1 y - Translate

မကွေးဆေးရုံကြီးမှာ ကိုဗစ်လူနာတစ်ဦး သေဆုံး

မကွေးမြို့ဆေးရုံကြီးမှာ တက်ရောက်ကုသနေတဲ့ အသက် ၃၁ နှစ်အရွယ်ကိုဗစ်လူနာ သေဆုံးသွားတယ်လို့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့၊ ရွှေအိုး(၁)ရပ်ကွက်မှာနေထိုင်တဲ့ အသက် ၃၁ နှစ်အရွယ် အမျိုးသား ကိုဗစ်လူနာတစ်ယောက်ဟာ မကွေးမြို့ဆေးရုံကြီးမှာ တက်ရောက်ကုသမှုခံယူနေစဉ် ဇွန်လ (၁၇)ရက်က သေဆုံးသွားတယ်လို့ မကွေးမြို့မှာရှိတဲ့ လူမှုကယ်ဆယ်ရေးအသင်းတွေက ပြောပါတယ်။

သေဆုံးသွားတဲ့ကိုဗစ်လူနာကို ဇွန်လ ၁၈ ရက်က မကွေးမြို့၊ ချမ်းမြေ့သာယာသုသာန်ကို မြေပြင်လူမှုကယ်ဆယ်ရေးအသင်းက ကိုဗစ် – ၁၉ ကာကွယ်ရေးနည်းလမ်းတွေအတိုင်း သယ်ဆောင်ပြီး ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်မှုအရ ယခုနှစ် မေလ ၅ ရက်နေ့က ပိုးတွေ့သူ ၁ ဦး၊ မေလ ၂၀ ရက်နေ့ကပိုးတွေ့သူ ၁ ဦး၊ မေလ ၂၇ ရက်နေ့က ပိုးတွေ့သူ ၆ ယောက်နဲ့ ဇွန်လ ၃ ရက်နေ့က ပိုးတွေ့သူ ၁၇ ဦး၊ ဇွန်လ ၉ ရက်နေ့က ပိုးတွေ့သူ ၃၁ ဦးအပါအဝင် ဇွန်လ ၁၆ ရက်နေ့က ပိုးတွေ့သူ ၅၂ ယောက် အထိရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။

image
1 y - Translate

General Mills has pulled three Cheerios flavors from its lineup, the company confirmed this week.

Read more: https://abcnews.visitlink.me/qqPgPE

image
1 y - Translate

မြောင်းမြမှာ ကျောင်းသူအချင်းချင်း အုပ်စုဖွဲ့အနိုင်ကျင့်တဲ့ကိစ္စ ထိ​ရောက်တဲ့ အရေးမှုမလုပ်ရင်နေပြည်တော် အထိတိုင်ကြားမယ်
ဇွန် - ၁၉ ၂၀၂၅
GG (VOM)
ဧရာဝတီတိုင်း ၊မြောင်းမြမြို့ အ.ထ.က( ၆) ကျောင်းမှ ဖြစ်ပွားခဲ့တဲ့ ကျောင်းသူအချင်းချင်း အုပ်စုဖွဲ့အနိုင်ကျင့်ပြီး ပါးရိုက်ခြင်း ၊ ဒူးထောက်ပြီး ထိုင်ကန်တော့ခိုင်းခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မြို့နယ်ပညာရေးမှူးနဲ့ ကျောင်းအုပ်ဆရာမကြီးဆိုသူတို့က ထိရောက်တဲ့အရေးယူမှုတွေ မပြုလုပ်ပေးတဲ့အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ပညာရေးဝန်ကြီးဌာနအပါ သက်ဆိုင်ရာဌာနတွေကို တိုင်ကြားစာထပ်မံပေးပို့သွားမယ်လို့ အဆိုပါ အရေးကိစ္စကိုဆောင်ရွက်နေသူကပြောပါတယ်။
အဆိုပါ အုပ်စုဖွဲ့အနိုင်ကျင့်တဲ့ကိစ္စရပ်ဟာ အရင်နှစ်ကျောင်းဖွင့်ချိန်ကတည်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး အဲဒီအချိန်ကလည်း ထိရောက်တဲ့အရေးယူမှုမရှိခဲ့ကြောင်း ၊ ရုပ်သံဖိုင်မှာ ကျောင်းသူတယောက်ကို အုပ်စုဖွဲ့အနိုင်ကျင့်ကာ လူမြင်ကွင်းမှာ ပါးကို ထပ်ခါထပ်ခါရိုက်ခြင်း၊ ဒူးထောက်ပြီး တောင်းပန်ခိုင်းနေတာကိုတွေ့မြင်ရပြီးနောက် ပြည်သူတွေအကြား ဝေဖန်ပြစ်တင်မှုတွေမြင့်တက်ခဲ့ပါတယ်။
ဒါကြောင့် မြို့နယ်ပညာရေးမှူးနဲ့ ကျောင်းအုပ်ဆရာမကြီးက ကျူးလွန်ခဲ့တဲ့ကျောင်းသူနှစ်ယောက်ကို ခေါ်ဆောင်ကာ ပါးရိုက်ခံခဲ့ရတဲ့ ကျောင်းသူအိမ်ကို သွားရောက်ပြီး တောင်းပန်းချိန် ဗွီဒီယို ရိုက်ကူးမှုအပေါ် ကျူးလွန်သူကျောင်းသူတွေက ငြင်းဆန်ပြီး ပြန်သွားခဲ့တယ်လို့ သိရပါတယ်။
ကျောင်းအုပ်ဆရာမကြီးနဲ့ တာဝန်ရှိသူတို့ကလည်း အဆိုပါ အုပ်စုဖွဲ့အနိုင်ကျင့်တဲ့ ကျောင်းသူတွေကို ကျောင်းထုတ်လို့မရကြောင်း ပြောဆိုပြီး ပြန်သွားတယ်လို့သိရပါတယ်။
"အရင်နှစ်က ဖြစ်ခဲ့တာကို ထိရောက်အောင် အရေးမယူခဲ့ဘူး။ခုလည်း ပါးရိုက်ပြီး ဒူးထောက်တောင်းပန်ခိုင်းခဲ့တဲ့ ကျောင်းသူအဖွဲ့ကို ဘာအရေးယူမှုမှမလုပ်ဘူး။ သန်ဘက်ခါနောက်ဆုံးစောင့်ပြီးတိုင်မှာပါ။ လုပ်ခဲ့တဲ့ကျောင်းသူတွေက ကျောင်းဆက်တက်ခွင့်ရပြီး
ခံခဲ့ရတဲ့ကျောင်းသူက ကျောင်းဆက်မတက်ရဲတော့ဘူး။ နစ်နာတဲ့ ကလေးအတွက်လည်း ကျောင်းဆက်တက်နိုင်အောင် မကူညီခဲ့ဘူး ကျောင်းတာဝန်ရှိသူတွေရောပညာရေးမှူးရောပါ။ " လို့ အုပ်စုဖွဲ့အနိုင်ကျင့်ခံခဲ့ရတဲ့ ကျောင်းသူ တရားမျှတမှုရရှိအောင် ဦးဆောင်လုပ်ကိုင်ပေးနေသူကပြောပါတယ်။
အုပ်စုဖွဲ့အနိုင်ကျင့်ခံခဲ့ရတဲ့ ကျောင်းသူလေးဟာ အဲဒီလို အနိုင်ကျင့်ခံရပြီး မနှစ်ကတည်းက ကျောင်းဆက်မတက်ရဲတဲ့အတွက် ကျောင်း ကနေနူတ်ထွက်ခဲ့ကာ ခုချိန်ထိ ကျောင်းတက်နိုင်ခြင်းမရှိပေမယ့် အနိုင်ကျင့်ခဲ့တဲ့ကျောင်းသူအုပ်စုကတော့ အ.ထ.က (၆)မှာဘဲခုချိန်ထိကျောင်းဆက်တက်နေဆဲ ဖြစ်တယ်လို့သိရပါတယ်။
" ကျုးလွန်ခံရတဲ့ဖက်ကတောင်းဆိုတာ ၂ ချက်တည်းပါ။ ကိုယ်ထိလက်ရောက်ကျူးလွန်တဲ့ ကျောင်းသူနှစ်ယောက်အပြင် အဖွဲ့လိုက်ဝိုင်းအနိုင်ကျင့်ခဲ့တဲ့ အဲဒီကိစ္စမှာ Video ရိုက်ခဲ့သူအပါ ပါဝင်ခဲ့သူအားလုံး
ပြန်တောင်းပန်ပေးဖို့နဲ့ ကျူးလွန်ခံရသူ သမီးငယ်လေးကျောင်းပြန်တက်နိုင်ရန် အဲဒီ ကျောင်းသူတွေကို အ.ထ.က ၆ မှ တခြားကျောင်းကို ပြောင်းရွှေ့ပေးဖို့ပါ။" လို့ ကူညီဆောင်ရွက်ပေးနေသူကပြောပါတယ်။
အဲဒီနှစ်ချက်မလုပ်ပေးနိုင်ပါက တရားမျှတမှု့ရှိအောင်ကျူးလွန်သူ ကျောင်းသူတွေကို
တနိုင်ငံလုံးမှ ကျောင်းသားကျောင်းသူတွေ
အတုယူမမှား စေရေးအတွက် ထိထိရောက်ရောက် စံပြအဖြစ်အရေးယူပြီးမင်နီတား ကျောင်းထုတ်ပေးသင့်တယ်လို့ ဆိုပါတယ်။
ခုလို စာသင်ကျောင်းတွေမှာ ကျောင်းသူ ၊ကျောင်းသားအချင်းချင်း အုပ်စုဖွဲ့အနိုင်ကျင့်ပြီး ကိုယ်ထိလက်ရောက်စော်ကားတဲ့ ကိစ္စဖြစ်တဲ့အပေါ် ကျောင်းသားမိဘတွေက သူတို့ရဲ့သားသမီးတွေအတွက် စိုးရိမ်မှုကြီးမားလာပါတယ်။
" ကလေးကျောင်းထားရမှာတောင်ကြောက်မိတယ်။ကိုယ့်ကလေးသာ အဲဒီလိုအနိုင်ကျင့်ခံရတာဆိုရင် ဒေါသကို ဘယ်လိုမှထိန်းချုပ်နိုင်မယ်မထင်ဘူး။ ဒါတွေက မဖြစ်သင့်ဘူး ။မိဘတွေက ကလေးတွေကိုကျောင်းကိုပို့တာ စာသင်ဖို့တခုတည်းမှမဟုတ်တာ။ လိမ္မာရေးခြားရှိအောင်နဲ့ အသိပညာဗဟုသုတကြွယ်ဝအောင်လည်းပါတယ် ။ဒါတွေကဆရာဆရာမတွေလုပ်ရမယ့်အရာတွေပဲလေ။ ခုရုပ်သံဆိုမနှစ်ထဲကဖြစ်တာကို သူတို့ဘာမှအရေးယူမှု မလုပ်ခဲ့ဘူးဆိုတာ အံ့သြလို့မဆုံးပါဘူး။ နောက်ကလေးတွေ ခုလိုအုပ်စုဖွဲ့အနိုင်ကျင့်တာမျိုးမလုပ်ရဲအောင် ထိရောက်တဲ့အရေးယူမှုလုပ်ကိုလုပ်ရမှာပါ။" လို့ ကျောင်းသားမိဘတယောက်ကပြောပါတယ်။

တစ်ခဏကြီးပွားဖို့အတွက်ကို မလုပ်နဲ့ ...
ဒုက္ခပင်လယ် ဝေလိမ့်မယ်နော် ...
သတိထား ရှာဖွေစားသောက်ကြပေါ့ ...
လောကကြီးက ဘယ်လိုပဲ
ကမောက်ကမ ဖြစ်စေကာမူ
မဟုတ်တာလုပ်လို့ ကြီးပွားတဲ့ ပုဂ္ဂိုလ်က
“တစ်ခဏမျှသာ” ဖြစ်ပြီးတော့
မှန်မှန်ကန်ကန် ကြီးပွားဖို့အတွက်
ရုန်းကန်နေရတဲ့ပုဂ္ဂိုလ်ဟာ
ရုန်းကန်နေရသော်လည်းပဲ
ဒုက္ခပင်လယ်ဝေစေတတ်တဲ့
အကုသိုလ်တွေ သူ့မှာ မရှိဘူး။
မရှိသည့်အတွက်ကြောင့်
သူခံရတဲ့ဒုက္ခဟာ တစ်ခဏမျှသာ ဖြစ်တယ်။
ထာဝရကျတော့ မေတ္တာ၊ စေတနာတွေ
အရင်းခံပြီး လုပ်သည့်အတွက်
“အဘယဒါန” မိမိပစ္စည်းကို
စားသုံးတဲ့ပုဂ္ဂိုလ်တွေ ဘေးကင်းကြပါစေ
“ဇီဝိတဒါန” မိမိပစ္စည်းကို စားသုံးတဲ့ပုဂ္ဂိုလ်တွေ
အသက်ရှည်ကြပါစေ ဆိုတဲ့
မေတ္တာအခြေခံတရားကြောင့်
ဒီပုဂ္ဂိုလ်ဟာ တစ်ဘဝထက် တစ်ဘဝ
မြင့်သွားဖို့သာ ရှိတယ်။
တစ်ခဏအနေအားဖြင့်
ကြည့်မယ်ဆိုရင်တော့
ခဲခဲယဉ်းယဉ်း အသက်မွေးရလို့
ဒီဘဝမှာ နိမ့်ကျသယောင်ယောင်
ရှိသော်လည်းပဲ နောင်ဘဝ အဆက်ဆက်မှာ
မြင့်သွားမယ့်ပုဂ္ဂိုလ်တွေပါ။
မဟုတ်မတရား အသက်မွေးတဲ့
ပုဂ္ဂိုလ်တွေကျတော့ ဒီဘဝမှာ
လွှားလွှား လွှားလွှားနဲ့ စီးပွားဥစ္စာတွေ
တိုးတက်လာပေမယ့်လို့ မကြာခင်မှာပဲ
အကုသိုလ်တွေ အကျိုးပေးလို့
ဆင်းရဲဒုက္ခတွေထဲမှာ နစ်မွန်းသွားနိုင်တယ်တဲ့။
ဒီသဘောတရားကိုလည်းပဲ
ဆင်ခြင်သုံးသပ်ကြည့်ရမယ်။
ဘုန်းကြီးတို့တတွေဟာ
ဗုဒ္ဓရဲ့တပည့်သာဝကတွေ
ဖြစ်သည့်အားလျော်စွာ
ရဟန်းသံဃာတွေလည်း ရဟန်းသံဃာတွေအနေနဲ့၊
လူဝတ်ကြောင်တွေလည်း လူဝတ်ကြောင်တွေအနေနဲ့
မှန်ကန်တဲ့နည်းနဲ့ အသက်မွေးကြဖို့
အရေးကြီးတယ်။
ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ

image

🍁တရားကိုရအောင် မရှာပါနဲ့။ 🍁
🌹တရားနဲ့အတူ နေနိုင်အောင်သာ ကြိုးစားပါ။
ရအောင် ရှာရတာ
အတော်အန္တရာယ်ကြီးပါတယ်။
ရိုးရိုးနဲ့မရရင်
ခိုးယူ လုယူတာတွေလဲ လုပ်လာနိုင်တယ်။
ဘယ်လိုမှမရတော့ရင် ရူးချင် ရူးသွားနိုင်တယ်။
ဒီလိုပုဂ္ဂိုလ်တွေ မျက်မြင်ဒိဋ္ဌ ကြုံဖူးတယ်။
တရားဆိုတာ
အတူနေရာကနေ ရင်းနှီးကျွမ်းဝင်ပြီး
တဖြည်းဖြည်း လူနဲ့တရား
တစ်သားတည်း ဖြစ်သွားမယ်။
အဲဒါ တရားရသွားတာမဟုတ်ဘူး၊
တရားရှိသွားတာ။
ရှာလို့ရတဲ့အရာမှန်သမျှ
ခိုးဝှက် ပျောက်ရှ အန္တရာယ်မကင်းဘူး။
မရှာဘဲ ရှိနေတဲ့အရာက
ခိုးသူဓားပြလဲ မလုယက်နိုင်ဘူး။
ပျောက်ရှ ဆုံးရှုံးမှုလဲ မဖြစ်နိုင်ဘူး။
ခိုင်သွားပြီ။
နောက်တစ်ခါ ထပ်ရှာဖို့ မလိုတော့ဘူး၊
တရားအားထုတ်တယ်ဆိုတာ
ရအောင် ရှာရမှာမဟုတ်ဘူး။
ရှိလာအောင်
အတူနေတဲ့ အလေ့အကျင့် လုပ်နေရမှာ။
ရလာမှာ မဟုတ်ဘူး။
ရှိလာမှာ။
ဘယ်တော့မှ မပျောက်မပျက်တော့ဘူး။
ရှေးဆရာတော်ကြီးများကတော့
မလိုချင်တာတွေနဲ့ ရရှိကြုံတွေ့ရသည်ဖြစ်စေ
လိုချင်တာတွေနဲ့ မရရှိ မကြုံတွေ့ရသည်ပဲဖြစ်စေ…
အမှန်တကယ်လိုအပ်တဲ့
ကိုယ်ကျင့်သိက္ခာနဲ့ ပါရမီကောင်းမှုတွေ မပျက်စီးသမျှ
ဘ၀မှာ ဘာမှ ပျက်စီးဆုံးရှုံးတယ်လို့ မဆိုနိုင်ဘူး" လို့
ဆုံးမတော်မူပါတယ်။
🙏#ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း)🙏
uhw 🙏🍁🌹

image

#နိုင်ငံတကာသတင်း
◼ထိုင်းနှင့်အငြင်းပွားမှု မြင့်တက်နေစဉ် ကမ္ဘောဒီးယားအစိုးရဦးဆောင်သည့်လူထုထောက်ခံပွဲလုပ်
ပြီးခဲ့သည့်လက ကမ္ဘောဒီးယားစစ်သားတစ်ဦး သေဆုံးမှုကြောင့် ဖြစ်ပေါ်လာသော ထိုင်းနိုင် ငံနှင့် နယ်စပ်အငြင်းပွားမှုတွင် အစိုးရအားထောက်ခံမှုပြသရန် နိုင်ငံတော်ကဦးဆောင်ကျင်းပခဲ့သော လူထုချီတက်ပွဲတွင် ကမ္ဘောဒီးယားနိုင်ငံသား ထောင်ပေါင်းများစွာ စုဝေးခဲ့ကြကြောင်း သိရသည်။
အရှေ့တောင်အာရှ အိမ်နီးချင်းနှစ်နိုင်ငံသည် မိုင်ပေါင်း ၅၁၀ ရှည်လျားသော နယ်စပ်ထိစပ်မှုရှိပြီး ယင်းတွင် နယ်စပ်စည်းမသတ်မှတ်ရသေးသောနေရာများ ပါရှိသကဲ့သို့နှစ်ဖက်စလုံးက ဆယ်စုနှစ်နှင့်ချီ အငြင်းပွားနေသည့် ရှေးဟောင်းဘုရားကျောင်း နေရာများလည်း ပါဝင်သည်။
တင်းမာမှုများ လျော့ပါးစေရန် တာဝန်ရှိသူများက ဖနွမ်းပင်မြို့တွင် ဆွေးနွေးခဲ့ကြပြီးနောက် ရက်ပိုင်းအကြာမှာပင် လူထုချီတက်ပွဲ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ နှစ်ဖက်စလုံးက ဆွေးနွေးပွဲများ ဆက်လုပ်မည်ဟု ပြောကြားထားကြသည်။
စုဝေးပွဲသို့ လာရောက်သူများက ကြွေးကြော်သံများ အော်ဟစ်ခဲ့ကြကာ ဝန်ကြီးချုပ် ဟွန်မာနက် ၊ ၎င်း၏ဖခင် ဝန် ကြီးချုပ်ဟောင်း ဟွန်ဆန် တို့၏ ဓာတ်ပုံများကို ကိုင်ဆောင်ထားခဲ့ကြသည်။
ဒုတိယဝန်ကြီးချုပ် ဟွန်မာနီ ဦးဆောင်သော လူထုချီတက်ပွဲတွင် ကျောင်းသားများ ၊ ဘုန်းကြီးများလည်း တက်ရောက်ခဲ့ကြသည်။
ဟွန်မာနီမှာ ဝန်ကြီးချုပ် ဟွန်မာနက်၏ ညီလည်းဖြစ်သည်။
ထိုင်းနိုင်ငံက ၎င်းတို့၏ ပိုင်နက်ကို ထပ်မံချိုးဖောက်ခဲ့ကြောင်း ကမ္ဘောဒီးယားကာကွယ်‌ရေးဝန်ကြီးဌာနက ယနေ့ထပ်မံပြောကြားခဲ့ပြီးထိုင်းနိုင်ငံက ပယ်ချထားသည်။
အငြင်းပွားနေသောနေရာတွင်ထိုင်းနိုင်ငံဘက်ကဒရုန်းများပျံသန်းခြင်း၊က တုတ်ကျင်းများတူးခြင်း၊နယ်စပ်တစ်လျှောက် စစ်တပ်များ ချထားခြင်းများ လုပ် ဆောင်ခဲ့ကြောင်း ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးဌာနက ထုတ် ပြန်ခဲ့သည်။
ကတုက်ကျင်းမြောင်းများမှာ ထိုင်းပိုင်နက်နယ်မြေထဲတွင် ပါဝင်ကြောင်း နှင့် ထို့အတွက်ကြောင့် “၂၀၀၀ ပြည့် နှစ်နားလည်မှုစာချွန်လွှာ” အား ချိုးဖောက်သည်ဟူ‌သော ပြောဆိုမှုများကို ငြင်းဆိုပါကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ က ပြောကြားသည်။ ယင်းစာချွှန်လွှာမှာ နယ်စပ်အငြင်းပွားမှုများ ဖြေရှင်းရန် ၂၀၀၀ ပြည့်နှစ်က လက်မှတ်‌ရေးထိုးခဲ့သော သဘောတူညီမှုဖြစ်သည်။
အငြင်းပွားနေသော နေရာလေးခုကိစ္စအား ဖြေရှင်းနိုင်ရေး နိုင်ငံတကာတရားရုံးသို့ တင်ပြထားကြောင်း ကမ္ဘောဒီးယားက သီတင်းပတ်ကုန်တွင်ပြောကြားသည်။
ထိုင်းနိုင်ငံကမူ ယင်းတရားရုံး၏ စီရင်ပိုင်ခွင့်ကို အသိအမှတ် မပြု ကြောင်းနှင့် နှစ်နိုင်ငံကြားယန္တရားများ မှ တစ်ဆင့်သာ ဖြေရှင်းရန် အကြိမ်ကြိမ်ပြောကြားခဲ့သည်။
သတင်း-ရဲမင်း
ကိုးကား-Reuters

image

❝ဘုရားဂုဏ်​တော် ၉-ပါး❞
❝အရဟံ ဂုဏ်တော်❞
ကိလေသာကင်းစင်၍ အမြတ်ဆုံး ပုဂ္ဂိုလ်ဖြစ်ခြင်း၊ လူ၊ နတ်၊ ဗြဟ္မာတို့၏ ပူဇော်အထူးကို ခံယူထိုက်တော်မူထိုက်သော မြတ်စွာဘုရား။ ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကို ပြုလုပ်တော်မမူသော မြတ်စွာဘုရား။
အရဟံဂုဏ်တော် (၅) ချက်-
၁။ အာရကတ္တာ- ကိလေသာတို့မှ ဝေးတော်မူသောကြောင့် အရဟမည်၏။
၂။ ပစ္စယာဒီနံ အရဟတ္ထာပိ- လူနတ်ဗြဟ္မာသုံးပါးတို့၏ ပစ္စည်းလေးပါး စသော ပူဇော်အထူးကို ခံထိုက်သည်၏ အဖြစ်ကြောင့် အရဟမည်၏။
၃။ နတ္ထိ ရဟော ဧတဿာတိ- ဆိတ်ကွယ်ရာ အရပ်၌ မကောင်းမှုပြုခြင်းသည် မရှိသောကြောင့် အရဟမည်၏။
၄။ အရီနံ ဟတတ္တာပိ- ကိလေသာ တည်းဟူသော ရန်သူကို သတ်အပ်သည်၏ အဖြစ်ကြောင့် အရဟမည်၏။
၅။ အရာနံ ဟတတ္တာပိ- သံသရာ စက်တို့ ၏အကန့်တို့ကို ဖျက်ဆီးအပ်သည်၏ အဖြစ်ကြောင့် အရဟမည်၏။
❝သမ္မာသမ္ဗုဒ္ဓေါ ဂုဏ်တော်❞
တရားအလုံးစုံကို သဗ္ဗညုတဉာဏ်ဖြင့် အလိုလိုသိခြင်း၊ ဉာဏ်ပညာအကြီးဆုံးပုဂ္ဂိုလ်ဖြစ်တော်မူသောမြတ်စွာဘုရား။
(အရာအားလုံးကို ကိုယ်ပိုင်ဉာဏ်စွမ်းဖြင့် အမှန်အတိုင်းသိမြင်တော်မူသော မြတ်စွာဘုရား။)
❝ဝိဇ္ဇာစရဏ သမ္ပန္နော ဂုဏ်တော်❞
ဝိဇ္ဇာဉာဏ် ၃-ပါး(၈ပါး)၊ စရဏ အကျင့် ၁၅ ပါးတို့နှင့် ပြည့်စုံတော်မူခြင်း၊ အကြီးဆုံး ဝိဇ္ဇာနှင့် အကောင်းဆုံး အကျင့်ရှိသူဖြစ်တော်မူသောမြတ်စွာဘုရား။
ဝိဇ္ဇာဉာဏ် (၃) ပါး-
၁။ ပုဗ္ဗေနိဝါသဉာဏ်-ရှေးဘဝမှ နေခဲ့သော ခန္ဓာအစဉ်ကို အောက်မေ့နိုင်သော ဉာဏ်။
၂။ ဒိဗ္ဗစက္ခုဉာဏ် - နတ်တို့၏ မျက်စိကဲ့သို့ အပိတ်အပင် အတားအဆီးမရှိ မြင်နိုင်သော ဉာဏ်။
၃။ အာသဝက္ခယဉာဏ် - အာသဝေါတရား လေးပါးကို ကုန်စင်အောင် ပြုတတ်သော အရဟတ္တမဂ်ဉာဏ်။
ဝိဇ္ဇာဉာဏ် (၈) ပါး-
၁။ ဣဒ္ဓိဝိဓဉာဏ် - တန်ခိုးအမျိုးမျိုး ဖန်ဆင်းနိုင်သောဉာဏ်။
၂။ မနောမယိဒ္ဓိဉာဏ် - စိတ်သွားတိုင်း ကိုယ်ပါနိုင်သောဉာဏ်။
၃။ ဒိဗ္ဗသောတဉာဏ် - နတ်တို့၏ နားကဲ့သို့ ကြားနိုင်သောဉာဏ်။
၄။ ပရစိတ္တဝိဇာနနဉာဏ် - သူတပါး၏စိတ်ကိုပိုင်းခြား၍သိနိုင်သောဉာဏ်။
၅။ ပုဗ္ဗေနိဝါသဉာဏ် - ရှေးရှေးသော ဘဝပေါင်းခြားများစွာက နေခဲ့ဘူးသော ခန္ဓာအစဉ်ကို အောက်မေ့နိုင်သောဉာဏ်။
၆။ ဒိဗ္ဗစက္ခုဉာဏ် - နတ်တို့၏မျက်စိကဲ့သို့ မြင်နိုင်သောဉာဏ်။
၇။ ဝိပဿနာဉာဏ် - ဖြစ်ပေါ်သမျှသော သင်္ခါရတရားတို့ကို လက္ခဏာသုံးပါးတင်၍ ရှုမြင်ဆင်ခြင်နိုင်သောဉာဏ်။
၈။ အာသဝက္ခယဉာဏ် - အာသဝေါတရားလေးပါးကို ကုန်စင်အောင်ပြုတတ်သော အရဟတ္တမဂ်ဉာဏ်။
စရဏ အကျင့် ၁၅ ပါး-
၁။ သဒ်ဓါ
၂။ သတိ
၃။ ဟိရီ
၄။ ဩတ်တပ်ပ
၅။ ဝီရိယ
၆။ သုတ
၇။ ပညာ
၈။ ဘောဇနမတ္တညုတာ
၉။ ဇာဂရိယာနုယောဂ
၁၀။ သီလ
၁၁။ ဣန္ဒြိယသံဝရ
၁၂။ ပထမဈာန်
၁၃။ ဒုတိယဈာန်
၁၄။ တတိယဈာန်
၁၅။စတုတ္ထဈာန် တို့ကို စရဏတစ်ဆယ့်ငါးပါးဟု ခေါ်ဆိုသည်။
❝သုဂတော ဂုဏ်တော်❞
အကျိုးရှိသော ဟုတ်မှန်သောစကားကိုသာ ကောင်းစွာဆိုတတ်သောမြတ်စွာဘုရား။
❝လောကဝိဒူ ဂုဏ်တော်❞
သတ္တလောက၊ သင်္ခါရလောက၊ ဩကာသလောက တည်းဟူသော လောကသုံးပါးကို အကုန်အစင်သိမြင်တော်မူသော မြတ်စွာဘုရား။
❝အနုတ္တရော ပုရိသဓမ္မသာရထိ ဂုဏ်တော်❞
မယဉ်ကျေးသော ဆုံးမထိုက်သူတို့ကို
ယဉ်ကျေးသိမ်မွေ့အောင် ဆုံးမရာ၌ အသာလွန်ဆုံးဖြစ်တော်မူသောမြတ်စွာဘုရား။
❝သတ္ထာဒေဝ မနုဿာနံ ဂုဏ်တော်❞ လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါအားလုံးတို့၏ ဆရာတစ်ဆူ ဖြစ်တော်မူသော မြတ်စွာဘုရား။
❝ဗုဒ္ဓေါ ဂုဏ်တော်❞
သစ္စာလေးပါးကို ကိုယ်ပိုင်ဉာဏ်ဖြင့် သိတော်မူပြီးတစ်ပါးသူ တို့အားလည်း ဟောကြားညွှန်ပြနိုင်သောမြတ်စွာဘုရား။
၁။ ဒုက္ခသစ္စာ - ဒုက္ခဟူသော ဆင်းရဲခြင်းတရားသည် အမှန်တကယ်ရှိသည်။
၂။ သမုဒယသစ္စာ - သမုဒယသည် 'ဒုက္ခ'ကိုဖြစ်စေသော အကြောင်းအရင်း အမှန်ဖြစ်သည်။
၃။ နိရောဓသစ္စာ - ဒုက္ခ၏ ငြိမ်းအေးရာ နိဗ္ဗာန်သည် အမှန်တကယ်ရှိသည်။
၄။ မဂ္ဂသစ္စာ - နိဗ္ဗာန်ကိုရရှိရန် နည်းလမ်းသည် မဂ္ဂင်ရှစ်ပါး အမှန်ပင်ဖြစ်သည်။
❝ဘဂဝါ ဂုဏ်တော်❞
ဘုန်းတော် ၆-ပါးနှင့် ပြည့်စုံတော်မူခြင်း၊ ဘုန်းတန်ခိုးအကြီးဆုံးပုဂ္ဂိုလ်ဖြစ်သော မြတ်စွာဘုရား။
ဘုန်းတော်ခြောက်ပါး-
၁။ ဣဿရိယဘုန်းတော် - မိမိစိတ်ကိုရော၊ တစ်လောကလုံးကိုပါ အစိုးရတော်မူသော မြတ်စွာဘုရား။
၂။ ဓမ္မဘုန်းတော် - မဂ်၊ ဖိုလ်၊ နိဗ္ဗာန်တရားနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
၃။ ယသဘုန်းတော် - များပြားသော အခြံအရံ၊ ပျံနှံ့သော အကျော်အစောနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
၄။ သိရီဘုန်းတော် - အတုမရှိသော ကျက်သရေတော် နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
၅။ ကာမဘုန်းတော် - လိုအင်ဆန္ဒမှန်သမျှ ခဏချက်ချင်း ပြည့်ဝတော်မူသော မြတ်စွာဘုရား။
၆။ ပယတ္တဘုန်းတော် - အတုမရှိသော လုံလဝီရိယနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
ဗုဒဓှံ သရဏံ ဂစဆှာမိ၊ ဓမမှံ သရဏံ ဂစဆှာမိ၊ သံဃံ သရဏံ ဂစဆှာမိ။
ဗုဒ္ဓံပူဇေမိ၊ ဓမ္မံပူဇေမိ၊ သံဃံပူဇေမိပါဘုရား။
သတ္တဝါအားလုံး ​ဘေးရန်ကင်းကြ ပါ​စေ။
၇ - ရက်သားသမီး အားလုံး
ကျန်းမာ၊​ ချမ်းသာကြပါစေ။
​ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါ​စေ။
အလုပ်အကိုင်လုပ်ငန်းများ ​အောင်မြင်တိုးတက်ကြပါ​စေ...
❝ပေးကမ်းမျှ​ဝေကူညီနိုင်​သော လက်ပိုင်ရှင်များ ဖြစ်ကြပါ​စေ။❞
❝ပေးကမ်းမျှ​ဝေကူညီနိုင်​သော လက်တစ်စုံပိုင်ရှင်ဖြစ်ရပါလို၏။❞
❝ရယူလို့ဖြစ်တဲ့ ပျော်ရွှင်ခြင်းထက် ပေးကမ်းမျှ​ဝေကူညီနိုင်​လို့ရတဲ့ ပျော်ရွှင်မှုက ပိုမိုပြီး ချမ်း​မြေ့ပျော်ရွှင်ကြည်နူးပိတိဖြစ်ရပါတယ်။❞

image
1 y - Translate

thermometer
🔥အာရုံခံကိရိယာ(ဆန်ဆာ)၂မျိုးပါအပူချိန်တိုင်းကိရိယာ အဆင့်မြင့် Digital Thermometer ! 🔥
စျေးနုန်း ၃၀၀၀၀ကျပ်။
🌡️ **Fridge Freezer Car IN and OUT Thermometer and Clock** 🌡️
အတွင်းပိုင်းနှင့် အပြင်ပိုင်း အပူချိန်ကို တပြိုင်နက်တိုင်းတာနိုင်တဲ့ Dual-Channel အာရုံခံကိရိယာ!
- အပူချိန်အတိုင်းအတာ: -50°C မှ +70°C (-58°F မှ +158°F)
- External Sensor အရှည်: 1 မီတာ 📏
- °C/°F နှင့် 12H/24H အလွယ်ပြောင်းနိုင်တဲ့ Function 🕒
- နာရီအဖြစ်လည်း အသုံးပြုနိုင်! ⏰
- တိကျမှု: ±1°C (0-30°C)
- အဆင်ပြေလွယ်ကူပြီး တာရှည်ခံတဲ့ Plastic Material 💪
- ပါဝါ: AAA ဓာတ်ခဲ ၁ လုံး (မပါဝင်) 🔋

🏠 **အသုံးပြုနိုင်တဲ့နေရာများ**:
ရေခဲသေတ္တာ၊ အအေးခန်း၊ ကား၊ ရုံးခန်း၊ စာသင်ခန်းနှင့် အိမ်တွင်း/အပြင် အပူချိန်တိုင်းတာရန် အထူးသင့်တော်! 🚗❄️
External Sensor ကို ရေခဲသေတ္တာထဲထည့်ပြီး တံခါးပိတ်ကာ အလွယ်တကူ အပူချိန်စစ်ဆေးနိုင်ပါတယ်!

📏 **အရွယ်အစား**:
- Thermometer: 11.5 x 3 x 2.7 cm
- Sensor Cable: 1 မီတာ
- အလေးချိန်: 40g

🎁 **Package ထဲပါဝင်မှု**:
1 x Digital Thermometer and Clock
📞 #shop, #kbzmarketplace , #uab market , Page chat တို့မှ တစ်နိုင်ငံလုံးသို့ အိမ်အရောက်ငွေခြေ. Banking တို့ဖြင့် ကြိုက်နှစ်သက်ရာရွေးခြယ် ဝယ်ယူနိုင်ပါသည်။
ဖုန်း၀၉၈၉၄၂၇၃၉၁၁ . အမှတ် ၂၈. သိန္ဒီလမ်း. သီတာရပ်ကွက်. ကြည့်မြင်တိုင်.ရန်ကုန်မြို. ဆိုင်တွင်လာရောက်လေ့လာဝယ်ယူလိုသူများ ဖုန်းကြိုတင်ဆက်သွယ်မေးနိုင်ပါသည်။
www.shop.com.mm/shop/zaycho

💥 အခုပဲ သင့်အိမ်၊ ကားနှင့် လုပ်ငန်းအတွက် အဆင်ပြေတဲ့ ဒီ Thermometer ကို ရယူလိုက်ပါ! 💥

#digitalthermometer #fridgethermometer #carthermometer #temperaturesensor #myanmarshopping #coolgadgets #homeessentials

1 y - Translate

ON THIS DAY: In 1983, astronaut Sally K. Ride became America's first woman in space, as she and four colleagues blasted off aboard the space shuttle Challenger on a six-day mission.
Watch the historic moment in ABC News archive footage: https://abcnews.visitlink.me/IAPnIb

image