30 w - Translate

အကယ်ဒမီပွဲ ဖျော်ဖြေရေးအတွက် ၁၆ ဦး ရွေးချယ်
---------------------
၂၀၂၄ ခုနှစ် အကယ်ဒမီထူးချွန်ဆု ချီးမြှင့်ပွဲအတွက် ပြုလုပ်တဲ့ရွှေကြိုပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့်မှာ အရွေး မခံရတဲ့ မောင်မယ်တွေကို ဖျော်ဖြေရေးကဏ္ဍအတွက် ပြန်လည်ခေါ်ယူရာမှာ လာရောက် လျှောက်ထားသူတွေထဲက ၁၆ ယောက်ကို ရွေးချယ်ခဲ့တယ်လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကနေ သိရပါတယ်။

ရွှေကြိုမောင်မယ်တွေအဖြစ် နောက်ဆုံးအဆင့်မှာ အရွေးမခံရပေမယ့်လည်း အရည်အသွေးရှိပြီး ဝါသနာ ကြီးတဲ့ မောင်မယ်အားလုံးကို အကယ်ဒမီ ရုပ်ရှင်ထူးချွန်ဆုပေးပွဲကြီးရဲ့ ဖျော်ဖြေရေးကဏ္ဍမှာ ပါဝင်နိုင်ဖို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ဇန်နဝါရီလ ၁၈ ရက်၊ နေ့လယ် ၁၂ နာရီထိ နောက်ဆုံးထား စာရင်း ပေးသွင်းဖို့ ပြန်လည်ဖိတ်ခေါ်ခဲ့တာပါ။

ရွှေကြိုပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့်မှာ အရွေးမခံရတဲ့ သူတွေကို ဖျော်ဖြေရေးကဏ္ဍအတွက် မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးက အခုလိုပြန်လည်ခေါ်ယူပေးတာဟာ ဒီနှစ်မှာသာ ပြုလုပ်တဲ့ ထူးခြားတဲ့ လုပ်ဆောင်ချက်ဖြစ်တယ် လို့လည်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကနေ သိရပါတယ်။
ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ ပါဝင်ကူညီနိုင်ဖို့ ရွှေကြိုမောင်မယ်တွေအဖြစ် ရုပ်ရှင်စိတ်ဝင်စားသူ လူငယ်တွေကို လျှောက်လွှာခေါ်ယူခဲ့ရာကနေ နောက်ဆုံး ဆန်ခါတင်အဖြစ် ရွှေကြိုမောင်မယ် အယောက်(၄၀)ကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကိုတော့ လာမယ့် ဖေဖော်ဝါရီ ၉ ရက် နေပြည်တော်မှာ ကျင်းပသွားမှာဖြစ်ပြီး အကယ်ဒမီဆု ၁၅ ဆု ပေးအပ်ဖို့ ဆောင်ရွက်ထားတယ်လို့ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြောကြားထားပါတယ်။

image
image
image

ဇန်နဝါရီ ၂၀ ရက် အမေရိကန် ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့် ကျမ်းမကျိန်မှီ ဝါရှင်တန်ဒီစီ အမေရိကန် လွှတ်တော် ရှေ့မြင်ကွင်း

#inauguration2025

imageimage
+8

တာဝန်သက်တမ်း ပြီးဆုံးတော့မယ့် သမ္မတနဲ့ တာဝန်စယူတော့မယ့် သမ္မတ

ဒီကနေ့က စပြီး အမေရိကန်သမ္မတအဖြစ် စတင်တာဝန်ယူတော့မယ့် ဒေါ်နယ်ထရမ့်က ဇနီးသည် မယ်လယ်နီယာနဲ့အတိူ အိမ်ဖြူတော်ကို ရောက်လာချိန်မှာ မကြာခင်နာရီပိုင်းမှာ ရာထူးတာဝန်ပြီးဆုံးတော့မယ့် သမ္မတဂျိုးဘိုင်ဒန်နဲ့ ဇနီးသည် ဂျင်းလ်ဘိုင်ဒန်တို့က ကြိုဆိုခဲ့ကြတာကိုတွေ့ရတာပါ။

သမ္မတနှစ်ဦး လက်ဖက်ရည်သုံးဆောင်ရင်း စကားစမြည်ပြောကြပါမယ်။ အစောပိုင်းတုန်းကလည်း သမ္မတဘိုင်ဒန်က သူ့ရဲ့ ဒုတိယသမ္မတ ကာမလာဟဲရစ်နဲ့ ခင်ပွန်းတို့ကို ကြိုဆိုခဲ့ပါတယ်။ မစ္စဟဲရစ်ကလည်း အသစ်တက်လာမယ့် ဒုတိယသမ္မတအဖြစ်ရွေးခံထားရတဲ့ ဂျေဒီဗန့်စ်ကို ကြိုဆိုပြီး လက်ဖက်ရည်ပွဲနဲ့ ဧည့်ခံခဲ့ပါတယ်။

#သတင်းဟင်းလေးအိုးကြီး

imageimage

ရွှေကုက္ကိုလ်နှင့် KK Park က ကျားဖြန့်အရေး နစကထုတ်ပြန်

ဇန်နဝါရီ ၂၀

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ မြန်မာ-ထိုင်းနယ်စပ်က ရွှေကုက္ကိုလ်နှင့် KK Park က အွန်လိုင်းငွေလိမ် လည်မှုလုပ်ငန်း(ကျားဖြန့်)အရေး နစက-က ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၀ ရက်က ထုတ်ပြန်ခဲ့သည်။

အဆိုပါ ဒေသတွင် တရုတ်နိုင်ငံသား သရုပ်ဆောင် မစ္စတာဝမ်ရှင်း ထိုင်းနိုင်ငံကနေတဆင့် မြန်မာနိုင်ငံအတွင်းသို့ ပို့ဆောင်ခံရပြီး လူကုန်ကူးခံခဲ့ရသည်။

ထို့နောက် တရုတ်အစိုးရ ရွှေကုက္ကိုလ်နှင့် KK Park ရှိ လူကုန်ကူးခံထားရသော တရုတ်နိုင်ငံသားများ ကယ်ထုတ် နိုင်ရေးနှင့် ကျားဖြန့်လုပ်ငန်းများ နှိမ်နင်းရေး ဖိအားပေးလျက်ရှိနေသည်။

ရွှေကုက္ကိုလ်နှင့် KK Park တွင် ကျားဖြန့်လုပ်ငန်းများ ကင်းစင်ရေး အပါအဝင် ရင်းနှီးမြှုပ်နှံမည့်သူများ လိုက်နာရမည့် စည်းကမ်းများနှင့်ပတ်သက်ပြီး ကရင်နယ်ခြားစောင့်တပ်(BGF)၊ ဒီမိုကရေစီအကျိုးပြု ကရင် အမျိုးသားတပ်မတော်(DKBA)၊ တရုတ်လုပ်ငန်းရှင်များ တွေ့ဆုံ၍ ဆွေးနွေး ချမှတ်ခဲ့ကြသည်။

#centralnewsnaypyitaw

imageimage
+8

အမေရိကန်ရဲ့ ၄၇ ယောက်မြောက် သမ္မတအဖြစ် ဒေါ်နယ်ထရန့် ကျမ်းသစ္စာကျိန်ဆိုတော့မယ်

ဝါရှင်တန်၊ ဇန်နဝါရီ ၂၀

အမေရိကန်ရဲ့ ၄၇ ယောက်မြောက် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုဖို့အတွက် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်ဟာ ဝါရှင်တန်ဒီစီရှိ ဘုရားကျောင်းကို ရောက်ရှိနေပြီဖြစ်ပါတယ်။

အစဉ်အလာအားဖြင့် ရွေးကောက်ခံသမ္မတတွေရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို ပြင်ပနေရာမျိုးမှာသာ ကျင်းပခဲ့ပေမယ့် ဝါရှင်တန်မှာ အနုတ် ၁၃ ဒီဂရီစင်တီဂရိတ်ထိ အေးခဲနေတဲ့ အပူချိန်ကြောင့် အခမ်းအနားကို လွှတ်တော်အတွင်းမှာ ကျင်းပမှာဖြစ်ပါတယ်။

ကျမ်းသစ္စာကျိန်ဆိုပြီးနောက်မှာတော့ ထရန့်ဟာ နိုင်ငံကို ပထမဆုံးမိန့်ခွန်းပြောကြားမှာဖြစ်ပြီး သူ့ရဲ့ ပထမဆုံးသော သမ္မတတာဝန်ရယူတဲ့နေ့မှာပဲ အုပ်ချုပ်ရေးဆိုင်ရာ အမိန့်အများအပြားကို စံချိန်တင် လက်မှတ်ရေးထိုးမယ်လို့ ထရန့်က ထောက်ခံသူတွေကို မနေ့က ပြောပါတယ်။

သူသမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုတဲ့နေ့မှာ အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ ပတ်သက်ပြီး ကြီးမားတဲ့ အစီအမံချမှတ်ဖို့ အမိန့်ထုတ်ပြန်မယ်လို့လည်း ဆိုပါတယ်။ နို်ငငံနယ်နိမိတ်တွေကို ကျူးကျော်နေမှု ရပ်တန့်သွားလိမ့်မယ်လို့ ထရန့်က ပြောပါတယ်။

မနက်ဖြန် သမ္မတအဖြစ် ပထမဆုံးမိန့်ခွန်းမှာ ကြေညာမယ့် နယ်စပ်လုံခြုံရေးအစီအမံတွေဟာ ကမ္ဘာပေါ်မှာ နယ်နိမိတ် ကာကွယ်ရေးအစီအမံတွေထဲမှာ ပြင်းထန်ပြီး အရှိန်အဟုန်နဲ့ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ ဘယ်မြို့ကနေစမယ်ဆိုတာ မပြောပေမယ့် မြန်မြန်ဆန်ဆန် စတင်ပြီး လူတွေ မျက်မြင်တွေ့ရလိမ့်မယ်လို့ ဒေါ်နယ်ထရန့်က ပြောပါတယ်။ ထရန့်ထောက်ခံသူထောင်ပေါင်းများစွာကတော့ လွတ်တော်အနီးမှာ စုဝေးနေကြပြီး ညနေ ၅ နာရီ(မြန်မာစံတော်ချိန် ည ၁၁ နာရီ ၃၀ မိနစ်မှာစတင်မယ့် သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲကို စောင့်မျှော်နေကြပါတယ်။

ဒီအခမ်းအနားကိုတက်ရောက်မယ့် နိုင်ငံတကာ ဖိတ်ကြားထားတဲ့ ခေါင်းဆောင်တွေ ၊ သံတမန်တွေနဲ့ တခြား အထူးဧည့်သည်တော်တွေလည်း ဝါရှင်တန်ဒီစီကို ရောက်ရှိနေကြပြီဖြစ်ပါတယ်။

Ref: BBC
Photo:Getty Images/ Reuters

#သတင်းဟင်းလေးအိုးကြီး

imageimage
+5

image

image

image
30 w - Translate

🍽️🥂

image
pissss yyyy changed his profile picture
30 w

image