#နိုင်ငံတကာသတင်း
◼ယီမင်ဆိပ်ကမ်းမြို့ကို အစ္စရေးတိုက်ခိုက်
ယီမင်နိုင်ငံ၏ ပင်လယ်နီ ဆိပ်ကမ်းမြို့ ဟိုဒေဒါ မှ ဟူသီပစ်မှတ်များကို တိုက်ခိုက်ခဲ့ကြောင်း အစ္စ‌ရေးရေတပ်က ပြောကြားပြီး တစ်ချိန်တည်းမှာပင် ဟူသီအဖွဲ့က အစ္စရေးအား ဆက်လက်တိုက်ခိုက်နေခဲ့ပါက ၎င်းတို့အဖွဲ့အပေါ် လေကြောင်း နှင့် ရေကြောင်း ပိတ်ဆို့မှုများ လုပ်ဆောင်သွားနိုင်ကြောင်း ကာကွယ်‌ရေးဝန်ကြီး အစ္စရေးကတ်ဇ် က ခြိမ်းခြောက်လိုက်သည်။
ဟိုဒေဒါဆိပ်ကမ်းမှ သင်္ဘောကျင်းနှစ်ခုအား အစ္စရေးက နှစ်ကြိမ်တိုက်ခိုက်ခဲ့ကြောင်း ဟူသီအဖွဲ့ လက်‌အောက်ရှိ အယ်လ်မာဆီရာရုပ်သံ က တင်ပြခဲ့သည်။
ဟူသီတို့၏ ပစ်မှတ်များကို တိုက်ခိုက်ခဲ့ကြောင်း နှင့် ဟူသီအဖွဲ့ က လက်နက်များ လွှဲပြောင်းရယူရန် ယင်းဆိပ်ကမ်းကို အသုံံးပြုနေကြောင်း အစ္စရေးစစ်ဘက် က ထုတ်ပြန်ချက်တစ်ရပ်တွင် ပြောသည်။
အဆိုပါတိုက်ခိုက်မှုနှင့်ပတ်သက်၍ထိခိုက်ဒဏ်ရာရသော သတင်းများ ရုတ်တရက်ထွက်ပေါ်မလာသေး‌ပေ။
အီရန်၏ အခြားအရှေ့အလယ်ပိုင်း လက်တွဲဖော်များအား အကြီးအကျယ် အားနည်းသွားစေခဲ့ပြီးနောက် အစ္စရေးက ဟူသီ စစ်ဆင်ရေးကို စတင်ခဲ့ကာ ဟူသီ ပစ်မှတ်များစွာကို လေကြောင်း မှ တိုက်ခိုက်ခဲ့သည်။
ဟူသီတို့ထိန်းချုပ်ထားသော ဟိုဒေဒါ ၊ ရက်စ်အီဆာ နှင့် ဆာလစ် ဆိပ်ကမ်းအနီးမှ လူများ ဘေးလွတ်ရာ ရွှေ့ပြောင်းနေကြရန် အစ္စရေးစစ်ဘက် က ယမန်နေ့တွင် တိုက်တွန်းခဲ့သည်။
“သူတို့အနေနဲ့ အစ္စ‌ရေးကို ဆက်ပြီး ပစ်ခတ်နေမယ်ဆိုရင် ပိုပြီးအင်အားပြင်းထန်တဲ့ တုံ့ပြန်မှုနဲ့ရင်ဆိုင်ရပြီး ရေကြောင်း နဲ့ လေကြောင်းပိတ်ဆို့မှုတွေ ခံစားရနိုင်တယ်ဆိုတာကို ကျွန်တော်တို့က ဟူသီ အကြမ်း ဖက်အဖွဲ့အစည်းကို သတိပေးလိုက်ပါတယ်။”ဟု ကာကွယ်ရေးဝန်ကြီး ကတ်ဇ် က လူမှုကွန်ရက် X ပေါ်တွင် ရေးသားသည်။
၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် ဂါဇာစစ်ပွဲ စတင်ချိန်ကတည်းက ပါလက်စတိုင်းများနှင့် သွေး စည်းညီညွတ်မှုပြသနေကြောင်း ပြောကြားပြီး အီရန်နှင့်လက်တွဲထားသော ယီမင်နိုင်ငံမှ ဟူသီအဖွဲ့ က ပင်လယ်နီမှ သင်္ဘောများနှင့် အစ္စ‌‌ရေး အား ပစ်ခတ်တိုက်ခိုက်နေခဲ့ကြောင်း ရိုက်တာသတင်းက ဖော်ပြသည်။
သတင်း-ရဲမင်း
ကိုကား-Reuters

image
47 w - Translate

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ ထိုင်းနိုင်ငံ အယုဒ္ဓယတွင် အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ငါးဦး ဖမ်းဆီးခံရ
ထိုင်းနိုင်ငံအယုဒ္ဓယတွင် ဇွန် ၁၀ ရက်က အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ငါးဦးကို ဖမ်းဆီးထားကြောင်း ထိုင်းနိုင်ငံအဝေးပြေးလမ်းမ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ထိုင်းနိုင်ငံ အယုဒ္ဓယနယ်မြေတွင် အယုဒ္ဓယအဝေးပြေးလမ်းမရဲတပ်ဖွဲ့က ကားတစ်စီးအားတားဆီးစစ်ဆေးရာ တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သား ငါးဦးတွေ့ရှိခဲ့သည့်အတွက် ထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကားသမား၏ထွက်ဆိုချက်အရ မြန်မာနိုင်ငံသားတစ်ဦးကစူဖန်ဘူရီမှ အလုပ်သမားများအား ပထုမ်ဌာနီသို့ပို့ဆောင်ပေးရန် ငှားရမ်းခဲ့ခြင်းဖြစ်ပြီး တစ်ဦးလျှင်ဘတ် ၇၀၀ နှုန်းဖြင့်အခကြေးငွေ ရရှိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံသားငါးဦးသည် စာရွက်စာတမ်း အထောက်အထားများမရှိဘဲ တာ့ခ်ခရိုင် မဲဆောက်မြို့နယ်မှတစ်ဆင့်လှေဖြင့် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာခဲ့ကြပြီးနောက် ကားဖြင့်ဆက်လက်ခရီးနှင်လာစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။
ကားသမားနှင့်မြန်မာငါးဦးတို့ကို အယုဒ္ဓယခရိုင် ဘန်ပါဟန်မြို့နယ်ရဲစခန်းသို့ ဥပဒေအရအရေးယူဆောင်ရွက်နိုင်ရန် လွှဲပြောင်းပေးခဲ့ကြောင်း အဝေးပြေးလမ်းမရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

image

image

image

image
Johnson Armstrong added new photos to good one
47 w

image
image
image
Johnson Armstrong changed his profile cover
47 w

image
Johnson Armstrong changed his profile picture
47 w

image
Johnson Armstrong changed his profile cover
47 w

image
Johnson Armstrong changed his profile picture
47 w

image