေး စိုက်ပျိုး နိုင်သည်။ အေးသော ဒေသကို ပို၍ နှစ်သက် သည်။ မုန်ညင်း ရွက်ကို ကြော်၊ လှော်၊ ချက်၊ ပြုတ် စားသုံး ရာတွင် အခြားသော သားငါး၊ အသီး အရွက်တို့နှင့် ရော၍လည်း စားသုံး နိုင်သည်။ မုန်ညင်း ချဉ်သည် မြန်မာလူမျိုးတို့ အထူး နှစ်သက် သော တို့စရာ ထဲတွင် ပါဝင်သည်။

မြေပြုပြင်ခြင်း

မုန်ညင်း ရွက်သည် မြေမရွေး သော်လည်း မြေဆီ သြဇာ ပြည်စုံမှု ရှိရန် အထူး အရေးကြီး သည်။ မြေညံ့ ပါက နောက်ချေး၊ မြေဆွေး များများ ထည့်ပေးရန် လိုသည်။ ရေမဝပ်သော မြေဖြစ်ပါက ပို၍ သင့်တော် သည်။ မိုးနည်းသော အချိန်ကို ရွေးစိုက်နိုင်မှသာ လျှင် ရောဂါကျခြင်းမှ ကာကွယ်နိုင်သည်။ မစိုက်ပျိုး မီ (၃-၄)ပတ် အလိုတွင် မြေပြုပြင်ရန် လိုသည်။ မြေမ ပြင်မီ နွားချေးနှင့် မြေဆွေး ချပြီးမှ ထွန်ထယ် ဝင်သင့် သည်။ ရေဝပ် ပါက ဘောင်တင် ၍ စိုက်သင့်သည်။

မျိုးများ

မုန်ညင်း ရွက်မျိုး များတွင် မုန်ညင်း ဖြူမျိုးနှင့် မုန်ညင်း စိမ်းဟူ၍ နှစ်မျိုး ရှိသည်။ မုန်ညင်း ဖြူမျိုး ကို အချို ချက်စား သုံးကြပြီးမုန်ညင်း စိမ်းမျိုး များကို အချဉ် တည်ခြင်း၊ ကျန်မဆိုင်၊ ဆွန်ထန် စသည်ဖြင့် ကြာရှည် ခံအောင် ပြုလုပ်၍ စားသုံးကြသည်။

စိုက်ပျိုးခြင်း

မုန်ညင်းကို မြန်မာ ပြည်တွင် မေလမှ ဒီဇင်ဘာလ အထိ စိုက်ပျိုး နိုင်ပါသည်။ ပျိုးထောင် စိုက်ပါက အရွက် သေးမျိုးအတွက်ပင်ကြား၊ တန်းကြား ခြောက်လက် မထား၍ စိုက်ပါ။ အရွက်ကြီး မျိုးအတွက် မူ တစ်ပေကွာ အတန်း များတွင် တစ်ပင်နှင့် တစ်ပင် ရှစ်လက်မ ခြားစိုက် ရမည်။ အရွက် အရေ အတွက် (၄-၅)ရွက် ရလာလျှင် ပျိုးပင် များကို စိုက်ခင်းသို့ ရွှေ့စိုက် နိုင်သည်။

စိုက်ချိန်တွင် မြေအစိုဓာတ်လုံလောက်စွာရရှိနေရန် အရေးကြီး သည်။ စိုက်ခင်းတွင် တိုက်ရိုက်စိုက်ပျိုးပါက တစ်တန်းနှင့်တစ်တန်း တစ်ပေ ကွာသော စိုက်တန်း တွင် မျိုးစေ့ ထူထူချ ပေးပြီး မြေပါးပါး၊ သို့မဟုတ် မြေဆွေးပါးပါးဖြင့် ဖုံးပေးပါ။ အပင်ပေါက်လာ၍ အရွက်(၂-၃)ရွက် ထွက်လာသော် တစ်ပင်နှင့်တစ်ပင်(၂-၃)လက်မခြားပြီး မှုန်းပေးရမည်။

အပင်ပြုစုခြင်း

မုန်ညင်း စိုက်ပြီး အစောပိုင်း ပေါင်းနှိမ် ထားရန် အရေးကြီး သည်။ မုန်ညင်း ကြီးထွားစဉ် ကာလအတွင်း အစိုဓာတ်လုံလောက်မှုရှိစေရန် အထူးအရေးကြီးသည်။ ခြောက်သွေ့သောရာသီတွင် မြေအစိုဓာတ်ရှိနေစေရန် အပင်ခြေတွင် ကောက်ရိုးနှင့်မြက်ခြောက်တို့ဖြင့် အုပ်ထားပေးနိုင်သည်။ လိုအပ်ပါက ရေသွင်းရန်လိုပါသည်။


ရိတ်သိမ်းခြင်း

စိုက်ပြီး(၂၅-၃၀)ရက်ကြာသော် မုန်ညင်းရွက်များကို စားသုံးနိုင်ပြီဖြစ်သည်။ ရောင်းတန်းအရွယ်ရောက် ပါက ကြပ်နေသောအပင် များကို နုတ်၍လည်းကောင်း အပြင်ဘက်ဆုံးအရွယ်ကြီးသော အရွက်များကိုခူး၍ လည်းကောင်း အပြင်ဘက်ဆုံးအရွယ်ကြီးသော အရွက်များကိုခူး၍လည်းကောင်း ရောင်းနိုင်သည်။ အပင် ဆက်လက် ကြီးထွားနိုင်ရန် အပင်ပေါ်၌ အရွက်လုံလောက်စွာ ချိန်ထား ရမည်။ မုန်ညင်း ရွက်ရင့် လာပါက အချဉ် တည်ရန် အသုံးပြု နိုင်သည်။

- ကျမ်းကိုး- ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်း လမ်းညွှန် (စားနပ်ရိက္ခာဖူလုံမှုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့)

#crd
#greengarden

image