1 y - Translate

The man charged with killing a prominent Minnesota lawmaker and wounding another could face something that is a rarity for Minnesota but could become more common under the Trump administration: the death penalty.
https://abcnews.go.com/US/wire....Story/man-charged-ki

image

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ကွန်ဂိုမြို့တော် ကင်ရှာဆာတွင် ရေဘေးကြောင့် လူ ၂၉ ဦးသေဆုံး
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ မြို့တော်ကင်ရှာဆာတွင် ပူပြင်းခြောက်သွေ့သောရာသီ၌ ပုံမှန်မဟုတ်သည့်မိုးရွာသွန်းမှုများကြောင့် ရေကြီးရေလျှံဖြစ်ပွားပြီး လူ ၂၉ ဦးထက်မနည်း သေဆုံး ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနကဇွန် ၁၆ ရက်တွင် ထုတ်ပြန်သည်။
ရေကြီးရေလျှံမှုများကြောင့် နေအိမ်များမျောပါခြင်းနှင့် လမ်းများရေလျှံခဲ့ကာ မြို့၏သုံးပုံတစ်ပုံ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ကြောင်း မြို့တာဝန်ရှိသူများကပြောသည်။ လွန်ခဲ့သည့်ဇွန် ၁၄ ရက်တွင် မိုးရေချိန်မီလီမီတာ ၉ဝ ထိ ရွာသွန်းခဲ့ပြီး မိုးရာသီကာလ တစ်နေ့တာမိုးရေချိန်များထက် ပိုမိုများပြားသည်။
မြို့တော်ကင်ရှာဆာတွင် မြို့ပြစီမံကိန်းများနှင့် သင့်လျော်သော ရေနုတ်မြောင်းစနစ်မရှိခြင်းကြောင့် ရေကြီးရေလျှံမှုနောက်ဆက်တွဲ ဆိုးကျိုးများခံစားနေရသည်ဟု မြို့ခံများက ဝေဖန်သည်။ ကင်ရှာဆာသည်ကမ္ဘာပေါ်တွင် အရှည်လျားဆုံး မြစ်တစ်စင်းဖြစ်သော ကွန်ဂိုမြစ်ကမ်းပေါ်တွင်တည်ရှိသည်။
ကင်ရှာဆာမြို့တော်တွင် အခြားဒေသများမှ လာရောက်အခြေချမှုများနှင့်အတူ လူဦးရေတိုးပွားလာနေသည်။ မြို့လူဦးရေသည် ၁၈ သန်းနီးပါး ထိရှိမည်ဟုခန့်မှန်းထားပြီး ၂ဝ၂၄ ခုနှစ်ကထက် ၄ ရာခိုင်နှုန်းကျော်တိုးလာကြောင်း တာဝန်ရှိသူများက ဆိုသည်။
မေလအတွင်းကလည်း နိုင်ငံအရှေ့တောင်ပိုင်း ကီဗူပြည်နယ်တွင် ရုတ်တရက်ရေကြီးရေလျှံမှုများကြောင့်လူ ၁၀၀ ကျော်သေဆုံးခဲ့ပြီး ဧပြီလတွင်မူ မြို့တော်ကင်ရှာဆာ၌ ရေကြီးမှုကြောင့်လူ၃ဝ ကျော် သေဆုံးခဲ့သည်။
ဘီဘီစီ

image

#နိုင်ငံတကာသတင်း
◼ခြွင်းချက်မရှိ လက်နက်ချရန် အီရန်ကို ထရန့်သတိပေး
ခြွင်းချက်မရှိလက်နက်ချရန် အီရန်အား အမေရိကန်သမ္မတဒေါ်နယ်ထရန့်၏ တိုက်တွန်းမှုထွက်ပေါ်ခဲ့သော်လည်း အစ္စရေးနှင့်အီရန်အကြား လေကြောင်းစစ်ပွဲမှာ ခြောက်ရက်မြောက်လာခဲ့ပြီဖြစ်ကာ ယနေ့နံနက်တွင်လည်း အ ပြန်အလှန်ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်။
အမေရိကန်၏ စိတ်ရှည်သီးခံမှု လျော့ပါးလာနေကြောင်း နှင့် လောလောဆယ်အီရန်ခေါင်းဆောင် အယာ တိုလာ အလီခါမီနီအား သုတ်သင်ရန် အစီအစဉ်မရှိကြောင်း ထရန့် က လူမှုမီဒီယာပေါ်တွင်ရေးသားသည်။ တစ် ဖက် တွင်လည်း စစ်ပွဲအတွင်းသို့ အမေရိကန်က ပို၍ ထဲထဲဝင်ဝင်ပါဝင်မည်လားဆိုခြင်းကို ၎င်းက စဉ်းစားနေသည်ကို မှတ်ချက်များက ပြသနေသည်။
“ ထိပ်သီးခေါင်းဆောင်လို့ ခေါ်နေကြတဲ့သူ ဘယ်မှာ ပုန်းနေလဲဆိုတာကို ကျွန် တော်တို့ အတိအကျ သိ ထား ပါ တယ်။ အနည်းဆုံး အခုအချိန်မှာတော့ သူ့ကို မသုတ်သင်သေးပါဘူး ။ ဒါပေမယ့်လည်း စိတ်ရှည်မှုတော့ လျော့ ပါးလာပြီ။” ဟု ထရန့် က ၎င်း၏ Truth Social ပလက်ဖောင်းတွင် ရေးသားသည်။
ယင်းနောက် သုံးမိနစ်အကြာတွင် “ခြွင်းချက်မရှိလက်နက်ချ” ဟု ထရန့်က စာလုံးကြီးများဖြင့် ရေးသားခဲ့သည်။
ယနေ့ နံနက် ပထမ နှစ်နာရီအတွင်းမှာပင် အီရန်က အစ္စရေးအား ဒုံးကျည်နှစ်သုတ် ပစ်လွှတ် တိုက် ခိုက်ခဲ့ကြောင်း အစ္စရေးစစ်ဘက်ကပြောကြားပြီး တဲလ်အဗစ်မြို့တွင် ပေါက်ကွဲသံများ ကြားခဲ့ရသည်။
တီဟီရန်မြို့ အနောက်တောင်ပိုင်းရှိ အီရန်၏ စစ်စခန်းများအား အစ္စရေးလေ တပ် က တိုက်ခိုက်နိုင်ရန် ယင်း ဒေသ တွင်နေထိုင်သူများဘေးလွတ်ရာသို့ရွှေ့ ပြောင်းကြရန်အစ္စရေးကပြောကြားခဲ့သည်။
အီရန်တော်လှန်ရေးအစောင့်တပ်နှင့် ဆက်စပ်သော မြို့တော် အရှေ့ဘက်ရှိ တက္ကသိုလ်တစ်ခုကိုလည်း အစ္စရေးက တိုက်ခိုက်နေကြောင်း အီရန်သတင်းဝက်ဘ်ဆိုက်များက ပြောကြားကြသည်။
ထို့ပြင် တီဟီရန်မြို့အနီးမှ ခိုဂျာ ပဲ့ထိန်းဒုံးကျည်စခန်းကိုလည်း အစ္စရေးက တိုက်ခိုက်ခဲ့ပြီး ယင်းနေရာမှာ ပြီးခဲ့ သည့်အောက်တိုဘာလက လုပ်ဆောင်ခဲ့သည့် အစ္စရေး၏တိုက်ခိုက်မှုများတွင်လည်း ပစ်မှတ်ထားခံခဲ့ရသည်။
အီရန်နျူကလီးယားစခန်းများအား အစ္စရေးနှင့်အတူ ပူးပေါင်းတိုက်ခိုက်ရေး အပါအဝင် ရွှေးချယ်စရာ အများ အ ပြားကို ထရန့်နှင့်၎င်း၏အဖွဲ့ က စဉ်းစားနေကြောင်း အတွင်းပိုင်းဆွေးနွေးပွဲများနှင့်ရင်းနှီးသော သတင်း ရင်း မြစ် တစ်ဦး က ရိုက်တာသတင်းဌာနအား ပြေားကြားသည်။
ဒေါ်နယ်ထရန့် ကအစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု နှင့် အင်္ဂါနေ့က ဖုန်းပြောခဲ့ကြောင်း အိမ် ဖြူ တော်အရာရှိကြီးတစ်ဦး က ပြောသည်။
ယင်းနေ့မှာပင် ထရန့်က အမျိုးသားလုံခြုံရေးကောင်စီ နှင့် မိနစ် ၉၀ ကြာ အစည်း အ ဝေးလုပ်ခဲ့ကြောင်း အိမ်ဖြူတော် အရာရှိကြီးတစ်ဦးက ပြောကြားသော်လည်း အကျယ်တဝင့် မပြောပေ။
အမေရိကန်က အရှေ့အလယ်ပိုင်းဒေသသို့ တိုက်လေယာဉ်များ ပိုမိုစေလွှတ်ထားပြီး မူလရှိပြီးသား အုပ်စု များ ကိုလည်း သက်တမ်းတိုးမြှင့်ထားကြောင်း အမေရိကန်အရာရှိကြီး သုံးဦးက ပြောကြားသည်။
ယခုအချိန်ထိ အမေရိကန်က ပဋိပက္ခတွင် တိုက်ရိုက်ပါဝင်ပတ်သက်ခြင်း မရှိဘဲ အစ္စရေးသို့ ပစ်လွှတ်လိုက်သော အီရန်ဒုံးကျည်များအား ကူညီပစ်ချခြင်းမျိုးသာ လုပ်ဆောင်ခဲ့သည်။
အစ္စ‌ရေး-အီရန် ပဋိပက္ခတွင် အမေရိကန်ပါဝင်တော့မည့် အရိပ်လက္ခဏာမတွေ့ရကြောင်း ကနေဒါနိုင်ငံတွင် ဒေါ် နယ်ထရန့်နှင့် အတူ ဂျီ-၇ အစည်းအဝေးတက်ရောက်ခဲ့သော ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာက ဆိုသည်။
အီရန်‌ခေါင်းဆောင်များသည် ၁၉၇၉ ခုနှစ် အစ္စလာမ်မစ်တော်လှန်ရေးနောက် ပိုင်း အန္တရာယ်အများဆုံး လုံခြုံ ရေး ကျိုးပေါက်မှုကို ခံစားနေရသဖြင့် အီရန်အရာရှိများက မိုဘိုင်းဖုန်းနှင့် အခြား ဆက်သွယ်ရေးကိရိယာများ အသုံးပြု ခြင်းကို အီရန်ဆိုက်ဘာလုံခြုံ‌ရေး ဌာနချုပ် က ပိတ်ပင်ထားကြောင်း အီရန် ဖားစ် သတင်းဌာနက ပြောကြားသည်။
အီရန်၏ ဒစ်ဂျစ်တယ်အခြေခံအ‌ဆောက်အဦများအပေါ် အစ္စ‌ရေးက ကြီး မားသောဆိုက်ဘာစစ်ပွဲ ဆင်နွဲခဲ့ကြောင်း အီရန်မီဒီယာများက သတင်းပို့သ ည်။
ယခုအခါတွင် အီရန်၏ ဝေဟင်ပိုင်နက်အား စိုးမိုးထားပြီဖြစ်ကြောင်းနှင့် ရှေ့လာမည့် ရက်များတွင်း စစ်ပွဲအရှိန်အဟုန် တိုးမြှင့်သွားရန် ရည်ရွယ်ကြောင်း အစ္စရေးက ပြောကြားသည်။
သို့ရာတွင် စစ်ပွဲအတွင်း အမေရိကန်ပါဝင်လာခြင်းမရှိပါက တောင်အောက်တွင် ဖောက်၍တည်ဆောက်ထားသော ဖော်ဒိုးနျူကလီးယားစက်ရုံကဲ့သို့ နေရာများကို အပြီးသတ်ထိုးနှက်မှုမျိုးလုပ်ရန် အစ္စရေးက ရုန်းကန်ရ မည် ဖြစ် ကြောင်း ရိုက်တာသတင်းက ဖော်ပြသည်။
သတင်း-ရဲမင်း
ကိုးကား-Reuters

image

Funny fall videos

1 y - Translate

အင်ဒို သရဲကား ကြိုက်သူတွေ အတွက် 🔥🔥

Menjelang Ajal 2024
Imdb 6.7

အသစ်ထွက်ရှိလာတဲ့အင်ဒိုသရဲကားကောင်းကိုတင်ဆက်ပေးထားပါတယ်
သရဲကားကောင်းကောင်းရှာနေသူများအတွက်တော့ လက်မလွှတ်သင့်တဲ့ဇာတ်ကားပါပဲလိုညွှန်းဆိုလိုက်ပါတယ်

မိသားစု၄ယောက်ကို စားသောက်ဆိုင်လေးဖွင့် အလုပ်ကြိုးစားပြီးရှာဖွေကျွေးမွေးနေတဲ့ဆဲခါ
သားအကြီးဆုံးကို ကောလိပ်ပိုချင်ပေမဲ့ သားဖြစ်သူကကျောင်းဆက်မတက်ဘဲ
ဆိုင်ကယ်ပြင်ဆိုင်ဖွင့်မယ်ဆိုလို အိမ်ပေါ်ကနှင်ချထားတော့ အိမ်မှာသူနဲ့အငယ်လေးတွေပဲကျန်ခဲ့တာပေါ့
ဒီလိုအားကိုးမရှိချိန် ထူးဆန်းတာတွေစဖြစ်လာခဲ့ပါတယ်

ဇာတ်လမ်းကတော့ စားသောက်ဆိုင်ဖွင့်ထားကြတော့ သန့်ရှင်းမှုကအဓိကပဲမလား
ဒါကိုအပြင်ကလူတွေက ဆိုင်ကိုညစ်ပတ်နေတယ်လိုမြင်လာကြတယ် ပိုဆိုးတာက
အခုလေးတင်ပူပူလောလောချထားတဲ့ထမင်းက ဝယ်သူဝယ်သွားပြီးတော့
သိုးနေတယ်လိုပြန်လာကွန်ပလိန်းတက်ကြတာပါပဲ စားသောက်ဖွယ်တွေကစပြီး
ပြောင်းလဲလာတဲ့သူတိုအိမ်မှာကပ်ရှားနေတာက ဘာများဖြစ်မလဲ
အစားအသောက်နဲ့တင်ပြီးမလာဘဲ ဘယ်လိုတွေဆက်လက်အန္တရာယ်ပေးသွားမယ်ဆိုတာကတော့ ...

{{{{ ကြည့်ရှုရန် နှိပ်ပါ 👇 }}}}

https://t.me/HaveFunMovies777/798

image

#နိုင်ငံတကာသတင်း
◼ကွာလာလမ်ပူဈေးဝယ်စင်တာတွင် လူနှစ်ဦး ပစ်သတ်ခံရ
မလေးရှားနိုင်ငံမြို့တော်၊ ကွာလာလမ်ပူ ချီရပ်စ်ဒေသဈေးဝယ်စင်တာတစ်ခု၏ ပြင်ပတွင် အမျိုးသားနှစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရပြီး ယင်းမှာ သီတင်းတစ်ပတ်မပြည့်မီ မလေးရှားမြို့တော်၌ ဖြစ်ပွားသည့် ဒုတိယအကြိမ်မြောက် သေနတ်ဖြင့် တိုက်ခိုက်မှုဖြစ်ကြောင်း သိရသည်။
လုပ်ယူလမ်းပေါ်တွင် ယမန်နေ့နေ့လယ် ၁၂ နာရီ ၁၅ မိနစ်က ဖြစ်ပွားခဲ့သော ပစ်ခတ်မှုအား လူသတ်မှုအဖြစ် ရဲ တပ်ဖွဲ့ က သတ်မှတ်ထားသည်။
နှင်းလျှောစီးမျက်နှာဖုံးများ ဝတ်ဆင်ထားသော တိုက်ခိုက်သူများက အမျိုးသားနှစ်ဦး အား ပစ်ခတ်ပြီးနောက် ကား တစ်စီးဖြင့် ထွက်ပြေးသွားခဲ့ကြောင်း ဒေ သခံမီဒီယာ Free Malaysia Today က ဖော်ပြသကဲ့သို့ Viva Home mall ပြင်ပတွင် ပစ်ခတ်မှု ဖြစ်ခဲ့ကြောင်း အခြား မလေးရှားမီဒီယာများကပြောသည်။
ပစ်ခတ်ခံရသူ နှစ်ဦး၏ အလောင်းများအား ၎င်းတို့၏ကားမှငါးမီတာခန့်အကွာတွင် တွေ့ရှိခဲ့ရပြီး ဦးခေါင်းနှင့် ခန္ဓာ ကိုယ်တွင် သေနတ်ဒဏ်ရာအများအပြား ရရှိခဲ့ကာ ပစ်ခတ်ခံရပြီးနောက်မှာပင် သေဆုံးသွားခဲ့ကြောင်း Berita Harian သတင်းစာ က ဖော်ပြသည်။
သေဆုံးသူ နှစ်ဦးစလုံးမှာ အသက် ၄၀ ကျော်အရွယ်များဖြစ်ကာ မူလက ဆာရာဝတ် ပြည်နယ် ဆီဘူး မြို့မှ ဖြစ်ကြောင်း မီဒီယာများက ဆိုသည်။
ယင်းပစ်ခတ်မှုအား ချီရပ်စ်ဒေသရဲဌာနက စုံစမ်းစစ်ဆေးနေပြီး အသေးစိတ်အချက်အလက်များကို နောက်ပိုင်းတွင် ထုတ်ပြန်မည်ဟု မျှော်လင့်ရသည်။
အဆိုပါပစ်ခတ်မှု မတိုင်မီ လွန်ခဲ့သော လေးရက်ကလည်း ချီရပ်စ် ဒေသမှ အလွန်မဝေးသော ဘရစ်ဖီး ဒေသတွင် သေနတ်ဖြင့်တိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့ပြီး လူတစ်ဦး သေဆုံးကာ နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။
သောကြာညက တွန်းဆမ်ဘာသန် လမ်းပေါ်မှ ဖြစ်ရပ်တွင် သေနတ်သမားနှစ်ဦးက စားသောက်ဆိုင်တစ်ခုတွင် ညစာစားနေသူ ခုနစ်ဦးအား ဝင်ရောက်ပစ် ခတ်ခဲ့ခြင်း ဖြစ်သည်။
သေဆုံးသူနှင့် ဒဏ်ရာရရှိခဲ့သူ နှစ်ဦး မှာ အသက် ၃၀ နှင့် ၅၀ ကြားဖြစ်ကြောင်း သိရသည်။
သေဆုံးသူအား မလားယားတက္ကသိုလ်ဆေးပညာစင်တာသို့ ပို့ဆောင်၍ သေမှုသေခင်း စစ်ဆေးမှုများ လုပ် ဆောင် ခဲ့ကာ ဒဏ်ရာရသူနှစ်ဦးကိုလည်း ယင်းဆေးရုံမှာပင် ဆေးကုသပေးနေကြောင်း ဘရစ်ဖီးရဲဌာနအကြီးအကဲ မာရှာရီ မန်မိုဟာမက် အား ကိုးကား၍ Free Malaysia Today သတင်းက ဖော် ပြသည်။
ယင်းဖြစ်ရပ်တွင် သေနတ်သမားနှစ်ဦးက ဆိုင်ကယ်တစ်စီးဖြင့် ထွက်ပြေးသွားခဲ့ပြီး လွတ်မြောက်နေဆဲဖြစ်ကာ ရဲ တပ်ဖွဲ့ က စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်။
သတင်း-ရဲမင်း
ကိုးကား- CNA

image
1 y - Translate

တစ်ချိန်တုန်းက ရှယ်ကြမ်းခဲ့တဲ့ သရဲကား 🔥🔥

The Evil Dead (1981) မြန်မာစာတန်းထိုး

ပျော်ရွှင်ဖွယ် ခရီးလေးကို ထွက်လာတဲ့ သူငယ်ချင်းတစ်စုချောက်ကမ်းပါး ခြားနေတဲ့ တောတစ်ဖက်သိုခရော်နီခရောနဲ့ တံတားလေးကို ဖြတ်ပြီး တောထဲက အိမ်အိုကြီးကိုရောက်အသွား စပ်စုတက်တဲ့ လူငယ်တိုရဲ့သဘာ၀ ဗီဇ အရ ပိတ်ထားတဲ့ မြေအောက်ခန်းထဲကို ရောက်သွားပြီး မူလ ဘိုးဘေးတွေထံမှ အသံသွင်းထားခဲ့ကြတဲ့အသံဖမ်းစက် အဟောင်းကြီးကို ဖွင့်မိရာကသရဲများနိုးထစေသော ဂါထာကိုအသံဖမ်းစက်မှ ပြန်လည်ကြားပြီးတောထဲတွင် ချူပ်နှောင်ထားသော သရဲများ လွတ်လာပြီးနောက်လူငယ်တစ်စု ကို ပြန်ဖို မပေးတော့ပဲ မသေမချင်း သတ်ဖို ကြံစည်လေသောအခါ။

{{{{ ကြည့်ရှုရန် နှိပ်ပါ 👇 }}}}

https://t.me/HaveFunMovies777/796

image
1 y - Translate

Tailgate (2019)
****
ဒီဇာတ်ကားက မိသားစုတစ်စု အဖိုးအဖွားတွေဆီကို အလည်အပတ်သွားတဲ့လမ်းမှာ
မမျှော်လင့်ဘဲ လမ်းမှာ စတ္တဇဆန်ဆန်လူသတ်သမားတစ်ယောက်နဲ့ ကြုံတွေ့ရပုံကို
ဇာတ်အိမ်တည်ထားပြီး မင်းသား Jeroen Spitzen နဲ့ မင်းသမီး Anniek Pheifer
တိုက ဆေးစက်ကျရာအရုပ်ထင်အောင် ပါဝင်အားဖြည့်သရုပ်ဆောင်ထားပါတယ်
ဇာတ်လမ်းအစမှာ ဟန်စ့်တိုမိသားစု အဖိုးအဖွားတွေရှိတဲ့ ဟန်စ့်ရဲ့ဇာတိမြိုလေးကို
အလောတကြီး သွားကြပုံနဲ့အစပျိုးထားပါတယ် ဒီလိုနဲ့လမ်းတစ်ဝက်လောက်အရောက်မှာ
အဖိုးဖြစ်သူရဲ့ မွေးနေ့ကို ရောက်ဖိုအလျင်လိုနေတဲ့ ဟန်စ့် တစ်ယောက်ကားကို
အလျင်စလိုမောင်းနှင်ရာမှာ မထင်မှတ်ဘဲ ရှေ့ကားတစ်စီးတိုက်မိမလိုဖြစ်သွားပါတယ်
ဟန်စ့် တိုကားဂတ်စ်ဝင်ဖြည့်ရာမှာ ရှေ့ကကားကိုမောင်းနေတဲ့အဖိုးကြီးတစ်ဦးနဲ့
တွေ့မိပြီး .....

{{{{ ကြည့်ရှုရန် နှိပ်ပါ 👇 }}}}

https://t.me/HaveFunMovies777/812

image

ဘာကိုမှ အတင်းမလုပ်ယူပါနဲ့။
အထူးသဖြင့် အချစ်မှာပေါ့။
အသံကြားချင်ရင် ဖုန်းဆက်လာလိမ့်မယ်။
မျက်နှာမြင်ချင်ရင် အနားလာလိမ့်မယ်။

Unrealistic expectations မထားပါနဲ့။
လူတစ်ယောက် မင်းအပေါ် ခံစားချက်
ရှိမရှိ ဆိုတာ စိတ်ထဲ အလိုလို
ခံစားမိပါတယ်။ ကိုယ့်ကို မညာပါနဲ့။

ရွေးချယ်ခံရတဲ့အခါ အတိုင်းအဆမရှိ ပျော်ပါ။
မရွေးတဲ့အခါ အနည်းငယ်သာ ဝမ်းနည်းပါ။
မင်းဟာ ကောင်းတဲ့အရာနဲ့ ထိုက်တန်ပါတယ်။

image

ရှေးလူကြီးတွေပြောတာ
မင်းကို တကယ်ချစ်တဲ့သူက
မင်းကို စိတ်ညစ်အောင် မလုပ်ဘူးတဲ့။

ကိုယ့်ကို မျက်ရည်ကျစေတဲ့ သူဟာ
ကိုယ်က ချစ်ရတဲ့ သူဖြစ်ပြီးတော့၊
ကိုယ့် မျက်ရည်ကို နားလည်တာကတော့
ကိုယ့်ကို ချစ်တဲ့ သူပဲတဲ့။

ရိုးရိုးလေးပဲ…
ချစ်တယ်ဆိုတာ ပျော်အောင်ထားခြင်းပါ။ ❤️

image