တစ်ခဏကြီးပွားဖို့အတွက်ကို မလုပ်နဲ့ ...
ဒုက္ခပင်လယ် ဝေလိမ့်မယ်နော် ...
သတိထား ရှာဖွေစားသောက်ကြပေါ့ ...
လောကကြီးက ဘယ်လိုပဲ
ကမောက်ကမ ဖြစ်စေကာမူ
မဟုတ်တာလုပ်လို့ ကြီးပွားတဲ့ ပုဂ္ဂိုလ်က
“တစ်ခဏမျှသာ” ဖြစ်ပြီးတော့
မှန်မှန်ကန်ကန် ကြီးပွားဖို့အတွက်
ရုန်းကန်နေရတဲ့ပုဂ္ဂိုလ်ဟာ
ရုန်းကန်နေရသော်လည်းပဲ
ဒုက္ခပင်လယ်ဝေစေတတ်တဲ့
အကုသိုလ်တွေ သူ့မှာ မရှိဘူး။
မရှိသည့်အတွက်ကြောင့်
သူခံရတဲ့ဒုက္ခဟာ တစ်ခဏမျှသာ ဖြစ်တယ်။
ထာဝရကျတော့ မေတ္တာ၊ စေတနာတွေ
အရင်းခံပြီး လုပ်သည့်အတွက်
“အဘယဒါန” မိမိပစ္စည်းကို
စားသုံးတဲ့ပုဂ္ဂိုလ်တွေ ဘေးကင်းကြပါစေ
“ဇီဝိတဒါန” မိမိပစ္စည်းကို စားသုံးတဲ့ပုဂ္ဂိုလ်တွေ
အသက်ရှည်ကြပါစေ ဆိုတဲ့
မေတ္တာအခြေခံတရားကြောင့်
ဒီပုဂ္ဂိုလ်ဟာ တစ်ဘဝထက် တစ်ဘဝ
မြင့်သွားဖို့သာ ရှိတယ်။
တစ်ခဏအနေအားဖြင့်
ကြည့်မယ်ဆိုရင်တော့
ခဲခဲယဉ်းယဉ်း အသက်မွေးရလို့
ဒီဘဝမှာ နိမ့်ကျသယောင်ယောင်
ရှိသော်လည်းပဲ နောင်ဘဝ အဆက်ဆက်မှာ
မြင့်သွားမယ့်ပုဂ္ဂိုလ်တွေပါ။
မဟုတ်မတရား အသက်မွေးတဲ့
ပုဂ္ဂိုလ်တွေကျတော့ ဒီဘဝမှာ
လွှားလွှား လွှားလွှားနဲ့ စီးပွားဥစ္စာတွေ
တိုးတက်လာပေမယ့်လို့ မကြာခင်မှာပဲ
အကုသိုလ်တွေ အကျိုးပေးလို့
ဆင်းရဲဒုက္ခတွေထဲမှာ နစ်မွန်းသွားနိုင်တယ်တဲ့။
ဒီသဘောတရားကိုလည်းပဲ
ဆင်ခြင်သုံးသပ်ကြည့်ရမယ်။
ဘုန်းကြီးတို့တတွေဟာ
ဗုဒ္ဓရဲ့တပည့်သာဝကတွေ
ဖြစ်သည့်အားလျော်စွာ
ရဟန်းသံဃာတွေလည်း ရဟန်းသံဃာတွေအနေနဲ့၊
လူဝတ်ကြောင်တွေလည်း လူဝတ်ကြောင်တွေအနေနဲ့
မှန်ကန်တဲ့နည်းနဲ့ အသက်မွေးကြဖို့
အရေးကြီးတယ်။
ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ

image