image
47 w - Translate

BREAKING: Several people are dead and several others are injured after a shooting at a school in Graz, Austria, local police told ABC News by phone Tuesday.
Read more: https://abcnews.link/4XCLDOJ

image
47 w - Translate

At least two people were killed in the Ukrainian city of Odesa overnight into Tuesday morning amid another night of intense Russian drone and missile strikes. An earlier graphic put the death toll at six.
Read more: https://abcnews.link/g4n53K4

image

စင်ကာပူ အလံတင် ကုန်တင်သင်္ဘော မီးလောင်မှု မြန်မာအပါဝင် လေးယောက် ပျောက်ဆုံး
ဒေလီ၊ ဇွန်-၁၀-၂၀၂၅
မျိုးဆက်(VOM)
အိန္ဒိယနိုင်ငံအနောက်တောင်ပိုင်း ကမ်းရိုးတန်းမှာ စင်ကာပူအလံတင် ကုန်တင်သင်္ဘော တစင်း မီးလောင်မှုမှာ သင်္ဘောသား ၁၈ ယောက်ကို ကယ်တင်နိုင်ခဲ့ပြီး မန်ဂါလူရူဆိပ်ကမ်းမြို့ ဆေးရုံကို တင်ပို့ထားတယ်လို့ သိရပါတယ်။
ဒီဖြစ်စဉ်အတွင်း ထိုင်ဝမ်နှစ်ယောက်၊ မြန်မာတယောက်နဲ့ အင်ဒိုနီးရှား သင်္ဘောအမှုထမ်းတယောက် ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
သင်္ဘောသာ ၁၈ ယောက်ကို ကယ်တင်နိုင်ခဲ့ရာမှာ ထိုင်ဝမ်နှစ်ယောက် ၊ မြန်မာနိုင်ငံသားနှစ်ယောက်နဲ့ အင်ဒိုနီးရှားတယောက်တို့ မီးလောင်ဒဏ်ရာတွေရရှိခဲ့ပြီး အင်ဒိုနီးရှားသင်္ဘောအမှုထမ်းကတော့ သတိလစ်နေပါတယ်။
Wan Hai 503 သင်္ဘောဟာ စနေနေ့ညနေပိုင်းမှာ သီရိလင်္ကာနိုင်ငံ ကိုလံဘိုကနေ ခုတ်မောင်းလာခဲ့ပြီး ဒီကနေ့မှာ အိန္ဒိယနိုင်ငံ မွမ်ဘိုင်းကို ရောက်ဖို့ စီစဉ်ထားပါတယ်။ မီးလောင်မှုဖြစ်ပွားပြီးနောက် အိန္ဒိယကမ်းခြေစောင့်တပ်ဟာ ကီရာလာကမ်းရိုးတန်း အနောက်မြောက်ဘက် ရေမိုင် ၁၃၀ အကွာမှာ အရေးပေါ် ကယ်ဆယ်ရေးတွေ အမြန်လုပ်ဆောင်ခဲ့ပါတယ်။
အိန္ဒိယရေတပ်သင်္ဘော INS Surat အခင်းဖြစ်ရာကို မရောက်ခင် ကမ်းခြေစောင့်တပ်ယာဉ်လေးစင်း စေလွှတ်ခဲ့ပြီး အခြေအနေတွေကို အကဲဖြတ်ဖို့နဲ့ အရေးပေါ် ထောက်ပံ့ကူညီရေးပစ္စည်းတွေ ချပေးဖို့ ရဟတ်ယာဉ်လည်း စေလွှတ်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

imageimage
47 w - Translate

ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိမှုနှုန်း မြင့်တက်လာ
- တစ်ပတ်အတွင်း ၃၁ ဦးအထိ တွေ့ရှိ
ရန်ကုန်၊ ဇွန် ၁၀
ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိမှုနှုန်း မြင့်တက်လာတာကို ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဇွန်လ ၁၀ ရက်နေ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ဇွန်လ ၁ ရက်နေ့မှ ၈ ရက်နေ့အထိ ဓာတ်ခွဲနမူနာ (၂၁၅၄) ခုကို စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၃၁) ဦး တွေ့ရှိရတယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် ရောဂါပိုးတွေ့ရှိမှုနှုန်းက မေလ ပထမပတ်မှာ (၀.၀၄) ရာခိုင်နှုန်းရှိရာကနေ တစ်လအတွင်း (၁.၄၄) ရာခိုင်နှုန်းအထိ မြင့်တက်လာပါတယ်။
ဇွန်လ ၁ ရက်နေ့မှ ၈ ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီးမှ ၁၅ ဦးအထိ တွေ့ရှိခဲ့ပြီး၊ ရှမ်းပြည်နယ် တာချီလိတ်မြို့မှ ၁၃ ဦး၊ ကရင်ပြည်နယ် ဘားအံမြို့မှ ၁ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့မှ ၁ ဦး၊ မွန်ပြည်နယ် ကျိုက်ထိုမြို့မှ ၁ ဦး ရောဂါပိုး ကူးစက်ခံခဲ့ရပါတယ်။
အစီရင်ခံကာလအတွင်း ပြင်းထန်လူနာ၊ အထူးကြပ်မတ်ကုသပေးရတဲ့လူနာနဲ့ ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံးလူနာမရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
လက်တလောမှာ နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွား/သေဆုံးမှုနဲ့ စပ်လျဉ်းပြီး စိုးရိမ်ဖွယ်ရာအခြေအနေမရှိပေမယ့် ရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ဖို့ တစ်ကိုယ်ရေကာကွယ်ရေးနည်းလမ်းတွေကို လိုက်နာဆောင်ရွက်ကြဖို့ အသိပေးထားပါတယ်။
ရောဂါကူးစက်ခံရပါ ရောဂါပြင်းထန်နိုင်ခြေနဲ့ သေဆုံးနိုင်ခြေ မြင့်မားတဲ့ အသက် ၆၀ နဲ့အထက် အသက်အရွယ်ကြီးသူတွေ၊ ဆီးချိုရောဂါ၊ နာတာရှည်အဆုတ်ရောဂါ၊ ကင်ဆာရောဂါရှိသူတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေကို ဦးစားပေးအစီအစဉ်နဲ့ ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးသွားမှာဖြစ်လို့ ကာကွယ်ဆေးထိုးနှံမှု ခံယူကြဖို့ လိုအပ်ကြောင်း ထုတ်ပြန်ထားပါတယ်။

image
47 w - Translate

ဂန္ဓမာနှင့် သစ္စာပန်း ပြည်ပတင်ပို့ရန် နစကဥက္ကဋ္ဌ တိုက်တွန်း +++++
ပြင်ဦးလွင်မြို့မှာ အောင်မြင်ဖြစ်ထွန်းတဲ့ ဂန္ဓမာနဲ့ သစ္စာပန်းမျိုးတွေကို ပြည်ပကို တင်ပို့ရောင်းချခြင်းမှ ဝင်ငွေရရှိအောင် ဆောင်ရွက်ကြဖို့ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇွန်လ ၉ ရက်နေ့ ခရီးစဉ်မှာ ပြောကြားခဲ့ပါတယ်။
ဥပမာအနေနဲ့ ဗီယက်နမ်နိုင်ငံရဲ့ ပြည်ပကို ပန်းမျိုးစုံတင်ပို့ရောင်းချခြင်းမှ ဝင်ငွေများစွာရရှိနေတယ်လို့ ဆိုပါတယ်။
အလားတူ ပြင်ဦးလွင်ဒေသမှ ထွက်ရှိတဲ့ အာရေးဗီးယားကော်ဖီက ကမ္ဘာပေါ်မှာ ဈေးကွက်ဝင် လူကြိုက်များတဲ့ ကော်ဖီအမျိုးအစားဖြစ်လို့ ကော်ဖီထုတ်လုပ်မှုတွေကို စနစ်တကျ စိုက်ပျိုးထုတ်လုပ်ဆောင်ရွက်ပြီး ပြည်ပကို ပိုမိုတင်ပို့နိုင်ရေး ဆောင်ရွက်ရမယ်လို့ ဆက်ပြောပါတယ်။

image
47 w - Translate

ဆန်နှင့် ပဲမျိုးစုံ အပါအဝင် ပို့ကုန်အမယ်အချို့ကို အလိုအလျောက်လိုင်စင်စနစ်ဖြင့် ခွင့်ပြုမည်
ရန်ကုန်၊ ဇွန် ၁၀
စိုက်ပျိုးရေးထွက်ကုန် ပို့ကုန်အမယ်အချို့ ပြည်ပတင်ပို့မှုအတွက် အလိုအလျောက်လိုင်စင် (Automatic Licensing) စနစ်နဲ့ ခွင့်ပြုပေးသွားမယ်လို့ ကုန်သွယ်ရေးဦးစီးဌာနရဲ့ ဇွန်လ ၉ ရက်နေ့ထုတ် သတင်းလွှာမှာ ဖော်ပြထားပါတယ်။
ငလျင်ဘေးအလွန် ပို့ကုန်လုပ်ငန်းတွေ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် ပို့ကုန်လိုင်စင်ဦးစွာ လျှောက်ထားပြီးမှ စိစစ်ခွင့်ပြုသည့်စနစ် (Non- Automatic Licensing) ကနေ အလိုအလျောက်လိုင်စင်စနစ်နဲ့ ပြောင်းလဲခွင့်ပြုတာလို့ ဆိုပါတယ်။
ကုန်သွယ်ရေးဉီးစီးဌာနအနေနဲ့ ကုန်သွယ်ရေးလုပ်ငန်းတွေ စနစ်တကျဆောင်ရွက်နိုင်စေဖို့ ပင်လယ်ရေကြောင်းနဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းတွေက တင်ပို့တဲ့ ကုန်စည်အားလုံးကို ပို့ကုန်လိုင်စင်လျှောက်ထားပြီးမှသာ တင်ပို့ခွင့်ပြုနေတာပါ။
Automatic Licensing စနစ်က ပို့ကုန်/သွင်းကုန်လိုင်စင်တွေကို ကုန်သွယ်ရေးဦးစီးဌာနက စိစစ်ဖို့မလိုဘဲ စနစ်က အလိုအလျောက် လိုင်စင်ထုတ်ပေးတာဖြစ်ပြီး Non-Automatic Licensing စနစ်က လိုင်စင်ဦးစွာ လျှောက်ထားပြီးမှ စိစစ်ခွင့်ပြုတဲ့စနစ် ဖြစ်ပါတယ်။
အခုထုတ်ပြန်လိုက်တဲ့ အလိုအလျောက်လိုင်စင်စနစ်နဲ့ ခွင့်ပြုမယ့် ကုန်ပစ္စည်းအမျိုးအမည်တွေထဲမှာ ကြက်သွန်ဖြူ၊ ကြက်သွန်နီနဲ့ ပဲမျိုးစုံ၊ ဆန်၊ ပြောင်း၊ နှံစားပြောင်း၊ ပန်းဂျုံနဲ့ ဆီထွက်သီးနှံတွေ ပါဝင်လာပါတယ်။
Non- Automatic Licensing စနစ်မှ Automatic Licensing စနစ်နဲ့ ပြောင်းလဲခွင့်ပြုမယ့်အထဲမှာ ကြက်သွန်ဖြူ၊ ကြက်သွန်နီနဲ့ ပဲမျိုးစုံ ကုန်စည် ၅၈ လိုင်း၊ ဆန်၊ ပြောင်း၊ နှံစားပြောင်း၊ ပန်းဂျုံ ကုန်စည် ၂၅ လိုင်းနဲ့ ဆီထွက်သီးနှံ ကုန်စည် ၁၄ လိုင်း ခွင့်ပြုသွားမှာပါ။
အဆိုပါ HS Code 10 Digit နဲ့ ကုန်စည် ၉၇ လိုင်းကို Myanmar Tradenet 2.0 မှာ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၅ ရက်မှ စတင်ပြီး Automatic Licensing စနစ်နဲ့ သြဂုတ်လ ၃၁ ရက်နေ့အထိ ဆောင်ရွက်ခွင့်ပြုသွားမယ်လို့ သိရပါတယ်။

image

#နိုင်ငံတကာသတင်း
◼ စီးနင်းမှုများအရှိန်မြှင့်ရန် လော့စ်အိန်ဂျလိစ်သို့ မရိန်းတပ်ဖွဲ့များ ထရန့် စေလွှတ်
လော့စ်အိန်ဂျလိစ်မြို့သို့ အမေရိကန်မရိန်းတပ်ဖွဲ့များကို ဒေါ်နယ်ထရန့်အစိုးရက စေလွှတ်ခဲ့ပြီး အထောက် အ ထားမဲ့ မသင်္ကာသူ ရွှေ့ပြောင်းနေထိုင်သူများအပေါ် စီးနင်းဖမ်းဆီးမှုများကို တိုးမြှင့်လုပ်‌ဆောင်ခဲ့ရာ လမ်းပေါ် မှဆန္ဒပြသူများအား ပိုမိုဒေါသူပုန်ပုန်ထစေခဲ့သည်။
ဒီမိုကရက်တစ်ခေါင်းဆောင်များကလည်း အစိုးရ၏ လုပ်ရပ်ကြောင့် အမျိုးသားရေး အကျပ် အတည်း ဖြစ်လာ မည်ကို စိုးရိမ်ကြောင်း သတိပေးပြောကြားကြသည်။
ဒေါ်နယ်ထရန့် ဒုတိယသက်တမ်းအစိုးရ၏ အမှတ်အသားတစ်ခုဖြစ်လာခဲ့သော လူဝင်မှုကြီးကြပ်‌ရေး စီးနင်းမှုများအား ဆန့်ကျင်သည့် လမ်းပေါ် ဆန္ဒပြမှုများအား ကူညီနှိမ်နင်းရန် ဖက်ဒရယ်အစိုးရမဟာ‌ဗျူဟာ တစ်စိတ်တစ်ပိုင်းအဖြစ် ကယ်လီဖိုးနီးယားတောင်ပိုင်း အခြေစိုက်စခန်းမှ စေလွှတ်ထားသော မရိန်း တပ်ဖွဲ့ များ သည် အမေရိကန်စံတော်ချိန် ဇွန် ၁၀ ရက် နံနက်ပိုင်း(မြန်မာစံတော်ချိန်ယနေ့ညနှောင်းပိုင်း)တွင် ရောက်ရှိနိုင်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
မရိန်းတပ်များ၏တာဝန်မှာ အင်အား ၄၀၀၀ ရှိသော အမျိုးသား အစောင့်တပ်များ လော့စ်အိန်ဂျလိစ်မြို့သို့ အပြည့်အဝ ရောက်ရှိလာချိန်အထိ ဖက်ဒရယ်ရုံးများနှင့် ဝန်ထမ်းများအား ကာကွယ်ပေးရန် ဖြစ်သော်လည်း ၎င်းတို့အား ဖြန့်ကြက်ခြင်းမှာ ရဲတပ်ဖွဲ့၏ စစ်ဆင်ရေးအား ကူညီရာ၌ စစ်တပ်အင်အားကို ထူးထူးခြားခြား အသုံးချခြင်းဖြစ်သလို အကူအညီတောင်းဆိုခြင်းမရှိသော ပြည်နယ်နှင့် ဒေသန္တရခေါင်းဆောင်များ၏ ကန့်ကွက်မှုများကြားမှ လုပ် ဆောင်ခြင်းဖြစ်သည်။
ထိုအတောအတွင်းမှာပင် လူဝင်မှုကြီးကြပ်ရေးဥပဒေချိုးဖောက်သူများအား ဖမ်းဆီးသည့် စစ်ဆင်ရေးများကို တိုးမြှင့်သွားမည်ဖြစ်ကြောင်း အမေရိကန်အမိမြေလုံခြုံရေးဝန်ကြီး ခရစ္စတီနိုအမ် က ကြုံးဝါးပြောဆိုခဲ့ရာ ဆန္ဒပြပွဲများ ဖြစ်ပေါ်စေခဲ့သော နှိမ်နင်းမှုများအား တိုးချဲ့မည့်သဘောဖြစ်သည်။
ယင်းဆန္ဒပြပွဲများမှာ ဥပဒေမဲ့လုပ်ရပ်များဖြစ်ကြောင်း နှင့် ပြည်နယ်နှင့် ဒေသခံ ဒီမိုကရက်များက အထောက်အထားမဲ့ ရွှေ့ပြောင်းများအတွက် ခိုလှုံစရာမြို့ကြီးများဖြင့် အကာအကွယ်‌ပေးနေကာ မငြိမ်မသက်မှုများအား ခွင့်ပြုခဲ့ကြောင်း ထရန့်အရာရှိများက ပြစ်တင်ပြောကြားကြသည်။
ဖက်ဒရယ်နှိမ်နင်းမှုများအား လက်သင့်မခံမှုဖြင့် ကယ်လီဖိုးနီးယားပြည်နယ် မှ ဒီမိုကရက်အုပ်ချုပ်ရေးမှူး ဂါဗင်နယူဆမ် အား ဖမ်းဆီးသွားမည်ဟု ရီပက်ဘလေကန်သမ္မတ ထရန့်က ခြိမ်းခြောက်ခဲ့ရာ စစ်တပ်နှင့်ဖက်ဒရယ်ဥပ‌ဒေစည်းကြပ်ရေး စစ်ဆင်ရေးများကြောင့် အမေရိကန်၏ အဓိကပါတီကြီးနှစ်ခုကြားက သဘောထားကွဲပြားမှုများအား ပိုမိုကြီးမားလာစေခဲ့သည်။
အမျိုးသားအစောင့်တပ်ဖွဲ့များနှင့် မရိန်းတပ်ဖွဲ့များ ချထားခြင်းကို တားဆီးပိတ်ပင်ရန် ကယ်လီဖိုးနီးယားပြည်နယ်ကလည်း ထရန့်အစိုးရ ကို ယမန်နေ့က တရားစွဲလိုက်ပြီး ယင်းသို့ ချထားခြင်းမှာ ဖက်ဒရယ်ဥပဒေကို ချိုးဖောက်ခြင်း ၊ ပြည်နယ်အချုပ်အခြာကို ချိုး‌ဖောက်ခြင်းဖြစ်ကြောင်း စောဒက တက်ထားသည်။
မရိန်းတပ်ဖွဲ့များ ချထားသော ထရန့်၏ လုပ်ရပ်ကြောင့် အလွန်အမင်း စိတ်အနှောက်အယှက်ဖြစ်ရကြောင်း အထက်လွှတ်တော် လက်နက်ရေးရာလုပ်ငန်းများကော်မတီ မှ ထိပ်တန်းဒီမိုကရက်အမတ် ဂျက်ရိဒ် က ပြောကြားသည်။
သမ္မတက ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့တော်ဝန်တို့၏ လုပ်ပိုင်ခွင့်အာဏာကို အဓမ္မလွှမ်းမိုးပြီး စစ်တပ်အား နိုင်ငံရေးလက်နက်တစ်ခုအဖြစ် အသုံးချနေကြောင်း၊ အ‌မေရိကန်မြေပေါ်မှ ဥပဒေစည်းကြပ်မှုလုပ်ငန်းများတွင် စစ်တပ်ကို အသုံးမချလိုသော အမေရိကန်ပြည်သူများ၏ သဘောထားမှာ နိုင်ငံတည် ထောင် ကတည်းကရှင်းနေကြောင်း အထက်လွှတ်တော်အမတ် ဂျက်ရိဒ် က ပြောကြားသည်။
သတင်း-ရဲမင်း
ကိုးကား-Reuters

image