1 y - Translate

ုံထဲက meme ကိုတော့လူတိုင်းသိကြမယ်ထင်ပါတယ် ဇာတ်ကားကိုလည်းကြည့်ဖူးတယ်ရှိအောင်တင်ပေးလိုက်ပါတယ်ဗျ

The Shining (198
Drama, Horror IMDB: 8.4/10

ဒီဇာတ်ကားဟာ နာမည်ကျော် The Shawshank Redemption ဇာတ်ကားရဲ့မူရင်းစာရေးဆရာ Steven King ရဲ့ နာမည်ကျော် စာအုပ်တစ်အုပ်ကိုရုပ်ရှင်အဖြစ်ပြန်လည် ရိုက်ကူးထားတာဖြစ်ပါတယ်။Rating အရ IMDb 8.4/10 နဲ့ RT 84% ရရှိခဲ့တာပါ။Old but Gold ပါပဲ….

ဇာတ်လမ်းကတော့………..ဘဝမှာ အောင်မြင်မှုမရခဲ့တဲ့ ကျောင်းဆရာလူထွက် ဖခင်တစ်ယောက်…ခင်ပွန်းနဲ့သားကို ချစ်တတ်လွန်းတဲ့မိခင်တစ်ယောက်….ထူးခြားတဲ့ပါရမီတစ်ခုကို ပိုင်ဆိုင်ထားပြီးချစ်ရာကောင်းတဲ့ ကောင်လေးတစ်ယောက်…..

အဲဒီသုံးယောက်ပေါင်းစပ်ထားပြီး မပြည့်စုံတဲ့ မိသားစုတစ်ခုဟာမကြာသေးမီအချိန်ကပဲ ဆိုးရွားတဲ့လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့တဲ့၊ ရာသီဥတုဆိုးတဲ့ဆောင်းတွင်း ကာလမှာပိတ်ထားရပြီး အင်ဒီးယန်းတွေရဲ့ သုဿန်မြေဟောင်းပေါ်မှာတည်ဆောက်ထားတဲ့ ကော်လိုရာဒိုကရှေးဟောင်းဟိုတယ်တစ်ခုမှာ ဆောင်းတွင်းဘက် ဟိုတယ်အစောင့်အလုပ်ကို လက်ခံခဲ့ပြီးတဲ့နောက်မှာတော့……..

ဒီဇာတ်ကားမှာ အော်စကာဆုအတွက်ရာထားခံရမှုအများဆုံးနဲ့၊ အော်စကာဆု ၃ ဆု ဆွတ်ခူးခဲ့သူဖြစ်တဲ့Jack Nicholson က ခေါင်းဆောင်ပါဝင်ထားပြီး ထိပ်တန်းHorror Movies List မှာပါဝင်တဲ့ ဇာတ်ကားကောင်းဇာတ်ကားဟောင်းဖြစ်တာကြောင့် ကြည့်ရှုခံစားလိုက်ပါဦးခင်ဗျာ။

👇ချန်နယ်လေး အရင် Join ပေးပါ

https://t.me/HaveFunMovies777

{{{{ ကြည့်ရှုရန် နှိပ်ပါ 👇 }}}}

https://t.me/HaveFunMovies777/1067

image
1 y - Translate

The Inhabitant (2022)
တာရာက ဆယ်ကျော်သက်အများစုလိုပဲ စိတ်အနိမ့်အမြင့်အတက်အကျ ကျောင်းနေဘက်တွေကြားကပြိုင်ဆိုင်မှုတွေ မိဘနဲ့ သဘောချင်းမညီတာ၊ချစ်သူချင်းအဆင်မပြေတာစတဲ့ပြဿနာလေးတွေရှိပါတယ်။ ဒီထက်ပိုတာကတော့ သူတိုမိသားစုအပေါ်သင့်နေတယ်ဆိုတဲ့ကျိန်စာကြောင့်ပါပဲ။
သူ့အမေဖြစ်သူရဲ့အစ်မ သူ့အဒေါ်ဟာ အသက် ၁၆ နှစ်အရွယ်မှာသူ့ကလေးကိုရေနှစ်သတ်ခဲ့တဲ့အတွက် စိတ္တဇဆေးရုံမှာတစ်သက်လုံးကုသမှုခံယူနေခဲ့ရပါတယ်။ အဲ့ဒီလိုအဖြစ်အပျက်တွေမစခင်မှာ သူ့အဒေါ်ဟာ ပုဆိန်ကိုင်ထားတဲ့အမျိုးသမီးတစ်ယောက်ရဲ့ဝိဉာဉ်ကိုမြင်ရသူ့စကားတွေကိုကြားနေခဲ့ရတယ်လိုဆိုပါတယ်။ ဒါကြောင့် သူ့အမေဟာ တာရာ့ကိုသေချာဂရုစိုက်သလို နောက်ကွယ်ကလဲအမြဲစောင့်ရှောက်စိုးရိမ်နေခဲ့ရပါတယ်။ ဒါပေမယ့် ပုဆိန်ကိုင်ထားတဲ့ အမျိုးသမီးဟာ အဲ့ဒီအချိန်ကတည်းက တာရာ့ကိုအိမ်မက်ထဲမှာလာတွေ့ လူသတ်ဖိုတိုက်တွန်းနေခဲ့ပြီဆိုတာ သူ့အမေ မသိရသေးပါဘူး။ ဒီလိုပဲတာရာ့အပေါ်အညိုးရှိသူတွေ တစ်စုံတစ်ခုပြဿနာဖြစ်ခဲ့သူတွေ တစ်ယောက်ပြီးတစ်ယောက်ပျောက်ဆုံးစပြုလာတဲ့အခါမှာတော့..။
တကယ်ပဲ သူတိုမိသားစုအပေါ်ကျိန်စာရှိခဲ့တာလား? ဒီအမျိုးသမီးရဲ့ဝိဉာဉ်ဟာ သူတိုနဲ့ဘယ်လိုပတ်သက်နေလဲ၊ အစရှိတာတွေကိုရှုစားရမယ့် Horror/ Thriller ဇာတ်ကားကောင်းတစ်ကား

👇ချန်နယ်လေး အရင် Join ပေးပါ

https://t.me/HaveFunMovies777

{{{{ ကြည့်ရှုရန် နှိပ်ပါ 👇 }}}}

https://t.me/HaveFunMovies777/1088?single

image
1 y - Translate

#knowledge #ဗဟုသုတ

image
1 y - Translate

လူတိုင်းသိထားသင့်သည့် ကျန်းမာရေး ဗဟုသုတများ
- သွေးပေါင်ချိန် ၁၂၀/၈၀
- သွေးခုန်နှုန်း ၆၀-၁၀၀
- ခန္ဓာကိုယ်အပူချိန် ၉၈.၂-၁၀ဝ.၅°F (~၃၆.၈-၃၈°C)
-အသက်ရှူနှုန်း တစ်မိနစ်လျှင် ၁၂-၁၆ ကြိမ်
- ဟေမိုဂလိုဘင် (Hemoglobin)
-အမျိုးသား- ၁၃-၁၈ g/dL
-အမျိုးသမီး- ၁၁.၅-၁၆ g/dL
-ကိုလက်စထရော (Cholesterol) ၂၀ဝ mg/dLအောက်
-ဆိုဒီယမ် (Sodium) ၁၃၅-၁၄၅ mEq/L
- ထရိုင်ဂလစ်ဆရိုက် (Triglycerides) ၁၅၀ mg/dLအောက်
- ခန္ဓာကိုယ်တွင်း သွေးပမာဏ-၅-၆ လီတာ
-သကြား (သွေးတွင်းဂလူးကို့စ်)
-ကလေးများ- ရ၀-၁၃၀ mg/dL
-လူကြီးများ- ရ၀-၁၁၀ mg/dL(အစားမစားမှီ)
-သံဓာတ် (Iron): ၈-၁၅ mg
- သွေးဖြူဥ (White Blood Cells) ၄,၀ဝဝ-၁၁,၀ဝ၀ cells/μL
- သွေးဥမွှာ (Platelets) ၁၅၀,၀ဝဝ-၄၀ဝ,၀ဝ၀ cells/μL
- သွေးနီဥ (Red Blood Cells) ၄.၆-၆.၀ million cells/μL
-ဗီတာမင် D3 ၂၀-၅၀ ng/mL
-ကယ်လ်စီယမ် (Calcium) ၈.၆-၁၀.၃ mg/mL
- ဗီတာမင် B12 ၂၀ဝ-၉၀ဝ pg/mL
-BMI -၁၈.၅ -၂၄.၉ အတွင်း
-နေ့စဉ်ရေသောက်ရမည့်ပမာဏ -၈ခွက်
-အိပ်ရေး တည ရ-၉နာရီ
-WHO အကြံပြုချက် ကိုယ်လက်လှုပ်ရှားမှုတပါတ် မိနစ် ၁၅၀
#ဖတ်ထားဖူးတာလေးဘာသာပြန်တင်ပြသည်
ကျန်းမာကြပါစေ။

1 y - Translate

အမေရိကန်ဆေးဘက်ဆိုင်ရာ အာဟာရဂျာနယ် (American Journal of Clinical Nutrition) တွင် ဖော်ပြခဲ့သည့် လေ့လာမှုတစ်ခုအရ ဝန်သုံးဝိတ်မလေ့ကျင့်ခန်းများပြုလုပ် (resistance training) ပြီးနောက် ကြက်ဥအလုံးလိုက်စားသုံးခြင်းသည် ကြက်ဥအကာမှ ပရိုတင်းဓာတ်တူညီသော ပမာဏကို စားသုံးခြင်းထက် ကြွက်သားပရိုတင်းပေါင်းစပ်မှုကို ၄၂% ပိုမိုလှုံ့ဆော်ပေးကြောင်း တွေ့ရှိခဲ့သည်။
ကြက်ဥအလုံးလိုက်နှင့် ကြက်ဥအကာနှစ်ခုလုံးတွင် ပရိုတင်းဓာတ်ပမာဏ တူညီစွာပါဝင်သော်လည်း၊ ကြက်ဥအနှစ်သည် ဗီတာမင်များ၊ အဆီဓာတ်များနှင့် ဖော့စဖိုလိုက်ပစ် (phospholipids) များအပါအဝင် မရှိမဖြစ်လိုအပ်သောအာဟာရများကို ထောက်ပံ့ပေးပြီး လေ့ကျင့်ခန်းလုပ်ခြင်းအပေါ် ခန္ဓာကိုယ်၏ Anabolic response တုံ့ပြန်မှုကို မြှင့်တင်ပေးသည်။
💡 ဘာကြောင့်ဒီအချက်က အရေးပါတာလဲ-
ဤသုတေသနပြုချက်သည် “သန့်ရှင်းသော ပရိုတင်း” ကို နှစ်သက်၍ ကြက်ဥအနှစ်များကို စွန့်ပစ်သည့် ရေရှည်တည်တံ့နေသော ခေတ်ရေစီးကြောင်းကို စိန်ခေါ်လိုက်ခြင်းကြောင့်ဖြစ်သည်။ ၎င်းသည် ပရိုတင်းပမာဏသက်သက်သာမကဘဲ အာဟာရဓာတ် ပေါင်းစပ်ညီညွတ်မှု (nutrient synergy) က ကြွက်သားပြုပြင်ခြင်းနှင့် ကြီးထွားခြင်းတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ပုံကို မီးမောင်းထိုးပြထားသည်။
အလုံးစုံအစားအစာများသည် သီးခြားစီခွဲထုတ်ထားသော micronutrients များထက် ပိုမိုသောအကျိုးကျေးဇူးများကို မကြာခဏပေးစွမ်းသည်။ ကြက်ဥအနှစ်သည် အဆီဓာတ်သက်သက်မဟုတ်ဘဲ Function လုပ်ဆောင်ချက်လည်းဖြစ်သည်။
Ref; ရင်ဂျစ် ဗီဂျေယာကူးမား ဆယ်လ်ဗာရာနီ (Renjith Vijayakumar Selvarani), Ph.D.

1 y - Translate

၁. မနက်ကော်ဖီမသောက်ခင် ရေအရင်သောက်ပါ
၂. အစာစားတဲ့အနပ်တိုင်းမှာ ပရိုတင်းပါဝင်အောင် လုပ်ပါ
၃. အခြားသော seed oil တွေမသုံးဘဲသံလွင်ဆီသုံးပါ
၄. အိမ်ချက်အစာ ဦးစားပေး စားပါ
၅. အစာစားပြီး လမ်းလျှောက်ပါ
၆. စားတဲ့အနပ်တိုင်းမှာ အရွက်တွေ ထည့်စားပါ
၇. ညနေ ၁၁ နာရီမတိုင်ခင် အိပ်ပါ
၈. ညနေ ၁၀ နာရီမှာ screen တွေပိတ်လိုက်ပါ
ဒီ ၈-ချက်က ရိုးရှင်းတွေ ဒါပေမဲ့ ကျန်းမာရေးပြသနာတွေရဲ့အစ
လို့ပြောလို့ရတဲ့ inflammation ကိုလျော့ချကာကွယ်နိုင်မဲ့
evidence based ဖြစ်တဲ့နည်းလမ်းတွေပါပဲ။
ကျန်းမာကြပါစေ။

1 y - Translate

The Boy Behind The Door 2020
========================

လက်မလွှတ်ဘဲ ကြည့်သင့်တဲ့ကားလို ညွှန်းချင်ပါတယ်...

ရုပ်ရှင်ရဲ့ စွန့်စားခန်းတွေ၊ နောက်ခံတီးလုံးတွေ၊
လျပ်တပြတ်ဇာတ်ဝင်ခန်းတွေကြောင့်ဇာတ်လမ်းအဆုံးအထိ ထိုင်ရာ မထကြည့်ရှုရမယ့် ကားကောင်းလေးပါ...

ခရမ်းချဉ်သီးကစလို တခြား rating တွေကလည်း အကောင်းဆုံးအမှတ်ပေးထားတော့ ဒေါင်းကြည့်လို မမှားတဲ့ကားကောင်းလေးပါခင်ဗျာ...

ရုပ်ရှင်မှာ ကလေးဇာတ်ဆောင်နှစ်ယောက်ကိုပဲ အဓိကထားပြီးရိုက်ကူးထားပါတယ်...

ကလေးနှစ်ယောက်ကလည်း ရုပ်ရှင်ရိုက်တာနဲ့မတူပဲ သူတိုတကယ်ကြုံတွေ့ရသလိုသရုပ်ဆောင်ပိုင်နိုင်ကြပါတယ်...

ဘော်ဘီ နဲ့ ကယ်ဗင်တိုကအရမ်းချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက်ပေါ့...

သူတို နှစ်ယောက်ပြန်ပေးဆွဲခံရပေမယ့် ဘော်ဘီကတော့ ထွက်ပြေးသွားနိုင်ခဲ့ပါတယ်...

အပြင်ကိုရောက်ပြီးမှ ကယ်ဗင်ရဲ့ “ကယ်ကြပါဦး”ဆိုတဲ့အသံကို ကြားပြီးတဲ့ နောက်မှာ ဘော်ဘီရဲ့ခြေလှမ်းတွေက ဘယ်ကိုဆက်ဦးတည်မှာလဲ..?

ကယ်ဗင်ကရော တကယ်အဆင်ပြေရဲ့လား..?

အဲ့တော ဆက်ရေးရင် ဇာတ်ရှိန်ပျက်မှာစိုးလို
ဆက်ကြည့်လိုက်ပါတော့ဗျာ စိတ်ကျေနပ်မှုတစ်ခုတော့ ရစေမှာပါ.....
👇ချန်နယ်လေး အရင် Join ပေးပါ

https://t.me/HaveFunMovies777

{{{{ ကြည့်ရှုရန် နှိပ်ပါ 👇 }}}}

https://t.me/HaveFunMovies777/1106

image
1 y - Translate

အသစ်ထွက်ရှိတဲ့ သုတေသနတစ်ခုအရ အချိန်အကြာကြီး
အထိုင်များသူတွေအနေနဲ့ ထပီး squat ထိုင်/ထ လေ့ကျင့်ခန်း တစ်မိနစ် လောက်ပဲလုပ်ခြင်းက ဦးနှောက်၏ သိမှတ်စွမ်းရည်နှင့် အရေးကြီးဆုံးဖြတ်ချက်များ ချမှတ်ရာတွင် အထောက်အကူပြုနိုင်သည်။
ref;၂၀၂၃၊ လူ့ပတ်ဝန်းကျင်သိပ္ပံဌာန၊ မောင့်ဖူဂျီ သုတေသနအင်စတီကျု၊ ယမာနရှီ၊ ဂျပန်
လက်တွေ့အသုံးချနိုင်မဲ့ နည်းလမ်း -Office worker တွေ၊ ကျောင်းသား/သူတွေအတွက် အလုပ်/စာဖတ်နေစဉ် ၁ နာရီတစ်ကြိမ် ထိုင်ရာမှ ထ၍ squatting ၁ မိနစ်လုပ်ခြင်းက ဦးနှောက်ကျန်းမာရေးအတွက် အကျိုးရှိသည်။​​​​​​​​​​​​​​​​

1 y - Translate

VO₂ max = အသက်ရှည်မှုကို ခန့်မှန်းရာတွင် အမြင့်ဆုံးအညွှန်းကိန်း
သေဆုံးနှုန်း ၃၀% လျှော့ချနိုင် (JACC ၂၀၁၈)
VO₂ Max အတွက်လေ့ကျင့်ချင်တယ်ဆိုရင် ဒီစနစ် ၃-မျိုးကို
အားပေးတယ်။(နည်းပြအကူအညီ/AI-YouTube မှာရှာပီး
လေ့လာပါ)
1. Norwegian 4x4 Protocol
- 4 intervals × 4 minutes @ 85-95% HRmax
- 3 minutes active recovery between intervals
- Most researched and proven effective
2. Tabata Protocol
- 8 rounds × 20 seconds all-out effort
- 10 seconds rest between rounds
- Total: 4 minutes high-intensity
3. Polarized Training Model
- 80% low-intensity (Zone 1-2)
- 20% high-intensity (Zone 4-5)
- Weekly distribution approach
အကောင်းဆုံး recommendation အနေနဲ့ပြောရရင် Norwegian 4x4 က scientific evidence အများဆုံးရှိပြီး beginner ကနေ advanced အထိ သုံးလို့ရတယ်။​​​​​​​​​​​​​​​​
၂၀၁ရ ခုနှစ် လေ့လာတွေ့ရှိချက် နှလုံးအိုမင်းခြင်းကို ၂၀ နှစ် ပြန်လည်နုပျိုစေနိုင်
ဒီဆောင်းပါးက လူတိုင်းအတွက်မဟုတ်ဘူး။ သက်ရှည်ကျန်းမာလိုသူတွေအတွက် သီးသန့်ပဲ။

1 y - Translate

နှစ်ခြိုက်စွာ အိပ်စက်ခြင်း(Deep sleep) = မိုက်တိုကွန်ဒရီးယား ပြန်လည်ပြုပြင်ခြင်း။
နှေးကွေးသောလှိုင်းအိပ်စက်ခြင်း (slow-wave sleep) အတွင်း-
– sympathetic tone လျော့ကျ ၊ဓာတ်တိုးဖိစီးမှု (oxidative stress) လျော့ကျ
– မယ်လတိုနင် (melatonin) တိုးပွား ၊ ဓာတ်တိုးဆန့်ကျင်အင်ဇိုင်းများ (antioxidant enzymes) ကို အသက်ဝင်စေ
– မိုက်တိုကွန်ဒရီးယား ဇီဝဖြစ်စဉ်နှင့် ကိုယ်တိုင်စားသုံးမှု (autophagy) တိုးပွား
– Glymphatic system က ဆဲလ်အညစ်အကြေးများကို ဖယ်ရှားပေး
ရလဒ်က?
-ပိုမိုကျန်းမာသော မိုက်တိုကွန်ဒရီးယား
-ATP ပိုမိုရရှိ
- ပိုမိုထက်မြက်သော ဦးနှောက်
-အိုမင်းရင့်ရော်မှုကို နှေးကွေးစေ
နှစ်ခြိုက်စွာအိပ်စက်ခြင်းဟာ အနားယူခြင်းသက်သက်
မဟုတ်တော့ပါ။ဒါကြောင့် အအိပ်ဂရုစိုက်ပါ။